ဂျပန်ရိုးရာ Udon

Udon ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာခေါက်ဆွဲတမျိုးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နန်းကြီးနဲ နည်းနည်းခပ်ဆင်ဆင်ဖြစ်ပါတယ်။ အမြဲတမ်း စွပ်ပြုတ်ရည်နဲ့ တွဲစားလေ့ရှိပြီး အပူ၊ အအေးကြိုက်သလိုသုံးဆောင်နိုင်ပါတယ်။ နောက်ပြီး တွဲဖက်စားနိုင်တဲ့ အစားအသောက်တွေလဲစုံလင်လှပါတယ်။ ဒီနေ့မှာတော့ ဒီလို ဂျပန်ရိုးရာခေါက်ဆွဲလို့ပြောလို့ရတဲ့ လူကြိုက်များတဲ့ Udon အကြောင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်။ 

Udon အကြောင်း

ခေါက်ဆွဲလို့ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံမှာတော့ Ramen, Soba, Udon ဆိုတဲ့ ၃ မျိုးဖြစ်ပါတယ်။ ဒီ ၃ မျိုးထဲမှာမှ Soba က အပါးဆုံးဖြစ်ပြီး Udon ကတော့အထူဆုံးဖြစ်ပါတယ်။ Udon ကိုတော့ ကုန်ကြမ်း ၃ မျိုးနဲ့ လွယ်လွယ်ပြုလုပ်နိုင်ပါတယ်။ ဒီ၃မျိုးကတော့ ဂျုံ၊ ဆား နှင့်ရေတို့ပဲဖြစ်ပါတယ်။ Udon ရဲ့ မူလအရင်းမြစ်နှင့်ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိနေပေမယ့် မှန်ကန်တဲ့ ယူဆချက်ရယ် လို့အခုချိန်အထိ တိတိကျကျ မတွေ့ရသေးပါဘူး။ အဖြစ်နိုင်ဆုံးကတော့ တရုတ်နိုင်ငံကနေ ဆင်းသက်လာတဲ့ အစားစာတစ်ခုလို့ဆိုကြပါတယ်။ 

 Udon ကိုတော့ ဂျပန်နိုင်ငံတဝိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ပါတယ်။ ကုန်တိုက်တွေမှာ အအေးခဲထားတဲ့  Udonတွေ၊ အစိမ်း Udon တွေအစသဖြင့် ပုံစံအမျိုးမျိုးဖြင့်ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး စျေးကလဲတော်တော်သက်သာပါတယ်။ ပုံမှန်အားဖြင့် ၃ ထုပ်ကို ယန်း ၁၀၀ တောင်မကျပါဘူး။ မြန်မာငွေနဲ့ တွက်လိုက်ရင်လဲ ၂၀၀၀ မကျော်တဲ့ ပမာဏဖြစ်ပါတယ်။ Udon နာမည်ကြီးတဲ့ ဒေသများတွေအနေကတော့ Kagawa ခရိုင် နှင့် Gunma ခရိုင် တို့ဖြစ်ပါတယ်။ Shikokuဒေသမှာရှိတဲ့ Kagawa ခရိုင်ကတော့ Sanuki Udon နဲ့ပတ်သက်ပြီးနာမည်ကြီးပါတယ်။ 

Kanto ဒေသရဲ့ Gunma ခရိုင်ကတော့ Mizusawa Udon နဲ့ပတ်သက်ပြီးနာမည်ကြီးပါတယ်။ 

Udon အမျိုးအစားများ

 Udon တွေကတော့ အများအားဖြင့် အပူနဲ့အအေး နှစ်မျိုးစလုံးရရှိနိုင်ပါတယ်။  Udon ဆိုင်တွေမှာတော့ အပူဆိုရင် 温 (Nuku) သို့မဟုတ် 熱 (Atsu) လို့ရေးထားလေ့ရှိပြီး အအေးဆိုရင်တော့ 冷 (Rei) ဆိုတဲ့ စာလုံးနဲ့ ရေးထားလေ့ရှိပါတယ်။ထပ်ပြီး Udon အမျိုးအစားများ တွေကိုအသေးစိတ်လေ့လာကြည့်ကြရအောင်။ 

Kake Udon

 Udon ရဲ့ အခြေခံအကျဆုံးပုံစံက‌တော့ ဂျပန်ရိုးရာ  dashi ပြုတ်ရည်နဲ့ topping အနည်းငယ် နောက်ပြီး ကြက်သွန်းမြိတ် အနည်းငယ်တို့ကို ထည့်ပြီးစားတဲ့ ပုံစံဖြစ်ပါတယ်။ ထည့်တဲ့ topping ကို လိုက်ပြီးတော့ အခေါ်အဝေါ်တွေပြောင်းသွားနိုင်ပါတယ်။ 

  • အကြော်ထည့်လိုက်ရင် - Tempura Udon
  • တူဖူးကြော်ထည့်လိုက်ရင် - Kitsune Udon
  • အမွကြော်တွေကို ထည့်လိုက်ရင် - Tanuki Udon 
  • အမဲသားထည့်လိုက်ရင် - Niku Udon 
  • ကြက်ဥအစိမ်းထည့်လိုက်ရင် - Tsukimi Udon 

Bukkake Udon

Bukkake Udon ကတော့ Kake Udon ထက်ပိုပြီးတော့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ Udon ဖြစ်ပါတယ်။ Toppings တွေလဲ အမျိုးမျိုးထည့်စားနိုင်ပြီး အပူအအေး ကြိုက်သလိုသုံးဆောင်နိုင်ပါတယ်။ နောက်ပြီး Kake Udon ထက်ပိုပြီးတော့ အရသာလေးပါတယ ။ 

Yaki Udon 

Yaki Udon ဆိုတာကတော့  Udon အကြော်ပုံစံဖြစ်ပါတယ်။ ဒီမီနူးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ခေါက်ဆွဲပြတ်လတ်မှုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ခေါက်ဆွဲအစား  Udon ကိုအစားထိုးပြီးတော့ ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ 

Curry Udon

အားလုံးသိတဲ့အတိုင်းပဲ Curry ကိုတော့ထမင်းနဲ့ တွဲစားဖူးတဲ့ သူတွေပဲ များလိမ့်မယ်ထင်ပါတယ်။ နောက်ပြီး Udon ကိုလဲစွပ်ပြုတ်နဲ့ပဲ စားလို့ရတယ်လို့ထင်တဲ့သူတွေရှိပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်မှာတော့ Curry Udon ဆိုပြီး Curry ကို Udon နဲ့တွဲစားလေ့ရှိတဲ့ အလေ့အထလဲရှိပါတယ်။ ဒါပေမယ့် အပူတမျိုးသာရတဲ့အတွက်ကြောင့်မို့လို့ ဆောင်းရာသီမှာသာ စားသောက်လေ့ရှိပါတယ်။ 

Kamaage Udon 

Kama 釜 ဆိုတာကတော့ အိုးကိုဆိုလိုတာဖြစ်ပြီး kamaage 釜揚げ ဆိုတာကတော့ အိုးအပေါ်မှာ ဒီအတိုင်းတင်ပြီးပြုတ်ထားတာလို့ဆိုလိုတာဖြစ်ပါတယ်။ Kama 釜 ထဲထည့်ပြုတ်ထားတဲ့ Udon ကို dashi-tsuyu ဆိုတဲ့ ဆော့စ်နဲ့ တို့ပြီးစားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ တခါတလေ ဆော့စ်ထဲမှာ ဂျင်းနှင့် ကြက်သွန်မြိတ်ကို ရောပြီးဖျော်လေ့လဲရှိပါတယ်။ 

Udon ဆိုင်များ

ဂျပန်မှာတော့ Udon ဆိုင်တွေနေရာတိုင်းအလိုလိုမှာရှိပါတယ်။ ဘူတာကြီးတွေ၊ နောက်ပြီး ရှောပင်းစင်တာတွေ၊ အစားအသောက်တန်းတွေမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ Udon ဆိုင် အများစုကတော့ ကိုယ်တိုင်ဝန်ဆောင်မှုစနစ်ပုံစံမျိုးနဲ့ သွားပါတယ်။ လင်ပန်းနှင့် ပန်းကန်ပြားကိုယူပြီး အကြော်တွေ ထည့်ချင်ရင် အကြော်တွေကိုရွေးပြီးတ စားချင်တဲ့ Udon အမျိုးအစားကို ရွေးပြီး ကျသင့်ငွေကိုရှင်းနိုင်ပါတယ်။ နောက်ပြီး ကိုယ်ထိုင်မယ့် ထိုင်ခုံမှာ တူနှင့်ဇွန်းမရှိတဲ့အတွက်ကြောင့်မို့လို့ ကောင်တာကနေ တခါတည်းယူသွားပါ။ နောက်ပြီး မိမိဘာသာစိတ်ကြိုက် အမွကြော်တွေနဲ့ ကြက်သွန်မြိတ်တွေကို ထည့်နိုင်ပါတယ်။ ဒါဆို Udon ဆိုင်တချို့ကိုကြည့်လိုက်ကြရအောင်။ 

Marugame Seimen

ဒီဆိုင်ကတော့ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲပေါင်းများစွာရှိတဲ့  Udon ဆိုင် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတင်မကဘဲ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ စင်ကာပူ၊ အမေရိက၊ အင်ဒိုနီးရှား၊ နဲ့ တခြားနိုင်ငံတွေမှာပါ ဆိုင်ခွဲတွေရှိပါတယ်။ Marugame Seimen မှာတော့အကောင်းဆုံးအမျိုးအစား Sanuki udon ကိုအဓိကထားပြီးရောင်းချနေပါတယ်။ နောက်ပြီး Udon နဲ့အတူတွဲဖက်စားသုံးနိုင်မယ့် အကြော်တွေလဲ များစွာရောင်းချလျက်ရှိပြီး inari-sushi ကိုလဲ ရနိုင်ပါသေးတယ်။ 

Hanamaru Udon 

နောက်တစ်ခုနာမည်ကြီးတဲ့ ဆိုင်အနေနဲ့ကတော့ hanamaru ဆိုတဲ Udon ဆိုင် ဖြစ်ပြီးနေရာအနှ့အပြားမှာတွေ့နိုင်ပါတယ်။ လိမ္မော်ရောင် ပန်းပုံစံနဲ့ ဆိုင်တွေကို တော်တော်များများမြင်ဖူးမယ်ထင်ပါတယ်။ အဲဒါကတော့ hanamaru ဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုလဲ အမျိုးအစားစုံစုံလင်လင်နဲ့ Udon တွေကိုစားသုံးနိုင်ပါတယ်။ 

Tsurutontan

Tsurotontan ကတော့တိုကျိုနဲ့ အိုဆာကာအနီးတဝိုက်မှာအများဆုံးတွေ့နိုင်တဲ့ Udon ဆိုင် ဖြစ်ပြီး အမြဲတမ်း လူတွေတန်းစီနေလေ့ရှိတဲ့ ဆိုင်ဖြစ်ပါတယ်။ ပြည်ပမှာလဲ ဆိုင်ခွဲတွေရှိတဲ့ ဆိုင်ဖ့စ်ပါတယ်၊Tsurutontan ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ရိုးရာ Udon ကိုမှ နောက်တစ်ဆင့်ရောက်အောင် တီထွင်ထားနိုင်တြ အချက်ဖြစ်ပြီး စွပ်ပြုတ် အမျိုးမျိုးနဲ့ Udon ကိုမြည်းစမ်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုင်ကိုသွားရင် ပုံမှန်မကြားဖူးတဲ့ Udon အမျိုးအစားတွေကိုတွေ့နိုင်မှာဖြစ်ပါတယ်။

အကျဉ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအစားစာဖြစ်တဲ့ Udon အကြောင်းကို ဖော်ပြလိုက်ပါတယ်။ Udon ကတော့ ဂျပန်နိုင်ငံ ရဲ့ နေရာအနံ့မှာရှိပြီး အလွယ်တကူစားနိုင်တြံ အစားစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Udon ကိုဂျပန်ရောက်ရင်တော့ ကျိန်းသေပေါက် တခေါက်တော့စားသင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ