ဂျပန်ပြည်တွင်းလေကြောင်းလိုင်းတွေကို  ဘယ်လိုအသုံးပြုမလဲ?

ဂျပန်ပြည်တွင်း ခရီးသွားတဲ့အချိန် လေယာဥ်ကိုအသုံးပြုပြီး ခရီးသွားတဲ့ သူတွေအတွက် ပြည်တွင်းလေကြောင်းလိုင်းတွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာိကုသိထားသင့်ပါတ်။ အပြည်ပြည်ဆိုရာ လေကြောင်းလိုင်း တွေနဲ့မတူဘဲ ပြည်ဝင်ခွင့်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းတွေ လုပ်စရာမလိုပေမယ့် Check-in ဝင်ရတာတို့ တခြားလုက်ထုံးလုပ်နည်းတွေရှိပါတယ်။ ကြိုတင်ဖတ်ထားရင်တော့ အန္တာရာယ် ကင်းကင်းနဲ့ခရီးသွားနိုင်မှာဖြစ်ပါတယ်။ 

မာတိကာ 

ဂျပန်ပြည်တွင်းလေကြောင်းလိုင်းစီးနည်း။

ဂျပန်ပြည်တွင်းလေကြောင်းလိုင်းကို အသုံးပြုတဲ့ အချိန်မှာ‌တော့ ပုံမှန်အားဖြင့် ပတ်စပို့မလိုပါဘူး။ ဒါပေမယ့် သက်သေခံကတ်ပြားလိုအပ်တာမို့ ကျိန်းသေပေါက် နေထိုင်ခွင့် ကတ်ပြား (Zairyu Card) ကိုယူဆောင်သွားပါ။ ဒါဆို ဂျပန်ပြည်တွင်းလေကြောင်းလိုင်းအသုံးပြုနည်းကို တဆင့်ချင်းဖော်ပြသွားပါ့မယ်။ 

လေယာဥ်လက်မှတ်ကို ဘိုကင်လုပ်ပါ

လေယာဥ်လက်မှတ်ကိုတော့ ကြိုတင်ပြီး ဝယ်ယူထားဖို့လိုအပ်ပါတယ်၊ အင်တာနက်ကနေတဆင့် ဖြစ်စေ၊ ဖုန်းကနေတဆင့်ဖြစ်စေ၊ လေကြောင်းလိုင်း ကုမ္ပဏီအထိတိုက်ရိုက်သွားပြီးဖြစ်စေ ဝယ်ယူနိုင်ပါတယ်။ စျေးသက်သာတဲ့လက်မှတ်ကိုနှိုင်းယှဥ်ပြီး ဝဘ်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေ့လဲရှိပါတယ်။ ဒါပေမယ့် လေကြောင်လိုင်းရဲ့ ဝက်ဘိဆိုက်ကနေ ဝယ်ယူတာကတော့ လွယ်ကုရိုးရှင်းဆုံးမို့လို့ အဲ့ကနေ တဆင့်ဝယ်ဖို့ အကြံပေးချင်ပါတယ်။ 

လေယာဥ်မထွက်ခင် တနာရီ၊ တနာရီခွဲလောက်ကြိုတင်ပြီး လေဆိပ်ကိုသွားပါ

လေယာဥ်စီးမယ့်နေ့ရောက်ရင် မစီးခင် တနာရီ၊ တနာရီခွဲလောက်ကြိုတင်ပြီး လေဆိပ်မှာစောင့်ဖို့အကြံပေးချင်ပါတယ်။ နောက်ပြီး စျေးသက်သာတဲ့လေကြောင်းလိုင်း (LCC) တွေက လေဆိပ်နဲ့ ခပ်ဝေးဝေးမှာရှိတာမို့ သေချာ အချိန်ယူပြီးသွားဖို့အကြံပပေးချင်ပါတယ်။ 

Check- in ဝင်ပါ

Check- in ကတော့ Check- in အလိုအလျောက်ဝင်လို့ရမယ့် နေရာ သို့မဟုတ် Check- in ကောင်တာ မှာဖြစ်ဖြစ် ဝင်နိုင်ပါတယ်။ Check- in ဝင်တာကလဲ အရမ်းမခက်ခဲပါဘူး။ တကယ် ပစ္စည်း ကြီးကြီးမားမားရှိရင် ကောင်တာမှာ အပ်ရပါမယ်။ 

လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပါ 

Check- in ဝင်ပြီးရင်တော့ လုံခြုံရေးအရ စစ်ဆေးမှု ခံယူရပါမယ်။ ဂျပန်မှာတော့ ၂၀၁၉ ခုနှစ်ကနေပြီးတော့ လုံခြုံရေး စည်းမျဥ်းစည်းကမ်းတွေပိုပြီးတင်ကြပ်လာပါတယ်။ ဒါကြောင့် စည်းမျဥ်စည်းကမ်းတွေကိုသေချာ ဂရုစိုက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

  • အပေါ်ဝတ်အင်္ကျီ စစ်ဆေးခြင်း အပေါ်ဝတ်အင်္ကျီတွေကိုတော့ အကုန်လုံးချွတ်ပြီး ခွက်ထဲ ထည့်ဖို့လိုအပ်ပါတယ်။

  • လက်ဆွဲပစ္စည်းစစ်ဆေးခြင်း လက်ဆွဲပစ္စည်းတွေကိုတော့ ခွက်ထဲထည့်ရပါမယ်။ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အိတ်ထဲကနေထုတ်ပြီး တခြားခွက်ထဲ ထည့်ရမည်။ 

  • ဖိနပ် စစ်ဆေးခြင်း ဖိနပ်ကိုတော့ ဖိနပ်ကိုလဲ ချွတ်ပြီး ထွက်ထဲ ထည့်စစ်ဆေးခံရပါမည်။ 

  • ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေပါမပ သေချာစစ်ဆေးခံပါ။ 

လုံခြံ‌ရေးစစ်ဆေးတာ ကြန့်ကြာပါက လေယာဥ် ထွက်ချိန်လဲ ကြန့်ကြာ နိုင်တာမို့လို့ လုံခြုံရေးအရ စစ်ဆေးတာကို သေချာ ပူးပေါင်းပါဝင်ပေးသင့်ပါတယ်။ 

လေယာဥ် စီးဖို့အတွက် လေယာဥ်ဆီသွားပါ။းသွားလို့ရပါပြီ

လေယာဥ် မပျံသန်းမှီ ၂၀ မိနစ်အလိုမှာ လေယာဥ်ဆီရောက်အောင်သွားရမှာပါ။ လေယာဥ်မြေပြင်သိုဆင်းသက်ပါက လေယာဥ်ဝန်ထမ်း တွေကြော်ညာချက်ကိုနားထောင်ပြီး လေယာဥ်ပေါ် ကနေ ဆင်းလို့ရပါတယ်။ အပ်ပစ္စည်းရှိတဲ့သူတွေက အပ် ပစ္စည်းလက်ခံတဲ့နေရာမှာ သေချာစောင့်ပြီး ပစ္စည်းယူပြီး အပြင်ထွက်လို့ရပါပြီ။ 

ဂျပန်နိုင်ငံရဲ့ အရေးပါသော လေဆိပ်များ။

ဂျပန်နိုင်ငံရဲ့ လေဆိပ်တွေထဲကနေမှ လူအသုံးများတဲ့ လေဆိပ်ကိုမိတ်ဆက်သွားပါ့မယ်။ 

တိုကျို Haneda အပြည်ပြည်ဆိုင်ရာလေဆိပ် 

တိုကျိုမှာရှိတဲ့ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ် ကတော့ ဂျပန်မှာအကြီးဆုံးလေဆိပ်ဖြစ်ပါတယ်။ မြို့နဲ့လဲနီးပြီး ဘူတာကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးလဲ ကောင်းမွန်တဲ့အတွက်ကြောင့် စီးပွားရေးအရ ခရီးသွားခြင်း၊ စတဲ့ ရည်ရွယ်ချက်တွေ နဲ့ အသုံးပြုတဲ့သူတွေ များပါတယ်။ 

ဖုကုအိုကာလေဆိပ် 

ဖုကုအိုကာလေဆိပ် ကတော့ ဖုကုအိုကာမှာတည်ရှိပြီး ကိုးရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ် စတဲ့ နေရာတွေနဲ့ ချိတ်ဆက်ပေးတဲ့ လေဆိပ်ဖြစ်ပြီး အာရှ ပြတင်းပေါက်လို့ ခေါ်စမှတ်ပြုကြပါတယ။ နောက်ပြီး ၂၀၂၀ ခုနှစ်မှာ ပြန်လည်ပြုပြင်ပြီး ဆောက်လုပ်ထားလိုက်တာကြောင့် အသစ်ပြောင်းလဲပြီး လှပနေပါတယ်။ 

နောက်ပြီး ပြည်တွင်း Terminal မှာရှိတဲ့ ရာမင်ဆိုင်တန်းမှာတော့ ဖုကုအိုကာမြို့ရဲ့ နာမည်ကြီးhakata ရာမင်ဆိုင်တွေအများကြီးရှိတာမို့ကျိန်းသေပေါက် စားကြည့်ချင်ပါတယ်။ 

ရာမင်နဲ့ပတ်သက်တဲ့ ဆောင်းပါးကိုလဲ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ 

Shin Chitose လေဆိပ် 

ဟိုကိုင်းဒိုးမှာရှိတဲ့ Shin Chitose လေဆိပ် ကတော့ အဆောက်အအုံဒီဇိုင်း ကောင်းမွန်မှုကြောင့် နာမည်ကြီးပါတယ်။ ဟိုကိုင်းဒီုးရဲ့ နာမည်ကြီးအစားစာတွေကို မြည်းစမ်းခွင့်ရမယ့် ဆိုင်တေါ၊ ရုပ်ရှင်ရုံ၊ ချောကလက်စက်ရုံစတဲ့ နေရာတွေနဲ့ လဲရှိပါတယ်။ ဒါအပြင် တည်းခိုနိုင်တဲ့ ‌ရေပူစမ်းအဆောက်အအုံတွေလဲရှိပါတယ်။ ခရီးသွားတစ်ခုတည်းအတွက်မဟုတ်ဘဲ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အချိန်မှာလဲ ကျိန်းသေပေါက် ပျော်စရာကောင်းတဲ့နေရာဖြစ်ပါတယ်။ 

အိုဆာကာအပြည်ပြည်ဆိုင်ရာလေဆိပ် 

အိုဆာကာအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ itami လေဆိပ်လို့လဲခေါ် ကြပါတယ်။ ဘနေ့ခေတ်မှာတော့ ပြည်တွင်းလေကြောင်းလိုင်းတွေသာအသုံးပြူပေမယ့် အရင်ကတော့ နိုင်ငံတကာ လေကြောင်းလိုင်းတွေလြ ဆင်းသက်တာကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်လို့ ခေါ်တာ ဖြစ်တယ်လို့ဆိုပါတယ်။ 

နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ် 

ချိဘ ခရိုင်မှာ၇ှိတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ဂျပန်နိုင်ငံမှာ နာမည်ကြီးလေဆိပ်ဖြစ်ပြီး ဂျပန်ကိုကိုးစားပြူတဲ့လေဆိပ်လို့ပြောလို့ရအောင် နိုင်ငံတကာကလူတွေက ဂျပန်လို့ ပြောလိုက်ရင် နာရီတာလေဆိပ်ကိုပြေးမြင်တဲ့အထိဖြစ်ပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေရော။ ပြည်တွင်း လေကြောင်းလိုင်းတွေပါ ဆင်းသက်လျက်ရှိပါတယ်။ နောက်ပြီး စာရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေလဲ အများကြီးလေဆိပ်ကနေ စီးလို့ရပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အရေးပါ‌သော လေကြောင်းလိုင်းများ။

ဂျပန်နိုင်ငံမှာတော့ လေကြောင်းလိုင်းတွေအမျိုးမျိူးရှိပါတယ်။ လေကြောင်းလိုင်းအသီးသီးရဲ့ ထူးခြားချက်ကိုသေချာသိအောင်လုပ်ပြီးလေယာဥ်လက်မှတ်ဝယ်တဲ့အချိန်မှာ အသုံးချနိုင်အောင် လေကြောင်းလိုင်းတွေရဲ့ ထူးခြားချက်ကို သိအောင် ဖော်ပြလိုက်ပါတယ်။ 

JAPAN AIRLINES (JAL)

JAL ကတော့ ဂျပန်နိုင်ငံကိုကိုယ်စားပြူတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ အနီရောင် ငှက်အမှတ်နဲ့ သင်္ကေတ နဲ့ ဖြစ်ပါတယ်။ 

JAL ပြည်တွင်းလေကြောင်းလိုင်းရဲ့ ထူးခြားချက်တွေကတော့ ထိုင်ခုံ အမျိုးအစားတွေစုံလင်တဲ့အချက်ဖြစ်ပါတယ်။ Eco Class နဲ့ First Class ကြားမှာ Class J ဆိုတာရှိပြီး Eco Class ကိုမှ ယန်း၁၀၀၀ ထပ်ပပေးရင်ပိုပြီးကျယ်တဲ့ ထိုင်ခုံကိုဝယ်နိုင်ပါတယ်။ သောက်စရာ တွေ၊တွေ Eco Class ထက်ပိုပြီးစုံလင်တာမို့ စိတ်ဝင်စားတဲ့သူတွေအတွက် အသုံးပြုကြည့်ဖို့အကြံပြုချင်ပါတယ်။

All Nippon Airlines (ANA)

All Nippon Airlines (ANA) ကတော့ JAL နဲ့အပြိုင်နာမည်ကြီးတဲ့ လေကြောင်းလိုင်းဖြစ်ပြီး ဂျပန်ကိုကိုယ်စားပြူတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။ Custumor Service မှာလဲတော်တော် ကောင်မွန်အောင် ပြုလုပ်လျက်ရှိပြီး ပြည်တွင်းပြည်ပ ပျံသန်းပြေးဆွဲမှုတွေ များပြားတဲ့ လေကြောင်းလိုင်းလဲ ဖြစ်ပါတယ်။ 

SKYMARK

SKYMARKကတော့ MCC အမျိုးအစားလေကြောင်းလိုင်းဖြစ်ပါတယ်။ MCC ဆိုတာကတော့ Middle Cost Carrier ကိုဆိုလိုတာဖြစ်ပြီး စရိတ်သက်သာတဲ့ ANA JAL တို့ထက် စျေးအနည်းငယ်ပိုပေးရပေမယ့် သူတို့ထက်ပိုသာတဲ့ ဝန်ဆောင်မှုမျိုးရနိုင်ပါတယ်။

STARFLYER

STARFLYER ကတော့ ကျူးရှုးဒေသ အခြေစိုက်တဲ့ ကုမ္ပဏီဖြစ်ပြီး ကျုူးရှူးတဝိုက် ပျံသန်းသွားလာနိုင်တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ STARFLYER ကတော့ တခြားလေကြောင်းတွေထက် စမိတ်ပိုကျပြီး ထိုင်ခုံတွေလဲပိုပြီးတော့ကျယ်ပါတယ်။ ဒါကြောင့်မို့လို့ သက်တောင့်သက်သာနဲ့ ခရီးသွားနိုင်ပါတယ်။ ‌နောက်ပြီး STARFLYER က ANA နဲ့အကျိူးတူပူးပေါင်းလုပ်ငန်းမို့လိူ့ ANA ရဲ့ ဝက်ဘိဆိုက်ကနေပြီးတော့လဲ ဘိုကင်တင်လို့ရပါတယ်။ 

Peach Aviation

Peach Aviationကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ စျေးသက်သာဆုံးလေကြောင်းလိုင်းဖြစ်ပါတယ်။ Peach လို့လြလူသိများပါတယ်။ အစကတော့ ခန်းဆိုင်းဒေသ အိုဆာကာ တဝိုင်သာ ပျံသန်းပြေးဆွဲပေမယ့် နောက်ပိုင်းမှာ‌ ဂျပန်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ တိုကျိုမြို့မှာလဲ ပျံသန်းပြေးဆွဲမှုတွေပြုလုပ်လျက်ရှိပါတယ်။ 

ဂျပန်ပြည်တွင်းခရီးသွားဖို့အတွက် ကျည်ဆန်ရထားနဲ့ လေယာဥ်ဘယ်ဟာပိုအဆင်ပြေလဲ။

ဂျပန်ပြည်တင်းခရီးကို ကျဉ်ဆန်ရထားနဲ့ လေယာဥ်ဘယ်ဟာကိုအသုံးပြုရမလဲဆိုတာကတော့ သွားမယ့်နေရာနဲ့ သွားမယ့်အချိန်အပေါ် မူတည်ပါတယ်။ လေယာဥ်က ပိုပြီးစျေးကြီးတယ်လို့ထင်ရပေမဘ် လက်မှတ်ကိုကြိုတင်ဝယ်ထားမယ်ဆိုရင်တော့‌စျေးသက်သက်သာသာနဲ့ဝယ်နိုင်ပါတယ်။ နောက်ပြီး စျေးသက်သာတဲ့လေကြောင်းလိုင်းတွေကိုအသုံးပြုရင်လဲ စျေးသက်သက်သာသာနဲ့ လေကြောင်း ခရီးသွာနိုင်မှာပါ။ အချိန်ကွက်တိ‌ရောက်ချင်ရင်တော့ ကျည်ဆန်ရထားစီးဖို့အကြံပြုချင်ပါတယ်။ လေကြောင်းခရီးရာသီဥတုအပေါ်မူတည်ပြီး အချိန်အပြောင်းအလဲရှိနိုင်ပါတယ်။ ဂျပန်နိုင်ငံက ရထားတွေကတော့ အချိန်နောက်ကျတာ တော်တော် ရှားပါတယ်။ ပုံမှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ မြို့တော် ကနေ နယ်ဘက် ခန်းဆိုင်ဘက်ကိုသွားရင် ကျည်ဆန်ရထား၊ ခန်းဆိုင်းကနေ တောင်ဘက် ကိုခရီးသွားမယ်ဆိုရင် လေယာဥ် အစသဖြင့်ရွေးချယ် လေ့ရှိပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်ပြည်တွင်းလေကြောင်းခရီးသွားပုံကိုဖော်ပြ ပြီး လေကြောင်းလိုင်းတွေရဲ့ ထူးခြားချက်ကိုပါ ဖော်ပြထားပါတယ်။ ဂျပန်ပြည်တွင်းခရီးကိုလေကြောင်းနဲ့ သွားချင်သူနေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်ပြည်တွင်းလေကြောင်းလိုင်းတွေကို  ဘယ်လိုအသုံးပြုမလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ