ကာမာကူရာ ဘုရားကြီးကိုဘယ်လိုသွားနိုင်မလဲ။  How to get to Kamakura

ဂျပန်နိုင်ငံကတော့ ဗုဒ္ဓရုပ်ပွားတော်တွေကို နိုင်ငံအနှံ့မှာတွေ့ရှိနိုင်ပြီးတော့ တချို့နေရာတွေမှာတော့ ဗုဒ္ဓရုပ်ပွားတော်တွေက ခရီးသွားတွေကိုအဓိကဆွဲဆောင်နေလျက်ရှိပါတယ်။ အဲဒီ ရုပ်ပွားတော်တွေထဲမှာ ကာမာကူရာဘုရားကြီးက ထိပ်ဆုံးကနေ ပါဝင်လျက်ရှိပါတယ်။ မြန်မာလူမျိုးတွေကြားထဲမှာလဲ ကာမာကူရာဘုရားကြီးကိုသွားရောက်ဖူးမြော်ချင်တဲ့ သူတွေ အများကြီးရှိကြပြီး ဂျပန်ရောက်တဲ့ သူတိုင်းတကြိမ်တခေါက်လောက်သွားချင်တဲ့ နေရာတစ်ခုထဲမှာလဲ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ တိုကျိုရဲ့ အနီးအနားမှာရှိတဲ့ ကာမာကူရာဘူရားကြီးကို ဘယ်လိုသွားနိုင်မလဲ၊ ကာမာကူရာဘုရားအနီးနားမှာ တခြားဘယ်နေရာတွေကိုလည်နိုင်မလဲ ဆိုတဲ့ အချက်တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. ကာမာကူရာဘုရားအကြောင်း။
  2. ကာမာကူရာဘုရားကြီးကို ဘယ်လိုရောက်အောင်သွားမလဲ။
  3. ကာမာကူရာဘုရားကြီးအနီးအနားတဝိုက်တခြားလည်စရာနေရာများ။
  4. အကျဥ်းချုပ် 

ကာမာကူရာဘုရားအကြောင်း။

ဘုရားသမိုင်းကြောင်း။

ကာမာကူရာဘုရားကြီးကတော့ ထိုင်တော်မူဘူရားတွေထဲမှာ နာရမှာရှိတဲ့ Todaiji ဘုရားကြီးပြီးရင် ဒုတိယမြောက် ညဏ်တော် အမြင့်ဆုံးဘုရားကြီးဖြစ်ပါတယ်။ ၁၁.၃ မီတာရှိပြီးတော့ ဘူရားကြီးရဲ့ အလေးချိန်ကတော့ ၁၂၁ တန်ရှိပါတယ်။ 

နာရ ဘုရားကြီးလိုပဲ ကာမာကူရာဘုရားကြီးကိုတော့ ဘုရားကျောင်းအဆောင်ထဲမှာ တည်ထားကိုးကွယ်ထားခဲ့ပါတယ်။ သို့သော် ၁၄ ရာစုနှင့် ၁၅ ရာစု အတွင်းမှာ အကြိမ်ကြိမ် မုန်တိုင်း၊ ဆူနာမီ၊ မြေငလျင်အစရှိတဲ့ သဘာဝဘေးအန္တာရာယ်တို့ကို အကြိမ်ကြိမ်ခံစားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ယနေ့မှာတော့ အခေါင်မိုးမရှိဘဲ အပြင်ဘက်မှာ ဒီအတိုင်းတည်ထားကိုးကွယ်ထားပါတယ်။ 

ကာမာကူရဘုရားဘယ်နေရာမှာရှိလဲ။

ကာမာကုရာဘုရားကြီးတည်ရှိရာနေရာကတော့ တိုကျိုရဲ့အနီးအနားဖြစ်တဲ့ Kanagawa ခရိုင်မှာတည်ရှိပြီး高徳院 (kotokuin) ဘုရားကျောင်းအတွင်းမှာတည်ရှိပါတယ်။ ဝင်ကြေးနှင့် ဘုရားဖူးနိုင်တဲ့ အချိန်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

လိပ်စာ 

〒248-0016神奈川県鎌倉市長谷4丁目2番28号

ဝင်ကြေး 

  • သာမန်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား - ၃၀၀ ယန်း။ 
  • မူလတန်းကျောင်းသား - ယန်း ၁၅၀။
  • ဘုရားအတွင်းပိုင်း လေ့လာခြင်း - ယန်း ၅၀။ (ထပ်ပေးဆောင်ရမည်။)

ဘုရားဖွင့်ချိန် 

  • ဧပြီလနှင့် စက်တင်ဘာလ - မနက်၈နာရီကနေ ညနေ ၅နာရီခွဲအထိ။
  • အောက်တိုဘာလနှင့် မတ်လ - မနက်၈နာရီကနေ ညနေ ၅ နာရီအထိ။ 

※တံခါးမပိတ်ခင် ၁၅ မိနစ်အလို ဝင်ရမည်။ 

ဘုရားအတွင်းကိုဝင်ကြည့်လို့ရလား။

ကာမာကူရာဘုရားကြီးမှာတော့ လေးရာသီလုံး သဘာဝအလှတရားတွေကိုခံစားနိုင်ပါတယ်။ အထူးသဖြင့် နွေဦးရာသီမှာ ချယ်ရီပန်းနှင့် ဆောင်းဦးရာသီမှာ အနီရောင်မေပယ်လ် သစ်ရွက်တို့နဲ့ အတူ ဘုရားကြီးကိုဖူးမြော်နိုင်ပါတယ်။ ဘုရားကြီးကိုတော့ အတွင်းပိုင်း ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ အတွင်းပိုင်းကိုဝင်ရောက်လေ့လာဖို့ ဝင်ကြေးကတော့ ယန်း ၅၀ သာကျသင့်မှာဖြစ်ပြီးတော့ တနှစ်ပတ်လုံးဝင်နိုင်တာမျိုးမဟုတ်ဘဲနဲ့ ဖွင့်တဲ့ အချိန်မှာသာဝင်နိုင်ပါတယ်။ အများအားဖြင့် အပူလွန်ကဲတဲ့အချိန်တွေနှင့်ရာသီဥတုဆိုးဝါးတဲ့ အချိန်တွေဆို ပိတ်ထားလေ့ရှိပါတယ်။ အသေးစိတ်ကိုတော့ ဝက်ဘ်ဆိုက် မှာဝင်ကြည့်နိုင်ပါတယ်။ ဖွင့်တဲ့ အချိန်မှာဆိုရင်တော့ မနက်ပိုင်း ၈ နာရီကနေပြီးတော့ ညနေပိုင်း ၄နာရီ ခွဲအထိ အတွင်းမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

ကာမာကူရာဘုရားကြီးကို ဘယ်လိုရောက်အောင်သွားမလဲ။

ကာမာကူရာဘူရားကြီးကိုတော့ ရထား၊ ဘတ်စကား အစရှိတဲ့ အရာတွေနဲ့သွားနိုင်ပြီးသွားရမယ့် နည်းလမ်းတွေကလဲအများကြီးရှိပါတယ်။ နာမည်ကြီးဘူတာတွေအများကြီးကနေ သွားနိုင်တဲ့ နည်းလမ်းတွေ အများကြီးကိုဖော်ပြသွားမှာဖြစ်ပြီးတော့ မိမိနှင့်ကိုက်ညီတဲ့နည်းလမ်းကိုရွေးချယ်နိုင်ပါတယ်။ 

Shinjuku ဘူတာ။ 

Shinjuku ဘူတာကနေပြီးတော့ Odakyu Odawara LIne နှင့် Shonan Shinjuku LIne ဆို့ကိုစီးနိုင်ပါတယ်။ Odakyu Odawara LIne နဲ့သွားမယ်ဆိုရင်တော့Fujisawa ဘူတာရောက်မှာဖြင့်ပြီး Fujisawa ကနေဆင့် Enoden နဲ့ Kamakura ဘူတာကိုသွားနိုင်ပါတယ်။ Kamakura ဘူတာ ကနေ ဘတ်စ်ကားထပ်စီးပြီးတော့ ဘုရားကြီးသွားနိုင်ပါတယ်။ ဒါမှမဟုတ် Fujisawa ဘူတာကနေပြီးတော့လဲ တိုက်ရိုက် ဘတ်စ်ကားစီးပြီးဘုရားကြီးကိုသွားနိုင်ပါတယ်။ 

Shonan Shinjuku LIne ကနေဆိုရင်တော့ Kamakura ဘူတာ ကိုတန်းရောက်နိုင်ပါတယ်။

ကြာချိန်ကတော့ နှစ်မျိုးစလုံး မိနစ်၆၀ ခန့်ကြာမြင့်ပြီး

  • Odakyu Odawara LIne ဆိုရင်တော့ ယန်း 600 ခန့်၊
  • Shonan Shinjuku LIne ဆိုရင်တော့ ယန်း 990 ခန့်ကျသင့်ပါတယ်။ 

တိုကျိုဘူတာ

တိုကျိုဘူတာကနေသွားမယ်ဆိုရင်တော့ Fujisawa ဘူတာအထိသွားနိုင်ပြီးတော့ ယန်း ၉၉၀ ကြာသင့်ပြီး မိနစ် ၅၀ ခန့်ကြာမြင့်ပါတယ်။ 

Yokohama ဘူတာကနေ။

Yokohama ဘူတာ ဆိုရင်တော့ Kamakura ဘူတာ ကိုတိုက်ရိုက် သွားနိုင်ပြီးတော့ မိနစ် ၂၅ လောက်ကြာမြင့်ပါတယ်။ 

Omiya ဘူတာကနေ။

Saitamaရဲ့ Omiya ဘူတာကနေပြီးတော့ Shonan Shinjuku LIne နဲ့သွားနိုင်ပြီးတော့ မိနစ် ၉၀ လောက်ကြာမြင့်ပါတယ်။ 

Kamakura ဘူတာကိုရောက်ပြီဆိုရင် Enoden ရထားလိုင်းနဲ့သွားမလား၊ ဘတ်စကားနဲ့သွားမလား နှစ်မျိုးရှိပါတယ်။ 

 Enoden နဲ့သွားမယ် ဆိုရင်တော့  Hase ဘူတာကမှဆင်းပြီးတော့ ၁၀ မိနစ်လောက်ကြာ ဘုရားအထိလမ်းလျှောက်နိုင်ပါတယ်။ 

ဘတ်စ်ကားနဲံသွားမယ်ဆိုရင်တော့ အရှေ့ထွက်ပေါက်ကနေ ထွက်ပြီးတော့ No 1 နှင့် 6 တို့ကနေ Daibutsu-mae သွားတဲ့ ဘတ်စ်ကားကို စီးပြီးတော့ "Daibutsu-mae"မှာဆင်းပြီးတော့ ၁ မိနစ်လမ်းလျှောက်နိုင်ပါတယ်။ 

ကာမာကူရာဘုရားကြီးအနီးအနားတဝိုက်တခြားလည်စရာနေရာများ။

由比ヶ浜(Yuigahama)

Hase ဘူတာကနေ ကာမာကူရာဘုရားကြီးရဲ့ဆန့်ကျင်ဘက်ကိုသွားမယ်ဆိုရင်တော့ 由比ヶ浜 (Yuigahama) လို့ခေါ်တဲ့ ကမ်းခြေရှိပါတယ်။ ဘုရားကအပြန် ကမ်းခြေမှာ အပန်းဖြေနိုင်ပါတယ်။ ကမ်းခြေ တစ်လျှောက်လမ်းလျှောက်တာလဲ တော်တော် အဆင်ပြေပါတယ်။ 

Enoden စီးခြင်း။

Enoden ကတော့ Enoden(江ノ電)ဆိုတာကတော့ 江ノ島電鉄 (Enoshima Electric Railway) ရဲ့အတိုကောက်နာမည်ဖြစ်ပြီး Enoshima ဆိုတဲ့ ကျွန်းပေါ်မှာပြေးဆွဲတဲ့ ရထားလိုင်းတစ်ခုဖြစ်ပါတယ်။ 

Enoden ရထားလိုင်းက သမိုင်းကြောင်းလဲရှိပြီး ၁၈၉၈ ခုနှစ်ကတည်းက စတင် ပြီးပြေးဆွဲခဲ့တဲ့ ရထားလိုင်းဖြစ်ပါတယ်။ ဒီရထားလိုင်းကိုအသုံးပြုပြီး နွေရာသီမှာဆိုရင် ပင်လယ်ကြီးကို၊ နွေဦးရာသီမှာဆိုရင် ဆာကူရာပန်း၊ မိုးရာသီမှာဆိုရင် ajisai ပန်း၊ဆောင်းဦးရာသီမှာဆိုရင် ဆောင်းဦးရာသီပန်းတွေရဲ့အလှ ၊ မေပယ်ရွက်တွေရဲ့အလှကိုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင့်ရထားလိုင်းတလျှောက်မှာလဲ လှပတဲ့ လည်ပတ်စရာနေရာတွေနဲ့လှပတဲ့ ရှုခင်းတွေနဲ့ လဲ ပြည့်နေပါတယ်။ အသေးစိတ်ကို Enoden ရထားလိုင်းစီးပြီး ကာမာကူရာ ကိုဘယ်လိုလှည်ပတ်မလဲ။ ဆိုတဲ့ဆောင်းပါးမှာ ဝင်ဖတ်နိုင်ပါတယ်။ 

Komachi လမ်းသွယ်

 Kamakura ဘုရားကိုမသွားခင် Kamakura ဘူတာရဲ့ အနီးနားမှာရှိနေတဲ့ Komachi လမ်းသွယ် ကိုလဲ ‌မေ့ထားလို့မရပါဘူး။Kamakura ဘူတာ ရဲ့ အရှေ့ဘက်ထွက်ပေါက် 東口ကနေထွက်လိုက်ရင် ချက်ချင်းရောက်နိုင်ပါတယ်။ 

 ဒီလမ်းလေးကတော့ Tsurugaoka Hachimangu Shrine ကိုသွားတဲ့ လမ်းသွယ်လေးဖြစ်ပြီး အစားသောက်တွေအများကြီးရောင်းချနေတဲ့ နေရာလေးဖြစ်ပါတယ်။ အရသာရှိတဲ့အစားသောက်တွေကိုစားရင် လမ်းလျှောက်ရတာလဲ ပျော်စရာတစ်ခုဖြစ်ပါတယ်။ အကြော်တွေ၊ ဂျပန်ရိုးရာမုန့်နေတွေ၊ သောက်စရာတွေ အမျိုးမျိုးရှိပါတယ်။ ဆိုင်ပေါင်း ၂၅၀ လောက်ရှိပြီး လူတွေလဲ အများကြီးရှိတဲ့နေရာဖြစ်ပါတယ်။ 

Tsurugaoka Hachimangu နတ်ကွန်း

ကာမာကူရာသွားရင် တခြားနေရာဝင်မယ်ဆိုရင်တော့ Tsurugaoka Hachimangu နတ်ကွန်းလဲ သွားရလွယ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်၊။Tsurugaoka Hachimangu နတ်ကွန်းကတော့ တန်ခိုးကြီးတဲ့ နတ်တွေကို ပူဇော်ပသ ထားတဲ့ နတ်ကွန်းအဖြစ် နာမည်ကြီးပါတယ်။ ဒီနတ်ကွန်းမှာဆိုရင်တော့ အလုပ်အကိုင်၊ စီးပွားရေး အောင်မြင်ရေး၊ အချစ်ရေး စတဲ့ အရာတွေ ဆုတောင်းနိုင်တဲ့ နတ်ကွန်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒီဘုရားကျောင်းကို လဲ သေချာလည်ပတ်မှာဆိုရင် ၁နာရီလောက်တော့ အချိန်ယူရပါတယ်။ 

Hase ဘုရားကျောင်း

နောက်တစ်နေရာကတော့ Hase ဘုရားကျောင်း ဖြစ်ပြီးတော့ မိုးဦးရာသီးပန်းတွေနာမည်ကြီးပြီးတော့ ရှုခင်းလဲ အရမ်းလှတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ နောက်ပြီးဝါးတောကြီးလဲရှိပါတယ်။ ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတွေ အပြင် သဘာဝတရားတွေ ပြည့်နှက် နေတဲ့ နေရာတစ်နေရာ လဲဖြစ်ပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ကာမာကူရာဘုရားကြီးကို သွားပုံသွားနည်းအကြောင်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဘူတာအများကြီးကနေသွားပုံသွားနည်းနှင့် ကာမာကူရာဘုရားအကြောင်းကို အနည်းငယ်မိတ်ဆက်ပေးခဲ့ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ကာမာကူရာ ဘုရားကြီးကိုဘယ်လိုသွားနိုင်မလဲ။  How to get to Kamakura

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ