ဂျပန်နိုင်ငံရဲ့ ညဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်နဲ့ ရုပ်ထုတော် ၁၀ ဆူ

ဒီတခေါက် ဆောင်းပါးမှာတော့ ဗုဒ္ဓ ရုပ်ပွာတော် တမျိုးတည်းမဟုတ်ဘဲ ဂျပန်တနိုင်ငံလုံးမှာရှိတဲ့ ရုပ်ထုတော်တွေရဲ့ညဏ်တော် အမြင့်ဆုံး ၁၀ပါးကို ဖော်ပြသွားပါ့မဂျပန်နိုင်ငံ‌ရဲ့ ထင်ရှားတဲ့ ဗုဒ္ဓရုပ်ပွားတော်များအကြောင်းကိုတော့ ယခင်ဆောင်းပါးမှာဖော်ပြပြီးဖြစ်ပါတယ်။ မဖတ်ရသေးရင် ဒီနေရာကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့ ညဏ်တော်အမြင့်ဆုံးရုပ်ထုတော်က မြန်မာနိုင်ငံရဲ့ ဉာဏ်တော် အမြင့်ဆုံးရုပ်ထုတော်နဲ့နှိူင်းယှဥ်ကြည့်ရင်း ဂျပန်နိုင်ငံရဲ့ ရုပ်ထုတော်တွေကို သွားရောက် ချင်တဲ့သူတွေအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို တင်ပြသွားမှာ မို့လို့ အဆုံးထိဖတ်ရှုကြည့်ကြပါ။ 

မာတိကာ

မြန်မာနိုင်ငံနဲ့မတူတဲ့ ရုပ်ထုတော်များ

မြန်မာနိုင်ငံမှာတော့ ရုပ်ပွားတော်တွေကို ဘုရားပရဝဏ် နဲ့သီးသန့် တည်ထားကိုးကွယ်တာမျိုး များပြားပေမယ့် ဂျပန်မှာတော့ ဘုရားဝန်းအတွင်းမှာလဲရှိသလို၊အ‌ဆောက်အဆုံနဲ့သီးသန့်ထားရှိတာမျိုးတွေလဲရှိပါတယ်။ ဒါပေမယ့် မြန်မာနဲ့မတူတဲ့အချက်က ဂျပန်မှာ တော့ ပန်းခြံတွေမှာ တွေထဲမှာလဲ ဘုရားတွေရုပ်ထုတော်တွေရှိနေတတ်ပါတယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့နေရာတွေမှာ ဘုရားတွေ၊ရုပ်ပွားတော်တွေကို တွေ့တဲ့အချိန်မှာလဲ အံ့သြမှင်တက်သွားတဲ့အချိန်တွေလဲရှိပါတယ်။ 

နောက်ပြီး ဂျပန်မှာတော့ ရုပ်ပွားတော်တွေကို ဘာသာရေးအရ သွားရောက်ဖူးမြော်တာထက် အလည်အပတ်အနေနဲ့သွားရောက်ကြတာများပြားပါတယ်။ 

Ushiku ရပ်တော်မူဘုရား (Ibaraki ခရိုင်)

Ushiku ရပ်တော်မူဘုရားကတော့ဂျပန်မှာ အကြီးဆုံးရုပ်ပွားတော် တစ်ဆူဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Ibaraki ခရိုင်မှာတည်ရှိတဲ့ ရပ်တော်မူဘုရားတစ်ဆူလဲဖြစ်ပါတယ်။ ညဏ်တော် အနေနဲ့ကတော့ ၁၂၀ မီတာရှိပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် တတိယ အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ ဒီညဏ်တော် ဟာမြန်မာနိုင်ငံရဲ့ လေးကျွန်းစင်္ကြာရပ်တော်မူ ဘုရားထက် ၉မီတာ လောက်သာ နိမ့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လေးကျွန်းစင်္ကြာရပ်တော်မူ ဘုရားကလဲ  ကမ္ဘာမှာ ဒုတိယ အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ Ushiku ရပ်တော်မူဘုရားမှာကလဲ ရာသီ၄မျိုးစလုံးလှပနေပြီး ရာသီ ၄မျိုးစလုံးရဲ့ ရှုခင်းတွေနဲ့အတူ သပ္ပာယ်စွာဖူးမြော်နိုင်ပါတယ်။ 

Sendai Daikanon ရုပ်ထုတော် (Sendai မြို့၊ မီရာဂိခရိုင်)

Sendai Daikanonရုပ်ထုကတော့ ဂျပန်မှာ ဒုတိယ မြောက်အကြီးဆုံး ရုပ်ထုကြီးဖြစ်ပါတယ်။ အမြင့်ပေအနေနဲ့ကတော့ ၁၀၀ မီတာ လောက်ရှိပါတယ်။ ရုပ်ထုတွေထဲမှာတော့ ဂျပန်နိုင်ငံမှာ အမြင့်ဆုံးရုပ်ထုဖြစ်ပါတယ်။ အတွင်းပိုင်းအထဲထိဝင်‌ရောက်နိုင်ပြီး အတွင်းပိုင်းမှာ ၁၂လွှာရှိပါတယ်။ နောက်ပြီး ဓာတ်လှေကားလဲတပ်ဆင်ထားပါသေးတယ်။ ဝင်ကြေးကတော့ ယန်း၅၀၀ ကျသင့်ပါတယ်။ 

Hokkaido Daikanon ရုပ်ထုတော် (Ashibetsu မြို့၊ ဟိုကိုင်းဒိုး)

၈၈ မိတာမြင့်တဲ့ ဟိုကိုင်းဒိုး Daikanon ရုပ်ထုကတော့ ဂျပန်နိုင်ငံမှာ အမြင့်ဆုံးရုပ်ထုဖြစ်ပါတယ်။ ဒီရုပ်ထုတော်ကလဲ အတွင်းပိုင်းထဲထိ ဝင်‌ရောက်နိုင်ပြီး ရင်ဘတ်လောက်ကနေပြီး အပြင်ထွက်နိုင်ပြီး မျှော်စင်လိုမျိုး ဟိုကိုင်းဒိုး တခွင်ကိုကြည့်နိုင်ပါသေးတယ်။ အတွင်းပိုင်းမှာလဲ အထပ် ၂၀ အထိရှိပါသေးတယ်။ 

Kaga Daikanon ရုပ်ထုတော် (Kaga မြို့၊ Ishikawa ခရိုင်)

Kaga Daikanon ရုပ်ထုတော် ကတော့ မီတာ ၇၃ ခန့်အမြင့်ရှိပါတယ်။ Ishikawa ခရိုင်မှာတည်ရှိတဲ့ ရုပ်ပွားတော် တစ်ဆူဖြစ်ပါတယ်။ 

Jibo Daikanon ရုပ်ထုတော် (Kurume မြို့၊ ဖုကုအိုကာ ခရိုင်)

ဒီဘုရားကတော့ ၁၉၈၂ ခုနှစ်မှာ တည်ထားတဲ့ဘုရားဖြစ်ပြီး ညဏ်တော်အားဖြင့် ၆၂ မီတာရှိပါတယ်။ဒီဘုရားရဲ့ထူးခြားချက်က နံဖူးတော်မှာလဲ ရွှေအစစ် စိန်ဖူးတစ်လုံး ရှိပါသေးတယ်။ မကြာသေးခင်(၂၀၂၁ခုနှစ်) ကမှ ဘုရားကို ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။ 

Aizu Jibo Daikanon ရုပ်ထုတော် (Aizuwakamstuမြို့၊ Fukushimaခရိုင် )

ဓာတ်ပုံ - https://www.aizumura.jp/shisetsu.html

Aizu Jibo Daikanon ရုပ်ထုတော်ကတော့ ညဏ်တော် ၅၇ မီတာရှိပြီး ဖုကုရှိမားခရိုင်မှာတည်ရှိပါတယ်။ 

တိုကျိုပင်လယ်အော် Daikanon ရုပ်ထုတော် (Futtsu မြို့၊ ချိဘခရိုင်)

တိုကျိုမြို့နားမှာရှိတဲ့ ဒီရုပ်ထုတော်ဟာ ညဏ်တော် ၅၆ မီတာရှိပါတယ်။ တနှစ်ပတ်လုံးအလည်သွားနိုင်ပြီး ဝင်ကြေးကလဲ ၅၀၀ ယန်းလောက်သာရှိပါတယ်။ 

Shodoshima Daikanon ရုပ်ထုတော် (Kagawa ခရိုင်)

ဒီရုပ်ထုတော်ကတော့ ၅၅ မီတာမြင့်ပြီး အတွင်းပိုင်းမှာလဲ ဘုရားစင်းတုတော်ပေါင်း ၁ ထောင်ကကျော်ရှိပါသေးတယ်။ ရင်ဘတ်နားကနေ အပေါက်ဖောက်ထားတဲ့ အတွက်ကြောင့် အဝေးကြီးကိုလှမ်းမြင်နိုင်ပါသေးတယ်။ ညဘက်‌ရောက်ရင်လဲ မီးထွန်းတဲ့အတွက်ကြောင့် ညဘက်အလှကိုခံစားနိုင်ပါသေးတယ်။ 

Kamaishi Daikanon ရုပ်ထုတော်(Kamaishi မြို့၊ Iwateခရိုင် )

ဒီရုပ်ပွားတော်ကတော့ ၄၈.၅ မီဝာာရှိပြီး အတွင်းဘက်မှာလဲ ၁၂ထပ်ရှိပါသေးတယ်။ ဒီရုပ်တော်ရဲ့ တဝိုက်မှာတော့ တခြားပျော်စရာတွေလဲ ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စရာ နေရာတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေလဲ ရှိပါသေးတယ်။ 

ဆာပိုရို ရှင်သာလျောင်း (ဆာပိုရို၊ဟိုကိုင်းဒိုး)

ဒီဘုရားကလဲ ဆာပိုရိုမြို့ မှာတည်ရှိပြီး ၊ ညဏ်တော် ၄၅ မီတာရှိပါတယ်။ ဟိုကိုင်းဒိုးဆိုတဲ့အတိုင်း နှင်းတွေလဲ ကျပြီး ဆောင်းရာသီရောက်ရင် နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဘုရားကိုဖူးမျှော်နိုင်ပါသေးတယ်။ တည်နေရာကတော့ ဆာပိုရိုမြို့ Butsuganji ဆိုတဲ့ ဘုရားကျောင်းမှာရှိပါတယ်။

ဒီ‌ဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်နဲ့ ရုပ်ထုတော်တွေထဲကမှ အကြီးဆုံး ၁၀ ပါးကို ဖော်ပြလိုက်ပါတယ်။ ဂျပန်ရောက်ရင် ကိုယ်တိုင်ကျိန်းသေပေါက်သွားကြည့်ပါ

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံရဲ့ ညဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်နဲ့ ရုပ်ထုတော် ၁၀ ဆူ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ