ဂျပန်နိုင်ငံရဲ့ နွေရာသီအကြောင်း နှင့် နွေရာသီမှာနွေရာသီမှာ အရသာရှိတဲ့အစားအသောက်များ

ဂျပန်နိုင်ငံရဲ့ နွေရာသီအကြောင်း နှင့် နွေရာသီမှာနွေရာသီမှာ အရသာရှိတဲ့အစားအသောက်များ

နွေရာသီမှာ ခရီးသွားဖို့စီစဥ်နေပါသလား။ဂျပန်မှာတော့ နွေရာသီရောက်ရင် အပူချိန် မြင့်တက်ပြီး သတိထားရမယ့်အရာတွေ တော်တော်များပါတယ်။‌ နွေရာသီရောက်ရင် Hokkaido Nagano Okinawaစတဲ့နေရာတွေကို ခရီးသွားတဲ့သူတွေများပါတယ်။ နွေရာသီမှာ အပြင်ထွက်ရင်တော့ အစိုးရိမ်ရဆုံးအရာကတော့ အပူရှုပ်တာပါ။ ဒီဆောင်းပါးမှာတော့ မကြာခင်ရောက်တော့မယ့် နွေရာသီ အတွက် ဘယ်လို ပြင်ဆင်သွားမလဲ၊ ဘယ်အရာတွေကိုပျော်ရွှင်ခံစားမလဲ၊ ဘယ်အရာတွေကို သတိထားရမလဲ ဆိုတဲ့ အကြောင်းတွေကို ရှင်းလင်းတင်ပြသွားပါ့မယ်။ 

မာတိကာ 

ဂျပန်နိုင်ငံရဲ့ နွေရာသီ 

ဂျပန်နိုင်ငံရဲ့နွေရာသီကကတော့ ဇွန်လကနေပြီးတော့ သြဂုတ်လ အထိဖြစ်ပါတယ်။ ဇွန်လ ရောက်ခာတာနဲ့ ဂျပန်မှာ မိုးစရွာလေ့ရှိပြီး ဒီရာသီကာလ ကိုတော့ ဂျပန်ဘာသာစကားနှင့်ဆို “tsuyu (梅雨)” လို့ခေါ် ကြပါတယ်။ ဇွန်လ အတွင်း ဂျပန်ကို အလည်သွားမယ် ဆိုရင်တော့ ထီး၊ မိုးကာ စတဲ့ ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရမှာပါ။ “tsuyu (梅雨)”မိုးရာသီတဲ့ ပတ်သက်တဲ့ဆောင်းပါးမှာ အသေးစိတ်ကိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

ဇူလိုင်လကိုရောက်တဲ့အချိန်မှာတော့ အပူချိန်ရော၊ စိုထိုင်းစရော ပိုပြီးတော့ မြင့်တက်လာပါတယ်။ နေသာတဲ့ နေ့တွေလဲ နည်းပါးလာပြီး မုန်တိုင်းတွေ၊ မိုးရွာတဲ့နေ့တွေ ပိုပြီးတော့များလာပါတယ်။ ဒါကြောင့်မို့လို့ အပြင်ထွက်တဲ့နေ့တိုင်း ရာသီဥတုကို ကြည့်ပြီးမှ ထွက်ဖို့လိုအပ်ပါတယ်။

နွေရာသီမှာ အပူချိန်နှင့် စိုထိုင်းစ ကပိုပြီးမြင့်လာပါတယ်။

နွေရာသီရောက်ရင် အပူချိန်ရော စိုထိုင်းစ ပါတပြိုင်တည်းမြင့်တက်လာတဲ့အတွက်ကြောင့် ရာသီဥတု ကတော့ တော်တော်ပူအိုက်ပါတယ်။ အပူချိန် အတူတူတောင်မှ စိုထိုင်ဆ မြင့်ရင် ပိုပြီးတော့ ပူအိုက်ရပါတယ်။ မြန်မာပြည်တဲ့ မတူတဲ့အချက်ကလဲ ဒီအချက်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာက အပူချိန်မြင့်ပေမယ့် စိုထိုင်စ ကအဲလောက်မမြင့်ပါဘူး။ ဒီလို ပူအိုက်တဲ့ရာသီရောက်လာတော့ လူတော်တော် များများက အပူရှုပ်တဲ့ပြသနာ စပြီးကြုံလာရပါတယ်။ အဆိုးဝါးဆုံးအခြေအနေမှာဆိုရင် သတိလစ်တတ်ပါတယ်။ 

အပူရှုပ်တာကိုကာကွယ်ဖို့အတွက် နေ့လည်ဘက် အပြင်ထွက်တာတွေရှောင်သင့်ပါတယ်။ အထူးသဖြင့် နေ့လည် ၃ နာရီမှာ အပြင် ထွက်တာ တတ်နိုင်သလောက်ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ မတတ်တိုင်လို့အပြင်ထွက်ရမယ်ဆိုရင်လဲ ရေများများသောက်ခြင်း၊ ဦးထုပ်ဆောင်းတာတို့၊ နေရောင်ခြည် တိုက်ရိုက်ထိတွေတာကနေ ရှောင်ကြဥ် နိုင်ဖို့အတွက် Sunscreen တို့လိမ်းဖို့ အကြံပြုပါတယ်။ 

လေပြင်း နှင့် မုန်တိုင်းဘေးအန္တာရာယ်တွေကို သတိထားပါ 

နွေရာသီမှာတော့ မုန်တိုင်းတွေ မကြာခဏ ဝင်ရောက်တတ်တာမို့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ အန္တာရာယ် တွေ ကို သေချာသတိထားသင့်ပါတယ်။ နောက်ပိုင်း ဂျပန်မှာတော့ ရေကြီးတဲ့ ဘေးအန္တာရာယ်တွေလဲ တော်တော်ကြီးမားတဲ့ ပြသနာ ဖြစ်ပါတယ်။ ဂျပန်ကို နွေရာသီမှာ အလည်လာမယ် ဆိုရင် မိုးလေဝါသ ခန့်မှန်းချက်တွေကို သေချာကြည့်ပြီးမှ အပြင်ကိုထွက်သင့်ပါတယ်။ 

နွေရာသီမှာ ဝတ်ဆင်ဖို့ သင့်တော်တဲ့ အဝတ်အစားများ

ဂျပန်ရဲ့ ရာသီဥတုကတော့ ပူပြင်းလွန်းတဲ့အတွက်ကြောင့် ရေများများသောက်ပြီး ရေဓာတ်ဖြည့်ရုံနဲ့မလုံလောက်ပါဘူး။ အဝတ်အစားကိုလဲ သတိထားပြီး ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ လေဝင်လေထွက် ကောင်ပြီး၊ ပါးလွာ ‌အေးမြတဲ့ အဝတ်အစားတွေကို နွေရာသီမှာ ဝတ်ဆင်သင့်ပါတယ်။ 

နွေရာသီမှာ အေးမြ‌အောင်ဘယ်လိုနေထိုင်မလဲ 

ဂျပန်နိုင်ငံမှာတော့ နွေရာသီရောက်ရင် အေးမြ‌အောင်လုပ်တဲ့ သဘာဝ နည်းလမ်းတွေ အများကြီးရှိပါတယ်။ သဘာဝ နည်းလမ်းတွေကတော့ အပူချိန် လျှော့ကျစေရုံသာမက စိတ်ကိုလဲ အေးမြစေပါတယ်။ 

နွေရာသီမှာ အေးမြစေမယ့် အစားစာများ

ခရမ်းချဥ်သီး၊ သခွားသီး၊ ဖရဲသီး စတဲ့ သစ်သီးတွေကတော့ ရေဓာတ်တွေလဲ ပြည့်စုံပြီး အေးမြအောင် ထိန်းသိမ်းပေးတဲ့ အစားစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ နွေရာသီရောက်ရင် ဒီလိုရေဓာတ်များတဲ့ သစ်သီးတွေကိုများများစားဖို့အကြံပေးချင်ပါတယ်။ 

နွေရာသီဝတ် ဝတ်စုံနှင့် ရိုးရာ ယပ်တောင်များ 

နွေရာသီမှာ ဝတ်တဲ့ ကီမိုနိုကို Yukata (浴衣) လို့ခေါ်ပါတယ်။ Yukata (浴衣)ကတော့ ဂျပန်နိုင်ငံရဲ့ ပူအိုက်တဲ့ ရာသီဥတု နဲ့ လိုက်ဖက် ညီပါတယ်။ ပိတ်စကလဲ အေးမြပြီး လည်ပင်အပေါက်လဲ ကျယ်တဲ့အတွက်ကြောင့်မို့လို့ လေဝင်လေထွက်ကလဲ ကောင်းမွန်ပါတယ်။ 

နောက်ထပ်နွေရာသီမှာ ဝတ်တဲ့ ဝတ်စုံအနေနဲ့ Jinbei (甚平) ဆိုတဲ့ ဝတ်စုံ ဖြစ်ပြီး ဒီတတ်စုံကတော့ ကလေးတွေနဲ့အမျိုးသားတွေအတွက် အိမ်မှာနေရင်း ဝတ်တဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒီခေတ်မှာတော့ အပြင်ထွက်ရင်လဲ ဝတ်လေ့ရှိပြီး အများအားဖြင့် မီးပန်းပွဲတွေကိုသွားတဲ့အချိန်မှာ ဝတ်လေ့ရှိပါတယ်။ 

အဝတ်အစားတွေအပြင် နွေရာသီမှာနာမည်ကြီးတာကတော့ Uchiwa (うちわ) and Sensu (扇子) လို့ခေါ် တဲ့ ဂျပန်ရိုးရာ ယပ်တောင်တွေဖြစ်ပါတယ်။ ပေါ့ပါးပြီး သယ်ရလွယ်တဲ့အတွက်ကြောင့် ဘယ်နေရာသွားသွားယူဆောင်သွားလို့ရပါတယ်။ ‌နောက်ပြီး ယပ်တောင် ဒီဇိုင်းတွေနဲ့ အ‌ရောင်တွေကိုရွေးရတာကလဲ ပျော်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ယပ်တောင် ကိုကြည့်နေရင်းနဲ့ တင် စိတ်အေးပါတယ်။ 

Furin, Sudare စတဲ့အရာတွေနဲ့ အလှဆင်ခြင်း 

နွေရာသီရောက်ရင် ဂျပန်က အီမ်တွေမှာတော့ Furin (風鈴)၊ Sudare (すだれ) တွေနဲ့ အလှဆင်လေ့ရှိပါတယ်။ Furin ဆိုတာကတော့ ခေါင်းလောင်းအသေးလေးဖြစ်ပြီး အတွင်းမှာတော့ ဖန်ချောင်းလေးထည့်ထားပါတယ်။ လေတိုက်တဲ့အချိန်မှာ အမြဲတမ်း ခေါင်းလောင်းအသံလေးကြားနေရပါတယ်။ ဂျပန်လူမျိုးတွေကတော့ ခေါင်းလောင်း အသံလေးကြားနေရတာနဲ့တင် အအေးဓာတ်ကို ခံစားရတယ်လို့ဆိုကြပါတယ်။ 

 Sudare (すだれ) ဆိုတာကတော့ ဝါးပင်လေးတွေနဲ့ လုပ်ထားတဲ့ လိုက်ကာဖြစ်ပြီး ပြတင်းပေါက်မှာ ထားပြး အရိပ်ရအောင်လုပ်ကြပါတယ်။ Sudare (すだれ) ရှိတဲ့ အိမ်တွေမှာတော့ ပိုပြီးတော့ အေးစေပြီး အိမ်ထဲမှာလဲ သက်တောင့်သက်တာ နေနိုင်ပါတယ်။ 

နွေရာသီမှာ အရသာရှိတဲ့ အစားစာများ

နွေရာသီရောက်ရင်လဲ ဂျပန်နိုင်ငံမှာတော့ ရာသီစာတွေအများကြီးရှိပါတယ်။ ရာသီစာတွေက အရသာရှိလှပြီးကျန်းမာရေးနဲ့ လဲ ညီညွှတ်ပါတယ်။ 

ခေါက်ဆွဲအေး 

ဂျပန်နိုင်ငံမှာတော့ ခေါက်ဆွဲအမျိုးအစားအများကြီးရှိပြီး နွေရာသီမှာတော့ ခေါက်ဆွဲအေးကို စားလေ့ရှိကြပါတယ်။ စားလေ့ရှိတဲ့ ခေါက်ဆွဲ အမျိုးအစားတွေကတော့ cold somen noodles, zaru soba, and hiyashi-chuka တွေပဲဖြစ်ပါတယ်။ 

ရေခဲခြစ် 

ရေခဲခြစ်ကတော့ မြန်မာပြည်ကလူတွေတဲ့လဲရင်းနှီးပြီးသားဖြစ်တာမို့အထူးတလည် ပြောနေစရာမလိုတော့ပါဘူး၊။ ဂျပန်မှာတော့ နွေရာသီပွဲတော် အပြင်၊ မီးပန်းပွဲတော်တွေမှာပါ တွေ့ရများတဲ့ စားစရာတစ်ခုဖြစ်ပါတယ်။ 

Kuzu-mochi & Mizu-yokan

Kuzu-mochi (くず餅) နဲ့ mizu-yokan (水羊羹) ကတော့ ဂျပန်မှာနာမည်ကြီးတဲ့ ရိုးရာ အချိုမုန့်တွေဖြစ်ပါတယ်။ Kuzu-mochi ဖောက်ထွင်းမြင်နိုင်တဲ့ အကြည်ရောင်ဖြစ်ပြီး ဒီအ‌ရောင်ကပဲ အေးမြတဲ့ ဓာတ်ကိုခံစားရမှာဖြစ်ပါတယ်။ Mizu-yokan ကတော့ ပုံမှန် yokan ထက် ရေပိုများပြီး လုပ်ထားပါတယ်။ ‌ဒီမုန့်တွေ အားလုံးက ဂျယ်လီပုံစံဖြစ်ပြီး နွေရာသီရဲ့ အချိုမုန့်အနေနဲ့ စားရတာအဆင်ပြေပါတယ်။ 

နွေရာသီမှာ လည်ပတ်ဖို့အကောင်းဆုံး ဂျပန်နိုင်ငံရဲ့ခရီးသွားဒေသများ

ဂျပန်မှာတော့ နွေရာသီရောက်ရင် လည်ပတ်ရမယ့် နေရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ အပူရှောင်ချင်ရင်တော့ Hokkaido, Nagano ဖြစ်ပြီး နွေရာသီ ဆန်ဆန် ပျော်ပါးချင်ရင်တော့ Okinawa ကိုသွားဖို့အကြံပေးချင်ပါတယ်။

Hokkaido 

ဂျပန်ရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့Hokkaidoကတော့ နွေရာသီရောက်ရင် အပူရှောင်တဲ့ ‌ဒေသ အနေနဲ့ နာမည်ကြီးသလိူ နွေရာသီရောက်ရင် လှပတဲ့ မြင်ကွင်းတွေနဲ့လဲ နာမည် ကြီးပါတယ်။ 

လာဗင်ဒါပန်းတွေဝေဝေဆာဆာ ပွင့်နေတဲ့ Furano မြို့မှာတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံး လာဗင်ဒါပန်းခင်းကြီးကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Asahiyama တိရစ္ဆာန်ဥယျာဥ် အပြင် တခြား လည်ပတ်စရာ လှပတဲ့ရှုခင်းတွေ အများကြီးရှိပါတယ်။ 

နွေရာသီ Hokkaido ရဲ့ အပူချိန်ကတော့ 18 ကနေ 25 °C အထိဖြစ်တာကြောင့် နေရထိုင်ရလဲ အဆင်ပြေပါတယ်။ မိုးလဲသိပ်မရွာတဲ့အတွက်ကြောင့်မို့လို့ နေထိုင်ရတာ သာယာလှပါတယ်။ 

 Nagano

 Naganoခရိုင်ရဲ့ Karuizawa နှင့် Kamikochi တို့ကတော့ နွေရာသီရောက်တာတောင် အေးမြနေတာကြောင့်မို့လို့ အပူရှောင်ဖို့လာရောက်လည်ပတ်တဲ့သူတွေများပြားပါတယ်။ 

Karuizawa ကတော့ အစိမ်းရောင် သစ်တော ကြီးက ဝန်းရံထားပြီး အဲယားကွန်းမလိုလောက်အောင်အေးမြနေပါတယ်။Kamikochi ကတော့ Taisho ရေကန် နှင့် Kappa တံတား စတဲ့အရာတွေကို လိုက်ဖက် ညီညီတွေ့နိုင်မှာ ဖြစ်ပါတယ်။ တောင်တက်တဲ့ နေရာအနေနဲ့ လဲ နာမည်ကြီးပါတယ်။ နွေရာသီနဲ့ လိုက်ဖက်ပြီး သဘာဝဆန်လှတဲ့ မြင်ကွင်း လဲဖြစ်ပါတယ်၊ 

Okinawa

Okinawa ကတော့ ကမ်းခြေတွေနဲ့ လှပတဲ့ခရိုင်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ တောင်ဘက်စွန်းမှာရှိတဲ့ ခရိုင်ဖြစ်လို့ ကမ်းခြေတွေကလဲ အရမ်းလှပနေပါတယ်။ ရေငုပ်တဲ့နေရာတွေ၊ ရေကူးတဲ့နေရာတွေ အပြင်၊ ငါးပြတိုက်လို ရိုမစ်တစ် ဆန်တဲ့နေရာတွေကိုလဲ အလည်ပတ်သွားနိုင်ပါတယ်။ 

Okinawa ရဲ့ ယဥ်ကျေးမှုကလဲ ဂျပန်နိုင်ငံနဲ့ တော်တော် ခြားနားတဲ့အတွက်ကြောင့်မို့လို့ ဂျပန်နိုင်ငံနဲ့ မတူနဲ့ ထူးခြားတဲ့ ယဥ်ကျေးမှုကိုလေ့လာရတာကလဲ ဆွဲတောင်မှု တစ်ခုဖြစ်ပါတယ်။ 

နွေရာသီမှာ ကျင်းပတဲ့ ပွဲလမ်းများ

ဂျပန်နိုင်ငံမှာတော့ တနှစ်ပတ်လုံး ပွဲလမ်းရာသီတွေနဲ့ စည်ကားလို့နေပါတယ်။ နွေရာသီရောက်ရင်လဲ ပွဲတ်ောတွေနဲ့ စည်ကားလို့နေပြီး ဒီဆောင်းပါးမှာတော့ နွေရာသီမှာ ကျင်းပတဲ့  Tanabata, Obon နဲ့ မီးပန်းပွဲတွေကိုမိတ်ဆက်ပေးသွားပါ့မယ်။ 

Tanabata 

ကြယ်တာရာပွဲတော်လို့လဲ လူသိများတဲ့ Tanabata ပွဲကတော့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ ပွဲတော်နေ့မှာတော့ “tanzkku (短冊)” ဆိုတဲ့ စာရွက်ပေါ် မှာ ဆုတောင်းစာကိုရေးပြီး ဝါးပင်မှာ ချိတ်ဆွဲပြီးဆုတောင်းလေ့ရှိကြပါတယ်။ ပွဲတဲ့ ပတ်သက်တဲ့ အသေးစိတ်အကြောင်းကိုလဲ ဒီဆောင်းပါးမှာ ဝင်ဖတ်နိုင်ပါတယ်။ 

Obon

Obon (お盆) က‌တော့ သြဂုတ်လ ၁၃ရက်နေ့ ပြီးတော့ ၁၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ဘိုးဘွားတွေရဲ့ ဝိညဏ်တွေကို မီးတွေထွန်းပြီး ပူဇော်လေ့ရှိပါတယ်။ Obon (お盆)ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၃ရက်နေ့ မှာ ထွန်းတဲ့ မီးကိုတော့  “mukaebi (迎え火)”လို့ခေါ်ပြီး နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၆ရက်နေ့ မှာ ထွန်းတဲ့ မီးကိုတော့ “okuribi (送り火)”လို့ခေါ်ပါတယ်။ Obon (お盆) ပိတ်ရက်ရောက်ရင် မိသားစုတွေနဲ့ ဆွေမျိုးတွေပြန်ဆုံကြပြီး ဆွေမျိူးတွေထဲမှာ ဆုံးပါးသွားတဲ့သူတွေအတွက် ကန်တော့ပွဲလုပ်ပါတယ်။ 

မီးပန်းပွဲ 

ဂျပန်မှတော နွေရာသီရောက်ရင် နိုင်ငံတဝှမ်းလုံးမှာမီးပန်းပွဲတော် ကို ကျင်းပလေ့ရှိပါတယ်။ “hanabi taikai (花火大会)”လို့ဂျပန်လို့ခေါ်ပြီး ဒီဆောင်းပါးမှာတော့ ဂျပန်မှာအကြီးဆုံး မီးပန်းပွဲတွေ ကို မိတ်ဆက်ပေးသွားပါ့မယ်။ 

National Fireworks Competion (全国花火競技大会)曲の花火 Omagari no Hanabi) 

နှစ်ပေါင်း ၁ ‌ထောင် ကျော် သမိုင်းရှိတဲ့ ဒီမီးပန်းပွဲတော်ကတော့ Akita၊ Omagari ၊ Daisen မြို့မှာ ကျင်းပပါတယ်။ ဒီပွဲမှာဆိုရင်တော့ ဂျပန်နိုင်ငံမှာ အကောင်းဆုံးမီးပန်း လက်ရာတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ 

Nagaoka Fireworks Festival Show (長岡まつり大花火大会) 

 Niigata၊ Nagaoka ခရိုင်မှာ ကျင်းပတဲ့ ပွဲတော် ဖြစ်ပြီး ဒီပွဲတော် ရဲ့ ရည်ရွယ်ချက်ပတော့ သဘာဝ ပတ်ဝန်းကျင်အတွက် ပျက်စီးဆုံးရှံး သွားတဲ့ သူတွေအတွက် ပြန်လည် ထူထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ 

Suwa Lake Fireworks Festival (諏訪湖湖上花火大会) 

ဒီ မီးပန်းပွဲကတော့ Nagano ခရိုင်မှာ ကျင်းပတဲ့ မီးပန်းပွဲတော် ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသော ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ နှစ်စဥ် လူပေါင်း ၅ သိန်းခန့်စုဝေးကြပြီး မီးပန်းအချက်ပေါင်း ၄ သောင်း ကျော်‌လောက် လွှတ်တင်လေ့ရှိပါတယ်။ 

အကျဥ်းချုပ်

ဂျပန်နိုင်ငံရဲ့ နွေရာသီကတော့ ပူပြီးတော့ စိုထိုင်းစ ကလဲမြင့်ပါတယ်။ ဂျပန်ရိုးရာနည်းလမ်းတွေနဲ့ အေးမြ‌‌အောင် လုပ်ဖို့ နည်းလမ်းတွေလဲ အများကြီးရှိပါတယ်။ နွေရာသီမှာတော့ ခရီးသွားတဲ့သူတွေလဲ များပြီး အထူးသဖြင့် ဟိုကိုင်းဒိုး၊ အိုကီနာဝါ၊ Naganoတို့က နာမည်ကြီးပါတယ်။ ရာသီဥတု ပူပြင်းတာကလွဲလို့ အရသာရှိတဲ့ အစားစာ၊ လည်စရာပတ်စရာ ပွဲတော်တွေ အများကြီးရှိတဲ့ နွေရာသီ မို့လို့ ကျန်းမာရေးကို ဂရုစိုက်ပြီး ပျော်ပါးဖို့ အကြံပေးချင်ပါတယ်

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံရဲ့ နွေရာသီအကြောင်း နှင့် နွေရာသီမှာနွေရာသီမှာ အရသာရှိတဲ့အစားအသောက်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ