ဂျပန်နိုင်ငံရဲ့ မက်မန်းပန်း များအကြောင်း 梅 (ume)

ဂျပန်နိုင်ငံရဲ့ ပန်းလို့ပြောလိုက်ရင် (桜, Sakura)  ပန်းလို့လူသိများတဲ့ ချယ်ရီပန်းတွေကိုသာပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်ယဥ်ကျေးမှုမှာဆိုရင်တော့ (梅 ,ume) လို့ခေါ်တဲ့မက်မန်းပန်းတွေကလဲ နာမည်ကြီးတဲ့ ပန်းတွေဖြစ်ပါတယ်။ 
ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲံ မက်မန်းပန်းတွေပွင့်တဲ့ ရာသီနှင့် မက်မွန်ပန်းတွေ ပွင့်တဲ့ နေရာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ဒီဆောင်းပါးကနေ တဆင့် ဂျပန်နိုင်ငံအတွက် 梅 (ume) က ဘယ်လောက်အရေးပါလဲဆိုတာကို သိရှိရမှာဖြစ်ပါတယ်။

မာတိကာ 

  1. မက်မန်းပန်း  梅 (ume)  ကဘယ်လိုပန်းမျိုးလဲ။
  2. မက်မန်းပန်း  梅 (ume) ပွင့်ချိန်က ဘယ်အချိန်လဲ။
  3. မက်မန်းပန်း  梅 (ume) တွေကဘယ်လိုမျိုးပုံသဏ္ဌာန်ရှိလဲ။ 
  4. ဂျပန်ရိုးရာ ယဥ်ကျေးမှုမှာ တွေ့မြင်နိုင်တဲ့မက်မန်းပန်း များ။
  5. ဂျပန်မှာ မက်မန်းပန်း  梅 (ume) တွေကိုကြည့်နိုင်မယ့်နေရာများ။
  6. အကျဥ်းချုပ် 

မက်မန်းပန်း  梅 (ume)  ကဘယ်လိုပန်းမျိုးလဲ။


梅 (ume) လို့ခေါ်တဲ့ မက်မန်းသီးတွေကတော့ ဂျပန်နိုင်ငံရဲ့ တရုတ်နိုင်ငံကနေ စတင်ဆင်းသက်လာပြီးတော့ Atsuka ခေတ်မှာ စတင်ပြီးတော့ ဂျပန်နိုင်ငံကိုဝင်ရောက်လာကြပါတယ်။ စတင်ဝင်ရောက်လာခဲ့တုန်းကတော့ Ubai လို့ခေါ်တဲ့ ဆေးတစ်မျိုးအနေနဲ့ စတင်ဝင်ရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့နေရာအနှံ့ ပြားမှာ မက်မန်းပင်တွေစတင်ပြီး စိုက်ပျိုးလာခဲ့ကြပါတယ်။ မက်မန်းပင်တောကြီးကိုတော့ 梅林 (Bairin) လို့ခေါ်ပြီး မက်မန်းပန်းတွေကိုတော့ 梅花 (Baika)လို့ခေါ်ကြပါတယ်။မက်မန်းသီးတွေကိုလဲ အချဉ်ဖောက်ခြင်း၊ အရသာ မုန့်များတွင်အသုံးပြုခြင်းနှင့် အရက်ချက်လုပ်ခြင်းတို့မှာ အသုံးပြုလေ့ရှိကြပါတယ်။ ဒါအပြင် ဂျပန်လူမျိုးတွေကြားထဲမှာ အချဉ်ဖောက်ထားတဲ့ မက်မန်းသီး 梅干し(umeboshi) နှင့် မက်မန်းသီးအရက် 梅酒 (umeshu)  စတဲ့ မက်မန်းသီးနဲ့ဆိုင်တဲ့ စားသောက်ကုန်တွေလဲ နာမည်ကြီးပါတယ်။နောက်တစ်ချက် က နာရ ခေတ်တုန်းက မက်မန်းပန်းတွေ ပွင့်တာကို ကြည့်ရှုခံစားခဲ့ ရာကနေပြီးတော့ ပန်းကြည့်တဲ့ အလေ့အထ စတင်ခဲ့ပါတယ်။ ဒါပေမယ့် နာရ ခေတ်မှာတော့ ပန်းကြည့်တဲ့ အလေ့အထိ က မင်းမျိုးမင်းနွယ်တွေ ကြားထဲမှာသာခေတ်ထ ခဲ့ပါတယ်။ နောက်ပိုင်းမှာ ချယ်ရီပန်းတွေပွင့်တာကိုကြည့်တဲ့ 花見(Hanami)ပန်းကြည့်တဲ့ အလေ့အထ ခေတ်စားလာပြီးတဲ့ နောက်ပိုင်းမှာတော့ မက်မန်းပန်းကြည့်တာကို  梅見 (Umemi) သို့မဟုတ် 観梅 (Kanume) လို့ခေါ်ကြပါတယ်။ 

မက်မန်းပန်း  梅 (ume) ပွင့်ချိန်က ဘယ်အချိန်လဲ။


မက်မန်းပန်းတွေကတော့ ဂျပန်မှာ တစ်နှစ်တာအတွင်းအစောဆုံးပွင့်တဲ့ ပန်းတွေဖြစ်ပါတယ်။ သူနဲ့ ပုံစံချင်းဆင်တဲ့ မက်မွန်ပန်းနှင့် ချယ်ရီပန်းထက်လဲ စောပါတယ်။ မက်မန်းပန်းတွေကို ဖေဖော်ဝါရီ လ အစကနေပြီးတော့ မတ်လ အလယ်လောက်ထိ ပွင့်တတ်ပါတယ်။ ပူနွေးတဲ့ ဒေသတွေမှာစောစောပွင့်ပြီး အေးတဲ့ ဒေသတွေမှာတော့ နောက်ကျမှ ပွင့်လေ့ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရာသီဥတုကတော့ တောင်ဘက်ကနေ မြောက်ဘက်ကို တဖြေးဖြေး ပူလာတဲ့ အတွက်ကြောင့်မို့လို့ မက်မန်းပန်းတွေကတော့ တောင်ဘက်ကနေ စပွင့်ပြီး မြောက်ဘက်ကို တဖြေးဖြေး ပွင့်သွားပါတယ်။ ဒါကြောင့် ကျူးရှူးဒေသနှင့် အိုကီနာဝါတိုမှာဆိုရင် ဇန်နဝါရီလ လကုန်လောက်ကတည်းက အစောကြီးပွင့်နိုင်ပါတယ်။ ထို့အတူ အေးတဲ့ ဒေသတွေဖြစ်တဲ့ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုး လိုဒေသတွေမှာဆိုရင် ပုံမှန်ထက်နောက်ကျပြီး ဧပြီလကုန် မေလ လောက်အထိ ပွင့်တတ်ပါတယ်။ နောက်ပြီး မက်မွန်ပန်းတွေက ချယ်ရီပန်းထက်ပိုပြီးတော့ ရာသီဥတုအားဖြင့် သက်ရောက်မှုအားပြင်းပါတယ်။ ဥပမာ ပိုပြီးပူပြင်းတဲ့ နှစ်တွေမှာဆိုရင် ပိုပြီးတော့ စောစော ပွင့်လေ့ရှိကြပါတယ်။ 
တိုကျိုမှာတော့ နှစ်စဥ် နှစ်တိုင်း ဖေဖော်ဝါရီ လကုန်လောက်ကနေ မတ်လလောက်အထိ ကို မက်မန်းပန်းတွေ လှိုင်နေအောင်ပွင့်လေ့ရှိကြပါတယ်။ 

မက်မန်းပန်း  梅 (ume) တွေကဘယ်လိုမျိုးပုံသဏ္ဌာန်ရှိလဲ။ 

မက်မန်းပန်း တွေကို အကြမ်းအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါတယ်။

  • အလှစိုက်တဲ့ မက်မန်းပင်နှင့် 
  • အသီးစားစိုက်တဲ့ မက်မန်းပင် တို့ဖြစ်ပါတယ်။

မက်မန်းပန်းတွေကတော့ အများအားဖြင့် အပွင့်ဝိုင်းတဲ့ ပုံတွေရှိပါတယ်။ နောက်ပြီး အမျိုးအစိတ်တွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ပုံသဏ္ဌာန်နှင့် အရောင်အမျိုးအစားကွဲနိုင်ပါတယ်။ အများအားဖြင့် ပန်းနိုရောင်၊ ပန်းအရင့်ရောင်နှင့် အနီရောင်၊ အဖြူရောင်တို့ကိုတွေ့နိုင်ပါတယ်။ နောက်ပြီး မက်မန်းပန်းတွေကတော့ အစုလိုက်ပွင့်လေ့မရှိကြပါဘူး။ တစ်ပွင့်နှင့်တစ်ပွင့် ခြားပြီးပွင့်လေ့ရှိကြပါတယ်။ အညာလဲ မရှိသလို သစ်ကိုင်းမှာ ကပ်ပြီးပွင့်လေ့ရှိကြပါတယ်။ 

ဂျပန်ရိုးရာ ယဥ်ကျေးမှုမှာ တွေ့မြင်နိုင်တဲ့မက်မန်းပန်း များ။


(桜, Sakura) ချယ်ရီပန်းတွေကတော့ နိုင်ငံခြားသားတွေကြားထဲမှာ ဂျပန်နိုင်ငံရဲ့ အရေးပါတဲ့ ပန်းအဖြစ် နာမည်ကြီးပေမယ့် မက်မန်းပန်းတွေကလဲ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုအရ အရမ်းကိုအရေးပါတဲ့ ပန်းလဲဖြစ်ပါတယ်။ မက်မန်းပန်းတွေကို  ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုအရ အရေးပါတဲ့ အချက်တချို့ကို ကြည့်လိုက်ကြရအောင်။

နိမိတ်ကောင်းတဲ့ အဆင်အဖြစ်သတ်မှတ်ခံထားရခြင်း Shou-Chiku-Bai (松竹梅)

松竹梅 (Shou Chiku Bai) လို့ခေါ်တဲ့ ထင်းရှူး၊ ဝါးနှင့် မက်မန်း တို့ကိုတွဲပြီးတော့ ဘဝရဲ့ ခွန်အားနှင့် မွေးဖွားခြင်းတို့ကိုကိုယ်စားပြုတဲ့ ဂျပန်နိုင်ငံရဲ့ နိမတ်ကောင်းတဲ့ အပွင့် အဆင်တွေ အဖြစ်အသိမှတ်ပြုလေ့ရှိကြပါတယ်။ 

  • ထင်းရှူး (松, Matsu) - ထင်းရှုးပင်တွေကတော့ တစ်နှစ်ပတ်လုံးစိမ်းနေတဲ့ အတွက်ကြောင့်မို့လို့ ဘဝရဲ့ ခွန်အားအဖြစ်တင်စားလေ့ရှိကြပါတယ်။ 
  • ဝါး  (竹, Take) - ဝါးပင်တွေက မြေကြီးကို အမြစ်တွယ်နေတဲ့ အတွက်ကြောင့်မို့လို့ ခွန်အားအပြည့်ရှိတဲ့ အပင်ဆိုပြီးတော့ မှတ်ယူလေ့ရှိကြပါတယ်။ 
  • မက်မန်းပင် (梅, Ume) - မက်မန်းပန်းကတော့ ဆောင်းကုန်မှာတခြားပန်းတွေထက်ပိုစောစောပွင့်တဲ့ အတွက်ကြောင့်မို့လို့ အောင်မြင်တဲ့ ပန်းလို့ယူဆကြပါတယ်။

松竹梅 (Shou Chiku Bai) လို့ခေါ်တဲ့ ထင်းရှူး၊ ဝါးနှင့် မက်မန်း တို့ကတော့ ကီမိုနို နဲ့ ဂျပန်ရိုးရာစက္ကူတွေနဲ့ တခြားပစ္စည်းတွေမှာ အဆင်အနေနဲ့ လူကြိုက်များလေ့ရှိကြပါတယ်။

ဂျပန်ရိုရား Hanafuda  (花札) မှာတွေ့ရတဲ့ မက်မန်းပွင့်များ

Hanafuda (花札) ဆိုတာကတော့ ဂျပန်ရိုးရာအားကစားတစ်မျိုးဖြစ်တဲ့ Karuta ကစားနည်းမှာ အသုံးပြုတဲ့ ကတ်တွေဖြစ်ပါတယ်။ ၁၂ စုံရှိပြီး ၁ စုံမှာ ကတ် ၄ ကတ်ပါဝင်ပြီး တစ်စုံချင်းစီမှာတော့ တော့ ပန်းတွေနဲ့ ဆွဲ ထားပြီးရာသီ တစ်ခုချင်းစီကို ကိုယ်စားပြုပါတယ်။ ဒီမက်မန်းပွင့်တွေကတော့ ဖေဖော်ဝါရီ လကို ကိုယ်စားပြုပါတယ်။ 

ကဗျာတွေနှင့် အနုပညာလက်ရာတွေမှာ တွေ့နိုင်မယ့် မက်မန်းပွင့်များ

မက်မန်းပွင့်တွေကတော့ ဂျပန်ရိုးရာကဗျာဖြစ်တဲ့ Haiku (俳句) တွေမှာ တွေ့နိုင်သလို ဂျပန်နိုင်ငံရဲ့ရိုးရာ လက်မှုပညာတွေမှာလဲတွေ့နိုင်ပါတယ်။ မက်မန်းပွင့်တွေကို အများအားဖြင့် နွေဦးရာသီရောက်လာတဲ့ သင်္ကေတ အနေနဲ့ဖော်ကြူးလေ့ရှိကြပါတယ်။ 

နာမည်ကြီး  Haiku (俳句) ကဗျာတွေမှာတွေ့နိုင်တဲ့ မက်မန်းပန်းအကြောင်းလေးတွေကိုကြည့်လိုက်ကြရအောင်။ 

梅が香に 昔の一字 あはれなり
ume ga ka ni mukashi no ichiji aware nari
သင့်လျှော်အောင်ဘာသာပြန်ရမယ်ဆိုရင်တော့ - မက်မန်းရနံ့တွေနဲ့ အတူတွေဦးရောက်လာပေမယ့်  အတိတ်ထဲ ပိတ်မိနေတုန်းလား။

Matsuo Basho (松尾芭蕉)

ဂျပန်ရိုးရာအစားစာတွေမှာတွေ့ရမယ့် မက်မန်းသီး
အပေါ်မှာပြောခဲ့သလို မက်မန်းသီးတွေကို ဂျပန်ရိုးရာ အစားစာအဖြစ်တွေ့မြင်ရလေ့ရှိပါတယ်။ တချို့ မက်မန်းသီးတွေနဲ့ သက်ဆိုင်တဲ့ အစားစာတွေကို ကြည့်လိုက်ကြရအောင်။

Umeboshi (梅干し)


ပထမတစ်ခုကတော့ Umeboshi  ဖြစ်ပြီး ငံငံနှင့်ချိုပေမယ့် အများအားဖြင့် ချဥ်တဲ့ အမျိုးအစားတွေတွေ့နိုင်ပါတယ်။  Umeboshi တွေကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားသောက်ဖြစ်ပြီး ပိုပြီးတော့ စားချင်စိတ်ဖြစ်လာစေတဲ့ အစားအသောက်မျိုးဖြစ်ပါတယ်။ 
မက်မန်းသီးအရသာ ထမင်းဆုပ်ကလဲ ဂျပန်လူမျိုးတွေကြားထဲမှာ လူကြိုက်များပါတယ်။နောက်ပြီး  Umeboshi  တွေကို ဂျပန်နိုင်ငံရဲ့ ထမင်းဘူးတွေမှာလဲ အရံအနေနဲ့ အမြဲတမ်းတွေ့နိုင်ပါတယ်။ 
Hinomaru Bento (日の丸弁当) လို့ခေါ်တဲ့ ဂျပန်နိုင်ငံအလံကို ကိုယ်စားပြုထားတဲ့ ထမင်းဗူးမှာလဲ ထမင်းဖြူထဲအပေါ်မှာ အနီရောင် မက်မန်းသီးကို တင်ပြီး ဂျပန်အလံနဲ့တူအောင်အလှဆင်လေ့ရှိကြပါတယ်။ 

梅酒 (Umeshu) 


ဂျပန်အရက်တွေထဲမှာနာမည်ကြီးတဲ့ ရိုးရာအရက်ဖြစ်တဲ့ 梅酒 (Umeshu)  လို့ခေါ်တဲ့မက်မွန် သီးနဲ့ ပြုလုပ်ထားတဲ့ အရက်ကလဲ လူကြိုက်များတဲ့ အရက်အမျိုးအစားဖြစ်ပါတယ်။ တခြားသစ်သီးနဲ့ အရက်ချဥ်ထားတဲ့ (果実酒. Kajitsushu)အရက်အမျိုးအစားတွေထဲမှာတော့ Mikanshu, Yuzushu တို့ရှိပါတယ်။ ဒါပေမယ့် 梅酒 (Umeshu)  ကတော့ နာမည်အကြီးဆုံးဖြစ်ပါတယ်။
梅酒 (Umeshu)  တွေကို အများအားဖြင့် ဂျပန်အရက်ဆိုင်တွေနှင့်  convenience stores တွေမှာလဲအလွယ်တကူဝယ်ယူနိုင်ပါတယ်။
※ဂျပန်မှာတော့ အသက် ၂၀ ကျော်မှာ အရက်သောက်ခွင့်၊ ဝယ်ခွင့်ရှိပါတယ်။ 

ဂျပန်မှာ မက်မန်းပန်း  梅 (ume) တွေကိုကြည့်နိုင်မယ့်နေရာများ။

ဒါဆို နွေဦးကိုကြိုတဲ့ ပန်းတွေဖြစ်တဲ့ မက်မန်းပန်းတွေကို ဘယ်နေရာတွေမှာ အလှဆုံးတွေ့မြင်နိုင်မလဲ။ ဂျပန်နိုင်ငံအနှံ့မှာတွေ့မြင်နိုင်တဲ့ နေရာတွေ အများကြီးရှိနိုင်ပါတယ်။ အလှပဆုံးတွေ့နိုင်တဲ့ နေရာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

1. [Ibaraki] Kairakuen

အလှဆုံးအချိန် - ဇန်နဝါရီလ နှောင်းပိုင်းမှ ဧပြီလ အစောဆုံးအထိ 

Kairakuen (偕楽園)  ကတော့ ဂျပန်နိုင်ငံရဲ့ Mito မြို့၊ Ibaraki ခရိုင်မှာရှိတဲ့ ဥယျာဥ်ဖြစ်ပါတယ်။ မက်မန်းပင်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ဂျပန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အကြီးဆုံး မက်မန်းပင်တောကြီး  (関東三大梅林) ဖြစ်ပါတယ်။ နောက်ပြီး ဒီ ဥယျာဥ်ကြီးကတော့ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး ဥယျာဥ် ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။ 

2. [Saitama] Ogose မက်မန်းတော 

အလှဆုံးအချိန် - ဖေဖော်ဝါရီလ နှောင်းပိုင်းမှ မတ်လအစောဆုံးအထိ 

Ogose မက်မန်းတော (越生梅林, Ogose Bairin) Iruma ခရိုင်၊  Saitama စီရင်စုထဲမှာတွေ့နိုင်ပါတယ်။ ဒီဥယျာဥ်ကြီးကလဲ ဂျပန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အကြီးဆုံး မက်မန်းပင်တောကြီး  (関東三大梅林) ထဲကတစ်ခုဖြစ်ပါတယ်။ မက်မန်းပင်ပေါင်း ၂ ‌သောင်းကျော်ရှိပါတယ်။ 

3. [Gunma] Akima မက်မန်းတော

အလှဆုံးအချိန် - မတ်လနှောင်းပိုင်းအထိ 

Akima မက်မန်းတော  (秋間梅林, Akima Bairin) ကတော့ Annaka  မြို့၊ Gunma စီရင်စုမှာရှိပြီးတော့ ၃ သောင်ကျော်တဲ့ မက်မန်းပန်းတွေရှိပါတယ်။ နောက်ပြီးတော့ Gunma စီရင်စုမှာရှိတဲ့ အကြီးဆုံး မက်မန်းတာ့ ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။ 

4. [Tokyo] Yushima နတ်ကွန်း

အလှဆုံးအချိန် - ဖေဖော်ဝါရီလ စပိုင်းမှ မတ်လအစောဆုံးအထိ

Yushima နတ်ကွန်း (湯島天満宮, Yushima Tenmanguu) ကတော့ တိုကျိုမြို့ရဲ့ Bunkyo ရပ်ကွက်မှာရှိပြီး တိုကျိုမှာရှိတဲ့ မက်မန်းပန်းပွင့်တဲ့ နေရာတွေထဲမှာ နာမည်အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ နတ်ကွန်းနဲ့အတူတူ မက်မန်းပန်းတွေရဲ့ အလှကိုခံစားနိုင်တဲ့ နေရာတစ်နေရာလဲဖြစ်ပါတယ်။ 

5. [Kanagawa] Soga မက်မန်းတော

အလှဆုံးအချိန် - ဖေဖော်ဝါရီလ စပိုင်းမှ မတ်လအစောဆုံးအထိ

Soga မက်မန်းတော (曽我梅林, Soga Bairin) ကတော့  Odawara မြို့  Kanagawa စီရင်စုထဲမှာ တည်ရှိပတဲ့ မက်မန်းတောကြီးဖြစ်ပြီး ဂျပန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အကြီးဆုံး မက်မန်းပင်တောကြီး  (関東三大梅林) ထဲကတစ်ခုဖြစ်ပါတယ်။ စုစုပေါင်း ပင်ပန်းပင်ပေါင်း ၃ သောင်းကျော်ခန့်ရှိတဲ့ မက်မန်းတောကြီးဖြစ်ပါတယ်။  Odawara ရဲတိုက်ကြီး အနီးတစ်လျှောက်မှာပွင့်လေ့ရှိတဲ့ မက်မန်းပင်တွေနဲ့နာမည်ကြီးတဲ့ Odawara မက်မန်းပန်းပွဲတော်  (小田原梅まつり) ကြီးကလဲ နာမည်ကြီးပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်နိုင်ငံမှာတော့ မက်မန်းပန်းတွေကတော့ နွေဦးကိုကြိုတဲ့ ပန်းတွေဖြစ်ပါတယ်။ နောက်ပြီး ဂျပန်ယဥ်ကျေးမှုနဲ့ လဲ အများကြီး သက်ဆိုင်တဲ့ ပန်းအမျိုးအစားဖြစ် တဲ့ အပြင် ဂျပန်လူမျိုးတွေရဲ့ နေ့စဥ်ဘဝမှာလဲ အများကြီး အရေးပါးတဲ့ ပန်း အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန်နိုင်ငံရဲ့ မက်မန်းပန်း များအကြောင်း 梅 (ume)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ