ဂျပန်မှာတူကိုအသုံးပြုတဲ့အချိန်သတိထားသင့်တဲ့အရာများ

ဂျပန်မှာတော့ တူကိုအသုံးပြုပြီးထမင်းနှင့်အစားအသောက်တွေကိုစားလေ့ရှိကြပါတယ်။ နောက်ပြီး တူနဲ့ပတ်သက်ပြီးတော့လဲ စည်းမျဥ်းစည်းကမ်းတွေအများကြီးရှိပါတယ်။ ဒီစည်းမျဥ်းစည်းကမ်းတွေကိုသေချာမသိပါက ရိုင်းပြတဲ့အမူအရာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ သိထားဖို့အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ တူကိုမှန်မှန်ကန်ကန်ကိုင်နည်းနှင့် ရိုင်းပြတဲ့ အမူအရာတွေကိုတခါတည်းဖော်ပြသွားပါ့မယ်။ 

မာတိကာ 

တူကျွမ်းကျွမ်းကျင်ကျင်ဘယ်လိုကိုင်မလဲ။

မြန်မာနိုင်ငံမှာလဲ ခေါက်ဆွဲစားတဲ့အချိန်မှာ တူအသုံးပြုလေ့ရှိပေမယ့် ထမင်းကိုတူနဲ့ အသုံးပြုပြီးစားတဲ့သူတွေကတော့ နည်းပါပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေ ကိုင်သလို တူကိုဘယ်လိုကိုင်ရမလဲဆိုတာကိုအရင်ဆုံးဖော်ပြပါ့မယ်။ တူကိုမှန်မှန်ကန်ကန်ကိုင်နိုင်ဖို့အတွက် အဆင့်၂ ဆင့် လုပ်ရမှာပါ။ အပေါ်မှာလဲ ဓာတ်ပုံကိုပြသထားပါတယ်။ 

  • အဆင့် ၁ - ပုံထဲမှာပြသထားတဲ့ လက်ပုံစံထားပြီး တူကို လက်သူကြွယ်ပေါ်တက်ပြီး လက်မနဲ့ဖိထားပါ။
  • အဆင့် ၂ - နောက်တူတဖက်ကို လက်ညိုးနဲ့ လက်မကြားထဲထည့်ပြီး အဆင်ပြေသလိုညှပ်ယူနိုင်ပါပြီ။ 

ပထမဆုံးလုပ်ကြည့်တဲ့အခါခက်ခဲနိုင်ပါတယ်။ အသားကျတဲ့ အထိတော့ အကြိမ်ကြမ်လေ့ကျင့်ယူမှရပါမယ်။အောက်မှာထပ်ပြီးတော့ တူအသုံးပြုပုံအသုံးပြုနည်းနဲ့ပတ်သက်ပြီးရှင်းပြထားပါတယ်။ 

ဂျပန်ရိုးရာ တူရဲ့ထူးခြားချက်များ

ဂျပန်နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ကိုးရီးယားနှင့် တရုတ်မှာလဲ တူကိုအသုံးပြုပြီး အစား‌အသောက်တွေကိုစားလေ့ရှိပါတယ်။ ဒါပေမယ့် တူအမျိုူအစား ကတော့ အနည်းငယ်ကွာခြားပါတယ်။တူအမျိုးအစားတွေကို နိုင်ငံအလိုက်ကြည့်လိုက်ကြရအောင်။ကုန်ကြမ်းအနေနဲ့ ဂျပန်ကတူတွေကတော့ ပလတ်စတ်၊ သစ်သား စတာတွေနဲ့ လုပ်လေ့ရှိပေမယ့် တရုတ်မှာကတော့ ဝါး၊ သစ်သား၊ ဆင်ဆွယ်တို့နဲ့လုပ်လေ့ရှိကြပါတယ်။ တူရဲ့ ပုံစံကိုကြည့်လိုက်မယ် ဆိုရင်လဲ ဂျပန်တူကတော့ ထိပ်ဖျားက‌သေးပြီးချွန်ပြီး အရိုးရှိတဲ့ ငါးတွေကိုစားရလွယ်ကူစေပါတယ်။ နောက်ပြီး အမျိုုးသားသုံးတူ နှင့် အမျိုးသမီးသုံးတူဆိုပြီး ခွဲခြားထားတတ်ပါတယ်။ ‌နောက်ပြီး တူကိုလဲ အိမ်သားအားလုံးမှာ တစ်ဦးချင်းစီ ကိုယ်ပိုင်တူကို ကိုင်ဆောင်ပြီးအသုံးပြုလေ့ရှိကြပါတယ်။ ကလေးတွေအတွက်လဲ သီးသန့် ကလေးသုံးတူတွေလဲရှိတတ်ပါတယ်။ 

ဂျပန်ယဥ်ကျေးမှုအရ တူကိုင်တဲ့အချိန်မှာ သတိထားသင့်တဲ့ အမူအရာများ။

တူကိုင်ပြီး ထမင်းစားတဲ့အချိန်မှဦသတိထားသင့်တဲ့အမူအရာတွေအများကြီးရှိပါတယ်။ ဒီလိုအမူအရာတွေကိုမလုပ်မိအောင်ရှောင်သင့်ပါတယ်။ ဒါကြောင့် ဒီလို အပြုအမူတွေကိုမလုပ်ဖြစ်အောင်ရှောင်ကြဥ်သင့်ပါတယ်။ ဒီမှာတော့ အမျိုးအစား ၁၂ မျိူးကိုဖော်ပြလိုက်ပါတယ်။ 

叩き橋(tatakibashi)

တူနှင့် တခြားခွက်၊ပန်းကန်တို့ကိုအသုံးပြုပြီး တီးခေါက်ခြင်း။ ဒီအချက်ကတော့ မြန်မာပြည်မှာလဲ မကောင်းတဲ့ အချက်လို့သတ်မှတ်ထားတဲ့ အတွက်ကြောင့်မိုလို့ လူတိုင်းနီးပါးမလုပ်လောက်ဘူးလို့ထင်ပါတယ်။ ဒီလို စားသောက်ပန်းကန်ခွက်တွေနဲ့ကစားတာက ပန်းကန်ခွက်တွေကိုနာစေတဲ့အပြင် တခြားလူတွေကိုလဲ နားညည်းစေပါတယ်။ 

刺し箸(sashibaashi)

အစားအသောက်တွေကိုတူနဲ့ထိုးစိုက်ခြင်း။ တူကတော့အစားအသောက်တွေကို ညှပ်ဖို့အတွက်အသုံးပြုတဲ့ အရာဖြစ်ပြီး ထိုးဖို့အတွက်အသုံးပြုတဲ့အရာမဟုတ်ပါဘူး။ ဒီလိုမျိုး ပုံမှန်အသုံးပြုနည်းတဲ့ သွေဖယ်နေတဲ့ အသုံးပြုနည်းကိုအသုံးပြုခြင်းက ရိုင်းပြတဲ့အမူအရာကို ဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ သတိထားဆင်ခြင်သင့်ပါတယ်။ 

指し箸(sashibashi)

တစုံတယောက်ကို တူနဲ့ ထိုးခြင်း။ ဒီအချက်ကတော့ အဲလို တူနဲ့ အထိုခံရတဲ့သူအတွက် အရမ်းရိုင်းတဲ့အပြုမူဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ‌ရှောင်ရှားသင့်ပါတယ်။

探り箸 (saguribashi)

တူနဲ့ ဟင်းဖတ်ကိုလိုက်ရှာခြင်း။ ဒီအချက်ကလဲ ချပေးထားတဲ့ဟင်းလျာတွေထဲမှာ ကိုယ်ကြိုက်တာကိုပဲ‌ရွေးစားသလိုဖြစ်နိုင်ပြီး ရိုင်းပြတဲ့ အမူအရာဖြစ်နိုင်ပါတယ်။ 

立て箸 (tatebashi)

ထမင်းပေါ်မှာ တူစိုက်ထားခြင်း။ ဂျပန်မှာတော့ ဘုရားကိုပူဇော်တဲ့ ထမင်းမှာ တူကိုထိုးစိုက်လေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ထမင်းမှာလဲ အဲလိုထိုးစိုက်ရင်တော့ ရိုင်းတဲ့အပြူအမူသက်ရောက်ပါတယ်။ မြန်မာပြည်မှာတော့ ဒီလိုအလေ့အထမျိုးမရှိတဲ့အတွက်ကြောင့်မို့လို့ မလုပ်မိအောင် သတိထားသင့်ပါတယ်။ 

噛み箸(kamibashi)

တူကိုသွားဖြင့်ကိုက်ခြင်း။ တူကိုသွားနဲ့ကိုက်တာကို တူကိုနာစေတဲ့အပြင် အမူအရာလဲမကောင်းတဲ့အတွက်ကြောင့်မို့လို့ မလုပ်မိအောက် သတိထားသင့်ပါတယ်။ 

ねぶり箸 (neburibashi)

တူကိုလျှာဖြင့်လျှက်ခြင်း။ တူမှာကပ်နေတဲ့ အစားစာတွေကိုလျှာနဲ့လျက်ခြင်းက အမြင်မသင့်တော်တဲ့အမူအရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှောင်သင့်ပါတယ်။ 

渡し橋 (watashibasshi)

ထမင်းစားနေရင်းခွက်ပေါ်မှာတူကိုတင်ထားခြင်း။ ဒီအမူအရာကတော့ စာနေရင်တန်းလန်းမစားတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိူးသက်ရောက်စေတဲ့အတွက်ကြောင့်မို့လို့မလုပ်သင့်ပါဘူး။

寄せ箸 (yosebashi)

တူကိုအသုံးပြုပြီးပန်းကန်ခွက်ကိုနေရာရွေ့ခြင်း။ ဒီလိုလုပ်ခြင်းကတော့ ဟင်းတွေဖိတ်ကျစေတဲ့အပြင် စားပွဲကိုလဲ အစင်းရာတွေထင်စေတတ်တဲ့အတွက်ကြောင့်မို့လို့ မလုပ်သင့်တဲ့ အမူအရာဖြစ်ပါတယ်။ 

迷い箸(mayoibashi)

ဟင်းခွက်အပေါ်တွင် တူဖြင့် ဘယ်ဟင်းကိုစားရမလဲ တွေဝေနေခြင်း။ ဘယ်ဟင်းကိုစားရမလဲဆိုပြီး ဟင်းခွက်တွေအပေါ်မှာ ဟိုထိုးဒီ ထိုးလုပ်နေခြင်းကလဲ အတူတူထမင်းစားနေနဲ့သူတွေကို အနှောက်အယှက်ဖြစ်နိုင်တဲ့အတွက်ကြောင့်မိုလို့ရှောင်ကြည်သင့်ပါတယ်။ 

なみだ箸(namidabashi)

တူမှ ဟင်းရည်များကို တစက်စက်ကျနေမိခြင်း။ ပုံမှန်ကတော့ ဟင်းရည်ထဲက ဟင်းဖတ်ကိုခတ်တဲ့ အချိန်မှာ ပန်းကန်ခွက်သေးသေးလေးနဲ့ ခံပြီးယူရပါတယ်။ ဒါကြောင့်မို့လို့ တူချည်းပဲ ခပ်ပြီး အရည်ကို တစက်စက်ဖိတ်ကျခြင်းက မကောင်းမွန်တဲ့ အမူအရာလို့သတ်မှတ်လေ့ရှိကြပါတယ်။ 

箸渡し(hashiwatashi)

တူအချင်းချင်း အစားအသောက်တွေကိုပေးခြင်း။ ဒီအမူအရာကလဲ သေဆုံးသွားတဲ့ သူတွေရဲ့ အရိုးကိုကောက်တာနဲ့တူနေပြီး နိမိတ်မရှိတဲ့အတွက်ကြောင့်မလုပ်သင့်ဘူးလို့ တားမြစ်ထားခြင်းဖြစ်ပါတယ်။ 

ဒီ ၁၂ မျိုးကတော့ အများနှင့်အတူထမင်းအတူတူစားတဲ့ အချိန်မှာ မလုပ်မိအောင် သတိထားသင့် တဲ့အခြေခံအချက်တွေဖြစ်ပါတယ်။

အကျဥ်းချုပ် 

မြန်မာနိုင်ငံမှာတော့ တချို့ခေါက်ဆွဲနဲ့ ပတ်သက်တဲ့ အစားစာကိုအစားသောက်နဲ့ အချိန်မှာသာ တူကိုအသုံးပြုလေ့ရှိသောကြောင့် တူနဲ့ပတ်သက်ပြီးစည်းမျဥ်းစည်းကမ်းတွေ အများကြီးမရှိပါဘူး။ ဂျပန်မှာတော့ တူနဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မိုလို့ ဒီစည်းမျဥ်းစည်းကမ်းတွေကို မသိလိုက်ပဲ လုပ်မိလိုက်ပါက ရိုင်းစိုင်းရာကျတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင် သတိထားပြီး သိထားသင့်ပါတယ်။ ဒါကြောင့်မိုလို့ တူနဲ့ပတ်သက်ပြီး 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်မှာတူကိုအသုံးပြုတဲ့အချိန်သတိထားသင့်တဲ့အရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ