ဂျပန်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မတ်တပ်ရပ်စားသောက်ခြင်း(Stand-up-eating and Stand-up-drinking in Japan)

ဂျပန်နိုင်ငံ၏ယဥ်ကျေးမှု၊ ဓလေ့ထုံးစံများသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး၊ ဂျပန်လူမျိုးများသည် ရှေးယခင်ကတည်းက အပြုအမူ၊ ယဥ်ကျေးမှုများကို ယနေ့ထိတိုင် ထိန်းသိမ်းဆဲ ဖြစ်ပါတယ်။ ထိုသို့သော ယဥ်ကျေးမှု၊ အပြုအမူများစွာထဲမှ မတ်တပ်ရပ်စားခြင်း၊ မတ်တပ်ရပ်အရက်သောက်ခြင်းနှင့် ပတ်သက်ပြီး မိတ်ဆက်ပေးချင်ပါတယ်။

မတ်တပ်ရပ်စားခြင်း(立ち食い)

ဂျပန်လို 立ち食い(tachigui)လို့ မတ်တပ်ရပ်စားလို့ရတဲ့ဆိုင်တွေမှာ ပုံမှန်အားဖြင့် ထိုင်ခုံ၊စားပွဲများမရှိပါ။ စားသောက်သူဧည့်သည်များသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာပါက မတ်တပ်ရပ်ပြီး စားကြရပါတယ်။ များသောအားဖြင့် ဘူတာရုံအတွင်းတွင် ထိုဆိုင်အများစုကိုတွေ့ရပါတယ်။ မတ်တတ်ရပ်ပြီး စားသောက်နိုင်တဲ့ ဂျပန်ခေါက်ဆွဲဆိုင်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မြန်မြန်စားပြီး မြန်မြန်သွားနိုင်အောင် စျေးသက်သက်သာသာဖြင့် ဘူတာရုံအတွင်းတွင် ဆိုင်များဖွင့်လှစ်၍ရောင်းချလေ့ရှိပြီး၊ ယခုနောက်ပိုင်းမှာတော့ အသားကင်ဆိုင်၊ ဆူရှီဆိုင် ၊Steak ဆိုင်များနှင့် အနောက်ဥရောပစားသောက်ဆိုင်များ တနေ့တခြားများပြားလာပါတယ်။ ထိုဆိုင်အများစု သည် ပုံမှန်ထက်စျေးနှုန်းလည်းသက်သာပြီး၊ အမြန်ရနိုင်သောကြောင့် ဂျပန်နိုင်ငံတွင်လူကြိုက်လည်းများပါတယ်။ နေ့ခင်းနေ့လည်ထမင်းစားချိန်များတွင် အလွန်ရောင်းရပြီး၊ ကုမ္ပဏီ၊ရုံးများပေါများသောနေရာများတွင် ထိုဆိုင်များကိုတွေ့ရလေ့ရှိပါတယ်။ ဟိုတယ်၊ခန်းမများတွင် ကျင်းပလေ့ရှိသော ကုမ္ပဏီ၊ ရုံးများ၏ အခမ်းအနားများတွင်လည်း မတ်တပ်ရပ်၍ စားရသော ဘူဖေးစတိုင်ဖြင့် ဟင်းပွဲများကို တည်ခင်းလေ့ရှိပါတယ်။

မတ်တပ်ရပ်သောက်ခြင်း(立ち飲み)

ဂျပန်လို 立ち飲み(tachinomi)လို့ မတ်တပ်ရပ်သောက်လို့ရတဲ့ဆိုင်တွေကိုလည်း ဂျပန်နိုင်ငံတဝှမ်းရှိ နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ထိုအရက်ဆိုင်အများစုမှာ အကင်များနှင့် အမြန်ရရှိနိုင်သော အမြည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချကြသောကြောင့် လူကြိုက်များပြီး၊ အလွန်ရောင်းအားကောင်းသောဆိုင်များဖြစ်ပါတယ်။ အမြဲတစေလူပြည့်နေတတ်သောဆိုင်များ ဖြစ်ပါတယ်။ ထိုသို့မတ်တပ်ရပ်ပြီး သောက်လို့ရသော အရက်ဆိုင်များမှာ အဲဒိုခေတ်မှစတင်ခဲ့ပြီး ယနေ့အထိ ဆက်လက်ရှင်သန်နေသော ဂျပန်ရိုးရာယဥ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ တချို့သောဆိုင်များမှာ စာရင်းမှတ်ထား၍ ကျသင့်ငွေကိုဆိုင်မှထွက်ခွာသောအခါ ပေးချေရပြီး၊ အချို့သောဆိုင်များမှာ ဆိုင်ဝန်ထမ်းမှ ဟင်းပွဲတစ်ခါလာချတိုင်း၊ သောက်စရာတစ်ခွက်လာပေးတိုင်း ရှင်းရသည့် ဆိုင်များလည်းရှိပါတယ်။ 

ဘာကြောင့်ထိုသို့စားသောက်ခြင်းကိုနှစ်ခြိုက်ကြတာလဲ။

ဂျပန်လူမျိုးများသည် အပြင်စာစားခြင်း၊ စားသောက်ဆိုင်များတွင်စားခြင်းကို အလွန်ခုံမင်သောသူများဖြစ်ပါတယ်။ ထို့ကြောင့် အလုပ်ပြန်ချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် စားသောက်ခြင်း၊ ပိတ်ရက်များတွင်မိသားစုဖြင့် သွားရောက်၍ စားသောက်ခြင်းများပြုလုပ်လေ့ရှိပါတယ်။ ထိုမတ်တပ်ရပ်၍ စားသောက်နိုင်သောဆိုင်များတွင်မူ မိသားစုနှင့် သွားရောက်စားသောက်သည်ထက် အလုပ်သွားသောနေ့များတွင်နေ့ခင်းထမင်းစားချိန်မှာတိုတောင်းသောကြောင့် အစားအသောက် အမြန်ရနိုင်သောကြောင့်သော်၎င်း၊ စျေးသက်သာ၍သော်၎င်း တစ်ယောက်တည်းစားသူများပြားပါတယ်။ မတ်တပ်ရပ်၍သောက်နိုင်သောဆိုင်များတွင်မူ တနေကုန်ရုံးများတွင် ထိုင်၍အလုပ်လုပ်ရသောကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက်မတ်တပ်ရပ်၍ သောက်ခြင်း၊ မတ်တပ်၍သောက်ပါက မိမိအမူးလွန်၊မလွန်ကို အလွယ်တကူသိနိုင်သောကြောင့် အဆင်ပြေခြင်း၊ စျေးနှုန်းသက်သာခြင်းများကြောင့် ကုမ္ပဏီဝန်ထမ်းများ အလွန်သဘောကျသော ဆိုင်များဖြစ်ပါတယ်။

ဂျပန်ရဲ့မုန့်အချိုများနှင့်မုန့်ပဲသရေစာ(Japan traditional sweets)

ဂျပန်နိုင်ငံ၏လူကြိုက်အများဆုံးအစားအစာများ(Japanese Food)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်လူမျိုး၏နေ့စဉ်ဘဝ/ ဂျပန်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မတ်တပ်ရပ်စားသောက်ခြင်း(Stand-up-eating and Stand-up-drinking in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ