ဆာမူရိုင်းနဲ့ နင်ဂျာ ဘယ်လိုကွာခြားလဲ?

ဂျပန်နိုင်ငံရဲ့ တွေမှာ လူကြိုက်များတဲ့ နင်ဂျာ တို့ ဆာမူရိုင်းတို့က အယ်ဒိုခေတ်မှာ တကယ်ရှိခဲ့ပါတယ်။ ဆာမူရိုင်း နဲ့ နင်ဂျာ က ဂျပန်နိုငင်ံရဲ့ ကိုယ်စားပြု အနေနဲ့ လည်း ကမ္ဘာတဝှမ်းမှာ လူကြိုက်များပါတယ်။ သို့သော် ဆာမူရိုင်းနဲ့ နင်ဂျာက ဘယ်လိုကွာခြားလဲဆိုတာကိုတော့ သိတဲ့သူ နည်းပါးပါတယ်။ ဒီဆောင်းပါးမှာတော့ ဆာမူရိုင်း နဲ့ နင်ဂျာ တို့ဘယ်လိုကွာခြားလဲဆိုတာကို ရှင်းပြသွားပါ့မယ်။ 

မာတိကာ

  1. ဆာမူရိုင်းနဲ့ နင်ဂျာ ဘယ်လိုကွာခြားလဲ?
  2. အယ်ဒိုခေတ်မှာ ကျော်ကြားခဲ့တဲ့ ဆာမူရိုင်း
  3. နင်ဂျာတွေ က စပိုင်တွေနဲ့ တူပါတယ်
  4. ဆာမူရိုင်း နဲ့ နင်ဂျာကို ကမ္ဘာတဝှမ်းမှာ လူကြိုက်များတဲ့အကြောင်းအရင်း
  5. ယနေ့ခေတ်မှာလဲ ဂျပန်မှာ ဆာမူရိုင်းနဲ့ နင်ဂျာ တို့ရဲ့ အငွေ့အသက်ကို ခံစားနိုင်ပါတယ်
  6. အကျဥ်းချုပ်

ဆာမူရိုင်းနဲ့ နင်ဂျာ ဘယ်လိုကွာခြားလဲ?

 ဆာမူရိုင်းကတော့ မျိုးနွယ်တွေကို စောင့်ရှောက်တဲ့ သူတွေဖြစ်ပြီး နင်ဂျာကတော့ နင်ဂျာအတတ်ပညာကို အသုံးချပြီး သတင်းအချက်အလက်တွေကို စုဆောင်းတဲ့သူတွေဖြစ်ပါတယ်။ ဆာမူရိုင်း ဆိုတဲ့ စကားလုံးကတော့ ကြည့်ရှုစောက်‌ရှောက် တယ်ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး ဆာမူရိုင်း အတတ်ပညာတွေကို မသင်ယူထားတဲ့သူတွေလဲရှိပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ဆာမူရိုင်းရဲ့ အဓိပ္ပာယ် ကတဖြည်းဖြည်းပြောင်းလဲလာပြီး ဂျပန်ဓားရှည်ကိုကိုင်ထားတဲ့ စစ်သူကြီး ဆိုတဲ့ အဓိပ္ပာယ် ဘက်ကို ရောက်သွားပါတော့တယ်။ နင်ဂျာကတော့ ဘယ်ခေတ်မှာမဆို မမြင်နိုင်တဲ့နေရာကနေ ကွယ်ဝှက်ပြီးတော့ အချက်အလက်တွေကိုလိုက်စုဆောင်းတဲ့ စပိုင်တွေအဖြစ် လူသိများပါတယ်။ နင်ဂျာတွေက စစ်ပွဲခေတ်တုန်းက အာဏာရှိတဲ့ စစ်သူကြီးတွေထံမှာ ခစားပါတယ်။ ပြီးတော့ နင်ဂျာမှာတော့ ဆာမူရိုင်းတွေလိုမျိုး ဓားရှည်တွေကိုင်တောင်တာမျိုး မရှိဘဲ ပါးစပ်နဲ့မှုတ်တဲ့ မြှားတွေ၊  စကြာ တွေပဲကိုင်ဆောင်လေ့ရှိကြပါတယ်။ 

အယ်ဒိုခေတ်မှာ ကျော်ကြားခဲ့တဲ့ ဆာမူရိုင်း

 ဆာမူရိုင်းတွေက ဟဲအန်း ခောတ် နောက်ပိုင်းနဲ့ အယ်ဒိုခေတ်မှာ စပြီး ကျော်ကြားခဲ့တဲ့သူတွေပါ။ ဆာမူရိုင်းတွေက Hakama ဆိုတဲ့ ဂျပန်ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီး Chonmage လို့ခေါ်တဲ့ဆံထုံးကိုထုံးထားလေ့ရှိကြပါတယ်။ စစ်ပွဲမှာတော့ သံချပ်ကားဝတ်စုံကြီးကိုဝတ်ဆင်လေ့ရှိတာမို့ ခေါင်းရှေ့ပိုင်းက ဆံပင်တွေကို ရိတ်ထားပြီး နောက်ပိုင်းမှာစုပြီး စည်းလေ့ရှိပါတယ်။ ဆာမူရိုင်းတွေကစစ်ပွဲတွေ များပြားတဲ့ခေတ်တွေမှာ အထူးသဖြင့်ကျော်ကြားပါတယ်။ 

ဆာမူရိုင်းနဲ့ စစိသူကြီးက ဘယ်လိုကွာခြားလဲ

စစ်သူကြီးဆိုတာကတော့ စစ်တိုက်ပြီး အသက်မွေးဝမ်းကြောင်းပြူနေတဲ့သူတွေဖြစ်ပါတယ်။ တနည်းအားဖြင့် ခစားတဲ့သူမရှိရင် စစ်သူကြီး၊ တော်ဝင်မျိုးနွယ်တွေကို ခစားတဲ့သူကို ဆာမူရိုင်း ဆိုပြီးခွဲခြားထားရင် အဆင်ပြေပါတယ်။ နယ်မြေတွေကိုချဲ့ထွင်ပြီး နယ်မြေတွေ အလုမခံရအောင် လက်မက်ကိုင်ပြီးနယ်မြေကိုစောက်‌ရှောက်တဲ့ အချိန်ကနေစပြီး စစ်သူကြီးဆိုပြီး စတင်ခေါ်တွင်ကြတာလို့ဆိုပါတယ်။ ဂျပန်စကားနဲ့ ဆို လက်နက် ဆိုတဲ့ စကားလုံးနဲ့ လူ ဆိုတဲ့ စကားလုံးကိုပေါင်းပြိးရေးသားပါတယ်။ယခုနောက်ပိုင်းမှာတော့ စစ်သူကြီး လို့ခေါ် တဲ့ လက်နက်ကိုင်တြ့ တပ်ဖွဲ့တွေနဲ့ ဆာမူရိုင်းကို သိပ်ပြီးတော့ ကွဲကွဲပြားပြား မှတ်သားလေ့မရှိတော့ပါ။ 

သူတို့တွေက Bushido လို့ခေါ်တဲ့ကိုယ်ပိုင်လမ်းစဥ်တွေကိုအလေးထားပြီး ကိုယ်ကျင့်တရားကောင်းမွန်ပြီး လုံးဝ မုသာဝဒ စကားမသုံးဘူးဆိုတဲ့ ကျင့်ဝတ်ကိုစောင့် ထိန်းလေ့ရှိကြပါတယ်။ လှည့်ကွက်တွေမသုံးဘဲနဲ့ မျှမျှတတ တိုက်ခိုက်တာက ကျင့်ဝတ်တစ်ခုလိုယူဆ ထားကြတာကြောင့် ဒီလိုကျင့်ဝတ်တွေကို မလိုက်နာတဲ့သူတွေကို ဘယ်လောက် အင်အားကြီးပါစေ စစ်သူကြီးလို့သတ်မှတ်လေ့မရှိကြပါဘူး။

စစ်ခေတ်တုန်းကတော့ Toyotomihideyoshi ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်တဲ့ အမိန့် ကြောင့် အဲ့ခေတ်တုန်ူက စစ်သူကြီးတွေကလွဲလို့ သာမန်သူတွေ လက်နက်ကိုင်ခွင့်မရခဲ့ပါဘူး။ အဲဒါကြောင့် ဂျပန်ဓားရှည်တွေက စစ်သူကြိးတွေရဲ့ အသက်လို့တောင်ပြောယူရတဲ့ အထိ စစ်သူကြီးတွေကို တော်တော် စိူးမိုးခဲ့ကြတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အယ်ဒိုခေတ်မှာ စစ်သူကြီးတွေက အထက်တန်းစာလွှာတွေ ဖြစ်ကြတာမို့ လယ်သမားတွေ သာမန်သူတွေနဲ့ မတူအောင် မျိုးရိုးနာမည် မှည့်လေ့ရှိကြပါတယ်။ ပြီးတော့ လူအနည်းစုဖြစ်ပြီး သာမန်လူတွေ အမြဲတမ်းအားကျရတဲ့ လူတန်းစားအလွှာတွေလဲဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာတော့ မေဂျီအစိူးရရဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် ဆာမူရိုင်းတွေ၊ စစ်သူကြီးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားကြပါတယ်။ ဆာမူရိုင်းတွေက အရာရှိနဲ့ စစ်သူကြီး ရာထူးကို တပြိုင်တည်းထမ်းနေကြတဲ့သူတွေဖြစ်ပြီး သီးသန့် ရာထူးတွေကို ပေါ်ပေါက်လာတာမို့ ရာထူတွေကိုလည်း ဆုံးရှုံးသွားကြပါတယ်။ နောက်ပြီး ယနေ့ခေတ်ဂျပန်မှာ လက်နက်မကိုင်ရ အမိန့်ကြောင့် ဂျပန်ဓားတွေကိုင်ဆောင်ခွင့်ကိုလဲ ပိတ်ပင်ထားပါတယ်။ 

နင်ဂျာတွေ က စပိုင်တွေနဲ့ တူပါတယ်

 နင်ဂျာတွေကတော့ မိမိသခင်ရဲ့ ရန်သူတွေကို မဟုတ်တမ်းစကားတွေ၊ ဝါဒတွေ ဖြန့်တာ တို့ စပိုင်လိုမျိုး အပြုအမူတွေကိုလုပ်ဆောင်လေ့ရှိကြပါတယ်။ ပြီး‌တော့ နင်ဂျာတွေမှာ အထူးနင်ဂျာ အတတ်ပညာရှိကြပြီူ တခါတလေ အဲလိုပညာကိုသုံးပြီး ရန်သူတွေနဲ့ တိုက်ခိုက်လေ့ရှိကြပါတယ်။ နင်ဂျာကတော့ ဆာမူရိုင်းတို့ စစ်သူကြီးတို့လိုမျိုး အဆင့်မြင့်တဲ့ မျိုးနွယ်တွေဆီမှာ ခစားလေ့ရှိပါတယ်။ 

နင်ဂျာတွေက အဓိက ဘယ်လို ကိစ္စတွေကိုဆောင်ရွက်ပါသလဲ?

နင်ဂျာ တွေက ဒီအတိုင်း သာမန်လူတွေနဲ့ ရောထွေးရင်း ရန်သူတွေရဲ့သတင်းတွေကို ရယူလေ့ရှိကြပါတယ်။ နင်ဂျာလို့ပြောလိုက်တာနဲ့ တကိုယ်လုံးကို အနက်‌ရောင်ဝတ်စုံ ဝတ်ပြီး မျက်လုံးကိုပဲ ထုတ်ပြလေ့ ရှိတဲ့သူတွေလို့ ထင်တတ်ကြပေမယ့် ပုံမှန်ဆို မြို့ထဲမှာ လှည့်ပတ်‌လျှောက်သွားနေတဲ့ ဘုန်းကြီးလိုလို၊ ကုန်သည်လိုလို ဟန်ဆောင်ထားတတ်တဲ့သူတွေ များပါတယ်။ နောက်ပြီး နင်ဂျာတွေက လုပ်စရာမရှိတော့ရင် လေ့လာစရာတွေ၊ အတတ်ပညာတွေကိုလေ့လာရင်း ပိုပြီး သန်မာအောင်လေ့ကျင့်လေ့ရှိကြပါတယ်။ 

 နင်ဂျာတွေတတ်အပ်တဲ့ ပညာတွေအနေနဲ့ကတော့ သတင်းတွေကိုခိုးနားထောင်ခြင်း၊ တိုက်ခိုက်ခြင်း စတဲ့ စွမ်းရည်တွေဖြစ်ပြီး နင်ဂျာတွေအထူး အသုံးပြုတဲ့ လက်နက်တွေကိုလဲ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်အောင် အထူးလေ့ကျင့်ထားလေ့ရှိကြပါတယ်။ နောက်ပြီး နင်ဂျာတွေက ဂျပန်ဓားရှည်ကိုလဲ ကိုင်တောင်လေ့ရှိကြပေမယ့် ဆာမူရိုင်းလိုမျိုး တိုက်ိုက်တဲ့အခါမှာ ဓားရှည်ကိုထုတ်သုံးလေ့မရှိပါဘူးလို့ဆိုပါတယ်။ အဆောက်အအုံတွေ နံရံတွေကို ကျော်တက်တဲ့အခါမှာ အသုံးပြု‌လေ့ရှိကြပြီး ဆာမူရိုင်းကိုင်ဆောင်တဲ့ဓားလို့အရမ်းမရှည်ဘဲ ညဘက်တွေမှာလဲ သိပ်ပြီး သတိမထားမိအောင် ဓားအရောင်တောက်တာကို ဖျောက်ထားပါတယ်။ နောက်ပြီး ရန်သူရဲ့ တိုက်ကွက်တွေကို ပိုင်နိုင်အောင်‌‌ရှောင်နိုင်ဖို့အတွက် ကိုယ်ခံပညာကိုလဲ သေချာလေ့ကျင့်ထားကြပါတယ်။ 

နင်ဂျာတွေမှာလဲ အမျိုးအစားအမျိုးမျိုးရှိပြီး ခစားတဲ့သခင်တွေအတွက် စပိုင်လုပ်ငန်းစဥ်တွေလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးရပါတယ်။ အထူးသဖြင့် ဆာမူရိုင်းအများစုနဲ့ စစ်သူကြီးအများစု ပြိုင်ဘက်ကင်း အိပ်မက်မက်ခဲ့ကြတဲ့ စစ်ပွဲခေတ်မှာ နင်ဂျာတေါက သူတို့အတွက်အများကြီးဝန်ထမ်းပေးကြရပါတယ်။ ဥပမာ ယနေ့ခေတ် ဟိရိုရှိးမား ခရိုင် ‌ရှေးအခေါ် Mourishi ဆိုတဲ့နေရာက နင်ဂျာတွေရဲ့ တိုက်ရည်ခိုက်ရည်ကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်းဒေသ တစ်ခုအဖြစ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီ ခေတ်တုန်းက ဂျပန်နိုင်ငံတစ်ခုလုံးကို စည်းလူံးအောင်လုပ်ခဲ့တဲ့ အစိုးရလဲပဲ နင်ဂျာ အဖွဲ့ကိုပိုင်ထားပြီး အဲခေတ်တုန်းက ဘယ်စစ်သူကြီးမဆို အချက်အလက်တွေရဖို့အတွက် နင်ဂျာတွေကိုအသုံးပြုကြပါတယ်။ 

ယနေ့ခေတ်ရော နင်ဂျာတွေ ရှိသေးလား

အယ်ဒီု အစိုးရက ဂျပန်တန်ုင်ငံလုံးကို စုစည်းလိုက်တာမို့ နိုင်ငံအတွင်း စစ်ပွဲတွေ မရှိတော့ပါဘူး။ ဒါကြောင့် နင်ဂျာတွေလဲ တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ်မှာတော့ နင်ဂျာတွေကို သမိုင်းထဲက သူတွေအနေနဲ့၊ စိတ်ကူးယဥ်ထဲ ကလူတွေအနေနဲ့ ဖြစ်ဖြစ် သတ်မှတ်ပြောစမှတ်ပြုကြပါတယ်။ 

ပြီးတော့ တကယ့် နင်ဂျာတွေက အန်နီမေးတွေ ကာတွန်းစာအုပ်တွေထဲကလို အရမ်းအံ့သြဖို့ကောင်းတဲ့ စွမ်းအားတွေ မရှိပါဘူး။

ဆာမူရိုင်း နဲ့ နင်ဂျာကို ကမ္ဘာတဝှမ်းမှာ လူကြိုက်များတဲ့အကြောင်းအရင်း

ဂျပန်နိုင်ငံရဲ့ တမူထူးခြားတဲ့ နင်ဂျာ၊ ဆာမူရိုင်းတွေကို  ကမ္ဘာတဝှမ်းမှာ လဲ လူသိများကြပါတယ်။ ဆာမူရိုင်း၊ နင်ဂျာ ကို အဓိက ဇာတ်ကောင်အနေနဲ့ ရိုက်ကူးထားတဲ့ ဟောလီဝုဒ် ရုပ်ရှင်တွေလဲရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အန်နီမေးရှင်းတွေ၊ ကာတွန်းစာအုပ်တွေမှာလဲ ဆာမူရိုင်း၊ နင်ဂျာ ကို မကြာခဏ တွေ့ရလေ့ရှိကြလို့ အဲလိုဇာတ်ကောင်တွေအနေနဲ့ မြင်ရတာများပြီး တဖြည်းဖြည်း အားကျလာကြတယ်လို့ထင်ရပါတယ်။ 

ယနေ့ခေတ်မှာလဲ ဂျပန်မှာ ဆာမူရိုင်းနဲ့ နင်ဂျာ တို့ရဲ့ အငွေ့အသက်ကို ခံစားနိုင်ပါတယ်

 

ယနေ့ခေတ်မှာတော့ တိုက်ခိုက်တာတို့ ရန်သူရဲ့ အချက်အလက်တွေကိုစုဆောင်းတာတို့မရှိတော့ပေမယ့် ဝတ်စုံတွေဝတ်ပြီး အငွေ့အသက်ကိုတော့ ခံစားလို့ရနိုင်ပါသေးတယ်။ ဂျပန်မှာတော့ နင်ဂျာ၊ ဆာမူရိုင်းတို့ဝတ်စုံတွေကို ဝတ်ပြီး၊ လက်နက်တွေကို အသုံးပြုကြည့်တာတို့ လုပ်နိုင်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့် ဂျပန်ကိုအလည်လာရင် အဲလိုနေရာတွေကို သွားပြီး အတွေ့အကြုံယူသင့်ပါတယ်။ အထူးသဖြင့် ကျိုတို၊ တိုကျိုမြို့တွေမှာ ဆာမူရိုင်း၊ နင်ဂျာ တို့ရဲ့ အငွေ့အသက်ကိုခံစားနိုင်ပါတယ်။ 

အကျဥ်းချုပ်

နင်ဂျာ နဲ့ဆာမူရိုင်းတွေ က သူတို့ရဲ့ လူပ်ငန်းဆောင်တာ ရာထူး အစသဖြင့် အမျိုးမျိုး ကွဲပြားကြပါတယ်။ ယနေ့ခေတ်မှာတော့ မရှိကြတော့ပေမယ့် တကယ့် အငွေ့အသက်တွေကိုခံစားပြီး အတွေ့အကြုံ ယူနိုင်တဲ့နေရာတွေတော့ ရှိပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဆာမူရိုင်းနဲ့ နင်ဂျာ ဘယ်လိုကွာခြားလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ