ဂျပန်တို့၏ ကံကောင်းခြင်း အဆောင်များ(Maneki Neko, Takarabune, Akabeko, Japan traditional amulet)

ဂျပန်နိုင်ငံမှာလည်းအဆောင်နဲ့ပတ်သက်လို့အယူအဆများစွာရှိပါတယ်။ရိုးရာယဥ်ကျေးမှုများနဲ့ဓလေ့ထုံးစံများစွာရှိပါတယ်။နိုင်ငံတစ်နိုင်ငံမှာလူနေမှုပုံစံ၊ယဥ်ကျေးမှု၊အယူအဆများကလည်းကွဲပြားနိုင်ပါတယ်။စီးပွားရေး၊ငွေကြေးများနဲ့ပတ်သက်တဲ့အဆောင်များရှိပါတယ်။အများအားဖြင့်ဘုရားကျောင်းများ၏ပရဝဏ်များတွင် ရောင်းချလျက်ရှိပါသည်။ ဘုရားကျောင်းသို့အလည်အပတ်လာသူများသည်ပို၍ကောင်းမွန်သော အနာဂတ်များဖြစ်စေရန်၊ ဥစ္စာဓနများ တိုးပွားစေရန်၊ ကောက်ပဲသီးနှံပေါကြွယ်ဝစေရန် နှင့် များပြားသော ငါးများဖမ်းယူနိုင်စေရန်အတွက် ဆုတောင်းကာ အဆောင်လေးများကို ၀ယ်ယူကြသည်။

MANEKI NEKO အဆောင်နဲ့ပတ်သက်ပြီး

အဆောင်ကြောင့်စျေးဝယ်သူဧည့်သည်များနှင့်ငွေကြေးလာဘ်လာဘများကိုဖိတ်ခေါ်နိုင်သည်ဟုယုံကြည်ကြပြီးအရောင်းအဝယ်ကောင်းစေရန်စျေးဆိုင်များ၏မြင်သာသောနေရာများတွင် တန်ဆာ ဆင်ကြပါသည်။ အဆောင်ရုပ်၏ အရှေ့ခြေဖဝါးသည် ရှေ့နောက်လှုပ်ယမ်းနိုင်ပြီး ဧည့်သည်ကို ဖိတ်ခေါ်သော ပုံသဏ္ဍာန်ဖြစ် ပါသည်။ 

TAKARABUNE အဆောင်နဲ့ပတ်သက်ပြီး

ပျော်ရွှင်ချမ်းသာမှုကိုပေးသောနတ်ဘုရားသည်ရတနာများကိုသင်္ဘောပေါ်တွင်တင်ဆောင်လာသော နိမိတ်ရုပ်ပုံဖြစ်သည်။နှစ်သစ်၏ပထမဆုံးသောအိမ်မက်ကောင်းကိုမြင်မက်နိုင်စေရန်နှစ်သစ်ကူးညတွင် ခေါင်းအုံးအောက်တွင် ထားပြီးအိပ်စက်လေ့ရှိပါသည်။

AKABEKO အဆောင်နဲ့ပတ်သက်ပြီး

အနီရောင်စက္ကူဖြင့်ပြုလုပ်ထားသောနွားရုပ်ကလေးသည်ရောဂါဘယများမှကင်းဝေးစေရန်အတွက် ဆောင်လေ့ရှိ သည့် အဆောင် ဖြစ်ပါသည်။ ဖူကူရှီးမားဒေသ၊ အအီဇူ ၀ါးခမဆူ ဒေသခံများ၏ ရိုးရာအရုပ် ဖြစ်ပါသည်။

ရိုးရာအဆောင်များနဲ့ယဥ်ကျေးမှု

ဂျပန်မှာလည်းနေ့ကြီးရက်ကြီးရိုးရာရုံးပိတ်ရက်များရှိပြီး၊ဘုရားကျောင်းများမှာဆုတောင်းပွဲများပြုလုပ်ကြပါတယ်။ကလေးမွေးလာရင်လည်းအဆောင်များနဲ့သတ်မှတ်ချက်ရှိသကဲ့သို့၊စီးပွားရေးအဆင်မပြေရင်လည်းဘယ်လိုအဆောင်များကိုဆောင်ထားရမည်ကိုလည်းသတ်မှတ်ထားပါတယ်။နှစ်သစ်ကူးလိုအချိန်မျိုးမှာလည်းဘုရားကျောင်းများကိုသွားရောက်ကြပြီး၊နှစ်သစ်ကူးအစားအသောက်ဘယ်လိုစားသောက်ရမည်ဆိုတဲ့သီးသန့်အစားအသောက်များလည်းရှိတတ်ပါတယ်။ဂျပန်ရဲ့ရိုးရာယဥ်ကျေးမှုများကလည်းအံ့သြဖွယ်ရာကောင်းလှပြီး၊ရိုးရာအဆောင်များကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။

ဂျပန်ဘုရားကျောင်းများအကြောင်းမိတ်ဆက်ပေးခြင်း(Famous shrine in japan)

ဂျပန်မှာသာတွေ့နိုင်သောထူးခြားသည့်ပွဲ၊အခမ်းအနားများအကြောင်း(၁)(Japanese culture)

ကမာကူရဘုရားသို့သွားပုံသွားနည်းမိတ်ဆက်ပေးခြင်း(Kamakura )

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်တို့၏ ကံကောင်းခြင်း အဆောင်များ(Maneki Neko, Takarabune, Akabeko, Japan traditional amulet)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ