ဂျပန်ရိုးရာစားစရာ Donburi

နိုင်ငံခြားသားတွေလဲကြိုက်ပြီး၊ ပမာဏများများပါတဲ့ အစားစာတစ်ခုဆိုရင်တော့ ဂျပန်ရိုးရာ အစားအသောက်ဖြစ်တဲ့ Donburi ဖြစ်ပါတယ်။ Donburi ဆိုတာကတော့Don ဆိုတဲ့ ခွက်တွေထဲမှာ ထမင်းတွေကိုမို့နေအောင်ထည့်ပြီး အပေါ်က ဟင်းတွေကို ပုံပြီးစားတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို Donburi တွေအကြောင်းနှင့် အမျိုးအစားတွေအကြောင်း၊ နောက်ပြီး Donburi တွေကိုအလွယ်တကူဝယ်စားနိုင်တဲ့ ဆိုင်တွေအကြောင်းကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

မာတိကာ

Donburi အကြောင်း

donburi ဆိုတာကတော့ ဂျပန်စတိုင် ခွက်အမျိုးအစားတစ်ခုဖြစ်ပြီး donburi ထဲမှာ ထမင်းအပြည့်ထည့်ပြီး အပေါ်မှာ ဟင်းတွေ တင်ပြီးစားတဲ့ အစားစာ ကိုတော့○○ don လို့ခေါ်ကြပါတယ်။

どんぶり(donburi)、どんもの(donmono)、どんぶりもの (donburimono)အစသဖြင့်လဲ ခေါ်လေ့ရှိကြပါတယ်။ အဲဒီလိုအစားအသောက်တွေကတော့ လုပ်ရတာလွယ်ကူပြီး မြန်ဆန်သက်သာပါတယ်။ နောက်ပြီး ပမာဏလဲ အများကြီးပါတဲ့ အတွက်ကြောင့်မို့လို့ လူကြိုက်လဲများကြပါတယ်။ 

ဒီအစားစာစတင်ပြီးစားသောက်တာကတော့ Muromachi ခေတ်ကတည်းကလို့ဆိုကြပါတယ်။ သို့သော် အများပြည်သူကြားထဲ သာမန်အားဖြင့်ပျံ့နှံ့ လာတာကတော့ Edo ခေတ်လို့ဆိုကြပါတယ်။ 

Donburi အမျိုးအစားများ

အပေါ်မှာပြောခဲ့သလိုပဲ Donburi အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ လူကြိုက်များတဲ့ Donburi အမျိုးအစားတွေကို မိတ်ဆက်ပေးသွားပါ့မယ်။

親子丼 (Oyako-Don)

ဒီတစ်ခုကတော့ ဂျပန်စာလေ့လာနေတဲ့ သူတွေအနေနဲ့လဲ ရင်းနှီးတဲ့ အစားစာတစ်ခုဖြစ်ပါတယ်။ သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ပြန်ရရင်တော့ သား၊ အမိဇလုံထမင်းလို့ အဓိပ္ပာယ်ရပါတယ်။ ပါဝင်အစ္စည်းအနေနဲ့ ကတော့ အဓိက ကြက်သားနှင့် ကြက်ဥ ကိုသုံးထားပါတယ်။ ဒါကြောင့်မို့လို့ သားအမိ လို့ဆိုလိုခြင်းဖြစ်ပါတယ်။ စားရလဲလွယ်ကူပြီး ဂျပန်ရိုးရာကိုလဲ အရသာခံစားမိစေတဲ့ အရသာမျိုးဖြစ်ပါတယ်။ ဂျပန်ရိုးရာ အစားအသောက်တွေထဲမှာလဲ ထိပ်ဆုံးကနေပါဝင်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ကြက်သားမပါဘဲ ကြက်ဥ တစ်ခုတည်းနဲ့ စားရင်တောာ့ 玉子丼(Tamago-Don)လို့ခေါ်ကြပါတယ်။ 

牛丼 (Gyu-Don)

Gyu-Don ကတော့ အမဲသားဇလုံထမင်းဖြစ်ပါတယ်။ ဒီအမဲသားဇလုံထမင်းကလဲ လုပ်ရလွယ်ကူပြီး ဂျပန်ရိုးရာအစားအသောက်တွေထဲ မှာ နာမည်ကြီးတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ တချို့တွေကတော့ ကြက်သွန်မြိတ် နှင့် ကြက်ဥအစိမ်းကိုတင်ပြီး စားသောက်လေ့ရှိပါတယ်။ ဒီလိုမျိုးကိုတော့ ネギ玉牛丼 (Negitama Gyudon) လို့ခေါ်ပါတယ်။

天丼 (Ten-Don)

Ten-Don ဆိုတာကတော့ ထမင်းပေါ်မှာ အ‌ကြော်စုံ တင်ပြီးစားတဲ့ အစားစာဖြစ်ပါတယ်။ Ten-Don ဆိုတဲံ အတိုင်း ဂျပန်နိုင်ငံရဲ့ ရိုးရာအကြော် တန်ပူရာ နှင့် ထမင်းကိုတွဲဖက်စားသုံးရတာ အရသာရှိလှပါတယ်။ အကြော်စုံမဟုတ်ဘဲ ပုဇွန်ကြော်နဲ့တွဲစားပါက えび天丼 (Ebiten-Don) လို့ခေါ်ကြပါတယ်။ 

かつ丼 (Katsu-Don)

Katsu ဆိုတာကတော့ ဝက်သားအကြော်တစ်မျိုးဖြစ်ပြီး တော်တော်လူကြိုက်များတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ ဒီလိုမျိုး Katsu ကို ထမင်းပေါ်တင်ပြီးစားတာကတော့ かつ丼 (Katsu-Don) ဖြစ်ပါတယ်။ かつ丼 (Katsu-Don) ရဲ့ အဓိကပါဝင်ပစ္စည်းတွေကတော့ Katsu ဆိုတဲ့ ဝက်သားကြော်နှင့် ကြက်ဥတို့ဖြစ်ပါတယ်။ 

うなぎ丼 (Unagi-Don)

Unagi-Don ဆိုတာကတော့ ငါးရှဉ့်ကင်ကို ထမင်းပေါ်တင်ပြီးတွဲစားတဲ့ အစားစာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငါးရှဥ့်တွေကတော်တော်နာမည်ကြီးပြီး သီးသန့်မွေးမြူထားကြခြင်းဖြစ်ပါတယ်။ စျေးကလဲ တော်တော်ကြီးပေမယ့် တချို့ဆိုင်တွေမှာတော့ စျေးသက်သက်သာသာနဲ့ ဝယ်ယူစားသောက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခွင့်ကြုံရင် တခေါက်လောက်တော့ ကျိန်းသေပေါက် Unagi-Don ကိုစားသင့်ပါတယ်။

海鮮丼 (Kaisen-Don)

Kaisen-Don ဆိုတာကတော့ ပင်လယ်စာတွေကို အစိမ်းစားတဲ့ အစားအသောက်မျိုးဖြစ်ပါတယ်။ Kaisen-Don ကို‌တော့ အများအားဖြင့် ဂျပန်ရိုးရာစားသောက်ဆိုင်တွေမှာ စားသုံးနိုင်ပါတယ်။ ပင်လယ်စာကြိုက်တဲ့ သူတွေ အနေနဲ့ကတော့ လုံးဝစားကြည့်သင့်တဲ့ အစားစာ တစ်မျိုးဖြစ်ပါတယ်။

Donburi အလွယ်တကူဝယ်စားနိုင်တဲ့ ဆိုင်များ

အပေါ် မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကတော့ တော်တော်လေးကိုလုပ်ရတာလွယ်ကူပြီး မိမိ အိမ်မှာလဲ အလွယ်တကူချက်နိုင်ပါတယ်။ ဒါ့အပြင် တချို့ဆိုင်တွေမှာတော့ လွယ်လွယ်ကူကူနဲ့စျေးသက်သက်သာသာ ဝယ်စားသောက်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ဆိုင် ၃ ဆိုင်ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

吉野家 (Yoshinoya)

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by 吉野家 (@yoshinoya_co_jp)

ပထမဆုံး ဆိုင်နာမည်ကတော့ Yoshinoya ဖြစ်ပြီး ဒီဆိုင်ကတော့ ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့မှာရှိပါတယ်။ ဒါကြောင့် အလွယ်တကူဝယ်စားလို့ရပါတယ်။ နောက်ပြီး ရနိုင်တဲ့ မီနူးတွေကလဲ စုံလင်လှပြီး စျေးလဲသက်သာပါတယ်။ 牛丼 (Gyu-Don) ကိုအဓိက ထားရောင်းပြီးတခြား အစားအသောက်တွေလဲ စုံစုံလင်လင်ရရှိနိုင်ပါတယ်။

好き屋 (Tsukiya) 

好き屋 (Tsukiya) ကလဲ အပေါ်မှာဖော်ပြခဲ့တဲ့Yoshinoya နဲ့ပုံစံတူ ဆိုင်တစ်မျိုးဖြစ်ပြီးဂျပန်နိုင်ငံအနှံ့ဆိုင်ခွဲတွေရှိပါတယ်။ ‌ 好き屋 (Tsukiya) ရဲ့ အဓိက မီနူးက အမဲသားဖြစ်ပေမယ့် တခြား မီနူးတွေလဲ စုံစုံလင်လင် ရရှိနိုင်ပါတယ်။

松屋(Matsuya) 

松屋(Matsuya)ကလဲ အပေါ်မှာဖော်ပြထားတဲ့ ဆိုင်၂ ဆိုင်နဲ့ ပုံစံတူဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်မှာလဲ အဓိက မီနူးက အမဲသားဖြစ်ပေမယ့် ဆိုင်ခွဲဖြစ်တဲ့ 松の屋(Matsu no ya )မှာဆိုရင်တော့ Ton katsu သီးသန့်မီနူးတွေကိုလဲ ရရှိနိုင်ပါတယ်။ ဒီလိုဆိုင်တွေ အပြင် တခြား သီးသန့်ရောင်းတဲ့ မီနူးဆိုင်တွေလဲရှိပါသေးတယ်။ 

အကျဥ်းချုပ်

ဒီဆောင်းပါးမှာတော့ ဂျပန်အစားစာတွေထဲမှာမှ လူကြိုက်များတဲ့ ○○ don တွေအကြောင်းနဲ့ ဆိုင်တွေအကြောင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရောက်ရင်ကျိန်းသေပေါက် စားကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဤဆောင်းပါးကိုလည်းဖတ်ရှု့သူများသည်

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ