ညဘက် ချယ်ရီပန်းကြည့်ခြင်း‌အကြောင်းနှင့် ညဘက်ချယ်ရီပန်းကြည့်ပွဲတော်များ (Yozakura)

ဧပြီလမှာတော့ ဆာကူရာပန်းတွေပွင့်လာမှာဖြစ်ပါတယ်။ ဆာကူရာပန်းတွေကို နေ့ခင်းဘက်ကြည့်တဲ့ သူတွေ များပေမယ့် တချို့နေရာတွေမှာဆိုရင်တော့ မီးထွန်းပြီး ညဘက်ကို ဆာကူရာပန်းတွေရဲ့ အလှကိုခံစားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ တိုကျိုမှာ ဆာကူရာပန်းညဘက်ကြည့်နိုင်မယ့် နေရာတွေနဲ့ အတူ ညဘက် ဆာကူရာကြည့်တဲ့ အကြောင်းတွေကိုရေးသားဖော်ပြသွားပါမယ်။ 

မာတိကာ 

  1. 夜桜 (Yozakura)
  2. တိုကျိုမှာ ညဘက် ချယ်ရီပန်းကြည့်နိုင်မယ့်နေရာများ။
  3. တိုကျိုအပြင် တခြားနာမည်ကြီးတဲ့ ညဘက်ချယ်ရီပန်း 

夜桜 (Yozakura)

ပုံမှန် ချယ်ရီပန်းတွေကိုတော့ နေ့ဘက်မှာကြည့်လေ့ရှိကြပါတယ်။ ဒါပေမယ့် နေ့လည်ခင်းမှာ အလုပ်ရှုပ်ပြီးတော့ ပန်းကြည့်ဖို့ မသွားနိုင်တဲ့ သူတွေအတွက်ကိုလဲ ညဘက်မှာ ချယ်ရီပန်းတွေကို မီးထွန်းပြီးပြသတဲ့ နေရာတွေ ရှိပါတယ်။ ချယ်ရီပန်းတွေနဲ့ အတူ ညဘက် အပြာရောင်ကောင်းကင်ကြီးကို လှလှပပကြီးခံစားနိုင်ပါတယ်။ 夜 (yo) ဆိုတာကတော့ ညဘက် ၊ 桜 (sakura) ချယ်ရီပန်းကို ပေါင်းပြီးတော့ 夜桜 (Yozakura) ညဘက်မှာ ချယ်ရီပန်း လို့ခေါ်ကြပါတယ်။ ညဘက်ဆိုတော့ အေးအေးချမ်းချမ်းနှင့် ပုံမှန်နဲ့ မတူထူးခြားတဲ့ မြင်ကွင်းကိုခံစားနိုင်ပါတယ်။ 夜桜 (Yozakura) ကတော့ ဂျပန်နိုင်ငံရဲ့ ‌ရှေးယခင် အဲဒိုခေတ်ကတည်းက အစပြုလာခဲ့တဲ့ ယဥ်ကျေးမှုဖြစ်ပါတယ်၊ မေဂျီခေတ်မှာ ချယ်ရီပန်းမီးထွန်းပြသတဲ့ အလေ့အထခေတ်စားလာပြီတော့ ယနေ့ခေတ်မှာဆိုရင်တော့ နာမည်ကြီးတဲ့ ပန်းခြံတွေမှာ ညဘက် ချယ်ရိပန်းတွေကို မီးထွန်းပြသတဲ့ အလေ့အထကခေတ်စားလျက်ရှိပါတယ်။ 

တိုကျိုမှာ ညဘက် ချယ်ရီပန်းကြည့်နိုင်မယ့်နေရာများ။

တိုကျိုမှာလဲ ညဘက် ချယ်ရီပန်းကြည့်နိုင်မယ့် နေရာတွေအများကြီးရှိပါတယ်။ တချို့နေရာတွေက ဝင်ကြေးပေးရသလို တချို့နေရာတွေကလဲ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဝင်ကြးပေးလို့ရတဲံ နေရာတွေ‌ရော အခမဲ့ ကြည့်ရှုနိုင်တဲ့ နေရာတွေကိုပါ ဖော်ပြလိုက်ပါတယ်။ 

【千鳥ヶ淵)】Hidorigafuchi တူးမြောင်း

ဝက်ဘ်ဆိုက် - https://visit-chiyoda.tokyo/sakura/ 

ပထမဆုံး မိတ်ဆက်ပေးမယ့် နေရာကတော့ ချယ်ရီပန်းပွင့်တဲ့ အချိန်ဆိုရင် ထူးခြားပြီးလှပနေတဲ့ တိုကျို Chiyoda မှာရှိတဲ့ hidorigafuchi တူးမြောင်း【千鳥ヶ淵)】ကြီးဖြစ်ပါတယ်။ နေ့ဘက်မှာဆိုလဲ တူးမြောင်းကြီးမှာ လှေလှော်ရင်းနဲ့ ချယ်ရီပန်းတွေကိုကြည့်နိုင်သလို ညက်မှာလဲ တူမြောင်းရဲ့ ဘေးနှစ်ဖက် ကမ်းမှာရှိတဲ့ ချယ်ရီပင်တန်းကြီးကို မီးထွန်းပြီးတော့ ပြသလေ့ရှိကြပါတယ်။ မီးထွန်းတာကိုတော့ ညနေ ၆ နာရီကနေ ပြီးတော့ ည ၁၀ နာရီအထိ မီးထွန်းပြီးပြသပါတယ်။ လှေစီးမယ်ဆိုရင်တော့ လှေတစ်စီးကို ယန်း ၈၀၀ မိနစ် ၃၀ နှင့် တစ်နာရီကို ယန်း ၁၆၀၀ တို့ကျိသင့်ပါတယ်။ ဝက်ဘ်ဆိုက်ကနေပြီးတော့ ပန်းပွင့်မယ့်အခြေအနေနှင့် လူလာတဲ့ အခြေအနေအပြင် တူးမြောင်းရဲ့ မြင်ကွင်းကိုလဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ 

【目黒川】 Meguro မြစ် 

တိုကျိုမှာ ချယ်ရီပန်းပွင့်ချိန်လို့ပြောလိုက်တာနဲ့ Meguro မြစ်ကတော့ လုံးဝချန်ထားလို့မရတဲ့ နေရာ တစ်နေရာဖြစ်ပါတယ်။ Meguro မြစ်မှာဆိုရင်တော့ ချယ်ရီပန်းပွင့်တဲ့ အချိန်ရောက်တိုင်း ချယ်ရီပန်းပွဲတော် နှင့် ညဘက်မှာချယ်ရီပန်းတွေကို မီးထွန်းပြီးပြသလေ့ရှိကြပါတယ်။ အပန်းရောင် မီးတွေနဲ့ ချယ်ရီပန်းတွေကို ထွန်းပြထားပြီးတော့ အပန်းရောင်ည ကိုခံစားလို့ရပါတယ်။ Meguro မြစ် တစ်လျှောက်မှာ ညဘက် ချယ်ရီပန်းကြည့်မယ်ဆိုရင်တော့ 

  • 池尻大橋駅 (ikejirioohashi)
  • 中目黒駅 (nakameguro)
  • 目黒駅 (meguro) ဘူတာတွေကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဝင်ကြေးလဲ အခမဲ့ဖြစ်ပါတယ်။ 

Sakura Fees Nihonbashi

ဝက်ဘ်ဆိုက် - https://www.nihonbashi-sakurafes.art/

ချယ်ရီပန်းတစ်မျိုးတည်းမဟုတ်ဘဲနဲ့ ဂျပန်နိုင်ငံရဲ့ နွေဦးရာသီ ရဲ့ အငွေ့အသက်တွေကိုအပြည့် အဝခံစားနိုင်မယ့်နေရာတစ်နေရာကတော့ Sakura Fees Nihonbashi ဆိုတဲ့ပွဲဖြစ်ပါတယ်။ ညဘက်မှာ ချယ်ရီပန်းတွေအပြင် ချယ်ရီပန်းနဲ့ ပတ်သက်တဲ့ အစားစာတွေ၊ ပစ္စည်းတွေကိုပါ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ပါတယ်။ ပွဲကိုတော့ မတ်လ ၁၅ ရက်နေ့ကနေပြီးတော့ ဧပြီလ ၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီးတော့ ရက်အလိုက် ပုံစံအမျိုးမျိူးနဲ့ ကျင်းပမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

【六義園】 Rikugien ပန်းခြံ 

 

နောက်ထပ် တစ်နေရာကတော့ သဘာဝတရားတွေနဲ့ တစ်နှစ်ပတ်လုံးရာသီမရွေးလှနေတဲ့ Rikugien ပန်းခြံဖြစ်ပါတယ်။ ဒီပန်းခြံမှာတော့ နွေဦးရာသီရောက်ရင် အထူး ပန်းခြံတွင်းမှာ မီးထွန်းပြီးပြသပါတယ်။ အထူးသဖြင့် Shidare ချယ်ရီအမျိုးအစား ပင်ကြီးကတော့ လူကြိုက်များပါတယ်။ ဒီနှစ်မှာတော့ မတ်လ ၃၁ ရက်နေအထိ မီးထွန်းပြသမှာဖြစ်ပါတယ်။ 

Bokutei Sakura ပွဲတော် 

Sumida ပန်းခြံမှာပြုလုပ်တဲ့ Bokutei Sakura ပွဲတော် ကလဲ ချယ်ရီပန်း ပွင့်တဲ့ အချိန်ရောက်ရင် နာမည်ကြီးတဲ့ ပွဲတော် ဖြစ်ပါတယ်။ Sumida မြစ်တစ်လျှောက်မှာ ပွင့်နေတဲ့ ချယ်ရီပင် တန်းကြီးကို မီးထွန်းပြီး ညဘက်မှာကြည့်ရှုနိုင်သလို နောက်ထပ် တစ်မူထူးခြားတဲ့ အချက်တစ်ချက်ကတော့ Sky Tree ရဲ့ ညဘက် မြင်ကွင်းနှင့်အတူ ချယ်ရီပန်းတွေရဲ့အလှကိုပါ ကြည့်ရှုခံစားနိုင်တဲ့ အချက်ဖြစ်ပါတယ်။ နောက်ပြီးတော့ မြစ်တလျှောက်မှာဆိုရင် အစားအသောက်တွေရောင်းချပေးလျက်ရှိပါတယ်။ မီးထွန်းပြီး ပြသတဲ့ အချိန်ကတော့ ညနေ ၆နာရီ ခွဲကနေပြီးတော့ ၉ နာရီအထိဖြစ်ပါတယ်။ မတ်လ ၁၆ ရက်နေ့ကနေပြီးတော့ ဧပြီလ ၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

တိုကျိုအပြင် တခြားနာမည်ကြီးတဲ့ ညဘက်ချယ်ရီပန်း 

弘前公園 (hirosaki ပန်းခြံ) - Aomori ခရိုင် 

ညဘက် ချယ်ရီပန်း လို့ပြောလိုက်ရင်ချန်ထားလို့မရတဲ့ နေရာကတော့ Aomori ခရိုင် မှာရှိတဲ့ hirosaki ပန်းခြံ ဖြစ်ပါတယ်။ ပန်းခြံအတွင်းမှာတော့ ချယ်ရီပင်ပေါင်း ၂၆၀၀ ကျော်ရှိပြီးတော့ ဧပြီလ ၁၉ ရက်နေ့ကနေပြီးတော့ မေလ ၅ ရက်‌နေ့အထိကို ပန်းခြံကြီးတစ်ခုလုံးကို မီးထွန်းပြီးတော့ ပြသလေ့ရှိပါတယ်။ ပြသတဲ့ အချိန်ကတော့ နေ့ဝင်တဲ့ အချိန်ကနေပြီးတော့ ည ၉နာရီအထိဖြစ်ပါတယ်။ ပန်းခြံအတွင်းကိုတော့အခမဲ့ဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ နေရာတေွကိုတော့ လူကြီး ၃၂၀၊ ကလေး ၁၀၀ ယန်းတို့ဖြစ်ပါတယ်။

ကျိုတို မြို့တွင်း ဘုရားကျောင်းများ

ချယ်ရီပန်းရာသီနှင့် ကျိုတိုမြို့ကိုလဲ ခွဲခြားလို့မရပါဘူး။ ချယ်ရီပန်းပွင့်တဲ့ ရာသီ‌ရောက်ရင်‌တော့ ကျိုတိုမြို့တွင်းမှာဆိုရင်တော့ ညဘက်ကြီး ချယ်ရီပန်းတွေကို မီးထွန်းပြသတဲ့နေရာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဘုရားကျောင်းတွေမှာတွေ့ရလေ့ရှိပါတယ်။ နာမည်ကြီး Kiyomizu deara ဘုရားကျောင်း၊ Toji ဘုရားကျောင်း တို့မှာ ညဘက်ချယ်ရီပန်းကိုမီးထွန်းပြီးတော့ပြသလေ့ရှိပါတယ်။ 

Nijo ရဲတိုက် - ကျိုတို 

Nijo ရဲတိုက် ကတော့ ကျိုတိုမှာရှိတဲ့ နာမည်ကြီး ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှေစ် စာရင်းဝင် နေရာတစ်နေရာဖြစ်ပြီးတော့ ချယ်ရီပန်းပွင်တဲ့ ရာသီရောက်ရင်တော့ Nijo ရဲတိုက် အတွင်းမှာ ညဘက်ကို မီးထွန်းပြီးတော့ ချယ်ရီပန်းတွေကိုပြသလေ့ရှိပါတယ်။ Sakura Theme နဲ့အတူ မတ်လ ၈ ရက်နေ့ကနေပြီးတော့ ဧပြီလ ၇ရက်နေ့အထိ ၃၁ရက်ကြာကျင်းပမှာဖြစ်ပါတယ်။ 

ဝင်ကြေးလက်မှတ်တွေကတော့ 

တနင်္လာ - ကြာသပတေး 

  • လူကြီး - ၂၀၀၀ ယန်း

  • မူလတန်းကလေး - ၁၂၀၀ ယန်း

သောကြာ၊စနေ၊တနင်္ဂနွေ 

  • လူကြီး - ၂၄၀၀ 

  • ကလေး - ၁၆၀၀

ဒီဆောင်းပါးမှာဆိုရင် နွေဦးရာသီရောက်ရင် ကြည့်ရှုခံစားနိုင်မယ့် 夜桜 (Yozakura) အကြောင်းနှင့် ညာဘက် ဆာကူရာနာမည်ကြီးတဲ့နေရာတွေအပြင် ပွဲတွေအကြောင်းကိုဖော်ပြလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ညဘက် ချယ်ရီပန်းကြည့်ခြင်း‌အကြောင်းနှင့် ညဘက်ချယ်ရီပန်းကြည့်ပွဲတော်များ (Yozakura)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ