ဆာကူရာပန်းကြည့်ရင်းဖူးနိုင်မယ့် ဂျပန်ဘုရား ၄ ဆူ

ဆာကူရာ ရာသီလဲရောက်ပြီ ဆိုတော့ ဂျပန်နိုင်ငံတဝိုက်မှာ ဆာကူရာပန်းတွေ ဝေဝေဆာဆာ ပွင့်နေပါပြီ။ ဆာကူရာ ရာသီက‌တော့ မတ်လ အစမှ ဧပြီလအတွင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘုရားလဲ ဖူးရင်း၊ ဆာကူရာလဲ ကြည့်နိုင်မယ့် ဂျပန်ပြည်တွင်းက ဘုရား ၃ ဆူကို ဖော်ပြလိုက်ပါတယ်။ ဘုရားတွေရဲ့ တည်နေရာနဲ့ ဆာကူရာ ကြည့်နိုင်မယ့် နေ့ရက်၊ အချိန်အခါတွေကို တခါတည်းဖော်ပြလိုက်ပါတယ်။ 

မာတိကာ

ဆာကူရာ ဘုရား (နာရ)

ဘုရားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်များ

ဆာကူရာဘုရားကတော့ ဂျပန်နိုင်ငံရဲ့ ‌ ဗုဒ္ဓဘာသာ စတင် ထွန်းကားရာနေရာလို့လဲဆိူရမှာပါ။ နာရမြိူ့မှာဆိုရင် ဘုရားကျောင်းတွေ၊ ဗုဒ္ဓရုပ်ပွားတော် တွေလဲ အများပြားတည်ရှိတဲ့နေရာလဲ ဖြစ်ပါတယ်။ ပထမဆုံ မိတ်ဆက် ပေးချင်တဲ့ ဘုရားကလဲ နာရမြိူ့မှာရှိတဲ့ ဘုရားကျောင်း Tsubosaka Dera 

 ဆိုတဲ့ ဘုရားကျောင်းမှာရှိတဲ့ ဘုရားပဲ ဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာရှိတဲ့ ဆာကူရာ ဘုရား လို့အမည်တွင်တဲ့ ဘုရားဟာ ဆာကူရာပွင့်ချိန်ရောက်ရင် ဂျပန် တနိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုရလောက်အောင် ဘုရားပတ်ဝန်းကျင် တစ်ခုလုံး ဆာကူရာတွေနဲ့ ဝန်းရံလို့နေပါတယ်။ နောက်ပြီး ဘုရားရဲ့ အနီးနားမှာ နည်းနည်းမြင့်တဲ့ စင်ရှိလို့ ဒီစင်ပေါ် ကနေပြီးတော့ ဘုရားနဲ့ ဆာကူရာ ကို လှမ်း ပြီးတော့ ကြည့်ရှုနိုင်ပါသေးတယ်။ ဒီလို ဆာကူရာပန်းပွင့်ချိန်မှာတော့ ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ဘုရားနဲ့ ဆာကူရာ ပန်းပုံတွေ တော်တော် တွေ့ရပါတယ်။ ဒီဘုရားက မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါတွေပျောက်ကင်းတယ်လို့လဲ ပြောကြပါတယ်။ ဆာကူရာ ရာသီ တစ်ခုတည်းမဟုတ်ဘဲ တနှစ်ပတ်လုံး ပွဲတော်တွေ ကျင်းပလေ့ရှိတဲ့ ဘုရားကျောင်းလဲ ဖြစ်ပါတယ်။ 

ဘုရားကိုဘယ်လိုသွားမလဲ 

ဒီဘုရားကတော့ နာရမြို့ရဲ့ Tsubosaka Dera  ဘုရားကျောင်း ထဲမှာရှိပါတယ်။ Tsubosaka Dera ဘုရားကျောင်းကတော့ Tsubosakayama Station ကနေပြီးတော့ လမ်းလျှောက် မိနစ် ၄၀ခန့်ဖြစ်ပြီး၊ ဘတ်စကား တဆင့်စီးပါက ၁၀ မိနစ်ခန့်နဲ့ သွားရောက်နိုင်ပါတယ်။ ဘုရားဖွင့်ချိန်ကတော့ မနက်ပိုင်း ၈နာရီခွဲကနေ ညနေ ၅နာရီအထဲ ဖြစ်ပါတယ်။ ဘုရားဝင်ကြေးတွေကတော့ လူကြီး ယန်း ၆၀၀၊ ကလေး ယန်း ၁၀၀ ဖြစ်ပြီး ၅ နှစ်‌အောက်ကလေးတွေကတော့ ဝင်ကြေးအခမဲ့ပါ။ 

ဆာကူရာ ပွင့်ချိန် ညဘက် မီးထွန်း ပြသ 

ဆာကူရာပွင့်တဲ့အချိန်ရောက်ရင် တော့ ညဘက်မှာသီးသန့် မီးထွန်းပြီး ပြသလေ့ရှိပါတယ်။ ယခု နှစ်မှာတော့ မတ်လ ၂၅ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ မီးထွန်းပြီးပြသခဲ့ပါတယ်။ ဆာကူရာ ဘုရားတစ်ခုတည်းမဟုတ်ဘဲ ဘုရားကျောင်းတကျောင်းလုံး မီးထွန်းပြသပါတယ်။ နောက်ဆုံးအချိန်က‌တော့ ည ၈ နာရီအထိဖြစ်ပါတယ်။ 

ကာမာကူရာ ဘုရား (ကာမာကူရ)

ကာမာကူရာ ဘုရားကတော့ သီးသန့်မိတ်ဆက်ပေးစရာ မလိုလောက်အောင် မြန်မာလူမျိူးတွေကြားထဲမှာ နာမည်ကြီးတဲ့ ဘုရားတစ်ဆူပါ။ ကိုလိုနာ ဖြစ်ပြီးကတည်းက ဘုရားတွင်းဝင်ရောက်လေ့လာဖို့ကို ကန့်သတ်ထားပေမယ့် ၂၀၂၃ ခုနှစ်ကနေပြီးတော့ ဘုရားတွင်းဝင်ရောက်ပြီးလေ့လာနိုင်ပါတယ်။ ဘုရားတွင်းဝင်ဖို့ကလဲ ယန်း ၅၀ သာ ကျသင့်မှာ ဖြစ်ပါတယ်။ ကာမာကူရာဘုရား သမိုးကြောင်းနဲ့ ပတ်သက်ပြီး ပိုပြီး သိချင်ရင် တော့ ဂျပန်နိုင်ငံရောက်ရင်သွား‌ရောက်ဖူးမြော်သင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်များမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ ကာမာကူရာ ဘုရားကြီးမှာတော့ ဆာကူရာ ပန်းတွေကို ဘုရားရဲ့ ဘေးဘယ်ညာဘက်မှာ တွေ့နိုင်ပါတယ်။ ပန်းပွင့်တဲ့အချိန်ကတော့ မတ်လ ကုန်လောက်ကနေပြီးတော့ ဧပြီလ အစပိုင်းလောက်ထိဖြစ်ပါတယ်။ 

ကာမာကူရာ နားတဝိုက်မှာတော့ ကာမာကူရာ ဘုရားအပြင် တခြားနာမည်ကြီးတဲ့ပန်းကြည့်တဲ့နေရာတွေ လဲ အများကြီးရှိပါတယ်။ 

Ushiku ရပ်တော်မူဘုရား (အီဘရခီခရိုင်)

Ushiku ရပ်တော်မူဘုရား ကတော့ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ရုပ်ပွားတော် ဖြစ်ပါတယ်။ Ushiku ရပ်တော်မူဘုရားမှာတော့ တနှစ်ပတ်လုံး ရာသီအလိုက် လှပနဲ့ ရူခင်းတွေ ကိုခံစားကြည့်ရှုနိုင်ပါတယ်။ ဆာကူရာအချိန်မှာလဲ ဆာကူရာပန်းတွေကိုကြည့်ရင်း ဘုရားဖူးနိုင်မယ့် နေရာတနေရာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ညဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်နဲ့ ရုပ်ထုတော် ၁၀ ပါး ဆိုတဲ့ ဆောင်းပါးမှာလဲ Ushiku ရပ်တော်မူဘုရားအကြောင်းကို အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။ Ushiku ရပ်တော်မူဘုရား ရဲ့ ဆာကူရာပန်းကြည့်ဖို့အကောင်းဆုံးအချိန်ကတော့ နှစ်စဥ် ဧပြီလ မှာ ဖြစ်ပါတယ်။ဝင်ကြေးအနေနဲ့ကတော့လူကြီး ယန်း ၅၀၀၊ ကလေး ယန်း ၃၀၀ ဖြစ်ပါတယ်။ ဘုရားဝန်းတွင်းမှာတော့ ဆာကူရာပင်ပေါင်း ၄၂၀ ခန့်ရှိပြီး ဆာကူရာပန်းပွင့်ချိန်ဆို လူအများပြားလာရောက်လည်ပတ်လေ့ရှိကြပါတယ်။ 

Shurakuen ဘုရား (အအိချိခရိုင်)

Shurakuen ဘုရား ကတော့ အအိချီခရိုင်မှာရှိတဲ့ ဘုရားဖြစ်ပြီး ရှောဝ ဘုရင်ရဲ့ လက်ထပ် ထိမ်းမြားတဲ့ အထိမ်းအမှတ်အနေနဲ့ ၁၉၂၇ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘုရားရဲ့ ညဏ်တော် ကတော့ ကာမာကူရာဘုရားကြီးထက်ပိုပြီးတော့ မြင့်ပါတယ်။ ဘုရားကြီးတည်ရှိရာ တိုကိုင်မြို့ရဲ့ ယဥ်ကျေးမှု အမွေအနှစ် တစ်ခု အဖြစ် သတ်မှတ်ထားခံထားရပါတယ်။ ဘုရားဝင်ကြေးကလဲ အခမဲ့ ဖြစ်ပါတယ်။ ဘုရားကြီးကိုတော့ နာဂိုရာ ဘူတာကနေတဆင့် Shurakuen ဘူတာအထိသွားပြီး လမ်းလျှောက် ၅ မိနစ် လောက်နဲ့ သွားရောက်နိုင်ပါတယ်။ 

ဘုရားကြီးရဲ့ ပတ်ဝန်းကျင်မှာတော့Shurakuen ဆိုတဲ့ ပန်းခြံကြီးရှိပါတယ်။ ဆာကူရာ ပွင့်တဲ့အချိန်မှာလဲ ဆာကူရာကိုခံစားပြီ ဘုရားဖူးမြော်နိုင်ပါတယ်၊။ Shurakuen ဆိုတဲ့ ပန်းခြံမှာတော့ ဂျပန်စတိုင်လ် ဥယျာဥ် လဲရှိတာမို့ ဂျပန်စတိုင်ကိုအပြည့်ဝ ခံစားလို့ရနိုင်တဲ့ နေရာ တနေရာလဲ ဖြစ်ပါတယ်။ 

အကျဥ်းချုပ် 

ဒီ‌ဆောင်းပါးမှာတော့ ဂျပန်ပြည်တွင်းမှာရှိတဲ့ ဆာကူရာပန်းတွေ ကြည့်ရင်း ဘုရားဖူးနိုင်မယ့် ဘုရား ၄ ဆူကိုဖော်ပြခဲ့ ပါတယ်၊ တချို့ဘုရားတွေက ဝင်ကြေးရှိပေမယ့် တချို့ဘုရားတွေကတော့ အခမဲ့ဖြစ်ပါတယ်။ နောက်ပြီး ဘုရားတွေအကုန်လုံးက ရှေးဟောင်းဘုရားတွေ ဖြစ်ပြီး သမိုင်းကြောင်းအဆင်အလာရှိတဲ့ ဘုရားတွေ ဖြစ်တာမို့ ဆာကူရာလဲကြည့်မယ် ဘုရားလဲဖူး ကုသိုလ်ယူချင်တဲ့ သူတွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဆာကူရာပန်းကြည့်ရင်းဖူးနိုင်မယ့် ဂျပန်ဘုရား ၄ ဆူ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ