Ajisai (Hydrangea ) မိုးဦးပန်း အကြောင်း

Ajisai (Hydrangea ) မိုးဦးပန်း အကြောင်း 

ဂျပန်မှာတော့ မိုးဦးရာသီ ရောက်ရင် ပြာ‌ရောင်၊ ခရမ်းရောင် မိုးဦးပန်းတွေကို နေရာအနှံ့တွေနိုင်မှာပါ၊ မြန်မာပြည်မှာလဲ ပွင့်လေ့ရှိတဲ့ မိုးဦးပန်း၊ တွေ လှိုင် လှိုင် ပွင့်တတ်ကြပါတယ်။ ဒီလို Ajisai ပန်းတွေဟာ မြန်မာ ပြည်မှာလဲ တော်တော် များများ တွေ့မြင်ရမှာပါ။ ဒီနေ့မှာတော့ ဒီ Ajisai ပန်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားတဲ့အချက်တွေ၊ သမိုင်းကြောင်း၊ Ajisai ပွင့်တဲ့အချိန် နဲ့ Ajisai လှပတဲ့ နေရာတွေကို တစုစည်းတည်း မိတ်ဆက်ပေးသွားပါ့မယ်။ 

မာတိကာ 

 Ajisai ပန်း အမျိုးအစားနှင့် သမိုင်းကြောင်း 

 Ajisai ပန်း အမျိုးအစားကိုတော့ အကြမ်းအားဖြင့် 「ガクアジサイ」と「ハイドランジア」ဆိုပြီး ၂ မျိုးခွဲခြားလေ့ရှိကြပါတယ်။ ဂျပန် Ajisai နှင့် အနောက်တိုင်း Ajisai ဆိုပြီးခေါ်လေ့လဲရှိပါတယ်။ Ajisai ပန်းကတော့ ဂျပန်နိုင်ငံက မူလအရင်းမြစ်လို့ဆိုကြပါတယ်။ Ajisai ပန်းနဲ့ပတ်သက်ပြီးစာပေတွေထဲမှာတော့ ဂျပန်နိုင်ငံရဲ့ရှေးဟောင်ခေတ် ဖြစ်တဲ့ နာရ ခေတ်မှာတွေ့နိုင်ပါတယ်။ Ajisai ပန်းကရှေးခေတ်တုန်းကတော့ လူသိနည်းတဲ့ ပန်းလို့ဆိုကြပါတယ်။ ဂျပန်နိုင်ငံ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက်ပိုင်း အနောက်တိုင်းကနေ ဝင်ရောက်ထာတဲ့နိုင်ငံခြားသားတွေက Ajisai ရဲ့ မူလမျိုးစိတ် ကိုနောက်တိုင်းကိုယူဆောင်ပြီး မျိုးပွားခဲ့ကြတယ်လို့လဲ ဆိုကြပါတယ်။ 

စစ်ပြီးခေတ်မှာတော့ဂျပန်နိုင်ငံမှာ ကူးစက်‌ရောဂါပျံ့နှံ့မှုတွေ များပြာလာပြီး Ajisai ပန်းတွေ က ဆုံးပါးသွားတဲ့ သူတွေအတွက် အလှဆင်တဲ့ ပန်း ဆိုပြီးအယူအဆတွေ ပေါ်ပေါက်လာခဲ့ကြပါတယ် ။ နောက်ပြီး Ajisai ပန်း တွေက ပွားရတာလွယ်ကူတဲ့ အတွက်ကြောင့် အလွယ်တကူ စိုက်ပျိုးလာကြပါတော့တယ်။ ဒါကြောင့် နောက်ပိုင်းမှာ‌တော့ ဘုရားကျောင်းတွေ၊ တောင်တွေမှာ Ajisai ပန်းကို စိုက်ပျိုးလာကြပါတော့တယ်။

 Ajisai ပန်းအကြောင်း 

 Ajisai ပန်းကတော့ အပေါ် မှာပြောခဲ့သလိုပဲ မိုးရာသီရောက်ရင်ပွင့်တဲ့ပန်းမျိုး ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာတော့ မြန်မာ နိုင်ငံမှာလို ၄ လကြာ ရာသီ တစ်ခုစာ မိုးရွာလေ့မရှိပါဘူး။ ဒါပေမယ့် မေလ ကနေ ဇူလိုင်လ အလိ မိုးရွာသွန်းလေ့ရှိပါတယ်။ ဒါကြောင့် မိုးရွာသွန်းလေ့ရှိပါတယ်။ ဒါကြောင့် Ajisai ပန်းတွေဟာ မိုးရေစက်တွေနဲ့ အတူ မေလ ကနေ ဇူလိုင်လ လောက်မှာ ပွင့်လန်းလာလေ့ရှိပါတယ်။ Ajisai ပန်းတွေကို မိုးရာသီရဲ့ ဘုရင်မလို့လဲ တင်စားကြလေ့ရှိပါတယ်။ အရောင်ကတော့ ခရမ်းရောင်၊ အပြာရောင် အစသဖြင့် များပြားလေ့ရှိပြီး အဖုံလိုက်ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်ပါတယ်။ Ajisai ရဲ့ သိပ္ပံအမည်ကတော့ Hydrangea macrophylla ဖြစ်ပါတယ်။ မြန်မာ ပြည်ကလူတွေကြားထဲမှာတော့ မိုးဦးပန်း၊ ၆လပန်း အစသဖြင့် လူသိများခေါ်ဝေါ်လေ့ရှိကြပါတယ်။ Ajisai ပန်းတွေကတော့ အမြင့် ၃၀ ကနေ ၁၀၀ စင်တီမီတာ ကြားမှာရှိတဲ့ အပင်အမျိုးအစားဖြစ်ပြီး အရွက်တွေလဲ များပြားပြီး အရွက်တွေကတော့ အစိမ်းအရင့်အရောင်တွေ ဖြစ်ပါတယ်။ Ajisai ပန်း တွေရဲ့ အရောင်ကို မြေကြီး ရဲ့ PH ကို ပြောင်းရင်း ပြောင်းလဲနိုင်ပါတယ်။ 

Ajisai ပန်းပွင့်တဲ့အချိန် 

အပေါ်မှာပြောခဲ့သလိုပဲ Ajisai ပန်းတွေက မိုးရာသီမှာစပွင့်လေ့ရှိကြပါတယ်။ ပွင့်ပြီး ကြည့်လို့အကောင်းဆုံးအချိန်ကတော့ ၆လပိုင်းကုန်နဲ့ ၇ လပိုင်းအလယ်လောက်မှာ ဖြစ်ပါတယ်။ ဆာကူရာပန်းနဲ့ယှဥ်လိုက်ရင် ပွင်တဲ့ အချိန်က အကြာကြီးပြီး တဝကြီးခံစားလို့ရပါတယ်။ နောက်ပြီး မိုးရာသီမှာဆိုတော့ အပြင်မထွက်ချင်တဲ့ အချိန်မှာ Ajisai ပန်း ကို သွားကြည့်သင့်ပါတယ်။ မိုးရာသီလို ရာသီဥတု နဲ့ Ajisai ပန်း ကတော်တော် လိုက်ဖက်ပြီး ကြည့်လိုက်တိုင်း စိတ်ချမ်းသာမှုရရှိနေမှာပါ။ 

Ajisai ပန်း လှပတဲ့ နေရာများ 

ဒါဆို Ajisai ပန်းတွေကိုဘယ်မှာသွားကြည့်ရမလဲ။ ဂျပန်နိုင်ငံအတွင်းမှာရှိတဲ့ Ajisai ပန်း လှပတဲ့နေရာတွေကိိုမိတ်ဆက်ပေးသွားပါ့မယ်။ ပန်းပွင့်တဲ့နေရာတွေကိုတော့ အဓိက အားဖြင့် ဂျပန်နိုင်ငအနောက်ပိုင်းနှင့် အရှေ့ပိုင်း တိုကျို၊ အိုဆာကာ၊ ကျိုတို ၊ ချိဘ ၊ ကိုဘေး စတဲ့ဒေသ တွေမှာရှိတဲ့နေရာတွေကို မိတ်ဆက်ပေးသွားပါ့မယ်။ 

旧中川水辺公園 ( တိုကျို )

ပထမဆုံးမိတ်ဆက်ပေးချင်တဲ့နေရာကတော့တိုကျိုမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Sky Tree နားမှာရှိတဲ့ ပန်းခြံပဲဖြစ်ပါတယ်။ ဒီပန်းခြံမှာတော့ Ajisai ပန်းနဲ့အတူ Sky Treeကိုပါ ခန့်ညားထည်ဝါစွာတွေ့ မြင်နိုင်မှာပါ။ Ajisai ပန်းအမျိုးအစားတွေလဲ များပြားလှပြီး လမ်းလျှောက်ရင်း Ajisai ပန်းတွေကို ကြည့်ရှုနိုင်ပါသေးတယ်။ နောက်ပြီး မြစ်နံဘေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြစ်မှာလဲ လှေနဲ့ သွားရင် မြင်ကွင်းကိုလဲ ကြည့်ရှုနိုင်တဲ့ ပန်းခြံလေးဖြစ်ပါတယ်။ 

  • ပန်းကြည့်လို့ကောင်းတဲအချိန်  ဇွန်လ လ အစ 

  • ဝင်ကြေး အခမဲ့ 

  • ဖွင့်ချိန် အချိန်ကန့်သတ်မရှိ။

※လှေစီးတာကတော့ အချိန်အကန့်သတ်ရှိပါတယ်။ အသေးစိတ်ကို Home Page ကနေ ဝင်ကြည့်နိုင်ပါတယ်။ 

明月院 (ကာမာကူရာမြို့)

နောက်တစ်နေရာကတော့ တိုကျိုနဲ့အနီးမှာရှိတဲ့ မြို့ဖြစ်တဲ့ ကာမာကူရာမြို့မှာရှိတဲ့ ဘုရားကျောင်းပါ။ ဒီဘုရားကျောင်းမှာဆိုရင် Ajisai ပန်းတွေကိုအများကြီးတွ့မြင်နိုင်ပြီး Ajisai ပန်းပွင့်တဲ့အချိန်မှာ သွားရောက်သင့်တဲ့နေရာဖြစ်ပါတယ်။ ကာမာကူရာမြို့မှာတော့ မြန်မာလူမျိုးတွေကြားထဲမှာ နာမည်ကြီးတဲ့ ဘုရားဖြစ်တဲ့ ကာမာကူရာဘုရားလဲ ရှိတာမို့ကျိန်းသေပေါက် ဘုရားဖူးရင်းပန်းသွားကြည့်ဖို့အကြံပေးချင်ပါတယ်။ 

  • ပန်းကြည့်လို့ကောင်းတဲအချိန် ၆ လပိုင်းအစနှင့် လပိုင်းကုန်။

  • ဝင်ကြေး မူလတန်းကလေး ယန်း ၃၀၀၊ အထက်တန်းကျောင်းသားနှင့်အထက် ယန်း ၆၀၀။

  • ဖွင့်ချိန် မနက် ၉ နာရီ မှ ညနေ ၆ နာရီ။

Mimurotoji (ကျိုတို)

ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေထွန်းကားတဲ့ ကျိူတို မြို့မှာလဲ Ajisai ပန်းလှပတဲ့နေရာတွေ အများကြီးရှိပါတယ်။ ကျိုတို မြို့ကတော့ ဘုရားကျောင်းတွေ ပေါများတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်လဲ ဘုရားကျောင်းနဲ့ Ajisai ပန်း တွေကိုအတွဲဖက် ညီညီ တွေ့နိုင်မှဦပါ။ ကျိုတိုမြိူ့ရဲ့ လှပတဲ့ ဘုရားကျောင်းတွေ အများကြီးထဲကမှ Ajisai ပန်းကိုကြည့်နိုင်မယ့် ဘုရားကျောင်းကတော့ Uji မြို့မှာရှိတဲ့ Mimurotoji ဆိုတဲ ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာတော့ Ajisai ပန်းတွေကို အများကြီးတွေ့နိုင်မှာ ဖြစ်တဲ့အပြင် ဓာတ်ဖမ်းရတာလဲ တော်တ်ောလှတဲ့ ဘုရားကျောင်း ဖြစ်ပါတယ်။ 

  • ပန်းကြည့်လို့ကောင်းတဲအချိန် ၆ လပိုင်းအစနှင့် လပိုင်းအစ။

  • ဝင်ကြေး ကလေး ယန်း ၅၀၀၊ လူကြီး ယန်း ၁၀၀၀။

  • ဖွင့်ချိန် မနက် ၉ နာရီ မှ ညနေ ၆ နာရီ။

ကိုဘေးမြို့ပန်းခြံ၊ (ကိုဘေး) 神戸市立森林植物園

ကိုဘေးလို့ပြောလိုက်တာနဲ့ သဘာဝတွေနဲ့ လှပနေတဲ့မြို့ကိုပြေးမြင်ကြမှာပါ၊ ဒါကြောင့် ကိုဘေးရဲ့ နိုင်ငံပိုင်ပန်းခြံမှာလဲ အမျိုးအစားစုံလင်လှတဲ့ ပန်းတွေကို တွေ့မြင်နိုင်မှာပါ။ ဒါကြောင့် ကိုဘေးမှာနေတဲ့သူတွေ ကျိန်းသေပေါက် သွားရောက်ဖို့ အကြံပေးချင်ပါတယ်။ 

  • ပန်းကြည့်လို့ကောင်းတဲအချိန် ၆လပိုင်းကုန်မှ ၇ လပိုင်းအစ

  • ဝင်ကြေး လူကြီ’ ယန်း ၃၀၀၊ ကလေး ယန်း ၁၅၀

  • ဖွင့်ချိန် မနက် ၉ နာရီမှည‌နေ ၇ နာရီ အထိ

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ မိုးရာသီမှာပွင့်လေ့ရှိတဲ့ Ajisai ပန်း အကြောင်းနဲ့ ဂျပန်နိုင်ငံတဝှမ်းမှာရှိတဲ့ Ajisai ပန်းလှပတဲ့ နေရာတွေကိုဖော်ပြလိုက်ပါတယ်။ Ajisai ပန်းက ပြာလွင်လွင် နဲ့ လှပပြီး ဓာတ်ဖမ်းလိုလဲလှတဲ့ အတွက်ကြောင့်မို့လို့ မိုးရာသီအတွင်းကျိန်းသေပေါက် တခေါက်လောက်သွားဖို့အကြံပြုချင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ