ဂျပန်နိုင်ငံရဲ့ ညဘက်တွေမှာ ဘယ်နေရာတွေကိုသွားလည်မလဲ။ ဘာတွေလုပ်မလဲ။

ဂျပန်နိုင်ငံရဲ့ ညဘက်တွေမှာ ဘယ်နေရာတွေကိုသွားလည်မလဲ။ ဘာတွေလုပ်မလဲ။ဂျပန်နိုင်ငံမှာတော့ ညဘက်တွေမှာ လမ်းလည်ထွက်တဲ့လူငယ်တွေများပြားပြီး လုပ်စရာတွေတော်တော်များပါတယ်။ဒီဆောင်းပါးမှာတော့ Night Out ထွက်မယ့်အချိန်မှာ လုပ်စရာတွေလည်ပတ်ရမယ့်နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်၊ 

မာတိကာ

ဂျပန်နိုင်ငံရဲ့ Nightlife Culture

ညဘက်မှာ ဘယ်နေရာမှာ ပျော်ပါးကြမလဲ

Nightlife နာမည်ကြီးတဲ့နေရာများ

ညဘက်ပြီးဆုံးတဲ့အခါ

ဂျပန်နိုင်ငံရဲ့ Nightlife Culture

 တချို့လူတွေကတော့ ညဘက်မျာ လွတ်လွတ်လပ်လပ် သွားလာပြီးလည်ပတ်ကြပေမယ့် တချို့တွေမှာတော့ အစီအစဥ်တွေရှိနေကြပါတယ်။ များသောအားဖြင့် ညဘက် လမ်းလည်ထွက်ရင် သောက်ကြတဲ့သူတွေများပြီး Nomikai (飲み会) နဲ့ Nijikai (二次会) တွေက ညဘက် လမ်းလည်ထွက်ကြတဲ့သူတွေအများဆုံး ပြုလုပ်လေ့ရှိကြတဲ့အရာတွေဖြစ်ကြပါတယ်။ 

Nomikai (飲み会) 

ကတော့ ဘာသာပြန်ရရင် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေ အတူတူစုပြီးသောက်တဲ့ပါတီတွေကိုဆိုလိုပါတယ်။ များသောအားဖြင့် အလုပ်က လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖြစ်စေ၊ ဝါသနာ စိတ်ဝင်စားမှု တူတဲ့သူတွေအချင်းချင်းစုပြီးသောက်လေ့ရှိကြပါတယ်။

Nijikai (二次会)

ကတော့ ပထမ ပွဲပြီးပြီး နောက်ထပ် ပွဲကိုဆက်သွားတာကိုဆိုလိုပါတယ်။ တချို့လူတွေဆို‌ နောက်ထပ် ၃ပွဲမြောက် အထိသွားတဲ့သူတွေလဲရှိပါတယ်။ အဲလို ၃ ပွဲမြောက်ကိုတော့ 三次会 (sanjikai)လို့ခေါ် ပါတယ်။ 

များသောအားဖြင့် Nomikai ကို စားသောက်ဆိုင်/အရက်ဆိုင် → Karaoke → Ramen

သို့မဟုတ်

စားသောက်ဆိုင်/အရက်ဆိုင် → နောက်ထပ် အရက်ဆိုင်/ဘား→ Karaoke 

လူတွေစုဝေးပြီး ပွဲလုပ်တာကို ဂျပန်လို ~会လို့ခေါ်ပြီး

နောက်ထပ်

  •  歓迎会 (kangei kai -ကြိုဆိုပွဲ)

  • 送別会 (soubetsu kai -နှုတ်ဆက်ပွဲ)

  • 忘年会(bounenkai - နှစ်ကုန်ပါတီ)

  • お疲れさま会 (otsukaresama kai -ကျေးဇူးတင်ပွဲ)

ညဘက်မှာ ဘယ်နေရာမှာ ပျော်ပါးကြမလဲ

ဒီနေရာမှာတော့ လူတော်တော် များများ ပါတီကျင်းပလေ့ရှိတဲ့နေရာတွေ ကို မိတ်ဆက်ပေးသွားပါ့မယ်။

အရက်ဆိုင်

ညဘက် လမ်းလည်ထွက်ရင် ပထမဆုံး ခေါင်းထဲမှာပေါ်လာတဲ့နေရာက တော့ အရက်ဆိုင်ဖြစ်မှာပါ။ ညဘက်မှာဆိုရင် အရက်ဆိုင်တွေကိုနေရာတိုင်းနီးပါးမှာတွေ့နိူင်ပြီး ရက်ဆိုင်မှာ‌ရောင်းတဲ့ အမြည်းတွေကလဲ လူတိုင်းနဲ့ မျှစားလို့ လွ ယ်တဲ့အစားအသောက်တွေများပါတယ်။ 

တခါတလေ ကျရင် အချိန်ကန့်သတ်မရှိအဝသောက်ဆိုင်တွေလဲရှိတာမို့ အရက်သောက်တတ်တဲ့သူတွေ အတွက်တော့ တော်တော် လေးအဆင်ပြေပါတယ်။ နောက်ပိုင်း ဂျပန်အစားစားတွေချည်းမဟုတ်ဘဲ အီတလီအစားစာ၊ အနောက်တိုင်းအစားသောက်တွေပါ အလွယတကူ မှာယူလို့ရပါတယ်။ 

ဘား

ဂျပန်မှာတော့ ဘာ အမျိုးအစား အများပြားရှိပြီး အောက်မှာ အမျိုးအစားတွေကိုမိတ်ဆက်ပေးထားပါတယ်။

立ち飲みバー (tachinomi bar) - Tachinomi ဆိုတာက‌တော့ ရပ်ပြီး‌သောက်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပြီး ဒီလို ဘားတွေမှာတော့ ထိုင်ခုံ တွေမရှိပါဘူး။ မိတ်တပ်ရပ်ရင်း သောက်ရင်း စကားပြောရင်းနဲ့ သူငယ်ချင်းတွေတောင်ရှာဖွေလို့ရပါတယ်။

ホテルバー (hotel bar) - တွေကတော့ ဇိမ်အကျဆုံး ဘားဖြစ်ပြီး များသောအားဖြင့် ဟိုတယ်ရြ့ ဧည့်ကြိုခန်းတွေ မှာ သို့မဟုတ် ထပ် အမြင့်တွေမှာ ရှိလေ့ရှိပြီး မြင်ကွင်းတွေလဲ တော်တော် ကောင်းပါတယ်။

ダーツバー (darts bar) - တွေကတော့ ကစားရင်း သောက်လို့ရတဲ့ ဘားတွေပါ။ အများအားဖြင့် ကာရာအိုကေ တွေနဲ့တွဲလျက်ရှိတတ်ကြပါတယ်။

スポーツバー (sports bar) - တွေကနေတာ့ လူတွေစုပြီး အားကစားပွဲတွေ ကြည့်တဲ့ ဘားတွေ ဖြစ်ပြိး အများအားဖြင့် ဘောလုံးပွဲတွေ ၊ ဘော့စ်ဘောပွဲတွေ ကြည့်လေ့ရှိကြပါတယ်။

ミュージックバー (music bar) - သီချင်းတွေနားထောင်ရင်း အေးဆေးသောက်လို့ရမယ့် ဘားတေါဖြစ်ပါတယ်။ အများအားဖြင့် ジャズバー (jazz bars) ピアノバー (piano bars) တွေဖြစ်ပါတယ်။ 

ကလပ်

ကလပ်တွေကို အဓိက မြို့ကြီးတွေမှာ တွေ့ရလေ့ရှိပြီး ဂျပန်နိုင်ငံမှာတရားဝင်အရက်သောက်ခွင့်ရတဲ့ အသက်ရွယ်က အသက်၂၀ ဖြစ်တာမို့ အသက်၂၀ ပြည့်မှဝင်ခွင့် ရနိုင်ပါတယ်။ 

တချို့နေရာတွေဆို မနက်မိုးလင်းအထိဖွင့်လို့ မိုးလင်းပေါက် မနေချင်ရင် နောက်ဆုံးရထားးအချိန်တေါ စုံစမ်းထားဖို့လိုအပ်ပါတယ်။ မဟုတ်ရင် taxi စီးပြီးပြန်ရမှာဖြစ်ပြီး စျေးကြီးကြီးပေးနေရပါလိမ့်မယ်။

Host ကလပ်

Host ကလပ်တွေကတော့ဘုရင် ဘုရင်မ တွေလိုအဆက်ဆံရရတဲ့နေရတဲ့နေရာတွေဖြစ်ပါတယ်။ ကျိန်းသေပေါက် စျေးလဲကြီးပါတယ်။ Host ကလပ်တွေမှာ လိင်ကိစ္စတွေ လုပ်လို့မရ ဘဲ ဒီအတိုင်း စကားပြောတာတို့ အရက်အတူတူသောက်တာတို့သာ လုပ်လို့ရတယ်ဆိုတာ ကိုလဲ သတိပြုစေချင်ပါတယ်။

ကာရာအိုကေ 

အရက်လဲမသောက်တတ်ဘူး။ဒါပေမယ့် ညဘက် အပြင်ထွက်ချင်တယ်ဆို အသင့်တော်ဆုံးက ကာရာအိုကေပါ။ 

ဂျပန်လူမျိုးတွေက ကာရာအိုကေ ကိုကြိုက်ကြပြီး ကာရာအိုကေမှာဆို သောက် မသောက် ရွေး လို့လဲရပါတယ်။

Nightlife နာမည်ကြီးတဲ့နေရာများ

ဒီမှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို မိတ်ဆက်ပေးသွားပါ့မယ်။

တိုကျို

ဂျပန်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ တိုကျို ကတော့ ညဘက်ဆို လူတွေနဲ့ အလိုလိုစည်ကားချက်ရှိပါတယ်။တိုကျိုမြို့ပေါ်က ရှိဘုယ၊ ရှင်းဂျူကု၊ Roppongi နဲ့ Ginza တို့ကနာမည်ကြီးပါတယ်။ 

အိုဆာကာ

ဂျပန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဖြစ်တဲ့ အိုဆာကာကလဲ ညဘက် လမ်းလည်လို့အကောင်းဆုံးမြို့ထဲမှာပါဝင်ပါတယ်။ Dotonbori မြင်ကွင်း ကို ညဘက်မှာကြည့်ဖို့ကိုတိုက်တွန်းချင်ပါတယ်။

Sapporo

ဟိုကိုင်းဒိုးရဲ့ မြို့တော်ဖြစ်တဲ့ Sapporo မြို့ဟာ တနှစ်ပတ်လုံး ပွဲတော် အမျိုးမျိုးနဲ့စည်ကားလျက်ရှိပြီး ညဘက်လဲ နာမည်ကြီးပါတယ်။ အဓိကအားဖြင့် Susukino ခရိုင်က နာမည်ကြီးပြီး Sapporo နဲ့ Hakodate. တို့ရဲ့ ညဘက် မြင်ကွင်းတွေကိုကြည့်ဖို့လဲ လက်မလွှတ်သင့်ပါဘူး။

ကျိုတို

 ဘုရားကျောင်းတွေနဲ့ နာမည်ကျော်ကြားတဲ့ ကျိုတိုကတော့ ညဘက်မှာလဲ လှုပ်လှုပ်ရှားရှားနဲ့စည်ကားတဲ့မြို့တမြို့ပါ။ ပြီးတော့ ရှေးဟောင်းရိုးရာနဲ့ လက်ရှိ ခေတ်ပုံစံတွေက တော်တော် လေးကိုလိုက်ဖက်ပြီး လှပပါတယ်။ 

ညဘက်ပြီးဆုံးတဲ့အခါ

မတော်တဆ ညဘက် အပျော်လွန်သွားပြီး နောက်ဆုံးရထား လွန်သွားရင် ဘယ်လိုလုပ်ရမလဲ။ဒီမှာ မနက်ခင်းအထိ အချိန်ဖြုန်းလို့ရမယ့် နေရာတွေကို ပြောပြသွားပါ့မယ်။ 

  • Love Hotels ပုံမှန်ဟိုတယ်မှာလဲ နေလို့ရပေမယ့် Love Hotels မှာ စိတ်ဝင်စားဖွယ် တညတာ ကိုကုန်ဆုံး နိုင်ပါတယ်။ ‌နောက်ပြီး ဟိုတယ် ထဲမှာလဲ ကလပ်တွေ ဘားတွေ တွေ့နိုင်ပါတယ်။ ယခုနောက်ပိုင်းဆို Love Hotel တွေဟာ စိတ်ဝင်စားစရာ ကာင်းတဲ့ ဒီဇိုင်းဆန်းဆန်းပြားပြားတွေနဲ့မို့လို့ ခရီးသွားတွေကြားထဲမှာလဲနာမည်ကြီးပါတယ်။ 

  • ၂၄ နာရီ ကဖေး အင်တာနက်ကေဖးတို့ မန်းဂ ကဖေးတို့က ၂၄ နာရီဖွင့်ပြီး သီးသန့်အခန်းမှာ အင်တာနက်သုံးတာတို့ မန်းဂ ဖတ်တာတို့ အိပ်တာတို့ လွှတ်လွှတ် လပ်လပ်လုပ်နိုင်ပါတယ်။ တချို့နေရာတွေမှာဆို ရေချိုးခန်းတွေပါရှိတတ်ကြပါတယ်။ 

  • ရေချိုးကန်များ တချို့ရေချိုူကန်တွေက ၂၄ နာရီဖွင့်တာမို့ မိုးလင်းပေါက် အချိန်ဖြုန်းလို့ရပါတယ်။ သို့သော် အရက် အများကြီးသောက်ပြီး ‌ရေချိုးကန်ထဲ ဝင်တဲ့အချိန်မှာတော့ သတိထားစေချင်ပါတယ်။

နောက်ဆုံးမှာ  Night Out ထွက်တဲ့အချိန် သိထားသင့်တဲ့ စကားလုံးတွေကိုဖော်ပြသွားပါ့မယ်။

Shime (締め) - ဆိုတာက တော့ နောက်ဆုံးအနေနဲ့ စားတဲ့ အစားစာ ဖြစ်ပြီး အများအားဖြင့် ရာမင်ကိုစားလေ့ရှီပါတယ်။ 

Yakei (夜景) - ညဘက် မြင်ကွင်းကိုဆိုလိုတာဖြစ်ပြီး မြို့ကြီး ပြကြီးတွေမှာဆို မီးရောင်စုံတွေနဲ့တော်တော် လှပါတယ်။ တာဝါတေါ အဆောက်အအုံ အမြင့်အပေါ်ကို တက်ပြီး အဲလိုညဘက်မြင်ကွင်းတွေကိုကြည့်ရှုခံစားနိုင်ပါတယ်။

Game centers (ゲームセンター or ゲーセン) -တွေဟာလဲ ညဘက်မှာ လည်ပတ်လို့ ကောင်းတဲ့နေရာတွေဖြစ်ပြီး ဂိမ်းအမျိုးမျိုးကိုဆော့ပြီး သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်တာတို့ လုပ်ပြီး ပျော်စရာတွေတော်တော်များပါတယ်။

 ဂျပန်နိုင်ငံရဲ့ Night Out ကတော့ ရွေးချယ်စရာ၊ ပျော်စရာတွေ များပြားလှပါတယ်။  

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်နိုင်ငံရဲ့ ညဘက်တွေမှာ ဘယ်နေရာတွေကိုသွားလည်မလဲ။ ဘာတွေလုပ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ