ဆောင်းရာသီမှာ နှင်းတွေနဲ့ အတူဖူးခွင့်ရနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓရုပ်ပွားတော်များ။

ဂျပန်နိုင်ငံမှာတော့ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦးဆိုပြီး ရာသီလေးမျိုးရှိပြီး ဒီရာသီ ၄ မျိုးစလုံးမှာတော့ အလှကိုယ်စီနဲ့ ရှိကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကာမာကူရာဘုရားကြီးကိုအစချီပြီးတော့ ရုပ်ပွားတော်တွေ အများကြီးရှိပါတယ်။ တချို့ရုပ်ပွားတော်တွေကတော့ ကျောင်းအဆောင်ထဲမှာမဟုတ်ဘဲ အပြင်မှာ ဒီအတိုင်းတည်ထားတာမျိုးတွေရှိပါတယ်။ ဒီလိုမျိုးရုပ်ပွားတော်တွေကိုဆိုရင်တော့ ရာသီဥတု၄ မျိုးရဲ့ အလှတရားနဲ့ တွဲဖက်ပြီးတွေ့မြင်နိုင်ပါတယ်။ အခုဆိုရင်လဲ ဆောင်းရာသီရှိနေပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရုပ်ပွားတော်တွေကို နှင်းစက်ဖွေးဖွေးတွေကြား ကြည်ညိုဖွယ်ဖူးမြော်ခွင့် ရနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဒီလို နှင်းစက်ဖွေးဖွေးတွေနဲ့ ဖူးမြော်နိုင်မယ့် ဂျပန်နိုင်ငံက ဗုဒ္ဓရုပ်ပွားတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

မာတိကာ

ရာသီအလိုက် အလှအပတွေနဲ့ တွေ့နိုင်တဲ့ ဂျပန်ဘုရားများ

ဂျပန်နိုင်ငံရဲ့ အလှတရားတွေဖြစ်တဲ့ ဆာကူရာပန်း၊ မေပယ်ရွက် အစရှိတဲ့ အလှတရားတွေနဲ့ အတူ ဘူရားဖူးခွင့်ရတယ်ဆိုတာကတော့ အင်မတန်ကိုထူးခြားလှပါတယ်။ ယခင်ကလဲ ဆာကူရာပန်းတွေနဲ့ ဖူးမြော်နိုင်မယ့် ဘုရားတွေနဲ့ မေပယ်ရွက်တွေနဲ့ အလှနဲ့ အပြိုင်ဖူးနိုင်မယ့် ဘုရားတွေကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီ နှင်းကျတဲ့ ဒေသ‌တွေမှာ နှင်းတွေနဲ့ အတူ ဖူးမြော်နိုင်မယ့် ဘုရားတွေကို ထပ်မံဖော်ပြလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ မိုးလေဝသ ခန့်မှန်းချက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ နှင်းကျတဲ့ ပမာဏ နည်းပါးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလဲရှိပါတယ်။ အရင်နှစ်တွေက နှင်းကျခဲ့တဲ့ နေရာတွေကို အခြေခံပြီးဖော်ပြလိုက်တဲ့ အတွက်ကြောင့် ယခုဖော်ပြခဲ့တဲ့ နေရာတွေထဲမှာ ယခုနှစ် (၂၀၂၄ခုနှစ်) မှာနှင်းကျနိုင်ခြေလဲ နည်းနိုင်ပါတယ်။  

Atama ဘုရားကြီး

  • ဘုရားဖူးချိန် 

    •  ဧပြီလကနေ အောက်တိုဘာလ ၉ နာရီမှ ညနေ ၄ နာရီ

    •  နိုဝင်ဘာလကနေ မတ်လ ၁၀နာရီမှ ညနေ ၃ နာရီအထိ။

  • ဝင်ကြေး  -  ယန်း ၃၀၀။ (မူလတန်းကျောင်းသားများ အခမဲ့ဝင်နိုင်။)

  • အနီးဆုံးဘူတာ  - Makomanaiဘူတာ။ 

  • ဝက်ဘ်ဆိုက်  -  https://www.takinoreien.com/pages/107/

Atama ဘုရားကြီး ကတော့ ဂျပန်နိုင်ငံရဲ့ မြောက်ဘက် နှင်းတွေ အရမ်းကျတဲ့ဟိုကိုင်းဒိုးဒေသမှာရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဒီဘုရားကတော အဝေးကနေ လှမ်းကြည့်လိုက်ရင် ဦးတော် ကိုသာတွေ့နိုင်တဲ့ အတွက်ကြောာင့်မိုလို့ Atama ဘုရားကြီး  မြန်မာလိုပြန်လိုက်ရင် ဦးခေါင်းတော် ဘုရားကြီးလို့ ခေါ်ကြပါတယ်။ ဒီဘုရားမှာဆိုရင်လဲ ရာသီအလိုက် တစ်နှစ်ပတ်လုံး လှပနေတဲ့ ရူခင်းနဲ့ တွေ့မြင်နိုင်ပေမယ့် အထူးသဖြင့် နှင်းကျတဲ့ ဆောင်းရာသီမှာဆိုရင်တော့အဖြူရောင်ဖွေးဖွေးနဲ့ သပ္ပာယ်စွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဟိုကိုင်းဒိုးဒေသ ကတော့ နှင်းကျများတဲ့ ဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆောင်းရာသီရောက်ရင် ဒီမြင်ကွင်းကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဘုရားကြီးကိုတော့ အဆောင်ထဲမှာတည်ထားပေမယ့် အမိုးမရှိဘဲ ဦးခေါင်းတော်ကို အဝေးကနေ လှမ်းမြင်ရမှာဖြစ်ပါတယ်။ အမိုးမရှိတဲ့ အတွက်ကြောင့်မို့လို့ နှင်းစက်တွေ ဘုရားပေါ် ကို ကျနေတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘုရား ပရဝဏ်ကလဲ အလွန်ကျယ်ပြန့်ပြီး ဆောင်းရာသီမှာဆိုရင် နှင်းတွေနဲ့ ဖုံးလွမ်းနေတဲ့ မြင်ကွင်းကိုလဲ တွေ့မြင်နိုင်အုံးမှာဖြစ်ပါတယ်။ 

Kamakura ဘုရားကြီး

  • ဘုရားဖူးချိန် 
    • ဧပြီလကနေ စက်တင်ဘာလ ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ။
    •  အောက်တိုဘာလကနေ မတ်လ ၈ နာရီမှ ညနေ ၅ နာရီအထိ။
  • ဝင်ကြေး  
    •  ပုံမှန်သူ၊ အလယ်တန်၊ အထက်တန်းကျောင်း ယန်း ၃၀၀။
    •  မူလတန်းကျောင်းသား ယန်း ၁၅၀။
    • ဘုရားဝင်းဝင်ရောက်ဖူးခွင့်ကြေး ယန်း၅၀။
  • အနီးဆုံးဘူတာ  - 
    • Kamakura ဘူတာ မှ ဘတ်စ်ကားဖြင့် မိနစ် ၂၀။
    •  Hase ဘူတာမှ လမ်းလျှောက် ၆ မိနစ်။
  • ဝက်ဘ်ဆိုက်  -  https://www.kotoku-in.jp/

Kamakura ဘုရားကြီး ကတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပြီး တိုကျိုနဲံလဲနီးတဲ့ Kanagawa ခရိုင် ကာမာကူရာ မြို့မှာရှိပါတယ်။ အနီးတဝိုက်မှာလဲ Enoshima တို့လို ပင်လယ်နဲ့ အလှကိုခံစားနိုင်မယ့်နေရာတွေရှိတဲ့ အတွက်ကြောင့်မို့လို့ နာမည်ကြီးပါတယ်။  江ノ島電鉄 (Enoshima Electric Railway) ဖြစ်တဲ့ Enoden(江ノ電)ကလဲ ခရီးသွားတွေကြားမှာ ကျော်ကြားတဲ့ ရာထားလေးဖြစ်ပါတယ်။အရင်နှစ်တွေ တုန်းက Kamakura ဘုရားကြီးကိုတော့နှင်းတွေနဲ့ ဖုံလွှမ်းနေတာကိုမြင်ခဲ့ရပါတယ်။ ဒီမြင်ကွင်းကိုမြင်ချင်တယ်ဆိုရင်တော့ မိုးလေဝသ ခန့်မှန်းချက်တွေကို အဆင်မပြတ်စောင့်ကြည့်ပြီး အရောက်သွားဖို့ အကြံပေးချင်ပါတယ်။

Butsuganji ဘုရားကြီး။

ဓာတ်ပုံ -  Butsuganji ဘုုရားကျောင်း ဝက်ဘ်ဆိုက် 

  • ဘုရားဖူးချိန်  -
    • ဧပြီလကနေ အောက်တိုဘာလ ၉ နာရီမှ ညနေ ၅ နာရီ။
    • နိုဝင်ဘာလကနေ မတ်လ ၉ နာရီမှ ညနေ ၄ နာရီအထိ။
  • ဝင်ကြေး  -  အခမဲ့။
  • အနီးဆုံးဘူတာ  -  Makomanaiဘူတာ မှဘတ်စ်ကားဖြင့် ၁၀ မိနစ်။
  • ဝက်ဘ်ဆိုက်  -  https://www.butsuganji.jp/

နောက်တစ်ခုကလဲ ဟိုကိုင်းဒိုးမှာရှိတဲ့ ရှင်သာလျှောင်းဘုရားဖြစ်ပြီး ဆောင်းရာသီမှာဆိုရင် နှင်းတွေနဲ့ အတူတွေ့မြင်ရမှာဖြစ်ပါတယ်။ Butsuganji လို့ခေါ်တဲ့ ဘုရားကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အပေါ် မျာလဲ ဖော်ပြခဲ့သလို ဟိုကိုင်းဒိုးကတော့ ဂျပန်နိုင်ငံရဲ့မြောက်ဘက်မှာရှိပြီး
နှစ်စဥ်  နှင်းတွေကျတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆောင်းရာသီရောက်ရင် ဒီလို နှင်းတွေနဲ့ မြင်ကွင်းကို နှစ်တိုင်းမြင်နိုင်ပါတယ်။ 

Takaoka ဘုရားကြီး။

  • ဘုရားဖူးချိန်  - မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ 
  • ဝင်ကြေး  - အခမဲ့။ 
  • အနီးဆုံးဘူတာ  -  JR Shintakaoka ဘူတာမှ ကားဖြင့် ၁၀ မိနစ်ခန့်။
  • ဝက်ဘ်ဆိုက်  -  http://www.takaokadaibutsu.xyz/ 

နောက်ဘုရားတစ်ပါးကတော့ Toyama ခရိုင်မှာရှိတဲ့ Takaoka ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ Takaoka မြို့မှာရှိပြီးညဏ်တော့ ၁၆ မီတာ မြင့်မားပါတယ်။ Takaoka ဗုဒ္ဓရုပ်ပွားကတော့ တစ်ခါက နှင်းတွေကျပြီး တစ်ကိုယ်လုံး နှင့်းတွေနဲ့ ဖုံးလွမ်းနေတဲ့ အတွက်ကြောင့်မို့လို့ ဆိုရှယ် မီဒီယာ အသုံးပြုသူတွေ ကြားထဲမှာလဲ ရေပန်းစားခဲ့ပါသေးတယ်။ 

အကျဥ်းချုပ် 


ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီကတော့ ဆောင်းရာသီမှာတော့ နှင်းတွေ အများကြီးကျပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံမှာလဲ သပ္ပာယ်တဲ့ ဘုရားကြီးတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဆောင်းတွေနဲ့ အတူ ဖူးမြော်နိုင်မယ့် ဘုရားတွေ အများကြီးကိုဖော်ပြလိုက်ပါတယ်။ နှစ်အလိုက် ရာသီဥတု အနေအထားလဲ ကွာခြားတဲ့ အတွက်ကြောင့်မို့လို့ ဘုရားကိုမသွားခင် ရာသီဥတုကိုသေချာ စစ်ဆေးပြီးမှလဲသွားသင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဆောင်းရာသီမှာ နှင်းတွေနဲ့ အတူဖူးခွင့်ရနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓရုပ်ပွားတော်များ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ