ဂျပန်နိုင်ငံရဲ့ အံ့သြဖွယ်ရာ လျှပ်စစ်စ္စည်းများနဲ့ အသုံးပြုနည်း

ဂျပန်နိုင်ငံရဲ့ အံ့သြဖွယ်ရာ လျှပ်စစ်စ္စည်းများနဲ့ အသုံးပြုနည်း

ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ပစ္စည်းရဲ့အရည်အသွေးနဲ့ အသုံးဝင်မှုကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဂျပန်မှာ လျှပ်စစ်ပစ္စည်းတွေကို ဘယ်အချိန်ကနေ တွင်တွင် ကျယ်ကျယ်စသုံးခဲ့ကြတာလဲ? ယနေ့ခေတ်မှာရော ဘယ်လိုမျိုး ပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြူလေ့ရှိလဲ? နောက်ပြီး မြန်မာတွေ သာမက နိုင်ငံခြားသားတွေ ဂျပန်လာရင် လျှပ်စစ်ပစ္စည်းတွေအသုံးပြုပုံနဲ့ပတ်သက်ပြီး တော်‌တော်ဒုက္ခရောက်လေ့ရှိကြပါတယ်။ အကြောင်းအရင်းတော့ ဂျပန်ဘာသာစကားနဲ့ရေးထားတာ များလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှတော့ ဒီလို ဂျပန်ဘာသာစကားနဲ့ရေးထားတဲ့ ခလုတ်တွေကို မြန်မာလို ဘာသာပြန်ပေးလိုက်ပါတယ်။ 

ဂျပန်နိုင်ငံမှာလျှပ်စစ်ပစ္စည်းတွေကိုဘယ်တုန်းကတည်းက စပြီးအသုံးပြုခဲ့လဲ?

နတ် ၃ ပါးလို့တောင်တင်စားခေါ် ဝေါ်ခဲ့ကြတဲ့ လျှပ်စစ်ပစ္စည်း၃ မျိုး

ဂျပန်နိုင်ငံရဲ့ နည်းပညာတိုးတက်မှုက အံ့မခန်းပါ။ သို့သော စစ်ပွဲတွေအတွင်းတုန်းကတော့ ဂျပန်နိုင်ငံမှာတော့ တခြားနိင်ငံတွေလိုပဲ အိမ်တွင်းသုံးပစ္စည်းတွေပုံမှန် အသုံးပြု‌လေ့ရှိကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ၂၀၀၀ ခုနှစ် လောက်တုန်းက အသုံးပြုလေ့ရှိတဲ့ ကြွေအိုးမီးပူ၊ ရိုးရိုးထမင်းအိုး အစသဖြင့် ပုံမှန် အသုံးပြုခဲ့ကြပါတယ်။ သို့သော် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း ဂျပန်နိုင်ငံ ရဲ့စီးပွားရေးအင်အား‌တောင့်တင်းနေတဲ့ အချိန်ကာလဖြစ်တဲ့ ၁၉၅၅ ခုနှစ်လောက် မှာတော့ လျှပ်စစ်ပစ္စည်းတွေက သာမန်ပြည်သူတွေကြားထဲ ပျံ့နှံ့လာခဲ့ပါတယ်။ အများအားဖြင့် ပြည်သူတွေကြားထဲမှာတော့ လျှပ်စစ်ပစ္စည်း ၃ ခု ဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာ၊ ထမင်းပေါင်းအိုး တွေကို နတ် ၃ ပါးလို့တောင်တင်စားခေါ် ဝေါ်ခဲ့ကြပါတယ်။ ဒီအချိန်ကာလကတော့ ဂျပန်နိုင်ငံမှာ လူတိုင်း စီးပွားရေးအခြေအနေ ကောင်းမွန်နေပြီး လူတိုင်း အဆင့်တန်းမှီမှီ နေထိုင်နေနိုင်တဲ့ခေတ်ကာလ လဲဖြစ်ပါတယ်။ နောက်ပြီး အလုပ်တွေများပြီး အချိန်လုပြီး အလုပ်လုပ်နေရတဲ့ခေတ်လဲဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေတီထွင်ပြီး နောက်ပိုင်းမှာတော့ အချိန်တွေ သက်သာလာတာမို့ နတ်နဲ့တင်စားကြခြင်းဖြစ်ပါတယ်။ 

3C

ဒီလိုနဲ့ ၁၉၅၅ ခုနှစ် နောက်ပိုင်းမှာတော့ Colour TV, Cooler, Car ဆိုပြီး ၃မျိုးကို 3C ဆိုပြီး လူသုံးများလာခဲ့ကြပါတယ်။ အဲအထဲမှာတော့ ကားကတော့ လူအသုံးအများဆုံးဖြစ်လာပြီး ၁၉၅၇ ခုနှစ် နောက်ပိုင်းမှာတော့ ကားအစီးရေ ၃ ထောင်ကျော် နဲ့ ၁၉၇၀ ခုနှစ်မှာတော့ အစီးရေ ၂ သောင်ကျော် အထိ တဟုတ်ထိုး လူအသုံးများလာကြပါတော့တယ်၊ 

အော်တိုရေဆေးအိမ်သာ 

ဂျပန်နိုင်ငံမှာတော့ အိမ်သာကိုလူတိုင်းနီးပါး အံ့သြမင်သက်ကြပါတယ်။ ဘာလို့လဲဆိူတော့ အိမ်သာမှာက ရေလဲအလိုလျှောက်ဆေပေးသလို၊ ရေနွေးရေအေး အရှေ့အနောက် အဖျော့ အကြမ်း စုံနေအောင် လုပ်လို့ရပါတယ်။ ဒီလို အသုံးဝင်ပြီးအဆင်ပြေလှတဲ့ အိမ်သာတွေကို ဂျပန်လူမျိုးတွေရဲ့ သာမန်အိမ်တွေမှာစတင်ပြီးပျံ့နှံ့လာတာကတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်သာထဲမှာရှိတဲ့ Function တွေက ပိုပြီး စုံလင်လာပြီး ပိုပြီးတော့ တိုးတက်ပြောင်းလဲကောင်းမွန်လာပါတော့တယ်။

လျှပ်စစ်ပစ္စည်းတွေကိုဝယ်ဖို့အကောင်းဆုံးနေရာ 

ဂျပန်မှာတော့ လျှပ်စစ်ပစ္စည်းဝယ်မယ့်နေရာဆို AKIHABARA ကနာမည်ကြီးပါတယ်။ လျှပ်စစ်ပစ္စည်းတွေကိုပစ္စည်း အမျိုးအစားစုံစုံလင်လင်နဲ့ ဝယ်လို့ရမယ့်နေရာ၊ ဆိုင်တွေအများကြီးရှိပါတယ်။ဒီထဲမှာမှ လျှပ်စစ်ပစ္စည်းမြို့(Denkigai)လို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ နေရာကတော့ နိုင်ငံခြားသားတွေနဲ့ ခရီးသွားတွေကိုလဲ ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ AKIHABARA ဘူတာ ကနေ အလွယ်တကူသွားရောက်နိုင်ပါတယ်။ 

အဟောင်းပစ္စည်းအရောင်းဆိုင်များ

ဒါပေမယ့်လည်း တက္ကသိုလ်ကျောင်းသားတွေအတွက် လျှပ်စစ်ပစ္စည်းတွေက စျေးကြီးတဲ့အနေအထားဖြစ်ပါတယ်။ ဂျပန်ရောက်ခါစ ဆို ပိုပြီးတော့တောင် စျေးကြီးနေတတ်ပါတယ်။ စျေးသက်သက်သာသာနဲ့ ဝယ်ချင်ရင်တော့ အဟောင်းဆိုင်တွေမှာဝယ်ဖို့အကြံပေးချင်ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေအနေနဲ့ကတော့ တက္ကသိုလ်တွေမှာ ကိုယ်ပိုင် တဖန်ပြန်လည်သုံးနိုင်တဲ့ Recycle ဆိုင်တွေရှိလို့ ဒီလိုနေရာမှာဝယ်ဖို့အကြံပေးပါတယ်။ တကယ်လို့ ပစ္စည်းအသစ်ဝယ်ဖြစ်ခဲ့ရင်လဲ ပြန်ပြီး ရောင်းခဲ့လို့ရလို့အဆင်ပြေပါတယ်။ 

လျှပ်စစ်ပစ္စည်းတွေရဲ့ သုံးပုံသုံးနည်းနဲ့ ခလုတ်တွေရဲ့ မြန်မာဘာသာပြန် 

အပေါ်မှာ ပြောခဲ့သလိုပဲ ဂျပန်မှာထုတ်တဲ့ လျှပ်စစ်ပစ္စည်းတချို့က ဂျပန်ဘာသာ စကားနဲ့ ရေးထားတာတွေများလို့ တခါတလေ ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ပစ္စည်းတွေရြ့ အသုံးပြုပုံအသုံးပြုနည်းနဲ့ ခလုတ်တွေကိုမြန်မာလိုဘာသာပြန်သွားပါ့မယ်။ 

အိမ်သာ 

ဂျပန်နိုင်ငံရဲ့ အိမ်သာတွေကတော့ တနေ့ထက်တနေ့ နည်းပညာတွေပိုပြီးတော့ မြင့်မားလာသလို ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ဒီလို အဆင်ပြေလာတာနဲ့အမျှ ခလုတ်တွေများပြားလာပြီး အသုံးပြုသူတွေအဖို့ ပိုပြီဂတော့ ခက်ခဲ ပင်ပန်းလာရပါတယ်။ အိမ်သာတွေမှာ အတွေ့ရများတဲ့ ခလုတ်တွေကတော့ 

おしり - ဒီခလုတ်ကတော့ အနောက်ဘက်ကို ဆေးတဲ့ခလုတ်ပဲဖြစ်ပါတယ်။ 

ビデ   - ဒီခလုတ်ကတော့ အ‌ရှေ့ ဘက်ကို ဆေးတဲ့ခလုတ်ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေ အထိက အသုံးပြုလေ့ရှိကြပါတယ်။ 

音 - ဒီခလုတ်ကတော့ အိမ်သာထဲက အသံတွေ အပြင်မထွက်အောင် လုပ်ပေးတဲ့ ခလုတ်ပါ။

水勢 - ဒီခလုတ်ကတော့ ရေးဆေးတဲ့အခါ ရေအရှိန်ကို ညှိနိုင်တဲ့ ခလုတ်ပါ။

တခါတလေ အပေါင်း အနုတ် လေးတေပါတတ်ပြီး တခါတလေ ကျရင် ဂျပန်လိုရေးထားတတ်ပါတယ်။ 

ဂျပန်လိုရေးထားရင် အရှိန်ထပ်တိုးချင်ရင်တော့ 強 အရှိလျှော့ချင်ရင်တော့ 弱 ခလုတ်ကိုနိုပ်ပြီး အရှိန်ကိုညှိနိုင်ပါတယ်။ 

流す - ဒီခလုတ်ကတော့ ‌‌ရေဆေးချတဲ့အခါ အသုံးပြုတဲ့ ခလုတ်ပါ။

止 - ဒီခလုတ်ကတော့ ရေဆေးနေရင်းရပ် ချင်ရင်အသုံးပြုတဲ့ ခလုတ်ပါ။ 

ထမင်းပေါင်းအိုး 

နောက်တစ်ခု ဂျပန်စာတွေများလွန်းပြီးဒုက္ခရောက်တာကတော့ ထမင်းပေါင်းအိုးဖြစ်ပါတယ်၊ အခန့်မသင့်ရင် ထမင်းပါ ငတ်နိုင်ပါတယ်။ ဒါဆို ထမင်းပေါင်းအိုးမှာ ဘယ်လိုခလုတ်တွေပါလဲ ကြည့်လိုက်ကြရအောင်။ ဆန်ကိုရေဆေးပြီး အိုးထဲထည့်ပြီး တည်တာကတော့ ပုံမှန်ထမင်းပေါင်းအိုးနဲ့ အတူတူပါပဲ။ 

炊飯 - ဒီခလုတ်ကတော့ ဆန်နဲ့ရေထည့်ပြီးထမင်းစချက်တော့မယ်ဆို နိုပ်ရမယ့် ခလုတ်ပါ။

予約 - ဒီအလုတ်ကတော ချက်ချင်း ထမင်းမချက်ပဲ ကိုယ်လိုချင်တဲ့ အချိန်တစ်ခုရောက်မှ ချက်ချင်တဲ့ အခါ။

とりけし - ဒီခလုတ်ကတော့ ဖျက်တဲ့အခါ။ ကိုယ်လုပ်ထားတဲ့ Function တွေကို ဖျက်ချင်တဲ့အခါ သုံးပါတယ်။ 

保温選択 - ဒီခလုတ်ကတော့ ထမင်းနွေးတဲ့ အခါမှာ အသုံးပြူပါတယ်။ နွေးတဲ့အချိန် အပူချိန်ကိုလဲ အမြင့်အနိမ့်ရွေးချယ်နိုင်ပါသေးတယ်။ 

အဝတ်လျှော် စက် 

အဝတ်လျှော်စက် တွေကတော့ ပုံမှန်ဆို အဝတ်ထည့်ပြီး Start ဆိုတဲ့ ခလုတ်ကိုနိုပ်လိုက်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ခလုတ်တွေ ကို သေချာကြည့်ပြီး သေချာ သုံးချင်ရင်တော့ အသုံးများတဲ့ ခလုတ်တေါကိုကြည့်လိုက်ကြရအောင်။ 
 

ဂျပန်

အသံထွက် 

မြန်မာလို 

電源

dengen 

ပါဝါ 

iri 

အဖွင့်

kiri 

အပိတ်

おまかせ

omakase

အိုတိုမစ်တစ် 

予約

yoyaku

Timer 

脱水

dassui

ရေထုတ် 

スタート

sutaato

Start

一時停止

ichijiteishi

ခဏရပ် 

毛布

moufu

စောင် 

အဲယားကွန်း Remote

နောက်ဆုံးတစ်ခု ဂျပန်စာတွေနဲ့ပြည့်နေပြီး အသုံးပြုရတာခက်တဲ့ နေရာကတော့ အဲယားကွန်းRemote ဖြစ်ပါတယ်။ ပုံမှန်တွေနေမြင်နေကျ အဲယားကွန်း Remote ကတော့ ပုံထဲမှာ ပြထားအတိုင်းဖြစ်ပါတယ်။

ခလုတ်တွေကတော့ အများအားဖြင့် 

ဂျပန်

အသံထွက် 

မြန်မာလို 

運転停止/入切

Untenteishi/ irikiri 

အဖွင့်/အပိတ် ခလုတ် 

運転切換え

Untenkirikae

ခလုတ် Functionများ

温度

Ondo 

အပူချိန် 

風量切換

Fuuryoukirikae

လေပမာဏ ညှိခြင်း

風向

fuukou

လေတိုက်တဲ့ လားရာဘက် 

ဒီဆောင်းပါးမှာတော့ ဂျပန်မှာ အသုံးဝင်မယ်ထင်တဲ့ အချက်အလက်တွေနဲ့ လျှပ်စစ်ပစ္စည်းအကြောင်းတွေကိုမျှဝေခဲ့ပါတယ်။ ဒီဆောင်းပါးက ဂျပန်မှာ နေတဲ့ အချိန်မှာ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အခြေခံအဆောက်အအုံ infrastructure (လျှပ်စစ်၊ ရေ၊ ဂတ်စ်၊ ဆက်သွယ်ရေး၊ စာတိုက်)/ ဂျပန်နိုင်ငံရဲ့ အံ့သြဖွယ်ရာ လျှပ်စစ်စ္စည်းများနဲ့ အသုံးပြုနည်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ