အရွယ်ရောက်သူများနေ့အခမ်းအနားဆိုတာဘာလဲ။ဘယ်ကစတာလဲ(What is the coming-of-age ceremony in Japan? Let's know the origin)

ဇန်နဝါရီလ ၈ ရက်နေကတော့ ဂျပန်နိင်င့ရဲ့ အရွယ်ရောက်ပြီးသူများအတွက် အခမ်းအနားကျင်းပတဲ့ နေ့ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်သူများနေ့ အခမ်းအနားအကြောင်းနှင့် အရွယ်ရောက်သူများ နေ့အကြောင်းကိုဖော်ပြသွားပါ့မယ်။

မာတိကာ 

  1. အရွယ်ရောက်သူမျာ‌နေ့ (成人式,seijinshiki။
  2. ဂျပန်ရဲ့အရွယ်ရောက်ပြီးသူများနေ့ဆိုတာဘာလဲ။ဘယ်ကအစပြုခဲ့တာလဲ။
  3. အရွယ်ရောက်ပြီးသူအခမ်းအနားတွင်လက်ရှည်ကီမိုနိုအင်္ကျီလက်ဝတ်ဆင်ရသည့်အကြောင်းရင်းများ။

အရွယ်ရောက်သူမျာ‌နေ့ (成人式,seijinshiki)

"လူကြီး" အဖြစ်ရောက်ရှိလာသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့်အရွယ်ရောက်သည့်အခမ်းအနားကိုဂျပန်တွင်ကျင်းပကြသည်။

 အရင်နှစ်တွေတုန်းက‌ေတော့ အရွယ်ရောက်သူမျာ‌နေ့ (成人式,seijinshiki)ကို အသက် ၂၀ အရွယ်တွေတက်ရောက်ခွင့်ရမယ်လိုသတ်မှတ်ထားကြပါတယ်။ ၂၀၂၃ ခုနှစ်ကနေ စပြီး ဂျပန်နိုင်ငံရဲ့ ဥပ‌ဒေအရ အရွယ်ရောက်ပြီးသားသူကို ၁၈ နှစ် အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ သို့သော် အသက် ၂၀ အရွယ်တွေကို တက်ရောက်ခွင့်‌ပေးပြီး မူလအတိုင်း ဆက်လက်ကျင်းပနေကြတဲ့ နေရာတွေ လဲရှိကြပါတယ်။ 

ဂျပန်ရဲ့အရွယ်ရောက်ပြီးသူများနေ့ဆိုတာဘာလဲ။ဘယ်ကအစပြုခဲ့တာလဲ

အရွယ်ရောက်သူလူငယ်များသည် (ဂျပန်ရဲ့အရွယ်ရောက်ပြီးသူများနေ့) ကိုအခမ်းအနားတစ်ခုအနေနဲ့ကျင်းပပြီးသည့်နောက်တွင်မိဘများနှင့်ပတ်၀န်းကျင်ရှိလူကြီးများ မှအကာအကွယ်ပေရန်မလိုသောလွတ်လပ်သောသူဖြစ်လာပြီးအရွယ်ရောက်ပြီးသည့်လူ့ဘောင်အဖွဲ့အစည်းသို့ ၀င်ရောက်ရလိမ့်မည်ဟုသဘောပေါက်ရန်နေ့ဖြစ်သည်။

အရွယ်ရောက်ပြီးသူအခမ်းအနားကိုဟိုးအရင်ခေတ်တွင်အသက်၂၀မတိုင်မီကပင်ကျင်းပခဲ့ပုံရသည်။ စစ်ကြီးပြီးတဲ့နောက်မှာအရွယ်ရောက်ပြီးသူအခမ်းအနားကိုအသက် ၂၀ နဲ့တူညီတဲ့အရွယ်မှာကျင်းပခဲ့တယ်။ 

အရွယ်ရောက်ပြီးသူအခမ်းအနား၏မူလအစသည် ၁၉၄၆ ခုနှစ်တွင်လက်ရှိစိုင်တမစီရင်စုဖြစ်သော ၀ ါရဘိမြို့တွင်ကျင်းပသော "လူငယ်ပွဲတော်" ဖြစ်သည်ဟုဆိုထားသည်။ ၎င်းသည်တစ်နိုင်ငံလုံးပျံ့နှံ့သွားခဲ့ပြီး ၁၉၄၉ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်ကိုအရွယ်ရောက်ပြီးသူများနေ့အဖြစ်သတ်မှတ်ခဲ့သည်။

 ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင်အားလပ်ရက်ဥပဒေကိုပြန်လည်ပြုပြင်ခြင်း ကြောင့် "ဂျပန်ရဲ့အရွယ်ရောက်ပြီးသူများနေ့" ကိုဇန်နဝါရီလ၏ဒုတိယတနင်္လာနေ့အဖြစ်ပြောင်းလဲခဲ့သည်။

လက်ရှိဥပဒေအရအသက် ၂၀ အရွယ်အရွယ်ရောက်သူများအဖြစ်သတ်မှတ်ခံရပြီးအရက်သောက်ခွင့်နှင့်ဆေးလိပ်သောက်ခွင့်ပြုသည်။ 


အရွယ်ရောက်ပြီးသူအခမ်းအနားတွင်လက်ရှည်ကီမိုနိုအင်္ကျီလက်ဝတ်ဆင်ရသည့်အကြောင်းရင်းများ

အရွယ်ရောက်သူအခမ်းအနား၏နေ့တွင်ကီမိုနိုဝတ်ဆင်ထားသောမိန်းမပျိုများနှင့်ပြည့်နှက်နေသည်။ ဒီမြင်ကွင်းကလှပပြီးအလွန်ကောင်းမွန်တဲ့အပြပျော်စရာကောင်းတဲ့စိတ်ခံစားချက်ကိုခံစားနိုင်ပါတယ်။ သို့သော်အမျိုးသမီးများသည်အရွယ်ရောက်ပြီးသောအခမ်းအနားများတွင်ဘာ့ကြောင့်ကီမိုနိုလက်အရှည်ကိုဝတ်ဆင်ကြတာကိုမသိကြသေးသောလူများစွာရှိပုံရသည်။

ကီမိုနိုလက်အရှည်ကိုဝတ်ဆင်ခြင်းသည် မကောင်းတဲ့ကံကိုဖယ်ပေးသည်။ကာကွယ်ပေးသည်ဟုယုံကြည်ကြသည်။ အကြောင်းမှာရှည်လျားသောအင်္ကျီလက်များကိုဝှေ့ယမ်းခြင်းသည်“ မကောင်းဆိုးရွားနတ်ကိုသုတ်သင်ပယ်ရှင်းခြင်း” နှင့်“ မကောင်းမှုကိုကာကွယ်ရန်” ဖြစ်သည်ဟုယူဆခဲ့ကြသောကြောင့်ဖြစ်သည်။ အဆိုပါလွှဲလက်ရှည်မှာမကောင်းသောအန္တရာယ်ကိုတားဆီးအတွက်ဖို့ပစ္စည်းတစ်ခုဖြစ်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ အရွယ်ရောက်သူများနေ့အခမ်းအနားဆိုတာဘာလဲ။ဘယ်ကစတာလဲ(What is the coming-of-age ceremony in Japan? Let's know the origin)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ