ဂျပန်ကဘူတာတွေမှာတွေ့ရတဲ့ Coin Locker တွေမှာပစ္စည်းဘယ်လိုအပ်မလဲ။

ခရီးသွားတဲ့ အချိန်မှာ luggage တွေကိုသယ်ပြီးတော့ လျှောက်သွားတဲ့ အချိန်မှာတော်တော်လေးဒုက္ခရောက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဘူတာအနီးအနားတဝိုက်မှာရှိတတ်တဲ့ Coin Locker တွေက တော်တော် အသုံးဝင်ပါတယ်။ Coin Locker တွေမှာ ပစ္စည်းတွေအပ်ပြီးတော့ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘူတာတွေမှာတွေရတတ်တဲ့ Coin Locker တွေကို အဆင်ပြေပြေဘယ်လိုအသုံးပြုနိုင်မလဲဆိုတဲ့ အချက်တွေကို ရှင်းပြပေးသွားပါ့မယ်။ 

မာတိကာ 

  1. Coin Locker များအကြောင်း။
  2. Coin Locker တွေကိုဘယ်နေရာမှာတွေနိင်လဲ။
    1. Coin Locker ရှာလို့ရမယ့် ဝက်ဘ်ဆိုက်များ။
  3. Coin Locker အရွယ်အစားနဲ့ ကျသင့်ငွေ။
  4. Coin Locker သုံးပုံသုံးနည်း။
  5. Coin Locker ပတ်သက်ပြီး အမေးအဖြေ။ 
  6. အကျဥ်းချုပ် ။

Coin Locker များအကြောင်း။

ခရီးသွားနေတုန်း luggage ကိုသယ်ပြီးလျှောက်သွားရတာအဆင်မပြေအများကြီးမဖြစ်နိုင်ပါတယ်။ တောက်လျှောက်ကြီးသယ်နေရရင် လူလဲပင်ပန်းသလို အပြည်အဝလဲ ခရီးကိုပျော်ရွှင်ခံစားရတော့မှာမဟုတ်ပါဘူး။ ဒီလိုမျိူး အချိန်မျိုးမှာဆိုရင် Coin Locker ကိုအသုံးပြုလိုက်ရင်တော့ အခက်အခဲတွေကို အကုန်လုံးဖြေရှင်းနိုင်ပါတယ်။ Coin locker တွေကိုတော့ コインロッカー (Koin Rokka-) ဆိုပြီးတော့ ဂျပန်လိုရေးပါတယ်။ 

Coin Locker တွေကိုဘယ်နေရာမှာတွေနိင်လဲ။

 Coin Locker တွေကိုဘူတာတော်တော်များများမှာတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ခရီးသွားတွေ တွေအဓိပ အသုံးပြုတဲ့ ဘူတာတွေမှာတွေ့နိုင်ပါတယ်။ နောက်ပြီး ပန်းခြံတွေနှင့် ဖျော်ဖြေရေးစင်တာတွေမှာလဲ Coin Locker တွေကိုတွေ့နိုင်ပါတယ်။ 

Coin Locker ရှာလို့ရမယ့် ဝက်ဘ်ဆိုက်များ။

ရထားဘူတာ၊ ပန်းခြံနှင့် ဖျော်‌ဖြေရေးစင်တာတွေမှာ ရှိတဲ့ Coin Locker တွေအတွက် Official websiteတွေရှိလေ့ရှိပါတယ်။ နောက်ပြီးတော့ တခြား Official website နှင့် apps တွေနဲ့လဲ coin locker တွေရဲ့ နေရာတွေအပြင် နေရာအလွတ်တွေကိုပါ လှမ်းကြည့်နိုင်ပါတယ်။ အသုံးဝင်တဲ့ ဝက်ဘ်ဆိုက်တွေကိုကြည့်လိုက်ကြရအောင်။

  • Coin Locker Navi : ဂျပန်တစ်နိုင်ငံလုံးမှာ အသုံးပြုနိုင်ပြီးတော့ တည်နေရာ၊ အရွယ်အစား၊ကျသင့်ငွေ ကိုကြည့်နိုင်ခြင်း၊ တိုကျိုဘူတာ၊ JR Keiyo လိုင်း Maihama ဘူတာ။Hankyu Kobe လိုင်း Osaka Umeda ဘူတာ။ တို့မှာအသုံးပြုနိုင်ပါတယ်။
  • To Locca : JR Yamanote ရထားလိုင်း။JR Tohoku ရထားလိုင်း။JR Keiyo ရထားလိုင်း။ တို့မှာတွေ့နိုင်ပြီးတော့ Coin locker ကိုကြိုတင် ဘိုကင်လုပ်နိုင်တာမျိုးတွေ လုပ်နိုင်ပါတယ်။
  • Locker Concierge :တိုကျိုမြေအောက်ရထားဘူတာများ။JR Tohoku လိုင်း Sendai ဘူတာ။ JR Keiyo လိုင်း Maihama ဘူတာ။Hankyu Kobe လိုင်း Osaka Umeda ဘူတာ တို့မှာအသုံးပြုနိုင်ပြီးတော့ အက်ပဘီကေးရှင်းကနေပြီးတော့ နိုင်မယ့် Coin locker များ။ကိုကြည့်ရှုနိုင်ပါတယ်။

Coin Locker အရွယ်အစားနဲ့ ကျသင့်ငွေ။

Coin Locker တွေကတော့ အရွယ်အစားအပေါ်မူတည်ပြီးတော့ ကျသင့်ငွေကွာခြားပါတယ်။ Coin Locker တွေရဲ့ ပုံမှန်အရွယ်အစားနှင့် တစ်နေ့ကျသင့်ငွေတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရွယ်အစား

အတိုင်းအတာ

ကျသင်ငွေ 

 

Small

小型

kogata

35 cm x 31 cm x 63 cm 

300 ~ 400 ယန်း

ကျောပိုးအိတ် 

လက်ကိုင်အိတ် 

လွယ်အိတ် 

Medium

中型

chugata

35 cm x 54 cm x 63 cm

500 ~ 600 ယန်း

ကျောပိုးအိတ်အကြီး

luggage အသေးစား။

Large

大型

oogata

35 cm x 84 cm x 64 cm

700 ~ 800 ယန်း

ပုံမှန် luggage

Extra Large

特大

tokudai

35cm x 115 cm x 64 cm 

900 ~ 1000 ယန်း

luggage အများကြီး

「1日〇〇円」ဆိုတာကတော့ တစ်နေ့ကို 〇〇 ယန်းလို့ဆိုလိုပြီးတော့ တစ်ရက်တာကျသင့်ငွေကိုဖော်ပြထားချင်ဖြစ်ပါတယ်။ တရက်တာ ကျသင့်ငွေဆိုပေမယ့် အပ်တဲ့ အချိန်ကနေ အချိန်တွက်တာမျိုးမဟုတ်ဘဲ တစ်နေရဲ့ မနက် ၁ နာရီနှင့် ၂ နာရီ ကိုအပိုင်းအခြားအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဥပမာ ညနေ ၇ နာရီမှာ အိပ်ပြီး နောက်နေ့ မနက် ၇ နာရီမှာပြန်ထုတ်ရင် ၂ ရက်စာကျသင့်မှာဖြစ်ပါတယ်။ 

Coin Locker သုံးပုံသုံးနည်း။

Coin Locker တွေကို အများအားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။ သော့ ၊  touch panel နှင့် ဖုန်းနဲ့ လုပ်လို့ရတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ 

Key Coin Lockers

Key Coin Locker တွေကတော့ Coin ထည့်ပြီးတော့ သော့ခတ်လိုက်ရုံပါပဲ။ သော့မှာ Coin Locker နံပါတ်နှင့် Coin Locker မှာ ကျသင့်ငေကိုရေးထားပါတယ်။ Coin Locker အမျိုးစုကတော့ ယန်း ၁၀၀ တန်ကြွေစေ့၊ ယန်း ၁၀ တန်စေ့၊ တွေလက်ခံသလို တချို့နေရာတွေမှာတော့ ယန်း၁၀ တန်၊ ၅၀တန်၊ ၅၀၀ တန် တွေ အများကြီးတွေ့နိုင်ပါတယ်။ 

Key Coin Lockersမှာ ပစ္စည်းဘယ်လိုအပ်မလဲ။

  1. လွတ်နေတဲ့ Coin Lockers ကိုရှာပါ။
  2. ဖွင့်ပြီးတော့ ပစ္စည်းကို အထဲမှာထည့်ပါ။
  3. ပြန်ပိတ်ပြီးတော့ ရေးထားတဲ့စျေးနှုန်းအတိုင်း အကြွေစေ့ကိုထည့်ပါ။
  4. ပြန်ပိတ်ပြီးရင် သော့ဖြုတ်ပြီး ပြန်ယူလို့ရပါပြီ။

Key Coin Lockersမှာ ပစ္စည်းဘယ်လိုထုတ်မလဲ။

  1. သော့ပြန်ထည့်ပါ။
  2. သော့ဖွင့်ပြီးတော့ တံခါးဖွင့်ပြီး ပစ္စည်းယူပါ။

ပစ္စည်းပြန်ထုတ်တဲ့ အချိန်မှာ အချိန်ပိုသွားရင်တော့ ပိုကြေးထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။ အဲလိုဆိုရင်တော့ လိုအပ်တဲ့ ကြွေစေ့ကိုထညိ့ပြီးတော့ အပေါ်က အဆင့်တွေအတိုင်းပြန်ထုတ်လို့ရပါတယ်။ Suica နှင့် PASMO တို့လို IC card တွေကိုတော့ ဒီCoin Locker နှာအသုံးပြုလို့မရပါဘူး။

Touch Panel Coin Lockers

Touch panel တွေကတော့ Suica နှင့် PASMO တို့လို IC card တွေနဲ့လဲ အသုံးပြုလို့ရနိုင်သလို ငွေစက္ကူနဲ့လဲ အသုံးပြုလို့ရနိုင်ပါတယ်။ အသုံးပြုလိုရမရ ဆိုတာကိုတော့ အရောင်နှင့် ပြသထားလေ့ရှိပြီးတော့ အနီရောင်က အသုံးပြုနေဆဲဖြစ်ပြီးတော့ အစီမ်းရောင်ကတော့ အလွှတ်တွေဖြစ်ပါတယ်။ ဒါမှမဟုတ် Touch panel ပေါ်မှာတိုက်ရိုက်ကြည့်ပြီးတော့လဲ လုပ်နိုင်ပါတယ်။ 

Touch panel အများစုကိုတော့ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယားအစရှိတဲ့ ဘာသာစကားတွေနှင့်အသုံးပြုနိုင်ပါတယ်။ 

Touch Panel Coin Lockersမှာ ပစ္စည်းဘယ်လိုအပ်မလဲ။

  1. Touch panel အပေါ်မှာ (預け入れ, Azukeire) အပ်မည် ဆိုတဲ့ခလုတ်ကိုနိုပ်ပါ။
  2. စက်အမျိုးအစားအပေါ်မူတည်ပြီးတော့ ကိုယ်ထည့်ချင်တဲ့ Locker နံပါတ်သို့မဟုတ် လွတ်နေတဲ့ Locker တစ်လုံးကိုရွေးချယ်ပါ။
  3. နံပါတ် ပေါ်လာတဲ့ Locker ကိုရှာပြီးတော့ ပစ္စည်းကိုထည့်ပါ။
  4. တံခါးပိတ်ပြီးတော့ အစိမ်းရောက်ပနေ အနီရောင်ပြောင်းသွားရင်တော့ အဆင်ပြေပြီဖြစ်ပါတယ်။
  5. ငွေပေးစနစ်ကိုရွေးချဘ်ပြီးကိုယ်ရွေးတဲ့ ငွေပေးစနစ်အတိုင်းရွေးချယ်ပါ။
  6. ငွေလက်ခံဖြတ်ပိုင်းကိုယူပြီးတော့ Locker ကနေ ပစ္စည်းထုတ်တဲ့ အချိန်မှာ ပြန်အသုံးပြူပါ။

 Locker နံပတ်ကိုတော့ ငွေလက်ခံဖြတ်ပိုင်းမှာရေးထားပြီးတော့ ငွေသားနဲ့ပေးရင်တော့ PIN CODE ကိုလဲ ဖြတ်ပိုင်းမှာရေးထားတာတွေ့ရနိုင်ပါတယ်။ 

Touch Panel Coin Lockersမှာ ပစ္စည်းဘယ်လိုထုတ်မလဲ။

  1. touch panel (取り出し, Toridashi) ကို ရွေးချယ်ပါ။
  2. ငွေပေးချေစနစ်ကိုရွေးပါ။ IC card နဲ့ ပေးထားမယ်ဆိုရင်တော့ card reader ပေါ်ကိုထိလိုက်ရုံနဲ့ ပြီးပါပြီ။ ‌ငွေသားတွေနဲ့ပေးရင်တော့ ဖြတ်ပိုင်းမှာပါတဲ့ PIN code ကိုထည့်လိုက်ပါ။
  3. ကိုယ်ထည့်ထားတဲ့ Locker ပွင့်လာမှာဖြစ်ပြီးတော့ ပစ္စည်းထုတ်လို့ရပါတယ်။ 

တကယ်လို့အချိန်လွန်သွားမယ်ဆိုရင်တော့ IC card နဲ့ဆိုရင်အလိုလိုဖြတ်သွားမှာဖြစ်ပြီးတော့ ငွေသားနဲ့ဆိုရင်တော့ ထပ်ဆောင်းပေးရမယ့် ပမာဏကိုပြထားမှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီပမာဏပအတိုင်း‌ပိုက်ဆံ ထပ်ထည့်လိုက်ရင်ရပါပြီ။ 

Smartphone နဲ့အသုံးပြုလို့ရတဲ့ Coin Lockers

SPACER လို့ခေါ်တဲ့ စမတ်ဖုန်းနဲ့ အသုံးပြုလို့ရတဲ့  Coin Lockers အမျိုးအစားတွေဖြစ်ပြီးတော့ ဖုန်းနဲ့  Coin Lockers တွေကို အပိတ်၊အဖွင့်လုပ်နိုင်ပါတယ်။ နောက်ပြီးတော့  Coin Lockers အလွတ်တွေကိုကြည့်နိုင်ပြီးတော့ ကြိုတင်ပြီးတော့  Coin Lockers တွေကိုဘိုကင်တင်နိုင်ပါတယ်။ အများအားဖြင့် Shinjuku ဘူတာ, Osaka ဘူတာ, and Hakata ဘူတာ တို့တွေ့မှာ တွေ့နိုင်ပါတယ်။ 

Smartphone နဲ့အသုံးပြုလို့ရတဲ့ Coin Lockers မှာပစ္စည်းဘယ်လိုအပ်မလဲ။

  1. SPACER အက်ပလီကေးရှင်းကို ‌‌ဒေါင်းလုတ်လုပ်ပြီးတော့မှတ်ပုံတင်ပါ။
  2. အလွတ်ဖြစ်နေတဲ့ luggage တွေကို တော့ အပြာရောင်မီးနဲ့ ပြသလေ့ရှိပါတယ်။
  3.  (目の前のロッカーを使う, Me no mae ni rokka- wo tsukau)” အရှေ့မှာရှိတဲ့ Locker ကိုအသုံးပြုမယ်ဆိုတဲ့ ခလုတ်ကိုနိုပ်ပါ။
  4. ကိုယ့်အသုံးပြုမယ့် Locker ရဲ့ နံပါတ်ကိုနိုပ်ပါ။
  5. ပစ္စည်းထုတ်တဲံ အချိန်မှာ Locker ရဲ့ အရှေ့မှာ အက်ပလီကေးရှင်းကိုဖွင့်ပြီးတော့ (決済してロッカーを開ける, Kessaishite rokka- wo akeru)” ငွေပေးချေပြီး Locker ကိုဖွင့်မယ်ဆိုတဲ့ ခလုတ်ကိုနိုပ်ပြီးတော့ ပိုက်ဆံပေးပါ။
  6. ပြီးရင် “Open Locker (ロッカーを開ける, Rokka- wo akeru)” Locker ကိုဖွင့်မယ်ဆိုတဲ့ခလုတ်ကိုနိုပ်ပါ။ 
  7. screen မှပေါ်လာတဲ့ bar ကိုန့ဘေးရွေ့ပြီးတော့ Locker ကိုဖွင့်လို့ရပါတယ်။

ကျသင့်ငွေတွေကိုတော့ အက်ပလီကေးရှင်းမှာမှတ်ပုံတင်ထားတဲ့ အကြွေးဝယ်ကဒ်နဲ့ပေးလို့ရပြီးတော့ တကယ်လို့ touch panel နဲ့အသုံးပြုလို့ရတဲ့နေရာတွေမှာတော့ IC card နဲ့လဲပေးလို့ရပါတယ်။

Coin Locker ပတ်သက်ပြီး အမေးအဖြေ။ 

Smartphone နဲ့အသုံးပြုလို့ရတဲ့ Coin Lockers မှာပစ္စည်းဘယ်လိုထုတ်မလဲ။

ဒါဆိုရင် Coin Lockers အသုံးပြုပုံနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေကိုကြည့်လိုက်ကြရအောင်။

Coin Lockers ထဲမှာဘယ်အရာတွေထည့်လို့မရဘူးလဲ။

Coin Lockers ထဲမှာအောက်ပါပစ္စည်းတွေကို ထည့်လို့မရပါဘူး။

  1. တန်ဖိုးကြီးပစ္စည်းများ။ (ကင်မရာ၊ ကွန်ပျူတာ၊ရွှေ အစသဖြင့်။)
  2. ငွေသားများ
  3. ပေါက်ကွဲတတ်တဲ့ပစ္စည်းများ။
  4. လက်နက်များ။
  5. တရားမဝင်ပစ္စည်းများ။
  6. Coin Lockers ကိုပျက်စီးစေယ့် ပစ္စည်းများ။
  7. အစားအသောက်တွေနဲ့ နံ့ရစေမယ့် အရာများ။
  8. အိမ်မွေးတိရစ္ဆာန်များ။

အကြွေစေ့မရှိရင် ဘယ်လိုလုပ်ရမလဲ။

အကြွေစေ့ မရှိရင် ငွေလှဲစက်တွေရှိပါတယ်။ (両替機, Ryougaeki) လို့ခေါ်ပြီးတော့ ၁၀၀၀ တန်ကနေ ကြွေစေ့တွေကိုငွေလှဲလို့ရပါတယ်။ 

တကယ်လို့ Coin Locker နေရာမေ့သွားရင်ဘယ်လိုလုပ်မလဲ။

သော့ သိုမဟုတ် ငွေလက်ခံဖြတ်ပိုင်းမှာ ပြန်ကြည့်လို့ရပါတယ်၊ တကယ်လို့ Coin Locker နေရာကိုဘယ်လိုသွားရမလဲသိရင် ဘူတာရုံဝန်ထမ်းကိုမေးမြန်းနိုင်ပါတယ်။ ဒါမဟုတ် မထွက်သွားခင် ဓာတ်ပုံရိုက်ထားရင်လဲ အဆင်ပြေပါတယ်။

သော့ပျောက်သွားရင်ဘယ်လိုလုပ်ရမလဲ။ 

သော့ ပျောက်သွားရင်‌တော့ Coin Locker ကုမ္ပဏီကိုဖုန်းဆက်ပြီးဆက်သွယ်ရမှာဖြစ်ပါတယ်။ သူတို့မေးတဲ့ မေးခွန်းတွေနဲ့ သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တစ်ချို့ကိုလဲ ပြသဖို့လိုအပ်ပါတယ်။ 

တကယ်လို့ IC card ပျောက်သွားတယ်ဆိုရင်တော့ Coin Locker ကုမ္ပဏီကိုဆက်သွယ်ရမှာဖြစ်ပါတယ်။ အများအားဖြင့် မနက် ၉ နာရီကနေ ည ၁၀ နာရီအတွင်းမှာ ဆက်သွယ်လို့ရပါတယ်။

ဘယ်အချိန်အထိ Coin Locker မှာ ပစ္စည်းတွေအပ်လို့ရသလဲ။

အများအားဖြင့် ၃ရက်ကနေ ၄ ရက်အတွင်းအထိအပ်လို့ရပြီးတော့ တကယ်လို့ အချိန်သတ်မှတ်ချက်တွေကျော်သွားပါက သင့်ပစ္စည်းတွေကို ကုမ္ပဏီက တာဝန်ရှိတဲ့ သူတွေကပစ္စည်းတွေကိုထုတ်ပြီးတော့ တခြားနေရာကိုရွေ့လိုက်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သတိထားဖို့လိုအပ်ပါတယ်။ ပစ္စည်းတွေကိုလဲ ၁လ အထိပဲ အသုံးပြုပြီးတော့ သတ်မှတ်ကာလကျော်သွားမှာပါ က ပစ္စည်းတွေကို လွင့်ပစ်လိုက်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ အပိုဆောင်းအခကြေးငွေကိုတော့လဲ ထပ်ပေးဆောင်းရနိုင်ပါတယ်။

အကျဥ်းချုပ် 

ဂျပန်မှာတော့ ဘူတာတွေမှာ အများအားဖြင့်  Coin Lockerတွေရှိပြီးတော့ ဒီ Coin Lockerတွေကိုတော့ခရီးသွားတဲ့ အချိန်မှာ ပစ္စည်းတွေ အပ်ရတဲ့ အချိန်မှာတော်‌တော်လေးကိုအသုံးဝင်တဲ့ အတွက်ကြောင့်မိုလို့ ခရီးသွားတဲ့ အချိန်ဖို့အကြံပေးလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်ကဘူတာတွေမှာတွေ့ရတဲ့ Coin Locker တွေမှာပစ္စည်းဘယ်လိုအပ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ