ラーメンဂျပန်အရသာခေါက်ဆွဲ(kinds of Ramen in Japan)

ရာမန်ကိုအစားများတာကတော့ကုမ္ပဏီဝန်ထမ်းတွေများပါတယ်။မြန်လည်းမြန်ပြီးအရသာရှိတဲ့အပြင်စျေးနှုန်းကလည်းယန်း၁ဝဝဝအောက်ဖြစ်ပါတယ်။ဆောင်းရာသီလိုအချိန်မျိုးမှာဟင်းရည်ပူပူနဲ့စားလို့ကောင်းပြီးအချို၊အစပ်အရသာမျိုးစုံရှိပါတယ်။ရှေးရိုးရာစားစရာတစ်ခုဖြစ်ပြီးဂျပန်လူမျိုးများရောနိုင်ငံခြားသားများပါလူကြိုက်များပါတယ်။ခေါက်ဆွဲအမျိုးအမည်များပြားပြီး၊နေရာဒေသလိုက်ပြီးကွဲပြားတဲ့ခေါက်ဆွဲများလည်းရှိပါတယ်။ခေါက်ဆွဲထဲမှာလည်းကျန်းမာရေးနဲ့ပတ်သက်တဲ့အသီးအနှံများလည်းပါရှိပါတယ်။ဂျပန်လူမျိုးအကြိုက်ခေါက်ဆွဲအေးများလည်းရှိတတ်ပါတယ်။တစ်ခါစားဖူးတိုင်းနောက်တစ်ကြိမ်ပြန်စားချင်လောက်တဲ့နိုင်ငံခြားသားများအကြိုက်ခေါက်ဆွဲအစပ်များရှိခြင်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။

ရာမန်စတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး

ရာမန်က၁၄၈၈ခုနှစ်မှာတရုတ်ခေါက်ဆွဲအနေနှင့်ဂျပန်နိုင်ငံကိုစဝင်လာပါတယ်တဲ့။ထိုစဉ်ကသိပ်မစားကြပေမဲ့၊ကမ္ဘာစစ်ပြီးခေတ်မှာတော့ဒေသတိုင်းလိုလိုအစားများလာပြီး၊ရာမန်ဆိုင်တွေလည်းပေါများလာတာပေါ့။ဒေသတိုင်းမှာတွင်ကျယ်လာတော့အရသာလည်းတဖြည်းဖြည်းကွဲလာတာဖြစ်ပါတယ်။ဂျပန်မှုပြုကာတွင်ကျယ်လာပါတယ်။နောက်ပိုင်း၁၉၅၈ခုနှစ်မှာအသင့်စားရာမန်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ဒေသတိုင်းမှာတော့မိမိဒေသရဲ့ဂုဏ်ယူဖွယ်ရာအရသာများတီထွင်လာကြပါတယ်။ဒေသတိုင်းလိုလိုကိုယ်ပိုင်အရသာနဲ့ပြုလုပ်လာကြပါတယ်။ဂျပန်အစားအစာလို့ပြောပါဆိုရင်ရာမန်ကလည်းမပါမဖြစ်အစားအစာတစ်ခုဖြစ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်ပြုလုပ်ထားတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။

ခေါက်ဆွဲအရသာများနဲ့ပတ်သက်ပြီး

ဒေသအလိုက်ခေါက်ဆွဲမျိုးစုံရှိတဲ့အပြင်၊ဟင်းရည်များကလည်းကွဲပြားပါတယ်။နေ့လည်ထမင်းစားချိန်မှာခေါက်ဆွဲစားကြတာများပါတယ်။ဆောင်းရာသီလိုအချိန်မျိုးမှာတန်းစီပြီးစားရလောက်အောင်အစားများကြပါတယ်။ရာသီဥတုအလိုက်ခေါက်ဆွဲအမျိုးအစားများရှိတတ်ပြီး၊စိတ်ဝင်စားစရာကောင်းလှတဲ့ခေါက်ဆွဲမီးနူးများလည်းရှိပါတယ်။ခေါက်ဆွဲရဲ့ဟင်းရည်အရသာတွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

(1)醤油ラーメン( shoyu ) ပဲငံပြာရည် အရသာ

(2)塩ラーメン ( shio ) ဆားအငန် အရသာ

(3)味噌ラーメン ( miso ) ပဲအနှစ် အရသာ

(4)豚骨ラーメン( tonkotsu ) ဝက်ရိုးပြုတ်အရသာ

နေရာဒေသအလိုက်ခေါက်ဆွဲအမျိုးအစားများ

ယိုကိုဟားမားရာမန်ရဲ့ထွန်းကိုဆုနှင့်ရှောယုအမျိုးအစားကတော့ထူးခြားချက်တော့ဝက်သားပြားနှင့်ခေါက်ဆွဲအမာဖြစ်ပြီး၊စွပ်ပြုတ်အပေါ့အငန်၊ခေါက်ဆွဲအမာအပျော့အရသာလေးလေးနှင့်ခေါက်ဆွဲခပ်မာမာ၊ဝက်သားတုံးကြီးကြီး၊ရေညှိဖတ်၊မုန်ညင်းချဉ်ပဲဖြစ်ပါတယ်။ခေါက်ဆွဲကိုကအရသာရှိပြီး၊စားလို့ကောင်းပါတယ်။ အရသာထဲမှာပုစွန်ခြောက်အရသာနဲ့အချိုအငန်ညှိထားပြီး၊ဝက်သားပြားနှင့်ကြက်သွန်မြိတ်၊ငရုပ်ကောင်း အရသာကစားလို့ကောင်းပါတယ်။တကရာမရာမန်ကတော့နေရာတိုင်းမှာမရှိပါဘူး။သူဒေသသွားမှစားရတဲ့ခေါက်ဆွဲမျိုးပါ။ပုံစံကတော့ရိုးရိုးလေးပါပဲ။ရှောယုစွပ်ပြုတ်ရည်၊အသား၊ကြက်သွန်မြိတ်၊မျှစ်ချဉ်၊နာရူတို၊ရိုးရိုးလေးဆိုပေမဲ့ခေါက်ဆွဲရဲ့ပင်ကိုယ်အရသာကိုကစားကောင်းပါတယ်။ကိတကတရာမန်ရှိအိုအမျိုးအစားကတော့ခေါက်ဆွဲသားထူပေမဲ့ ဆိုင်မှာသွားစားရင်တော့ နည်းနည်းသေးတဲ့ ခေါက်ဆွဲလည်း ရွေးလို့ရပါတယ်။ မငန်လွန်း မပေါ့လွန်းတဲ့ စွပ်ပြတ်ပါ။ အသားများများနှင့် ကြက်သွန်မြိတ်များများ ရောထားတဲ့ ရာမန်ပါ။အမျိုးအစားတွေကအရသာရှိပြီးစုံလင်လှပါတယ်။ဒီပြင်အရသာရှိတဲ့ခေါက်ဆွဲများလည်းရှိပါတယ်။

ဂျပန်နိုင်ငံနှစ်သစ်ကူးအစားအစာများ(Japanese famous food)

ဂျပန်မှလူကြိုက်များပြီးထူးဆန်းသောအစားအစာများ(Japanese food)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ラーメンဂျပန်အရသာခေါက်ဆွဲ(kinds of Ramen in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ