ဂျပန်ပြည်ပြန်ဝင်ခွင့်(Re-entry permit to Japan)

ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ဗီဇာအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေက မိမိနိုင်ငံကိုဖြစ်စေ၊ အခြားသောနိုင်ငံကိုဖြစ်စေ ကာလတို၊ ကာလရှည်သွားရောက်တဲ့အခါ လေဆိပ်က လူဝင်မှုကြီးကြပ်ရေးမှာ ဂျပန်ပြည်ပြန်ဝင်ခွင့်ကိုလျှောက်ထားခဲ့ရပါတယ်။ ထိုသို့လျှောက်ထားခဲ့မှသာ ဂျပန်နိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဂျပန်ပြည်ပြန်ဝင်ခွင့် စာရွက်မှာ みなし再入国許可(minashi sainyuukokukyoka) နဲ့ 再入国許可 ( sainyuukokukyoka) ဆိုပြီး အမျိုးအစား၂မျိုးရှိပါတယ်။ 

ပထမပုံစံ みなし再入国許可 (ဂျပန်ပြည်ပြန်ဝင်ခွင့်)နဲ့ပတ်သက်ပြီး

ပထမပုံစံ みなし再入国許可 (minashi sainyuukokukyoka) ကတော့ လေဆိပ်က လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ အဲဒီစာရွက်ကို အခမဲ့ယူလို့ရပါတယ်။ အဲဒီစာရွက်တိုလေးကို ဖြည့်ပြီး တာဝန်ရှိသူတွေကို ဇိုင်းလျူးကဒ်နဲ့အတူ ပြသရမှာဖြစ်ပါတယ်။ ထိုမှသာ တာဝန်ရှိသူက တံဆိပ်တုံးနှိပ်ပေးပြီး ရေးသေားသားစာရွက်ကို တစ်ဝက်ဖြဲပြီး သင့်ရဲ့ ပတ်စ်ပို့မှာကပ်ပေးပါ့လိမ့်မယ်။ ဒီစာရွက်ရဲ့ သက်တမ်းက ၁ နှစ်ဖြစ်ပြီး ၁ နှစ်အတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်မဝင်ဖြစ်တော့ရင်တော့ နေထိုင်ခွင့်သက်တမ်းကို ပယ်ဖျက်လိုက်ပါတယ်။ အလည်ဗီဇာ အသစ်လျှောက်ထားပြီး ဂျပန်ကို လာရမှာဖြစ်ပါတယ်။ 

ဒုတိယပုံစံ 再入国許可 (ဂျပန်ပြည်ပြန်ဝင်ခွင့်)နဲ့ပတ်သက်ပြီး

ဒုတိယပုံစံ 再入国許可 (sainyuukokukyoka) ကတော့ မိမိတို့လက်ကျန်ဗီဇာ သက်တမ်းရှိသည့်အတိုင်း ပြန်လည်ဝင်ရောက်နိုင်ပါတယ်။ အဲဒီစာရွက်ကိုတော့ မိမိတို့နေထိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ယန်း ၆၀၀၀ သွင်းပြီးယူရပါတယ်။ တခါယူထားပြီးရင် မိမိမှာ နေထိုင်ခွင့်သက်တမ်း လက်ကျန်ရှိတဲ့အထိ အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိပါတယ်။ တစ်နှစ်အထက်ပြန်နိုင်ပြီး အများဆုံး ၅ နှစ်အထိ ဂျပန်နိုင်ငံပြင်ပမှာနေထိုင်နိုင်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ရထားသူများကတော့ ၆ နှစ် အထိ ဂျပန်နိုင်ငံပြင်ပမှာနေထိုင်နိုင်ပါတယ်။ 

သိထားသင့်သည့်အချက်များ

ဂျပန်ပြည်ပြန်ဝင်ခွင့် re-entry ကို မေ့လျော့ပြီး မလျှောက်ထားခဲ့ဘူးဆိုရင် သင့်မှာ နေထိုင်ခွင့်ဗီဇာလက်ကျန် ဘယ်လောက်ရှိရှိ ကဒ်ဖောက်ခံရပြီး၊ ဂျပန်နိုင်ငံကိုပြန်လည်ဝင်ရောက်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အချိန်ရှည်ပြန်တော့မယ်ဆိုရင် အထူးသတိထားစေချင်ပါတယ်။ ဂျပန်ပြည်ပြန်ဝင်ခွင့်စာရွက်က ပုံမှန် ၁ နှစ်အတွင်းပြန်ဝင်မယ့် みなし再入国許可 စာရွက်ဆိုရင် လေဆိပ်က လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ ယူပြီး လျှောက်ထားခဲ့လို့ရပါတယ်။ ၁ နှစ်နှင့်အထက် ဂျပန်နိုင်ငံပြင်ပကို ထွက်ခွာမယ်ဆိုရင်တော့ 再入国許可 စာရွက်ကိုတော့ မိမိတို့နေထိုင်ရာမြို့များရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ပိုက်ဆံသွင်းပြီးသွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်။ အဲဒီ 再入国許可 ကတော့ မိမိတို့လက်ကျန်ဗီဇာသက်တမ်းရှိသည့်အတိုင်း အများဆုံး၅နှစ်၊ အမြဲတမ်းနေထိုင်ခွင့် ရသူများကတော့ အများဆုံး ၆ နှစ် အထိပြန်လည်ဝင်ရောက်နိုင်ပါတယ်။ 

ဂျပန်မှာပတ်စ်ပို့သက်တမ်း ဘယ်လိုတိုးရမလဲ(Myanmar embassy in japan)

ဂျပန်ကိုမိသားစုဗီဇာနဲ့ပက်သက်ပြီးလာမယ်ဆိုရင်

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ