ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီအစားစာနှင့် လည်ပတ်စရာနေရာများ

ဂျပန်မှာတော့ ရာသီဥတုလေးမျိုးရှိပြီး ရာသီအလိုက်၊ အစားအသောက် အဝတ်အစားတွေနှင့် ပျော်ရွှင်စရာတွေ ကွာခြားပါတယ်။ ရာသီ ၄မျိုးထဲမှာမှ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီကတော့ အအေးဆုံးဖြစ်ပြီး တချို့နေရာတွေမှာဆိုနှင်းကျပါတယ်။ အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံအတွက်ကတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီက နေထိုင်ရခက်ခဲတဲ့ ရာသီတစ်ခုဆိုလဲ မမှားပါဘူး။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီအကြောင်းနှင့် ဆောင်းရာသီရဲ့ ထူးခြားချက် အစားစာ၊ လည်ပတ်စရာနေရာတွေ၊ Activities အကြောင်းတွေကိုဖော်ပြသွားပါ့မယ်။ 

မာတိကာ

  1. ဆောင်းရာသီအပူချိန်။ 
  2. ဆောင်းရာသီ အစားစာများ။
  3. ဆောင်းရာသီ ပွဲတော်များ။
  4. ဆောင်းရာသီ လည်ပတ်စရာနှင့် Activities များ။
  5. ဆောင်းရာသီရဲ့ ခရီးသွားနေရာများ။
  6. အကျဥ်းချုပ်။

ဆောင်းရာသီအပူချိန်။ 

ဒီဇင်ဘာလ ကနေ ဖေဖော်ဝါရီလကတော့ ဆောင်းရာသီဖြစ်ပြီး တစ်နှစ်ပတ်လုံးရဲ့ အအေးဆုံးလတွေဖြစ်ပါတယ်။ ဇန်နဝါရီလရဲ့ အပူချိန်ကတော့ နေ့ခင်းဘက် ၁၀ ဒီဂရီခန့်ဖြစ်ပြီး မနက်နှင့် ညဘက်တွေမှာတော့ ၃ ဒီဂရီခန့်ဖြစ်ပါတယ်။ အပြင်ကိုထွက်တဲ့ အချိန်မှာ ကုတ်အင်္ကျီ၊ အပြင်ခံ၊ မာဖလာနှင့် လက်အိတ်တွေ ဝတ်သွားဖို့လိုအပ်ပါတယ်။ 

ဂျပန်ပင်လယ်ဘက်ခြမ်းမှာတော့ နှင်းကျပြီး အရမ်းအေးသလို ပစိဖိတ်သမုဒ္ဒရာဘက်မှာတော့ လေတိုက်ပြီး နေသာတဲ့ နေ့တွေများပါတယ်။ 

ဆောင်းရာသီ အစားစာများ။

ဆောင်းရာသီက အအေးလွန်ကဲတဲ့ ရာသီဖြစ်သလို အစားအသောက်တွေလဲအရသာရှိတဲ့ ရာသီဖြစ်ပါတယ်။ ဆောင်းရာသီရောက်ရင် နွေးတဲ့ အစားစာတွေကိုစားလေ့ရှိကြပါတယ်။ ဆောင်းရာသီကို ကိုယ်စားပြုတဲ့ အစားစာတစ်ချို့ကို ကြည့်လိုက်ကြရအောင်။ 

鍋 - nabe - ဟော့ပေါ့ 

ဆောင်းရာသီမှာ လူကိုနွေးစေတဲ့ အစားစာတစ်မျိူးကတော့ ဂျပန်လိုဆိုnabe လို့ခေါ်တဲ့ ဟော့ပေါ့ ဖြစ်ပါတယ်။ ဟင်းရွက်တွေနဲ့ အသားကိုဟင်းရည်နဲ့ ပြုတ်ပြီးစားကြပါတယ်။ ပြုတ်တဲ့ အချိန်မှာလဲ ဆောင်းရာသီမှာအရသာရှိတဲ့ရာသီစာတွေကို ထည့်ပြုတ်နိုင်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံမှာတော့ ဒေသအလိုက် ပါဝင်ပစ္စည်းတွေကွဲပြားတဲ့ အတွက်ကြောင့်မိုလို့ ဆောင်းရာသီခရီးသွားဖြစ်ရင် ခရီးသွားတဲ့နေရာတွေမှာ 鍋 - nabe ကိုစားကြည့်ကြပါ။

おでん - Oden စွတ်ပြုတ် 

ဆောင်းရာသီရဲ့ အစားစာလို့ပြောလိုက်ရင် Oden - စွတ်ပြုတ် ကလဲ အထိပ်ဆုံးကပါဝင်ပါတယ်။ ဆောင်းဝင်လာတာနဲ့ Convenience Store တွေမှာလဲ အလွယ်တကူဝယ်စားနိုင်သလို အသင့်ထုတ်ထားတဲ့ အထုပ်တွေကို ဝယ်ပြီး အိမ်မှာလဲ စားသုံးနိုင်ပါတယ်။ 

ပင်လယ်စာများ

ဆောင်းတွင်းမှာအရသာရှိတဲ့ဂဏန်းများထဲမှ(タラバガニ)အကောင်ကြီးဂဏန်းအမျိုးအစားဖြစ်ပါတယ်။ဂဏန်းထဲမှာဘုရင်လို့တင်စားခေါ်ရလောက်အောင်ကြီးမားပြီး၊နီရဲရဲအရောင်ဂဏန်းဖြစ်ပါတယ်။တစ်လပိုင်းလောက်မှာစတင်ပေါပေါက်လာပြီး၊နှစ်လပိုင်း၊သုံးလပိုင်းမှာအရသာရှိစွာပိုမိုစားသောက်ကြရပါတယ်။နောက်တစ်ခုကတော့ ခရု၊ကမာများကိုအရသာရှိစွာစားသောက်ကြရပါတယ်။

လိမ္မော်သီး

ဆောင်းရာသီရောက်လာရင် လိမ္မော်သီးကလဲ တော်တော်အရသာရှိပါတယ်။ အရသာရှိရုံတင်မကာ ဗီဝာာမင်စီ လဲပါဝင်မှုနှုန်း များတဲ့ အတွက်ကြောင့်မိုလို့ ဆောင်းရာသီမှာ ကျန်းမာရေးမကောင်းဖြစ်တဲ့ အခြေအနေမှ ကာကွယ် ပေးနိူင်ပါတယ်။ 

ကန်းစွန်းဥ ပြုတ် 

ဆောင်းရာသီရောက်လာတာနဲ့ ကန်စွန်းဥပြုတ်ကလဲ တော်တော်လေးကို အရသာရှိပါတယ်။ ချိုပြီး ခန္ဓာကိုယ်ကိုလဲ နွေးစေပါတယ်။ 

ဆောင်းရာသီ ပွဲတော်များ။

ဆောင်းရာသီကတော့ အစားအသောက်တွေအရသာရှိရုံတင်မကသေးဘူး။ ပျော်စရာပွဲတော်တွေ အများကြီးရှိတဲ့ ရာသီလဲဖြစ်ပါတယ်။ ဆောင်းရာသီမှာ ကျင်းပတဲ့ ဂျပန်မှာ နာမည်ကြီးတဲ့ ပွဲတော်တစ်ချို့ကို ကြည့်လိုက်ကြရအောင်။ 

ခရစ္စမတ် 

ဆောင်းရာသီလို့ပြောလိုက်ရင် ခရစ္စမတ် ကိုလဲမေ့ထားလို့မရပါဘူး။ ဂျပန်မှာတော့ ခရစ္စမတ် ပွဲတော်ကို စည်ကားစွာကျင်းပလေ့ရှိကြပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေမှာလဲ ခရစ္စမတ် အကြိုနေ့ကိုကျင်းပလေ့ရှိကြပါတယ်။ ဂျပန်မှာတော့ ခရစ္စမတ်ကို ဘာသာရေးပွဲတော်ဆိုတာထက် ပျော်ရွှင်စရာ ပွဲတော်တစ်ခုအဖြစ် ဆင်နွဲလေ့ရှိကြပါတယ်။ ခရစ္စမတ်နေ့မှာတော့ သူငယ်ချင်း၊ မိသားစုတွေနဲ့ အတူတူဖြတ်သန်းလေ့ရှိကြပါတယ်။ နောက်ပြီး အိမ်တွေမှာလဲ အစားအသောက်တွေကိုဖွယ်ဖွယ်ရာရာစားလေ့ရှိပြီး မြို့ထဲမှာလဲ မီးတွေကို ရောင်စုံထွန်းထားလေ့ရှိကြပါတယ်။ 

大晦日 - Omisoka - နှစ်မကူးခင်ည 

ဂျပန်မှာတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညကို 大晦日 - Omisoka လို့ခေါ်ပါတယ်။ 大晦日 - Omisoka ရဲ့ ညဘက်မှာတော့ မိသားစုနဲ့အတူ 年越しそば (toshikoshisoba) လို့ခေါ်တဲ့ ခေါက်ဆွဲကိုစားလေ့ရှိကြပါတယ်။ 年越しそば (toshikoshisoba) ကတော့ ရှည်ပြီးသေးတဲ့အတွက်ကြောင့်မိုလို့ နှစ်မကူခင်ညမှာ စားရင် အသက်ရှည်တဲ့ ဆိုတဲ့ အယူလဲရှိပါတယ်။ 

နှစ်သစ်ကူး 

နှစ်သစ်ကူး ဆိုတာကတော့ နှစ်သစ်ကို ဂုဏ်ပြုတဲ့ပွဲတော် တစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နှစ်သစ် ကူးကလဲ ဆောင်းရာသီထဲမှာဖြစ်ပါတယ်။ ဇန်နဝါရီလ ကလဲ တစ်နှစ်ပတ်လုံးမှာ အအေးဆုံးလို့ဆိုနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးမှာတော့ ဘုရားကျောင်းတွေ လည်ပတ်ခြင်း၊ ရိုးရာ အစားအသောက်တွေ စားသောက်ခြင်း အစသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ အသေးစိတ်ကိုတော့ ဒီဆောင်းပါးကနေ ဝင်ဖတ်နိုင်ပါတယ်။ 

ဆောင်းရာသီ လည်ပတ်စရာနှင့် Activities များ။

ဆောင်းရာသီက အေးတဲ့ အတွက်ကြောင့်မို့လို့ အပြင်ထွက်တဲ့ သူတွေ နည်းပါးပါတယ်။ သို့သော် နှင်းတွေကျတဲ့ အတွက်ကြောင့်မို့လို့ နှင်းတွေနဲ့ ပတ်သက်ပြီး Activities တွေကိုလဲ ပြုလုပ်လေ့ရှိကြပါတယ်။ ဘယ်လို Activities တွေရှိလဲ ဆိုတာကြည့်လိုက်ကြရအောင်။ 

နှင်းလျှောစီးခြင်း

ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီ Activities လို့ပြောရင်တော့ နှင်းလျှောစီးတာဖြစ်ပါတယ်။ နှင်းကျတဲ့နေရာတွေဖြစ်တဲ့ Hokkaido Nagano Yamagata Niigata Gifu စတဲ့နှင်းထူထပ်တဲ့နေရာတွေမှာ တော့ နာမည်ကြီး နှင်းလျှောစီးတဲ့နေရာတွေရှိပါတယ်။ 

ရေပူစမ်းထဲဝင်ခြင်း 

အေးတဲ့ရာသီရောက်လာပြီဆို ရေပူစမ်းတွေကိုဝင်တဲ့ သူတွေများလာပါတယ်။ ရေပူစမ်းကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့ ယဥ်ကျေးမှုတစ်ခုလဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့လဲညီညွှတ်ပြီး ဆောင်းရာသီရောက်ရင် အရမ်းကို နေထိုင်လို့ကောင်းတဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီရောက်ရင် ရေပူစမ်းခရီးသွားတဲ့သူတွေ များပါတယ်။ ရေပူစမ်းအကြောင်းအသေးစိတ်ကိုတော့ ဒီ‌ဆောင်းပါးကနေ ဝင်ဖတ်နိုင်ပါတယ်။ 

Kotatsu ကိုအသုံးပြုခြင်း

Kotatsu ဆိုတာကတော့ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီမှာ အသုံးပြုလေ့ရှိတဲ့ အပူပေးစားပွဲနှင့် စောင်ဖြစ်ပါတယ်။ ဆောင်းရာသီရောက်လာရင် ဂျပန်နိုင်ငံမှာရှိတဲ့အိမ်တွေကတော့ ဆောင်းရာသီရောက်လာပြီ ဆိုရင် Kotatsu ကိုဝယ်တဲ့ သူတွေ များလာပါတယ်။ အိမ်တွင်းမှာနေရင်တောင်မှ ဂျပန်တွေကတော့ Kotatsu ထဲဝင်နေတဲ့ သူတွေများပါတယ်။ ဒါကြောင့် ဆောင်းတွင်းကို အိမ်ထဲမှာပဲ အေးဆေးဖြတ်သန်းချင်ရင်တော့ Kotatsu ကိုအသုံးပြုပြီးနွေးနွေးထွေထွေးနေနိုင်ပါတယ်။ 

ဆောင်းရာသီရဲ့ ခရီးသွားနေရာများ။

ဆောင်းရာသီရောက်ရင် ဂျပန်နိုင်ငံမှာတော့ နှင်းကျတဲ့နေရာတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီးထဲကနေ ကျော်ကြားတဲ့နေရာတွေကိုကြည့်လိုက်ကြရအောင်။ 

さっぽろ雪まつり - Sapporo နှင်းပွဲတော် (ဟိုကိုင်းဒိုး)

ဆောင်းရာသီလို့ပြောလိုက်တာနဲ့ နှင်းပွဲတော်ဖြစ်ပါတယ်။ နှင်းပွဲတော်ကတော့ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းဖြစ်တဲ့ Hokkaido ရဲ့ မြို့တော်ဖြစ်တဲ့ Sapporo မှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ ။ နှစ်စဥ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ အထိကျင်းပပါတယ်။ ကမ္ဘာကျော်ပွဲတော်ဖြစ်ပြီး နှစ်စဥ် ပြည်တွင်းပြည်ပကနေ လူပေါင်း ၂ သန့်ခန့် လာရောက်လည်ပတ်လေ့ရှိပါတယ်။ 

蔵王の樹氷 - Zaou ရေခဲကျောက်တိုက် (Yamagata ခရိုင်)

蔵王の樹氷 - Zaou ရေခဲကျောက်တိုက်ကတော့ အေးခဲလွန်ပြီး သစ်ပင်တွေ ရေခဲသွားတဲ့နေရာကို ခေါ် ကြတာဖြစ်ပါတယ်။ Snow Monster ဆိုပြီးလဲခေါ်လေ့ရှိကြပါတယ်။ Yamagata ခရိုင် နှင့် Miyagi ခရိုင်ကြားမှာရှိပြီး Zaou တောင်တန်းသွယ်ကိုပါ နီးနီးကပ်ကပ်မြင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရာသီဥတုကိုလိုက်ပြီးတော့ မြင်နိုင်တဲ့ အချိန်တွေ တစ်နှစ်နဲ့ တစ်နှစ် မတူညီတဲ့အတွက်ကြောင့်မို့လို့ သေချာကြည့်ပြီးမှသွားပါ။

横手の雪まつり - Yokote နှင်းပွဲတော် (Akita ခရိုင်)

Yokote နှင်းပွဲတော် ကတော့ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လမှာကျင်းပတဲ့ Akita ခရိုင်ကနှင်းပွဲတော် တစ်ခုဖြစ်ပါတယ်။ ရိုးရာအစဥ်အလာကြီးမားပြီး Kamakura လို့ခေါ်တဲ့နှင်းအိမ်လေးတွေမှာ မီးထွန်းပြီးပြသတဲ့ ထူးခြားတဲ့ပွဲတော်လေးလဲဖြစ်ပါတယ်။ 

銀山温泉 - Ginzan ရေပူစမ်း (Yamagata ခရိုင်)

ဂျပန်ဆောင်းလို့ပြောလိုက်ရင် ရေပူစမ်းခရီးကလဲ မပါမဖြစ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလဲ ရေပူစမ်း ယဥ်ကျေးမှုထွန်းကားပြီး 銀山温泉 - Ginzan ရေပူစမ်း ကတော့ ဂျပန်မှာ နာမည်ကြီးတဲ့ ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ ရှေးခေတ်ဆန်ဆန်ပုံစံနှင့် နှင်းတွေကျနေတဲ့ မြင်ကွင်းနဲ့ ကဗျာဆန်ဆန် ညတစ်ညကိုဖြတ်သန်းနိင်ပါတယ်။ ‌ဆောင်းရာသီ အထူးသဖြင့် ဇန်နဝါရီလမှာ ပိုပြီးတော့ လူများတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးစီစဥ်ဖို့လိုအပ်ပါတယ်။ ဆောင်းရာသီရေပူစမ်းခရီးကိုသွားချင်တဲ့ သူတွေအတွက် တခြားနာမည်ကြီးတဲ့ ရေပူစမ်းတွေကို ဒီဆောင်းပါးကနေ ဝင်ဖတ်နိုင်ပါတယ်။ 

白川郷 - Shiragawa ရွာလေး (Gifuခရိုင်)

白川郷 - Shiragawa ရွာလေး ကတော့ ကိုယ်တိုင်သွားဖူးတဲ့ ရွာလေးဖြစ်ပါတယ်။ ဆောင်းရာသီရောက်ရင် နှင်းတွေနဲ့ ဖုံးလွှမ်းနေပြီး ဆောင်းရာသီအငွေ့အသက်ကို အပြည့်အဝခံစားနိုင်တဲ့နေရာဖြစ်ပါတယ်။ နှင်းတွေကိုတော့ မတ်လလောက်အထိမြင်နိုင်ပြီး ရွာက အိမ်တွေရဲ့ ထူးခြားချက်၊ အိမ်တွေရဲ့ လှပတဲ့နေရာတွေကို၊ အရသာရှိတဲ့ အစားအသောက်တွေကို တနေကုန်ခံစားလို့ရနိင်တဲ့နေရာဖြစ်ပါတယ်။ ဆောင်းရာသီညဘက်တွေမှာ မီးထွန်းထားတဲ့ အိမ်တွေကိုပါမြင်နိုပါတယ်။ ဆောင်းရာသီတင်မက တခြားရာသီတွေမှာလဲ လှပပါတယ်။ 

地獄谷野猿公苑 - Jigokudaniyaenkouen (Nagano ခရိုင်)

地獄谷野猿公苑 - Jigokudaniyaenkouen ကတော့ Nagano ခရိုင်မှာ ရှိတဲ့ ရေပူစမ်းဖြစ်ပြီး ရာသီဥတုအေးတဲ့ အချိန်မှာ မျောက်လေးတွေ ရေပူစမ်းဝင်တဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကြားထဲမှာ ကျော်ကြားတဲ့ နေရာလေးလဲဖြစ်ပါတယ်။ လူတွေအတွက်သီးသန့် ရေပူစမ်းတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ ရေပူစမ်းခရီးအတွက် အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မျောက်တွေက ဆောင်းရာသီမှာပဲ ရေပူစမ်းထဲဝင်ကြတဲ့အတွက်ကြောင့်မို့လို့ မျောက်ကြည့်ချင်တဲ့ သူတွေကတော့ ဆောင်းရာသီမှာသွားရောက်သင့်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ဆောင်းရာသီမှာ ကျော်ကြားတဲ့ ခရီးသွားသင့်တဲ့နေရာတွေကို မိတ်ဆက်‌ပေးလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ နှင်းကျတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ဆောင်းရာသီမှာ တမူထူးခြားပြီးလှပတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ နာမည်ကြီးတဲ့နေရာတစ်ချို့ကိုသာဖော်ပြ ခဲ့ပြီး ကျန်တဲ့နေရာတွေလဲ အများကြီရှိပါသေးတယ်။

အကျဥ်းချူပ် 

ဂျပန်နိုင်ငံက‌ဆောင်းရာသီမှာတော့ နှင်းတွေကျပြီး အေးတဲ့ အတွက်ကြောင့်မို့လို့ ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်သလို ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီ မြင်ကွင်းကလဲ ရင်သပ်ရှုမောဖွယ် လှပတဲ့နေရာတွေ အများကြီးရှိပါတယ်။ ပွဲတော်တွေကလဲ များပြားလှပါတယ်။ ဒါကြောင့်မို့လို့ နွေးထွေအောင်နေပြီး ဆောင်းရာသီမှာပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အကြံပြုလိုက်ပါတယ်။ 

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီအစားစာနှင့် လည်ပတ်စရာနေရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ