ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းက အဆောင်တွေကို ဘယ်လို ဝယ်မလဲ။

ဂျပန်ဘုရားကျောင်းတွေကိုသွားရင်တော့ အဆောင်တွေကိုရောင်းနေတာ တွေမြင်ရမှာပါ။ တခါတလေဆို အဆောင်အမျိုးအစားတွေ စုံလှပြီး ဘယ်အဆောင်ကိုဝယ်ရမလဲ ရှုပ်ထွေးပြီး ဝယ်ချင်ပေမယ့် မဝယ်လိုက်ရတဲ့အချိန်တွေလဲရှိမှာပါ။ ဒီဆောင်းပါးမှာတော့ အဆောင်တွေက ဘယ်လိုနေရာမှာအသုံးဝင်လဲ။ ဘယ်လိုမျိုး ထိရောက်မှု၊ ကျိုးသက်‌ရောက်မှုတွေရှိလဲ။ အဆောင် အမျိုးအစားတွေဘယ်နှမျိုးရှိလဲ ဆိုတဲ့အကြောင်းတွေကိုဒီ‌ဆောင်းပါးမှာ ရှင်းပြသွားပါ့မယ်။

မာတိကာ

အဆောင်တွေရဲ့ သမိုင်းကြောင်း

အဆောင်အကြောင်းမပြောခင် ဒီအဆောင်တွေကဘယ်လိုအရာတွေကနေဖြစ်ပေါ်လဲဆိုတဲ့ ဆောင်ပါးကနေ စတင်လိုက်ကြရအောင်။ ရှေးယခင်တုန်းကတော့ အဆောင်တွေကို မကောင်းမှုတွေကို ဖယ်ရှာဖို့၊ ရှောင်ကြဥ်ဖို့အတွက် အသုံးပြူလေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ တစ်ခုခုကိုအောင်မြင်အောင် လုပ်နိုင်ဖို့ ဥပမာ စာမေးပွဲအောင်ဖို့၊ အချစ်ရေးအိမ်ထောင်ရေးကံကောင်းနိုင်ဖို့ အစသဖြင့် ကံကောင်းမှုတွေကိုဆောင်ယူလာပေးမယ့် အရာအဖြစ် ဂျပန်လူမျိုးတွေအသုံးပြုလာကြပါတယ်။ ဂျပန်မှာလဲ ဒီအဆောင်ပစ္စည်းတွေက ဗုဒ္ဓဘာသာကနေတဆင့် ဆင်းသက်လာတဲ့အရာတွေဖြစ်ပါတယ်။ ဘုရားကျောင်းတွေ၊ နတ်ကွန်းတွေကိုသွားရင် အဆောင်ပစ္စည်း အမျိုးမျိုးတွေ့နိုင်ပါတယ်။ စာပေပြားတွေ၊ ချိတ်ဆွဲထားလို့ရတဲ့ အဆောင်လေးတွေ၊ နောက်ပြီး ဆုတောင်းတွေကိုရေးပြီး ချိတ်ဆွဲထားလိူ့ရတဲ့ ema ဆိုတဲ့ သစ်သား ပြားလေးတွေကိုတွေ့မြင်နိုင်မှာပါ။ ဒီဆောင်းပါးမှာတော့ အဓိကအားဖြင့် Omamori လို့ခေါ် တဲ့အဆောင်တွေအကြောင်းပြောပြသွားပါ့မယ်။ 

ဘုရား‌ကျောင်းမှာတွေ့ရတဲ့အဆောင်အမျိုးအစား

မြန်မာလူမျိုးတွေအတွက်ကတော့ အဆောင်တွေဆိုတာ သိပ်ပြီး ထူးဆန်းတဲ့အရာ၊ စိမ်းတဲ့အရာ မဟုတ်လို့ အရမ်းရှင်းပြစရာလိုမယ်မထင်ပါ၊ မြန်မာမှာလဲ အဆောင်ပစ္စည်းတွေကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြူနေကြသလိုမျိုး ဂျပန်မှာလဲ အတူတူပင်ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတွေရောက်ရင တစ်ခု မတူတာက အဆောင်တွေအမျိုးအစားများလွန်းလို့ ဘယ်တစ်ခုကိုဝယ်ရမလဲဆိုတာ ဒုက္ခရောက်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အဆောင်အမျိုးအစားတွေကို သေချာသိပြီးကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အဆောင်တွေကို ဝယ်နိုင်အောင် ဒီမှာပြောပြသွားပါ့မယ်။

အချစ်ရေးနဲ့ပတ်သက်တဲ့အဆောင် 

အချစ်ရေးနဲ့ပတ်သက်တဲ့အဆောင်တွေကတော့ 

  • 恋愛成就 (れんあいじょうじゅ)တဖက်သတ်သဘောကျရတဲ့သူနဲ့ အဆင်ပြေလာစေဖို့။ 

  • 縁結び (えんむすび)လက်ရှိ တွဲနေတဲ့ ချစ်သူနဲ့ပိုပြီးအဆင်ပြေစေဖို့။ 

ဆိုတဲ့ အဆောင် ၂ မျိူးရှိပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့အဆောင်

ကျန်းမာရေးနဲ့ပတ်သက်တဲ့အဆောင်အမျိုးအစားတွေကတော့ 

  • 健康祈願 (けんこうきがん) ‌ရောဂါအပေါင်းကင်းဝေးပြီး နေစဥ် ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်စေဖို့။ 

  • 病気平癒 (びょうきへいゆ)လက်ရှိခံစားနေရတဲ့ရောဂါဝေဒနာတွေပျောက်ကင်းသက်သာစေဖို့အတွက်။

  • 長寿祈願  (ちょうじゅきがん)အသက်ရှည်ကျန်းမာစေဖို့အတွက်။

စတဲ့အဆောင်တွေရှိပါတယ်၊ အဆောင်တွေမှာတော့ စာလုံးလေးတွေရေးထားတာမို့ ဝယ်တဲ့အခါ စာလုံးလေးတွေကိုသေချာ ကြည့်ပြီးဝယ်ရင် အဆင်ပြေပါတယ်။ 

ဝင်ငွေနဲ့ပတ်သက်တဲ့ အဆောင်များ

  • 金運上昇 (きんうんじょうしょう)ဝင်ငွေ တွေများများဝင်လာနိုင်ဖို့အတွက်။

  • 商売繁盛 (しょうばいはんじょう)‌အရောင်းအဝယ် စီးပွားရေးလာဘ်လာဘ ကောင်းမွန်စေရန်အတွက်။ 

ပညာရေးနဲ့ပတ်သက်တဲ့ အဆောင်များ

  • 合格祈願 (ごうかくきがん) စာမေးပွဲတွေ အခက်အခဲမရှိအောင်မြင်လာနိုင်စေရန်။ 

  • 学業成就 (がくぎょうじょうじゅ)ပညာ‌ရေးမှာအောင်မြင်တိုးတက်ပြီး စာကျက်ရတာ အဆင်ပြေလာစေရန်။

ကလေး၊ ကိုယ်ဝန်နဲ့ပတ်သက်သောအဆောင်များ

  • 子授祈願 (こさずけきがん)ကလေးလိုချင်တဲ့အချိန်မှာ ကလေးဆုတောင်းတဲ့အဆောင်။

  • 安産祈願 (あんざんきがん)အန္တာရာယ်ကင်းကင်းနဲ့ကလေးမီးဖွားနိုင်စေရန်။ 

မကောင်းမှုတွေကိုဖယ်ရှားပေးတဲ့အဆောင်များ

  • 厄除け (やくよけ)မကောင်းမှုတွေကိုဖယ်ရှားပေးတဲ့အဆောင်။ 

  • 方位除け (ほういよけ)အဆိုးအညံ့တွေ၊ ကံနိမ့်မှုတွေကနေ လွှတ်မြောက်အောင် ကာကွယ်ပေးတဲ့ အဆောင်။

  • 開運除災 (かいうんじょさい) ကံနိမ့်တဲ့နှစ်တွေမှာ ကာကွယ်ပေးတဲ့ အဆောင်။ 

အန္တာရာယ်ကင်းစေတဲ့အဆောင်များ

  • 交通安全 (こうつうあんぜん)ယာဥ်၊ လမ်းကြောင်း စတဲ ဘေးဒုက္ခကနေ ကင်းဝေစေဖို့။ 

  • 家内安全 (かないあんぜん)အိမ်တွင်း မိသားစု အန္တာရယ်ကင်း ပျော်ရွှင်စေဖို့။ 

  • 旅行安全  (りょこうあんぜん)ခရီးတွင်း အန္တာရာယ် ကင်းဘေးရှင်းစေဖို့အတွက်။ 

ယနေ့ခေတ်မှာဆိုရင် IT နဲ့ပတ်သက်ပြီး လုံခြူံစိတ်ချကာကွယ်ပေးတဲ့ အဆောင်တွေလဲရှိပါတယ်။ 

အဆောင်အမျိုးအစားအပေါ်မူတည်ပြီး ဘယ်နေရာမှာထားကြမလဲ 

ဂျပန်လူမျိုးတွေက အဆောင်ကိုအမြဲတမ်းအပြင်ယူသွားလေ့ရှိ။

ကျွန်တော် တို့မြန်မာ နိုင်ငံမှာတော့ အဆောင်တွေကိုဆို ဘုရားစင်တွေပေါ်မှာ ပဲဖြစ်ဖြစ်၊ အိမ်က မြတ်နိုးတန်ဖိုးထားရတဲ့ နေရာတွေမှာ သိမ်းဆည်းတဲ့သူတွေများပြားလိမ့်မယ်လို့ထင်ပါတယ်။ ဂျပန်လူမျိုးတွေကတော့ အဲလို မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ် ဂျပန်ိနိုင်ငံရဲ့ လူပေါင်း ၃၆၇ ယောက်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရဆိုရင် ဖြေဆိုသူရဲ့ တဝက်ကျော် ၆၀% က အပြင်သွားတိုင်းယူဆောင်လျက်ရှိတယ်လို့ဖြေကြားခဲ့ကြပါတယ်။ ဒါဆို အပြင်သွားတိုင်းဘယ်နေရာတွေမှာ သိမ်းပြီးယူဆောင်လေ့ရှိလဲ ဆိုတာကိုကြည့်ကြည့်ရအောင်။ 

အဆောင် အမျိုးအစားအပေါ် လိုက်ပြီး ဘယ်လို သိမ်းထားရင် ပိုပြီး အကျိုးရှိမလဲ ဆိုတာကို ပြောပြသွားပါ့မယ်။ 

အချစ်ရေးတဲ့ပတ်သက်တဲ့ အဆောင်တွေကိုတော့ လူမြင်တဲ့နေရာတွေမှာထားရင် ရှက်တဲ့သူတွေအတွက် လွယ်အိတ်တွေထဲမှာပဲ ဖြစ်ဖြစ်၊ လူသိပ်မမြင်ပဲ သေသေချာချာ သိမ်းထားနိုင်တဲ့ နေရာတွေမှာ သိမ်းထားဖို့လိုအပ်ပါတယ်။

ပညာရေးတဲ့ပတ်သက်တဲ့အဆောင်တွေကိုတော့ အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ ဘောပင် ထည့်တဲ့အိတ်၊ ကျောပိုးအိတ်၊ စတဲ့ နေရာတွေမှာ သိမ်းထားသင့်ပါတယ်။ နောက်ပြီး စာကြည့်စားပွဲ စတဲ့နေရာတွေမှာ လဲ သိမ်းထားရင် သင့်တော်တယ် လို့ပြောကြပါတယ်။ 

ဝင်ငွေနဲ့ပတ်သက်နဲ့အဆောင်တွေကိုတော့ ပိုက်ဆံအိတ်တွေထဲမှာ ထည့်ထားရင် ‌ငွေဝင်တယ်ဆိုတဲ့အယူအဆ ရှိပါတယ်။

သွားရေးလာရေး အန္တာရယ်ကင်းစေတဲ့ အဆောင်တွေကိုတော့ သွားလေရာ အမြဲဆောင်ပြီး အပြင်ထွက်တိုင်းယူသွားလေ့ရှိတဲ့ ပစ္စည်းတွေနဲ့ အတူတူဆောင်ရင်ကောင်းပါတယ်။ 

ဘယ်အဆောင်ပဲဖြစ်ဖြစ် အဆောင်ကိုစောင့်တဲ့ နတ်၊ အဆောင်ကိုလေးစားပြီး အဆင်ပြေတဲ့ နေရာမျိုးမှာ သိမ်းထားဖို့အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အဆောင်ဝယ်ပြီးရင် အဆောင်ကိုလေးလေးစားစားနဲ့ သန့်သန့်ရှင်းရှင်း အသုံးပြုဖို့အရေးကြီးပါတယ်။

အဆောင်တွေက စျေးဘယ်လောက်လောက်ရှိလဲ

အဆောင်စျေးတွေကတော့ သတ်တမှတ်တည်းမရှိပါဘူး။ ဘုရားကျောင်း၊ နတ်ကွန်းတွေအပေါ်မူတည်ပြီးကွာခြားနိုင်ပါတယ်။

ပျှမ်းမျှ အဆောင်စျေး ဘယ်လောက်လောက်ရှိနိုင်လဲ ဆိုတာကို ဘုရားကျောင်း ၅ ကျောင်းရဲ့ အဆောင်းစျေးတွေကို ကြည့်ကြည့်ရအောင်။

  • Kita Tenmangu ဆိုတဲ့ နတ်ကွန်းမှာတော့ အဆောင် အမျိုးအစားအားလုံး ဂျပန်‌ငွေ ယန်း ၁၀၀၀ ကျသင့်ပါတယ်။

  • Yasaka Jinja ဆိုတဲ့ နတ်ကွန်းမှာလဲ အမျိုးအစားအားလုံး ဂျပန်‌ငွေ ယန်း ၁၀၀၀ ကျသင့်ပါတယ်။

  • Fushimiinaritaisha ဆိုတဲ့ နတ်ကွန်းမှာ‌တော့ အရွယ်အစား၊ အမျိုးအစားအပေါ်မူတည်ပြီး ယန်း ၁၀၀၀၊ ၁၂၀၀ အမျိုးမျိုးရှိပါတယ်။

  • Sensoji  ဆိုတဲ့ ဘုရား‌ကျောင်းမှာတော့ မျိုးအစားအားလုံး ဂျပန်‌ငွေ ယန်း ၁၀၀၀ ကျသင့်ပါတယ်။

  • Seimei Jinja  ဆိုတဲ့ နတ်ကွန်းမှာတော့ အမျိုးအစားမျိုးစုံ ယန်း ၁၂၀၀ ကျသင့်ပါတယ်။ 

ဒီလို စျေးတွေကိုကြည့်ရင် အဆောင်တွေကတော့ ပျှမ်းမျှ ၁၀၀၀ ယန်းလောက်ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင်တော့ ၁၆၀၀၀ ကျပ် လောက်ရှိပါတယ်။ ငွေကြေးလှဲနှုန်းအပေါ်မူတည်ပြီးတော့ စျေးနှုန်းတော့ အပြောင်း အလဲရှိနိုင်ပါတယ်။

အဆောင်တွေမှာ သက်တမ်းရှိလား

ပုံမှန်တော့အဆောင်တွေမှာ သက်တမ်းမရှိပါဘူး။ ဒါပေမယ့် ၁နှစ် တကြိမ် လဲလှယ် ကြတဲ့သူတွေ များပြားကြပါတယ်။ တနှစ်ကြာသွားရင် အာနိသင် ကုန်သွားတယ် လို့ ပြောလေ့ရှိကြပါတယ်။ အဲဒါဆို ဟောင်းသွားတဲ့ အဆောင်တွေကို ဘယ်လိုပစ်ကြမလဲ။ အပေါ်မှာ ပြောခဲ့သလိုပဲ အဆောင်တွေကို သေသေချာချာ သိမ်းဆည်းလာပြီး ဟောင်းသွားမှ အမှိုက်ပုံထဲ ပစ်ချရင်လဲ အဆင်မပြေပါဘူး။ ဒါဆို ဘယ်လိုနေရာတွေမှာ ပစ်မလဲ။ အကောင်းဆုံးနည်းလမ်းကတော့ အနီးနားက ဘုရားကျောင်းတွေ၊ နတ်ကွန်းတွေမှာ ပြန်လည်အပ်လို့ရတဲ့နေရာတွေရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ နှစ်သက်ကူးပြီး နောက် ဒီလိုပြန်အပ်ထားတဲ့အဆောင် ဟောင်းတွေကိုစုပြီး မီးရှို့တဲ့အလေ့အထ လဲရှိပါတယ်။ အချိန်အဆင်မပြေပါက နတ်ကွန်းတွေမှာ お焚き上げ,古神札納め所 古神札納め所 အစသဖြင့်ရေးထားတဲ့နေရာတွေမှာ အလွယ်တကူ ပစ်နိုင်ပါတယ်။

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းက အဆောင်တွေကို ဘယ်လို ဝယ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ