N4 ဝေါဟာရပေါင်းချုပ်

JLPT N4 ကတော့ beginner level ဖြစ်ပြီး အခြေခံလိုအပ်တဲ့ စကားလုံးနှင့် ဝါကျတွေကို လေ့လာဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ JLPT N4 မှာလိုအပ်တဲ့ ဝေါဟာရ ပေါင်းချုပ်ကိုဖော်ပြလိုက်ပါတယ်။ N5 ဝေါဟာရ ကပေါင်းချုပ်ကိုလည်းဖတ်ရှု နိုင်ပါတယ်။

N4 Adjectives - 形容詞 (keiyoushi)

N5 နဲ့ ယှဥ်လိုက်ရင်တော့ N4 မှာဆို နေ့စဥ်ဘဝမှာ အသုံးချတဲ့ ဝေါဟာရတွေ ပိုပြီးနည်းလာပါတယ်။ နောက်ပြီးတော့ adjective ကို ဘယ်လို conjugate လုပ်ရမလဲဆိုတာကို သေချာလေ့လာဖို့လိုအပ်ပါတယ်။ N4 မှာသင်ယူရတဲ့ adjective အသစ်တွေနဲ့ အခြေအနေနဲ့ အကြောင်းအရင်းကို သေချာ အသေးစိတ်ပိုပြီး တိတိကျကျ ဖော်ပြနိုင်လာမှာဖြစ်ပါတယ်။

N4 Adjectives ဇယား

N4 ကြိယာများ - 動詞 (doushi)

N4 level မှာတော့ ကြိယာတွေ အများကြီးကိုလေ့လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ် ခပ်ဆင်ဆင် ကြိယာတွေလဲ အများကြီးရှိပါတယ်။ နောက်ပြီးတော့ (他動詞 tadoushi) (他動詞 tadoushi) တို့လို ကံလိုကြိယာ နှင့် ကံမလို ကြိယာတွေကိုလဲ လေ့လာရမှာဖြစ်ပြီး အသုံးပြုပုံပြုနည်းကိုလဲ သေချာသတိထားဖို့လိုအပ်ပါတယ်။

N4 ကြိယာဇယား

N4နာမ်များ - 名詞(meishi)

နေ့စဥ် ဘဝမှာအသုံးပြုတဲ့ နာမ်တွေကို N5 မှာတော်တော် များများပြီးသွားတဲ့ အတွက်‌ကြောင့်မို့လို့ N4 level မှာတော့ နည်းနည်း နည်းသွားပါတယ်။  N5 နဲ့စာရင် ပိုပြီးတော့ အသေးစိတ်သွားပါတယ်။ ဥပမာ အကြောင်းအရာတစ်ခုခုကိုပိုပြီးတော့ လေးလေးနက်နက် လေ့လာရမှာဖြစ်ပါတယ်။ N4 level မှာပါဝင်တဲ့ နာမ်တွေကို အပိုင်း ၄ ပိုင်းခွဲပြီး ဖော်ပြလိုက်ပါတယ်။ 

N4 နာမ် အပိုင်း ၁ :ပညာရေး၊ အလုပ်၊ ဝါသနာ၊သဘာဝ။

N4 နာမ် အပိုင်း ၂:အပြုအမူ၊ ခံစားချက်၊ အရည်အသွေး၊ အချိန်။

N4 နာမ် အပိုင်း ၃:နေရာ၊ အရပ်မျက်နှာ၊ ပွဲလမ်း။

N4 နာမ် အပိုင်း ၄:လူ၊ အိမ်၊ ခန္ဓာကိုယ်၊ အဝတ်အစား။

N4 ဝိဘတ်များ - 助詞 (joshi)

particle တွေက စာကြောင်းဖွဲ့ စည်းတဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ N5 levelမှာတုန်းကတော့ အခြေခံ ဝါကျ ဖွဲ့ စည်းလို့ရတဲ့ ဝိဘတ်တစ်ချို့ကို လေ့လာပြီးဖြစ်ပါတယ်။ N4 ရောက်ရင်တော့ ပိုပြီးတော့ ရှုပ်ထွေးတဲ့ ဝိဘတ်ကိုလေ့လာရမှာဖြစ်ပြီး ပိုပြီးတော့ ရှည်ပြီး ရှုပ်ထွေးနဲ့ ဝါကျတွေကို တည်ဆောက်နိုင်လာမှာဖြစ်ပါတယ်။

N4 ဝိဘတ်များ

N4 Adverbများ - 副詞 (fukushi)

Adverb တွေကိုတော့ အခြေအနေကိုပိုပြီးတော့ အသေးစိတ်ဖော်ပြတဲ့ အချိန်မှာ အသုံးပြုပါတယ်။ N4 မှာတော့ ပိုပြီးတော့ Adverb တွေကိုလေ့လာရမှာဖြစ်ပြီး ပိုပြီးတော့ အသေးစိတ် ဝါကျတွေကို တည်ဆောက်နိုင်လာမှာဖြစ်ပါတယ်။ 

N4 Adverbများ

N5 - N1 စကားဆက်များ - 接続詞 (setsuzokushi)

စကားဆက်တွေကတော့ ဝါကျတွေကို ပိုပြီးတော့ ရှည်အောင်လုပ်နိုင်တဲ့ အပြင် ဝါကျတွေနှင့် စကားလုံးတွေကိုဆက်နိုင်တဲ့ ပုဒ်တွေပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Level ပေါင်းစုံမှာတွေရတဲ့ စကားဆက်တွေကို စုစည်းပြီးဖော်ပြလိုက်ပါတယ်။

ဒီဆောင်းပါးကနေ စာမေးပွဲအတွက်ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီ ကောင်းမွန်းတဲ့ ရလာဒ်တွေ ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ JLPT/ N4 ဝေါဟာရပေါင်းချုပ်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ