ဂျပန်ရိုးရာဝတ်စုံများ(Kimono, Yukata, Hakama, Furisode, Japanese traditional garment)

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံအသီးသီးတွင် ကိုယ်ပိုင်ရိုးရာ၊ ဝတ်စုံများရှိကြပါသည်။ ရိုးရာဝတ်စုံသည် နိုင်ငံတစ်ခု၏သင်္ကေတဖြစ်ပြီး ထိုရိုးရာဝတ်စုံ သည် နိုင်ငံတစ်ခု၏ယဥ်ကျေးမှုပြယုဂ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအသီးသီးရှိ အမျိုးသမီးများသည် ဘာသာရေးပွဲများ၊ ထူးထူးခြားခြားအခမ်းအနားရှိသည့်နေ့ ရက်များတွင် မိမိတို့၏ရိုးရာဝတ်စုံများကိုဝတ်ဆင်တတ်ကြပါသည်။ ဒီနေ့ဗဟုသုတအဖြစ်ပြောပြပေးချင်တာကတော့ ဂျပန်ရိုးရာဝတ်စုံများအကြောင်းပဲဖြစ်ပါသည်။ 

Kimono

Kimono သည် ဂျပန်နိုင်ငံကိုကိုယ်စားပြုသော လူသိအများဆုံးရိုးရာဝတ်စုံဖြစ်ပါသည်။ကီမိုနိုသည် သဘာဝအလှတရားကို ဖော်ကျူးသောဒီဇိုင်းများဖြစ်ပြီး ပိတ်သား၊ အရောင်၊ ဒီဇိုင်းလှပမှုများကြောင့် အလွန်တန်ဖိုးမြင့်သောရိုးရာဝတ်စုံဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက ကီမိုနိုကို နေ့စဉ်သုံးအဝတ်အထည်များအဖြစ် ဝတ်ဆင်ခဲ့သော်လည်း ၁၉ရာစုနှောင်းပိုင်း မှအနောက်တိုင်း ယဥ်ကျေးမှုများ လွှမ်းမိုးမှုကြောင့် နေ့စဉ်ဝတ်ဆင်ခြင်းမှ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ ယနေ့ခေတ်တွင်ကီမိုနိုမျာကို များသောအားဖြင့် အရွယ်ရောက်သူများနေ့အခမ်းအနား၊ မင်္ဂလာဆောင်အခမ်းအနားများ နှင့် အရေးကြီးသောအခမ်းအနားများတွင်သာ ဝတ်ဆင်ကြပါသည်။ကီမိုနို၀တ်စုံများသည် အသက်အရွယ် နှင့် အိမ်ထောင်ရေးရှိ/မရှိ အခြေအနေပေါ် မူတည်၍ အရောင်အမျိုးမျိုး၊ ပုံစံများမှာ ကွဲပြားပါသည်။ ကီမိုနိုသည်အများအားဖြင့်အရှည် ၃၉-၄၃ လက်မရှိပြီး ၈လက်မမှ ၁၄ လက်မအထိကျယ်သည်။ ထို့ကြောင့် ကီမိုနိုသည် အထပ်ပေါင်းများစွာ ပါဝင်ပြီး အလွန်လေးလံပါသည်။ 

Yukata

Yukata သည် ကီမိုနိုနှင့်ဆင်တူသော်လည်း ကီမိုနိုကဲ့သို့ ရှည်လျားလေးလံခြင်းမရှိပါ။ ထို့ကြောင့် ယုကတ သည် လွတ်လပ်ပေါ့ပါးသောကြောင့် တန်ဖိုးအားဖြင့်လည်း စျေးချိုပါသည်။ ယုကတ ကိုဂျပန်ရိုးရာစတိုင်တည်းခိုခန်း၊ ရေနွေးစိမ်ခန်းများတွင် ဝတ်လေ့ရှိပြီး မကြာသေးမီနှစ်များမှစ၍ နွေရာသီပွဲတော်များတွင် စတင်ဝတ်ဆင်လာကြပြီး မီးပန်းပွဲများနှင့် နွေရာသီပွဲတော်များတွင်ဝတ်ဆင်လေ့ရှိသည်။ ယေဘူယျအားဖြင့် အမျိုးသားများအတွက် သည်အမည်းရောင် (သို့မဟုတ်) အရောင်မှိန်သော Yukata ကိုဝတ်ဆင်လေ့ရှိပါသည်။ မိန်းမပျိုလေးများမှာ များသောအားဖြင့် ပန်းရောင်ဒီဇိုင်းများဖြစ်ပြီးအရောင်တောက်သော Yukata ကိုဝတ်ဆင်လေ့ရှိပြီး အရွယ်ရောက်ပြီးသောအမျိုးသမီးများမှာမူ ပို၍ အေးဆေးတည်ငြိမ်သောအရောင်နှင့် ဒီဇိုင်းများကိုဝတ်ဆင်လေ့ရှိပါသည်။

Hakama 

Hakama သည် Aikidoka အချို့ဝတ်ဆင်ထားသောစကတ်နှင့်တူသည့်ဘောင်းဘီဖြစ်သည်။ Hakama ကိုရှေးခေတ်ကရှေးဟောင်းအဝတ်အထည်အဖြစ် ဝတ်ဆင်ခဲ့ပြီး အမျိုးသားများနှင့်ကိုယ်ခံပညာရှင်များကအခမ်းအနား ၀တ်စုံအဖြစ်ဝတ်ဆင်ခဲ့ကြသည်။ Aikido၊ Judo နှင့် Karate ကဲ့သို့သောကိုယ်ခံပညာပိုင်းဆိုင်ရာစည်းမျဉ်းများနှင့်အညီ ၀တ်ဆင်ကြပါသည်။ ထိုသို့ဝတ်ဆင်ခြင်းသည် အိုက်ကီဒိုကျောင်းအစဉ်အလာ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယနေ့ခေတ်တွင် တက္ကသိုလ်ကျောင်းဆင်းပွဲများတွင် Hakama ဝတ်စုံကိုဝတ်ဆင်လာခဲ့ကြသည်။

Furisode 

Furisode သည် ဂျပန်နိုင်ငံတွင်လက်မထပ်ရသေးသောအမျိုးသမီးငယ်များဝတ်ဆင်သည့် ကီမိုနိုဖြစ်သည်။ Furisode ကို အလွန်ချောမွေ့သောပိုးချည်များဖြင့် ချုပ်လုပ်ထားပြီး တောက်ပသောအရောင်ဖြင့်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် အရွယ်ရောက်သူများနေ့တွင် ဂျပန်မိန်းမပျိုလေးများ ဝတ်ဆင်ရန်အတွက် မိဘများကငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူပေးတတ်ကြသည်။ Furisode ကိုဝတ်ဆင်ခြင်းအားဖြင့် အမျိုးသမီးငယ်တစ်ဦး သည် အရွယ်ရောက်ရင့်ကျက်သူဖြစ်ကြောင်းပြသသောသဘောဖြစ်ပါသည်။Furisode ကို အရေးကြီးသောအခမ်းအနားများ(သို့မဟုတ်) ဆွေမျိုးများ၏မင်္ဂလာဆောင်အခမ်းအနားများကဲ့သို့သော အရေးပါသောပွဲများတွင်းဝတ်ဆင်ကြပါသည်။ Furisode တွေဟာအလွန်စျေးကြီးသောကြောင့်၊ အငှားဝယ်သူပိုများပါသည်။ Furisode သည် ယောကျာ်းလေးများဝတ်ဆင်နိုင်သောဒီဇိုင်းပုံစံများလည်းရှိပါသည်။

Shichi-Go-San ဆိုတဲ့ ဂျပန်ရိုးရာဓလေ့(Japanese culture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရိုးရာဝတ်စုံများ(Kimono, Yukata, Hakama, Furisode, Japanese traditional garment)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ