ဂျပန်ရိုးရာ Obon ပွဲတော် နှင့် ရိုးရာဓလေ့များ

ဂျပန်နိုင်ငံမှာတော့ နွေရာသီရောက်ရင် Obon ဆိုတဲ့ရိုးရာပွဲတော်ကိုကျင်းပလေ့ရှိပြီး ဒီရိုးရာပွဲတော်ရောက်ရင် မိသားစုအလိုက် စုဝေးပြီး မိသားစုကို အချိန်ပေးလေ့ရှိတဲ့ ဂျပန်လူမျိုးတွေအတွက်တော့ တန်ဖိုးရှိတဲ့ပိတ်ရက်လို့လဲဆိုနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Obon ပွဲတော်အကြောင်းနဲ့ Obon ပွဲတော်မှာပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တွေအကြောင်းကိုဖော်ပြလိုက်ပါတယ်။

မာတိကာ

ဂျပန်နိုင်ငံရဲ့ Obon ပွဲတော်ဆိုတာ ဘယ်လိုပွဲတော်မျိုးလဲ။ 

Obon ဆိုတာကတော့ ဂျပန်နိုင်ငံမှာ နှစ်စဥ် ကျင်းပလေ့ရှိတဲ့ ဗုဒ္ဓဘာသာရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင်တော့ ဆုံးပါးသွားတဲ့ ဝိညည်တွေက မိမိရဲ့အိမ်ကို ပြန်ရောက်လည်ပတ်တယ်ဆိုတဲ့ အယူအဆရှိပြီး Obonပွဲတော်အတွင်းမှာတော့ ရိုးရာယဥ်ကျေးမှု များစွာရှိပါတယ်။ Obonပွဲတော်အတွင်းမှာပြုလုပ်လေ့ရှိတဲ့ ရိုးရာယဥ်ကျေးမှုတွေအများကြီးထဲမှာမှ နာမည်ကြီးတာကတော့ 盆踊り (Bon Odori) လို့ခေါ်တဲ့  Obon အကဖြစ်ပါတယ်။  Obon ရိုးရာအကကို ဂျပန်တစ်နိုင်ငံလုံးမှာ ကလေ့ရှိကြပြီးယနေ့ခေတ်မှာတော့ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာလဲ ကလေ့ရှိကြပါတယ်။ ဒီအကကတော့ ဝိညည်တွေကို ကြိုဆိုတဲ့သဘောအပြင် ဝိညည်တွေကို ပြန်လည်ပို့ဆောင်တဲ့သဘောမျိုးနဲ့ ကလေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီလိုမျိုး ရိုးရာအက ၊ ဘာသာရေးဆိုင်ရာယူဆချက်တွေထက် ပျော်ရွှင်စရာ တစ်ခုအနေနဲ့ ကလေ့ရှိကြပါတယ်။ 

Obon ကိုဘယ်အချိန်မှာကျင်းပလေ့ရှိလဲ။

Obon ကတော့ နေရာအပေါ်မူတည်ပြီးတော့ အမျိူးမျိူးကျင်းပလေ့ရှိကြပါတယ်။ 

အများအားဖြင့်တော့ လပြင်္ကဒိန်အရ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်းကျင်းပလေ့ရှိပြီး သြဂုတ်လ အစကနေပြီးတော့ စက်တင်ဘာလ အစတွင်းမှာ ကျရောက်လေ့ရှိပါတယ်။ မေဂျီခေတ်မှာ  Gregorianပြင်္ကဒိန် ကိုကျင့်သုံးပြီးကတည်းက ဂျပန်မှာတော့  Obon ကိုလဲ ဒီပြင်္ကဒိန်အတိုင်းကျင်းပ ဖို့ပြင်ဆင်လိုက်ကြပါတယ်။ ဒါကြောင့် Obon ကိုအချိန်၃ မျိုးနဲ့ ကြည့်ပြီးခွဲခြားနိုင်ပါတယ်။ 

旧盆 (Kyuu-Bon)

旧盆 (Kyuu-Bon) ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် Obon အဟောင်းလို့အဓိပ္ပာယ်ရပါတယ်။ 旧盆 (Kyuu-Bon) ကျင်းပတဲ့ အချိန်ကတော့ သြဂုတ်လ အလယ်ကနေ စက်တင်ဘာလ အစောပိုင်းအထိဖြစ်ပါတယ်။ 旧盆 (Kyuu-Bon) ကိုတော့ အဓိကအားဖြင့် Okinawa၊ Chugoku၊Shikoku၊ Kyushu နှင့် ဂျပန်နိုင်ငံရဲ့အရှေ့ပိုင်းတချို့ဒေသတွေမှာကျင်းပလေ့ရှိကြပါတယ်။

新暦7月盆 (Shinreki Shichigatsu Bon)

 新暦 (Shinreki) ဆိုတာတော့ Gregorianပြင်္ကဒိန် ကိုဆိုလိုတာဖြစ်ပြီး  7月盆 (shichigatsu-bon)ဆိုတာကတော့ ဒီအတိုင်း ၇လပိုင်း ဇူလိုင်လမှာ ကျင်းပတဲ့ Obon ကိုဆိုလိုတာဖြစ်ပါတယ်။ ဇူလိုင်လ အတွင်းမှာ ၄ ရက်တာ ကျင်းပလေ့ရှိပြီး ကျင်းပတဲ့ဒေသတွေကတော့ တိုကျို၊ Kanagawa၊ ဟိုကိုင်းဒိုးရဲ့ တစ်ချို့ဒေသများနှင့် ရှိဇူအိုကာတို့မှာ ကျင်းပလေ့ရှိကြပါတယ်။ 

新暦8月盆 (Shinreki Hachigatsu Bon)

新暦8月盆 (Shinreki Hachigatsu Bon) ကတော့ သြဂုတ်လမှာ ကျင်းပတဲ့  Obon ဖြစ်ပြီးသြဂုတ်လ ၁၃ ကနေ ၁၆ အထိ ၄ ရက်ကြာကျင်းပလေ့ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အဓိက မြို့ကြီးတွေကတော့ ဒီရာသီမှာ ကျင်းပလေ့ရှိကြပါတယ်။ 

အကျဥ်းချုပ်လိုက်ရင်  Obon ကို သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ကျင်းပလေ့ရှိပြီး တချို့ဒေသတွေမှာတော့  Obon ကို ဇူလိုင်လအတွင်းကျင်းပလေ့ရှိသလို၊ လပြင်္ကဒီန် အတိုင်း ကျင်းပလေ့ရှိတဲ့ ဒေသတွေလဲရှိကြပါတယ်။ 

 Obon ကဂျပန်နိုင်ငံမှာတရားဝင်ပိတ်ရက်လား။

 Obon ကဂျပန်နိုင်ငံမှာတရားဝင် ပိတ်ရက်မဟုတ်ပါ။ ဘဏ်တွေ၊ အစိုးရရုံးတွေကတော့ ပုံမှန်အတိုင်းလည်ပတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တချို့ ကုမ္ပဏီတွေကတော့ နားလည်မှူနဲ့ပိတ်ရက်ပေးလေ့ရှိကြပါတယ်။ နွေရာသီပိတ်ရက်နဲ့ တိုက်ဆိုင်တဲ့ အချိန်မျိုးတွေမှာဆို ၁ ပတ်လောက်ပိတ်ကြပါတယ်။ နောက်ပြီး  Obon ပိတ်ရက်က မိမိဒေသကိုပြန်တဲ့ အရေးကြီးတဲ့ အချိန်အခါ ဆိုပြီး ယူဆလေ့လဲရှိကြပြီး မြို့ကြီးပြကြီးမှာ အလုပ်လုပ်နေတဲ့ သူတွေကတော့ မိမိမွေးရပ်မြေကို ပြန်ပြီးမိသားစုကို အချိန်ပေးလေ့ရှိကြပါတယ်။ 

 Obon မှာပြုလုပ်ကျင်းပတဲ့ ရိုးရာများ။

ဒေသအပေါ်မူတည်ပြီးတော့ Obon မှာ ရိုးရာပွဲတော်တွေကို အမျိုးမျိုးကျင်းပလေ့ရှိကြပါတယ်။  ဒီဆောင်းပါးမှာတော့ ပုံမှန် ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တွေကို မိတ်ဆက်သွားပါ့မယ်။ 

迎え火 (Mukaebi) 送り火(Okuribi) - ကြိုဆိုတဲ့ မီး၊ ပို့ဆောင်တဲ့မီး။

 Obon ပွဲတော် ကျင်းပတဲ့ ပထမနေ့မှာ အိမ်အရှေ့မှာ မီးထွန်းထားလေ့ရှိပါတယ်။ ဒီမီးကိုတော့ 迎え火 (Mukaebi) - ကြိုဆိုတဲ့ မီး လို့ခေါ်လေ့ရှိကြပါတယ်။ ဝိညည်တွေ လမ်းမပျောက်အောင် လမ်းညွှန်တဲ့ မီးလို့လဲ ဆိုကြပါတယ်။ မြို့ကြီးတွေမှာလိုမျိုူ၊ တိုက်ခန်းတွေ၊ ကွန်ဒိုတွေမှာမီးထားခွင့်မပြုတဲ့နေရာတွေမှာတော့ မီးအစား မီးအိမ်တွေညှိထားလေ့ရှိကြပါတယ်။ ဒီလိုနဲ့ မီးထွန်းညှီပြီး ဘိုဘေးဘီဘင်တွေရဲ့ ဝိညည်ကိုကြိုဆိုလေ့ရှိသလို Obon ပွဲတော် ပြီးသွားတဲ့နေ့မှာလဲ ဘိုးဘေးဘီဘင်တွေ ပြန်နိုင်ဖို့အတွက် 送り火(Okuribi)နဲ့ ပြန်လည်ပို့ဆောင်ပါတယ်။ မြို့ပြတွေမှာ အသုံးပြုတဲ့ အစားမီးအိန်တွေကိုတော့ 盆提灯(bonjyouchin) လို့ခေါ်လေ့ရှိကြပါတယ်။ 盆提灯(bonjyouchin) တွေမှာလဲ သတ်မှတ်ထားတဲ့ ပုံစံမျိုးရှိပြီး Obon ပွဲတော် အတွက် သီးသန့်ပြုလုပ်ထားတဲ့ မီးအိမ်တွေကို သီးသန့်မှာယူနိုင်ပါတယ်။ 

精霊馬 (Shourou-Uma)

 Obon ပွဲတော်မှာပြင်ဆင်ပြီး အလှဆင်တဲ့ အရာတွေထဲမှာ နာမည်အကြီးဆုံးကတော့ 精霊馬 (Shourou-Uma) ဆိုတဲ့ မြင်းနဲ့ 精霊牛 (Shourou-Ushi) ဆိုတဲ့နွား တို့ဖြစ်ပါတယ်။ 精霊馬 (Shourou-Uma) ကိုတိုက်ရိုက်ဘာသာပြန်ရင်တော့ ဝိညည်မြင်းတွေလို့အဓိပ္ပာယ်ရပြီး ဘိုးဘွားမိဘ တွေ ဝိညည်အနေနဲ့ အိမ်ကိုပြန်လာတဲ့ အချိန်မှာ မြန်မြန် ရောက်လာနိုင်အောင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အလှဆင်ပြီး 精霊牛 (Shourou-Ushi) ဝိညည်နွားလို့ အဓိပ္ပာယ်ရပြီး ဘိုးဘွားမိဘ တွေ အိမ်ကနေပြန်ထွက်တဲ့အချိန် အေးအေးဆေးဆေးပြန်နိုင်အောင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အလှဆင်ခြင်းဖြစ်ပါတယ်။ မြင်းတွေကတော့သခွါးသီးနဲ့ လုပ်ပြီး နွားကိုတော့ ခရမ်းသီးနဲ့ ပြုလုပ်လေ့ရှိကြပါတယ်။ 

盆踊り (Bon Odori)

盆踊り (Bon Odori)ဆိုတာကတော့Bon အကကိုဆိုလိုတာဖြစ်ပြီး ဘိုဘေးဘီဘင်တွေကို ကြိုဆိုဖို့နဲ့ ပြန်လည်ပို့ဆောင်ဖို့အတွက် ကလေ့ရှိတဲ့ အကဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိပြီး ‌ဒေသအပေါ်မူတည်ပြီး အကပုံစံအမျိုးမျိုးရှိပါတယ်။ ပေါ့ပေါ့ ပါးပါးနဲ့ ကရတဲ့ အကမျိုးဖြစ်ပြီး လိုက်ကရတာလဲလွယ်ကူပါတယ်။ 

灯籠流し (Tourou-nagashi)

灯籠流し (Tourou-nagashi) ကတော့ Okuribi ပြီးတဲ့နောက်မှ ပြုလုပ်တဲ့ပွဲဖြစ်ပြီး流し (nagashi)ဆိုတာကတော့ မျှောတာ ၊灯籠 (Tourou) ဆိုတာကတော့ မီးအိမ်ကိုဆိုလိုတာဖြစ်ပါတယ်။ မီးအိမ်တွေကိုရေထဲကိုမျှောတာကတော့ ဝိညည်တွေအိမ်ကိုအေးအေးဆေးဆေး ပြန်နိုင်အောင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မျှောတယ်လို့လဲ ဆိုကြပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ ကျင်းပပြုလုပ်တဲ့ ရိုးရာ Obon ပွဲတော် အကြောင်းကိုဖော်ပြလိုက်ပါတယ်။ ရိုးရာ Obon ပွဲတော် ကတော့ ဂျပန်လူမျိုးတွေအတွက် အရေးကြီးတဲ့ ပွဲတော် တစ်ခုဖြစ်ပြီး Obon ပွဲတော် အတွင်းမှာလဲ ရိုးရာဓလေ့ထုံးစံတွေ အများကြီးကျင်းပလေ့ရှိကြပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်ရိုးရာ Obon ပွဲတော် နှင့် ရိုးရာဓလေ့များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ