ဂျပန်ရဲ့မုန့်အချိုများနှင့်မုန့်ပဲသရေစာ(Japanese traditional sweets)

ဂျပန်မှာလည်းရိုးရာမုန့်များနဲ့ရာသီအလိုက်ပေါ်သောမုန့်များစွာရှိပါတယ်။နေရာဒေသအလိုက်မုန့်များစွာရှိပြီး၊ဂျပန်ရဲ့မုန့်များဟာကျန်းမာရေးနှင့်ညီညွတ်သောမုန့်များဖြစ်ပါတယ်။နိုင်ငံခြားသားခရီးသွားများသည်ခရီးသွားလာရာတွင်ဂျပန်ရဲ့နေရာဒေသအလိုက်မုန့်များကိုအမှတ်တရမုန့်များအဖြစ်ဝယ်ယူကြပါတယ်။နှစ်ပေါင်းများစွာကတည်းကပြုလုပ်ထားသောမုန့်များနှင့်ထိုမုန့်များကိုထုတ်လုပ်သောကုမ္မဏီများမှာလည်းနာမည်ကြီးပါတယ်။ဂျပန်မုန့်များဟာများသောအားဖြင့်ဆန်၊ဂျူံများဖြင့်ပြုလုပ်ထားသောမုန့်များပြားပြီး၊ဆီအနှစ်ပါသောမုန့်များကနည်းပါးပါသည်။ဂျပန်ရဲ့လက်ဖက်ခြောက်အရသာမုန့်များပြီး၊မုန့်များကိုကင်စားရသောမုန့်များလည်းအများအပြားရှိပါတယ်။

桜餅 Sakuramochi (မုန့်အချို)

တိုကျိုရဲ့စားစရာမုန့်တခုဖြစ်ပြီးမုန့်ညက်နှင့်အဖြူရောင်အမုန့်များရောစပ်ထားပြီး၊မုန့်ပေါ်ကဆာကူရာအရောင်ဖြင့်သုတ်လိမ်းထားပါတယ်။အပေါ်ကနေဆားနယ်ထားသောအရွက်ဖြင့်ဖုံးအုပ်ထားပါတယ်။ကျိုတိုမှာလည်းပုံစံတူမုန့်အမျိုးအစားရှိပြီး၊တိုကျိုဒေသမှာသုံးတဲ့ဆာကူရာရဲ့ပန်းအရောင်ကိုchomeijiလို့ခေါ်ပြီး၊ကျိုတိုရဲ့ဆာကူရောင်ပန်းအရောင်ကိုတော့domyojiလို့ခေါ်ပါတယ်။၁၈၃၀နှစ်ကတည်းကပေါ်ပေါက်လာခဲ့တဲ့မုန့်အမျိုးအစားတစ်ခုဖြစ်ပါတယ်။အဲဒိုခေတ်နောက်ပိုင်းတွင်ပိုမိုလူကြိုက်များလာသောစားစရာမုန့်တစ်ခုဖြစ်လာခဲ့ပါတယ်။အခုနောက်ပိုင်းနိုင်ငံခြားသားခရီးသွားများသည်ဂျပန်မုန့်များကအမှတ်တရစားစရာဝယ်ယူသွားဖြင့်ဝင်ငွေတိုးလာစေပါတယ်။

きんつば Kintsuba(ပဲပိစပ်မုန့်)

ပဲပိစပ်ကိုဂျုံမုန့်ဖြင့်ရောပြီးစတုရန်းတစ်ခုထဲထည့်ပြီးခပ်မာမာပြုလုပ်ရသောမုန့်တစ်မျိုးဖြစ်ပါတယ်။Kintsubaရဲ့ပြုလုပ်မှုမှာတိုကျိုနဲ့ကျိုတိုကြားပြုလုပ်ပုံအနည်းငယ်ကွာခြားပါတယ်။ကျိုတိုကစတင်ခဲ့သောမုန့်တစ်မျိုးဖြစ််ပြီး၊ငွေရောင်ပုံစံကြောင့်လူကြိုက်များခဲ့ပါတယ်။ပထမဦးဆုံးကဆန့်မုန့်ဖြင့်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာဂျုံမုန့်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နောက်ပိုင်းမှာရွေရောင်ပုံစံအဖြစ်ပြောင်းလဲလာကြပါတယ်။ဆီဖြင့်အနည်းငယ်သုတ်လိမ်းပြီး၊အတွင်းပိုင်းနဲ့ဘေးပတ်လည်ကိုသေချာသုတ်လိမ်းပြီးကျက်အောင်ကင်ပေးရပါတယ်။

あんみつ Anmitsu(အသီးများနဲ့ပြုလုပ်ထားသောမုန့်)

ချယ်ရီသီး၊ဌက်ပျော်သီးနဲ့IceCreamများနဲ့ရောနှောထားသောမုန့်တစ်မျိုးဖြစ်ပါတယ်။ဂျပန်စားသောက်ဆိုင်များနဲ့စတိုးဆိုင်များတွင်မှာအလွယ်တကူရနိုင်သောမုန့်တစ်မျိုးဖြစ်ပါတယ်။မဲအိဂျိခေတ်ပြီးအဆာကူဆာဘက်မှာနာမည်ကြီးခဲ့သောမုန့်တစ်မျိုးဖြစ်ပြီး၊ဆဝါယာမဒေသဘက်မှာနာမည်ကြီးသောမုန့်တစ်မျိုးဖြစ်ပြီး၊အခုအခါတိုကျိုရဲ့အုအဲနိုမှာရှိတဲ့Mitsubachiပင်ရင်းဆိုင်ကနေဖြန့်ပေးနေပါတယ်။ယခုလက်ရှိမှာတော့ဆာကူရာသီး၊လိမ္မော်သီးနှင့်အသီးများစွာ၊အရောင်များစွာနဲ့ပြုလုပ်ထားသောကြောင့်ဂျပန်လူမျိုးများကပန်းချီသဖွယ်တင်စားခေါ်ကြပါတယ်။

まんじゅう Manju(မုန့်လုံး)

ဂျုံနဲ့သကြား၊ငံပြာရည်၊ရေနဲ့ရောစပ်ပြီးပြုလုပ်ရသောမုန့်တစ်မျိုးဖြစ်ပါတယ်။ဖက်ထုပ်နဲ့ပြုလုပ်တဲ့ပုံစံတူညီပေမယ့်လည်း၊မီးဖြင့်ကင်စားရတဲ့မုန့်တစ်မျိုးဖြစ်ပါတယ်။အလွယ်တကူစားလို့ရတဲ့မုန့်တစ်မျိုးဖြစ်ပြီး၊ဂျပန်ရဲ့ဂွမ်းမဒေသမှာနာမည်ကြီးသောမုန့်တစ်မျိုးဖြစ်ပါတယ်။နိုင်ငံခြားခရီးသွားများအတွက်ဂွမ်းမဒေသရဲ့လမ်းညွန်စာအုပ်သလိုတင်စားခေါ်ရအောင်နာမည်ကြီးသောမုန့်တစ်မျိုးဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၏လူကြိုက်အများဆုံးအစားအစာများ(Japanese Food)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရဲ့မုန့်အချိုများနှင့်မုန့်ပဲသရေစာ(Japanese traditional sweets)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ