တိုကျိုစကိုင်းထရီနဲ့တိုကျိုတာဝါနဲ့ပတ်သက်ပြီးဗဟုသုတရစရာ( Skytree and Tokyo tower)

ဂျပန်ကိုလာရောက်လည်ပတ်မယ်ဆိုရင်လည်ပတ်စရာ၊စိတ်ဝင်စားဖို့ကောင်းတဲ့အစားအသောက်နဲ့မြင့်မားတဲ့နည်းပညာနဲ့တည်ဆောက်ထားတဲ့အဆောက်အဦးနဲ့မိုးမျှော်စင်လို့ခေါ်တဲ့တာဝါလည်းအပါအဝင်ဖြစ်ပါတယ်။စကိုင်းထရီးလို့တောင်တင်စားရတဲ့မြင့်မားတဲ့တာဝါကိုတည်ဆောက်မှုပုံစံနဲ့ဒီဇိုင်းနည်းပညာကဆန်းကြယ်လှပါတယ်။တိုကျိုတာဝါကတော့စကိုင်းထရီထက်သက်တမ်းကြာတဲ့တာဝါတစ်ခုဖြစ်ပြီးနိုင်ငံခြားခရီးသွားများစွာလာရောက်လည်ပတ်ကြပါတယ်။ခရီးသွားများအနေနဲ့ဒီလိုတာဝါကိုမဖြစ်မနေလာရောက်လည်ပတ်သင့်ပြီး၊တာဝါနားမှာရှိတဲ့အရသာရှိတဲ့အစားအသောက်များကိုလည်းစားကြည့်သင့်ပါတယ်။မျှော်စင်တာဝါအမြင့်ပေါ်ကနေတိုကျိုမြို့ရဲ့မြင်ကွင်းကလည်းအလွန်လှပလွန်းပါတယ်။ရုံးပိတ်ရက်များကတော့တာဝါကိုလာရောက်တဲ့ဧည်သည်တွေများပြားကြပါတယ်။

စကိုင်းထရီးနဲ့ပတ်သက်ပြီးလေ့လာစရာ

စကိုင်းထရီးမျှော်စင်တာဝါကအမြင့်ပေ(၆၃၄)မီတာမြင့်မားပါတယ်။ကမ္ဘာအမြင့်ဆုံးတာဝါတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။တာဝါကို၂၀၁၂ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။မနက်ပိုင်း၉နာရီကနေဖွင့်ပြီးတော့ညပိုင်း၉နာရီမှာပိတ်ပါတယ်။စကိုင်းထရီတာဝါမှာအစားအသောက်စားလို့ရတဲ့နေရာတွဲပြီးတည်ဆောက်ထားတဲ့အတွက်တာဝါကိုသွားပြီးတာနဲ့အပြန်စားသောက်ဆိုင်တွေမှာအရသာရှိတာဝင်ရောက်စားသောက်လို့ရပါတယ်။တာဝါအပေါ်ဆုံးကနေတိုကျိုတစ်မြို့လုံးရဲ့မြင်ကွင်းကလည်းအရမ်းလှပပါတယ်။ညပိုင်းမှာလည်းတာဝါမှာတပ်ဆင်ထားတဲ့မီးဆလိုက်အလှနဲ့အရောင်စုံပြီးလှပပါတယ်။ဘူတာကတော့(東京スカイツリー)ဘူတာမှာဆင်းရမှာဖြစ်ပါတယ်။မျှော်စင်တာဝါရဲ့ဝင်ကြေးအနေနဲ့လက်မှတ်ကိုဆက်လိုက်ဝယ်တာအကောင်းဆုံးပါ။တိုကျိုထဲမှာနေထိုင်တဲ့သူတွေအတွက်ရထားနဲ့သွားမယ်ဆိုရင်နာရီဝက်နဲ့လေးဆယ့်ငါးမိနစ်လောက်ဘဲကြာမှာဖြစ်ပါတယ်။

စကိုင်းထရီးတာဝါလက်မှတ်စျေးနှုန်းနဲ့ပတ်သက်ပြီး

တာဝါရဲ့အမြင့်ပေဘယ်လောက်မှာရပ်ရင်စျေးနှုန်းဘယ်လောက်ဆိုတာရှိတဲ့အတွက်အမြင့်ဆုံးအထိရောက်ပြီးကြားထဲကအဆင့်တွေပါလေ့လာလို့ရမယ့်လက်မှတ်စျေးနှုန်းကိုဖော်ပြလိုက်ပါတယ်။ကြားရက်စျေးနှုန်းအနေနဲ့၁၈နှစ်အထက်လူကြီးစျေးနှုန်းကပုံမှန်ဂျပန်ပိုက်ဆံနဲ့၃၁၀၀ယန်း၊၁၂နှစ်ကနေ၁၇ခုနှစ်အထိက၂၃၅၀ယန်း၊၆နှစ်ကနေ၁၁နှစ်အထိက၁၄၅၀ယန်းဖြစ်ပါတယ်။အင်တာနက်ကနေလည်းဝယ်လို့ရသလိုစကိုင်းထရီးရောက်တဲ့အခါမှလည်းဝယ်လို့ရနိုင်ပါတယ်။၅နှစ်အောက်ကလေးများအနေနဲ့အလကားဖြစ်ပါတယ်။ခြောက်နှစ်မပြည့်သေးတဲ့ကလေးများအတွက်လည်းအလကားဖြစ်ပါတယ်။သတ်မှတ်ထားတဲ့နေ့ရက်အချိန်နဲ့ပတ်သက်ပြီးစျေးနှုန်းကအပြောင်းအလဲရှိပြီးစျေးနှုန်းသက်သာနိုင်တာမျိုးရှိနိုင်ပါတယ်။နောက်တစ်ခုကတော့ပိတ်ရက်ဖြစ်တဲ့စနေ၊တနင်္ဂနွေနေ့နဲ့အနီရက်များမှာလည်ပတ်မယ့်စျေးနှုန်းကစျေးနည်းနည်းကွာဟမှုရှိပါနတယ်။ပိတ်ရက်စျေးအနေနဲ့၁၈နှစ်အထက်၃၄၀၀ယန်း၊၁၂နှစ်ကနေ၁၇နှစ်က၂၅၅၀ယန်း၊၆နှစ်ကနေ၁၁နှစ်အထိက၁၅၅၀ယန်းအထိစျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်။

တိုကျိုတာဝါနဲ့ပတ်သက်ပြီးလေ့လာစရာ

အရင်ဆုံးအနေနဲ့တိုကျိုတာဝါကိုတည်ဆောက်ပြီးအဲဒီနောက်စကိုင်းထရီးတာဝါတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တိုကျိုတာဝါရဲ့အမြင့်ပေအနေနဲ့(၃၃၃)မီတာမြင့်မားပါတယ်။၁၉၅၈ခုနှစ်ကတည်းကတည်ဆောက်ပြီးခဲ့တာဖြစ်ပါတယ်။တာဝါရဲ့ဖွင့်ချိန်ကတော့မနက်၁၀နာရီခွဲကနေည၉နာရီခွဲအထိဖြစ်ပါတယ်။ဘူတာကတော့(赤羽橋駅)ဘူတာကပိုနီးပါတယ်။တာဝါနားလျှောက်သွားတဲ့ပတ်ဝန်းကျင်မှာလည်းစားသောက်စရာဆိုင်တွေနဲ့လည်ပတ်စရာအများကြီးရှိပါတယ်။တာဝါပေါ်ကကြည့်ရတဲ့မြင်ကွင်းနဲ့တာဝါအထဲပြင်ဆင်မှုကလည်းခမ်းနားလှပါတယ်။ညပိုင်းမှာတိုကျိုတာဝါရဲ့မီးရောင်စုံကလည်းအလွန်လှပပါတယ်။တိုကျိုတာဝါကိုရထားနဲ့သွားမယ်ဆိုရင်မိနစ်၂၀ကနေနာရီဝက်အတွင်းဘဲကြာမြင့်မှာဖြစ်ပါတယ်။တာဝါထဲမှာအမှတ်တရလက်ဆောင်ပစ္စည်းများလည်းဝယ်ယူလို့ရနိုင်ပါတယ်။ဘေးပတ်ဝန်းကျင်နားမှာပန်းခြံတွေလည်းရှိတဲ့အတွက်အပြန်ပန်းခြံတွေကိုသွားရောက်လည်ပတ်နိုင်ပါတယ်။

တိုကျိုတာဝါရဲ့လက်မှတ်စျေးနှုန်းနဲ့ပတ်သက်ပြီး

အမြင့်ဆုံး(၂၅၀)မီတာအထိတက်ရောက်လို့ရတဲ့လက်မှတ်စျေးနှုန်းကိုဖော်ပြလိုက်ပါတယ်။လူကြီးအနေနဲ့ဂျပန်ပိုက်ဆံနဲ့၂၇၀၀ယန်းဖြစ်ပြီး၊အထက်တန်းကျောင်းသားအရွယ်အနေနဲ့၂၅၀၀ယန်း၊ကလေးတွေအနေနဲ့မူလတန်း၊အလယ်တန်းကျောင်းသားအပါအဝင်၁၇၀၀ယန်း၊၄နှစ်အထက်အနေနဲ့၁၁၅၀ယန်းဖြစ်ပါတယ်။တာဝါရဲ့(၁၅၀)မီတာဆိုရင်စျေးနှုန်းပြောင်းလဲသက်သာမှာဖြစ်ပါတယ်။လူဦးရေအနည်းအများပေါ်လိုက်ပြီးတော့လည်းစျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါတယ်။တိုကျိုတာဝါအောက်ခြေမှာကလေးများကစားလို့ရတဲ့ရေကူးကန်၊ကစားကွင်းအသေးလေးများတည်ဆောက်ပေးထားတဲ့အတွက်ကလေးရှိတဲ့မိသားစုများအတွက်အဆင်ပြေလှပါတယ်။တိုကျိုတာဝါရဲ့(၁၅၀)မီတာအမြင့်မှာအလူးမီးနီးရှင်းနဲ့အလှဆင်ထားတာကလည်းလာရောက်လည်ပတ်မယ့်ခရီးသွားများကိုများစွာဆွဲဆောင်မှုရှိပါတယ်။

မီးပန်းပွဲတော်များနဲ့ပျော်ရွင်စရာများအကြောင်း(matsuri, fireworks festival in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျိုစကိုင်းထရီနဲ့တိုကျိုတာဝါနဲ့ပတ်သက်ပြီးဗဟုသုတရစရာ( Skytree and Tokyo tower)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ