ဂျပန်မှာ စာအိတ်တွေကို နေရာနဲ့အချိန်အခါအလိုက် မှန်မှန်ကန်ကန်ဘယ်လိုအသုံးပြုမလဲ။

မြန်မာနိုင်ငံမှာ ရတော့ စာအိပ်တစ်မျိုးကို နေရာတိုင်းအလိုလိုမှာ အသုံးပြုလို့ရပေမယ့် ဂျပန်မှာတော့ နေရာ၊ အချိန်အခါအပေါ်လိုက်ပြီးတော့ အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့် နေရာအပေါ်မူတည်ပြီး စာအိတ်အမျိုးအစား အမှားသုံးမိရင် မကောင်းပါဘူး။ ဒီဆောင်းပါးမှာ ဂျပန်မှာ အတွေ့ရများတဲ့ စာအိတ်အမျိုးအစားတွေနှင့် ဘယ်အချိန် ဘယ်နေရာမှာအသုံးပြုရမလဲဆိုတာကို ရေးသားဖော်ပြသွားပါ့မယ်။

မာတိကာ

  1. စာအိတ်အမျိုးအစားများ။
  2. အထူးအသုံးပြုတဲ့ စာအိတ်အမျိုးအစားများ။ 
  3. အကျဥ်းချုပ်။

စာအိတ်အမျိုးအစားများ။

ပထမဆုံး ဂျပန်က စာအိတ်အရွယ်အစားအပေါ်မူတည်ပြီးတော့ အမျိုးအစား ၃မျိုးတွေ့ရှိနိုင်ပါတယ်။ ဒီ အရွယ်အစား ၃ မျိုးကိုလဲ ကိုယ့်အသုံးပြုမယ့် ရည်ရွယ်ချက်အပေါ်မူတည်ပြီးတော့ မှန်မှန် ရွေးချယ်ဖို လိုအပ်ပါတယ်။ အရွယ်အစားအလိုက် စာအိတ် ၃ မျိုးကိုကြည့်လိုက်ကြရအောင်။ 

စာအိတ်ရှည် 長形 (chōgata)

ပထမဆုံး အမျိုးအစားကတော့ စာအိတ်အရှည်အမျိုးအစားဖြစ်ပြီးတော့ 長形 (chōgata)လို့ခေါ်ပါတယ်။ ဒီစာအိတ်အမျိုးအစားကတော့ တွေ့ရများပြီးတော့ ပုံမှန်နေ့စဥ်ဘဝမှာ အတွေ့ရများတဲ့ အပြင် လုပ်ငန်းသုံးအနေနဲ့လဲ သုံးလေ့ရှိကြပါတယ်။ 和封筒 (wafūtō) လို့လဲခေါ်လေ့ရှိကြပါတယ်။ နံပါတ် ၃ နှင့် နံပါတ် ၄ ဆိုပြီး အမျိုးအစား ၂မျိုးရှိပြီးတော့ နံပါတ်၃ ကိုတော့ ဆိုက်အရကတော့ A4 စာရွက်ကို ၃ ခေါက်ချိုးပြီးတော့ ထည့်လို့ရတဲ့ ဆိုက်ဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဘေလ်ဆောင်ဖို့အတွက် စာရွက်တွေ၊ အကြောင်းအကြားစာရွက်တွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ နံပါတ် ၄ကတော့ B5 ကို ၃ ခေါက် ခေါက်ပြီးတော့ ထည့်လို့ရတဲ့ ဆိုက်ဖြစ်ပါတယ်။ 

လေးထောင့် စာအိတ် 角形 (kakugata)

နောက်ထပ်လေးထောင့်ပုံစံစာအိတ်ကတော့ 角形 (kakugata) လို့ခေါ်ပြီးတော့ A4 စာရွက်တွေကို မချိုးမခေါက်ဘဲနဲ့ ထည့်နိုင်ပါတယ်။ နောက်ပြီးတော့ မဂ္ဂဇင်းတွေလဲ ထည့်နိုင်ပါတယ်။ သတင်းစားတွေကိုလဲ၄ ခေါက်ချိုးလိုက်ရင် ဝင်ပါတယ်။ အသုံးပြုပုံလဲ အမျိုးမျိုး ရှိတဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေတဲ့ စာအိတ်လဲ ဖြစ်ပါတယ်။ 

အနောက်တိုင်း စာအိတ် 洋形 (Yōgata)

နောက်ဆုံး စာအိတ်ကတော့ အနောက်တိုင်းပုံစံဖြစ်ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်မှာလဲ အသုံးများတဲ့ စာအိတ်ဖြစ်ပါတယ်။ ဒီစာအိတ်ကိုတော့ မွေးနေ့ကတ်၊ ခရစ္စမတ်ကတ် တို့ကို ပို့တဲ့ အချိန်မှာအသုံးပြုလေ့ရှိကြပါတယ်။ နောက်ပြီးတော့ မင်္ဂလာဆောင်ဖိတ်စာ ဖိတ်တဲ့ အချိန်မှာ တက်မတက် အကြောင်းပြန်ရမယ့် အချိန်မျိုးမှာလဲ အနောက်တိုင်းစာအိတ်ကို အသုံးပြုလေ့ရှိကြပါတယ်။ 

အထူးအသုံးပြုတဲ့ စာအိတ်အမျိုးအစားများ။ 

အပေါ်ကနေ့စဥ်ဘဝမှာ အသုံးပြုလေ့ရှိတဲ့ စာအိတ်တွေအပြင် တခြားနေ့ကြီးရက်ကြီးတွေမှာ အသုံးပြုလေ့ရှိတဲ့ စာအိတ်တွေ အများကြီးရှိပါတယ်။ ဒီနေ့ကြီးရက်ကြီးတွေမှာ အသုံးပြုတဲ့ စာအိတ်တွေကို ဝယ်ပြီး အသုံးပြုတဲ့ အချိန်မှာ သတိထားဖို့လိုအပ်ပါတယ်။

祝儀袋 Shūgi-bukuro

ပထမဆုံးစာအိတ်အမျိုးအစားကတော့ 祝儀袋 Shūgi-bukuro ဖြစ်ပြီးတော့ ဒီစာအိတ်ကိုတော့ မင်္ဂလာဆောင်တဲ့ အချိန်မှာ လက်ဖွဲ့ပိုက်ဆံ၊ ဘွဲ့ယူ နှင့် တခြားဂုဏ်ပြုတဲ့ အချိန်မျိုးမှာ အသုံးပြုလေ့ရှိကြပါတယ်။ အရောင်တွေလဲ စုံလင်လှတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်အသုံးပြုတဲ့ နေရာနဲ့ ကိုက်ညီပြီးတော့ အရောင်ကိုသေချာရွေးနိုင်ပါတယ်။ နောက်ပြီးတော့ စာအိတ်အပြင်မှာတော့ (水引き Mizuhiki) လို့ခေါ်တဲ့ အလှဆင်ကြိုးလေးနဲ့ အလှဆင်ထားလေ့ရှိပါတယ်။ 

香典袋 Kōden-bukuro

နောက်တစ်မျိုးကတော့ 香典袋 Kōden-bukuro လို့ခေါ်ပြီးတော့ 祝儀袋 Shūgi-bukuroနဲ့မတူဘဲ အလှဆင်ကြိုးကိုတော့ အဖြူရောင်နှင့် အနက်ရောင်ဖြစ်ပါတယ်။ ဒီစာအိတ်တွေကိုတော့ နာရေးတွေမှာ ကူ‌ငွေ ထည့်တဲ့ အချိန်မှာ အသုံးပြုပါတယ်။

ポチ袋 Pochi-bukuro

နောက်ဆုံး တစ်ခုကတော့ ポチ袋 Pochi-bukuro လို့ခေါ်ပြီးတော့ ကလေးတွေကို မုန့်ဖိုးပေးထားတဲ့အချိန်မှာ အသုံးပြုတာများပါတယ်။ စာအိတ်သေးသေးလေးတွေဖြစ်ပြီး တော့ ကာရိုက်တာအမျိုးမျိုးနဲ့ ပုံဖော်ထားပြီးတော့ ကလေးတွေအကြိုက်ဖြစ်ပါတယ်။ အများအားဖြင့် နှစ်ကုန်၊ နှစ်သစ်အချိန်တွေမှာ လူဝယ်များပြီးအသုံးပြုလေ့ရှိကြပါတယ်။ 

အကျဥ်းချုပ်။

ဒီဆောင်းပါမှာတော့ ဂျပန်မှာ အသုံးပြုလေ့ရှိတဲ့ စာအိတ်တွေကိုမိတ်ဆက်ပြီး နေရာနှင့် အခြေအနေအပေါ်လိုက်ပြီးတော့ စာအိတ်တွေကို ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုရမလဲဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်နိုင်ငံတွင်နေထိုင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ (လူဝင်မှုကြီးကြပ်ရေး/နေထိုင်မှု)/ ဂျပန်မှာ စာအိတ်တွေကို နေရာနဲ့အချိန်အခါအလိုက် မှန်မှန်ကန်ကန်ဘယ်လိုအသုံးပြုမလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ