မိုးရာသီအစီအမံပစ္စည်းများ(Goods for the rainy season)

ရက်ပေါင်းများစွာအတောမသတ်ပဲဆက်တိုက်ရွာနေသောမိုးရာသီ။

ဤသည်မှာလည်းဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ သို့သော်မိုးရွာသည့်နေ့ရက်များဆက်လက်ဖြစ်ပေါ်ပါကအပြင်ထွက်ခြင်းသည်အခက်အခဲဖြစ်နိုင်ပြီးအခန်း၏အနံ့သည်လည်းစိတ်အနှောက်အယှက်ဖြစ်စေနိုင်သည်။

ယခုတစ်ကြိမ်တွင်မိုးရာသီ၌အသုံးဝင်မည့်ပစ္စည်း ၁၀ ခုကိုမိတ်ဆက်ပါမည်။

မိုးရာသီနှင့်ခေါက်ထီး

မိုးရာသီမှာမိုးရွာသွန်းတဲ့နေ့တွေအများကြီးရှိတယ်။ မိုးကုန်တော့မယ်လို့ထင်ရင်တောင်မှမကြာခဏမိုးရွာတတ်တာနဲ့ကြုံရတတ်တယ်။

အပြင်ထွက်သည့်အခါထီးတစ်ချောင်းကိုအမြဲသယ်ဆောင်သွားရမည်ဖြစ်သော်လည်မိုးသိပ်မရွာတော့တဲ့အချိန်မှာတော့ခေါက်ထီးများမှာအရေးပါသောအခန်းကဏ္ဌမှာပါဝင်နေပါသည်။

မကြာသေးမီကအလိုအလျောက်အဖွင့်အပိတ်လုပ်နိုင်သည့်ခေါက်ထီးများကိုထုတ်လုပ်လိုက်ပြီဖြစ်ပြီးကော်ဖီဗူးလောက်အလေးချိန်ရှိသောထီးများကိုလည်းရောင်းချဖြန့်ချီနေပြီဖြစ်သည်။

စျေးလဲအရမ်းမများတဲ့အတွက်ကြောင့်အပြင်သွားတဲ့အခါအိတ်ထဲအလွယ်တကူထည့်ပြီးယူသွားလို့လွယ်ပါတယ်။

ထီးဆောင်းလို့မဖြစ်နိုင်တဲ့မိုးရွာသည့်အခါ အသုံးဝင်မယ့်မိုးကာ

စက်ဘီးနဲ့ဆိုင်ကယ်ကိုအသုံးပြုပြီးနေ့စဥ်သွားလာလှုပ်ရှားနေသူတွေအများကြီးရှိပါတယ်။မိုးရွာနေတဲ့အချိန်မှာထီးကိုကိုင်ထားပြီးစက်ဘီးသို့မဟုတ်မော်တော်ဆိုင်ကယ်စီးခြင်းသည်အန္တရာယ်ရှိပါသည်။

ထိုကဲ့သို့သောအခြေအနေများတွင်မိုးကာမှာအလွန်အသုံးဝင်ပါသည်။

အချို့သောမိုးကာများသည်ရေစိုခံပြီးမိုးကာအတွင်းပိုင်းကိုရေငွေ့မပျံအောင်ပြုလုပ်ထားသည့်အတွက်အသုံးပြုရလွယ်သည်။

အချို့မိုးကာများတွင်ရောင်ပြန်ပြားများတပ်ထားသောကြောင့်သင်ညအချိန်၌ပင်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည်။

အခန်းတွင်းအဝတ်လှမ်းတန်း

မိုးရွာသည့်နေ့ရက်များဆက်တိုက်ဖြစ်နေပါကအခန်းတွင်း၌အဝတ်လှမ်းရမည့်အခြေအနေဖြစ်လာမည်။

ခါမည်သည့်နေရာတွင်အဝတ်လှမ်းရမလဲဆိုတာကိုတေွးနေသူများလဲရှိပေလိမ့်မည်။

အခန်းတွင်းအဝတ်လှမ်းတန်းများသည်ဤကဲ့သို့သောကိစ္စများတွင်အသုံးဝင်သည်။

မိုးတွင်းကာလတွင်အဝတ်အခြောက်ခံခြင်းအတွက်သာအသုံးဝင်သည်မဟုတ်ပါ။

နေပူသောနေ့များ၌ လဲFutonစောင်ကိုခြောက်သွေ့စေရန်လှမ်းသောနေရာအဖြစ်အသုံးပြုနိုင်သည်။

စိုထိုင်းဆမြင့်မားနေသောအခန်းတွင်း၌အသုံးဝင်သောdehumidifier

မိုးဆက်တိုက်ရွာပါကစိုထိုင်းဆမြင့်တက်လာပြီးအခန်းသည်စိုစွတ်လာလိမ့်မည်။

အခန်းထဲတွင်စိုစွတ်နေလျှင်နေရတာခက်ခဲပြီးအ၀တ်တွေကအလွယ်တကူမခြောက်နိုင်ပါဘူး။ ထိုကဲ့သို့သောကိစ္စမျိုးတွင်dehumidifier ကိုအသုံးပြုပါ။

dehumidifier ကိုအသုံးပြုပါကအခန်းအတွင်းရှိစိုထိုင်းဆကိုစုပ်ယူလိမ့်မည်။

အိမ်တွင်းခြောက်သွေ့ဖို့အတွက်မရှိမဖြစ်လိုအပ်သောပစ္စည်းတစ်ခုဖြစ်သည်။

Futonစောင်အခြောက်ခံစက်

မိုးရွာသည့်အခါအခန်းသာမကFutonစောင်သည်လဲပဲစိုစွတ်လာသည်။

အကယ်၍Futonစောင်သည်စိုစွတ်လာလျှင်မှိုနှင့်ပိုးမွှားများပေါက်ဖွားလာစေနိုင်သည်။

ဒီလိုအချိန်မျိုးမှာFutonစောင်အခြောက်ခံစက်ကိုအသုံးပြုရန်အကြံပြုချင်ပါတယ်

Futonစောင်အခြောက်ခံစက်၏တတ်နိင်သည့်အရာသည် Futon ကိုခြောက်သွေ့စေရန်နှင့်နွေးရန်ဖြစ်သည်။

ခြောက်သွေ့ခြင်းနှင့်ပူနွေးခြင်းအားဖြင့်မှိုနှင့်ပိုးမွှားများပေါက်ဖွားလာခြင်းကိုကာကွယ်နိုင်သည်။

ထို့အပြင်စက်အမျိုးအစားပေါ် မူတည်၍ ဖူတွန်သာမကအဝတ်အစားနှင့်ဖိနပ်များကိုလည်းခြောက်သွေ့နိုင်သည်။ ထို့ကြောင့်မိုးရာသီတွင်အလွန်အသုံးဝင်မည်ဟုမျှော်လင့်ရသည်။

စိုစိုစွတ်စွတ်ပူနေမယ့်အချိန်အသုံးဝင်မယ့်ပန်ကာသေးသေးလေးတစ်ခု

မိုးရာသီတွင်မိုးရွာနေသော်လည်းပူပြင်းပြီးစိုစွတ်သောနေ့ရက်များရှိသည်။

ဒါပေမဲ့လေအေးပေးစက်ကိုဖွင့်ဖို့လည်းမလိုသေးဘူးလို့ထင်တယ်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင်အသေးစားပန်ကာကိုအသုံးပြုရန်ကြိုးစားကြည့်ပါ။

အသေးစားပန်ကာဖြစ်တဲ့အတွက်သင်အသုံးပြုလိုသောအခါ၎င်းကိုလျင်မြန်စွာအသုံးပြုနိုင်သည်။

Credit to https://matome.response.jp/articles/3154

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ မိုးရာသီအစီအမံပစ္စည်းများ(Goods for the rainy season)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ