ဂျပန်မှလူကြိုက်များပြီးထူးဆန်းသောအစားအစာများ(Natto, Fugu, Baniku, Shirako, Unagi,Japanese food)

ဂျပန်မှာလူကြိုက်များပြီးထူးထူးဆန်းဆန်းအစားအစာအများကြီးရှိပါတယ်။နိုင်ငံခြားသားများအဖို့ဂျပန်ရောက်ရောက်ချင်းမှာစားလို့မရလောက်အောင်အစားအစာများစွာရှိပါတယ်။ငါးအစိမ်းလို့ခေါ်တဲ့ဆာရှိမိ၊ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာများကလည်းဂျပန်ကိုရောက်ရောက်ချင်းစားဖို့အဆင်မပြေပါဘူး။ဒါပေမယ့်နောက်ပိုင်းမှာတော့ဂျပန်အစားအစာကလတ်ဆတ်ပြီး၊ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအစာများဖြစ်ပါတယ်။ဆူရှိကဲ့သို့သောအစားအစာများကဲ့သို့သောအစားအစာများကလည်းနိုင်ငံခြားများအထိပါနာမည်ကြီးသောအစားအစာတစ်ခုဖြစ်ပါတယ်။

နတို ( 納豆 ) 

ချွဲကျိကျိရှိပြီးအနံဆိုးတဲ့ပဲပုပ်ကနိုင်ငံခြားသားအတွက်မကြိုက်တဲ့လူများပါတယ်။ဂျပန်လူမျိုးများအတွက်ကမရှိမဖြစ်တဲ့စားလို့အရမ်းကောင်းတဲ့အစားအစာတခုပါ၊။Nattoဆိုတာကပဲကိုအပုပ်ခံပြီးမှဖြစ်လာတယ်လို့ပြောရင်နိုင်ငံခြားသားအနေနဲ့စားလို့မရတဲ့သူများပါတယ်။တကယ်တမ်းခန္ဓကိုယ်အတွက်ကောင်းမွန်သောကြောင့်ဂျပန်လူမျိုးတွေလည်းသေချာဂရုတစိုက်စားသောအစားအစာဖြစ်ပါတယ်။နေ့စဥ်စားသောအစားအစာများကလည်းခန္ဓကိုယ်အတွက်များစွာအရေးကြီးပါတယ်။

 ဖုဂု  ( フグ )

ဂျပန်လူမျိုးများဟာ ဖုဂု ဆိုတဲ့ငါးကို ငါးအစိမ်းနဲ့ ဟော့ပေါ့အနေနဲ့စားကြတယ်။ဒီငါးဟာ အဆိပ်ရှိလို့ ဒီငါးကိုကိုင်တွယ်သူကဖုဂုလိုင်စင်ရှိမှပဲကိုင်တွယ်လို့ရတယ်။ဖုဂုမှငါးကိုသေချာမကိုင်တွယ်တတ်ရင်နည်းနည်းစားမိတာနဲ့အစာအဆိပ်သင့်တတ်ပါတယ်။ဒါကိုသာသိရင် ကျွန်တော်တို့နိုင်ငံခြားသားတွေအနေနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့အစာမျိုးစားကြမှာမဟုတ်ပါဘူး။ဒါပေမယ့်ဂျပန်လူမျိုးတွေဟာစနစ်တကျလုပ်ပြီးစားသောက်ကြလေ့ရှိပါတယ်။တစ်ချို့စားသောက်ဆိုင်များမှာနာမည်ကြီးစားစရာအနေနဲ့စျေးကြီးကြီးပေးရတတ်ပါတယ်။ဒီလိုငါးမျိုးကိုဂျပန်လူမျိုးတွေဟာပင်လယ်ထဲအထိတကူးတကမျှားယူကြပါတယ်။

မြင်းသား ( 馬 )

မြင်းသားကတော်တော်များများစားဖို့များတော့သိပ်ပြီးစိတ်မကူးကြပါဘူး။ဂျပန်ရဲ့စားသောက်ဆိုင်များမှာမြင်းသားကိုတကူးတကဟင်းပွဲအနေနဲ့စားသောက်ကြလေ့ရှိပါတယ်။ဒါကြောင့်နိုင်ငံခြားခရီးသွားများကတကူးတကဂျပန်ကိုခရီးသွားရင်ထူးထူးဆန်းဆန်းရှာစားကြလေ့ရှိပါတယ်။ဂျပန်ရဲ့ဆိုင်များမှာဆရှိမိလို့ခေါ်တဲ့အစိမ်းရောင်းတဲ့ဆိုင်များလည်းရှိပါတယ်။ဂျပန်မှာလူကြိုက်များတဲ့အစားအစာလည်းဖြစ်ပါတယ်။ဒီလိုထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့အစားအစာများကလည်းဂျပန်ရဲ့နေရာအနှံအပြားမှာတွေ့ရှိရမှာဖြစ်ပါတယ်။

 ရှိလာကို့ ( 白子 )

အဖြူရောင်ရှိပြီး အူနဲ့တူတဲ့ စားစရာတခုပါ။ရေနွေးလေးနဲ့ဖျောပြီး အချဉ်အရသာရှိတဲ့ ပုံးစု ( ぽん酢 )ဆိုတာနဲ့ စားရင်အရမ်းကောင်းပါတယ်။တန်ပူရာ လို့ခေါ်တဲ့အကြော်မှုန့်လေး ကပ်ပြီးကြော်စားရင်လည်း အရမ်းကောင်းပါတယ်။၁-၂လပိုင်းမှာရာသီပေါ်စာဖြစ်ပြီးတော့အဲဒီအချိန်ပိုပြီးအစားများကြပါတယ်။စားသောက်ဆိုင်များမှာအရက်၊ဘီယာများနဲ့တွဲဖက်စားတဲ့အစားအစာဖြစ်ပါတယ်။အရမ်းအရသာရှိပြီးတော့ဂျပန်တို့ရဲ့ရှေးရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။

 အူနာ့ဂိ ( うなぎ )

ဒီငါးကကင်ပြီးသွားတဲ့အခါအနံ့လေးကမွှေးပြီးအသားကနူးညံ့ပြီးအရမ်းစားလို့ကောင်းပါတယ်။တကယ်ကတော့အူနာ့ဂိဆိုတဲ့ငါးကမြန်မာပြည်ကငါးရှဥ့်နဲ့တူသောအစားအစာဖြစ်ပါတယ်။အူနာ့ဂိကတော်တော်များများဆိုင်ထဲမှာစျေးကြီးတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အစားအသောက်မဝင်တဲ့ဂျပန်နွေရာသီမျိုးမှာအူနာ့ဂိကိုစားရင်ကိုယ်ခန္ဓာကပြန်ကျန်းမာလာမယ်လို့ဂျပန်အယူရှိပါတယ်။ဒါကြောင့်လည်းအူနာ့ဂိစားတဲ့ရက်ကိုပြက္ခဒိန်မှာတရက်သတ်မှတ်ထားတယ်။ဂျပန်မှာလူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။

ဂျပန်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မတ်တပ်ရပ်စားသောက်ခြင်း

ဂျပန်နိုင်ငံ၏လူကြိုက်အများဆုံးအစားအစာများ(Japanese Food)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်မှလူကြိုက်များပြီးထူးဆန်းသောအစားအစာများ(Natto, Fugu, Baniku, Shirako, Unagi,Japanese food)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ