ဂျပန်နိုင်ငံမှ ယူနစ်စကိုရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဘုရားကျောင်းများ

ဂျပန်နိုင်ငံကတော့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ဘုရား‌ကျောင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ခန်းဆိုင်းဒေသလို့ခေါ်ကြတဲ့ ဂျပနိနိုင်ငံရဲ့ အနောက်ဘက်ဒေသတွေဖြစ်တဲ့ နာရ၊ တိုကျိုဘက်တွေမှာဆိုရင် ‌ရှေးခေတ်က ဘုရားကျောင်းတွေကို အများကြီတွေ့နိုင်ပါတယ်။ နောက်ပြီး ယူနစ်စကို စာရင်းဝင်ထားတဲ့ဘုရားကျောင်းတွေလဲ အများကြီးတွေ့နိုင်ပါတယ်။ ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ယူနစ်စကို စာရင်းဝင်ဘုရားကျောင်းတွေအကြောင်းစိတ်ဝင်စားဖွယ်ရာအချက်တွေနဲ့ သွားပုံသွားနည်းတွေကို ရှင်းပြသွားပါ့မယ်။ 

မာတိကာ

Kiyomizudera (ကျိုတို)

Kiyomizudera ရဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ

 ကျိုတိုမြိုရဲ့ နာမည်ကြီးဘုရား‌ကျောင်းဖြစ်တဲ့ ဒီဘူရား‌ကျောင်းကတော့ နှစ်စဥ် လူပေါင်း ၅ သန်းကျော် လာရောက်လည်ပတ်တဲ့ နာမည်ကြီးဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းကတော့ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် တင်သွင်းခံရပါတယ်။ နောက်ပြီး နှစ်စဥ်နှစ်တိုင်း ဂျပန်နိုင်ငံရဲ့ နှစ်တနှစ်တာရဲ့ ခန်းဂျိတွေကို ကြေညာတဲ့နေရာလဲဖြစ်ပါတယ်။ Kiyomizu Dera ကတော့ ဝင်ကြေးအနေနဲ့ ယန်း ၄၀၀ လောက်ရှိပါတယ်။ 

Kiyomizudera မှာလည်ပတ်စရာ ကြည်ရှုစရာနေရာများ

 ဒီ ဘုရားကျောင်းမှာတော့ စိတ်ဝင်စားဖို့အကာင်းဆုံးနဲ့ အကျော်ကြားဆုံးကတော့ ဘုရားကိုးကွယ်ထားတဲ့ မျှော်စင်ကြီးဖြစ်ပါတယ်။ ဒီမျှော်စင် ကတော့ သစ်သားတွေနဲ့ပဲ ဆောက်လုပ်ထားတာဖြစ်ပြီး ‌ရှေးခေတ်လက်ရာအဖြစ် ခမ်းနားထည်ဝါစွာတွေ့နိုင်ပါတယ်။ ဒီဘုရားကျောင်းမှာ 

နောက်တစ်ခုကတော့ သုံးထပ်မျှော်စင် (sanjyuto) ဖြစ်ပြီး ဒီမျှော်စင်ကလ ၈၄၇ ခုနှစ်ကတည်းက ဆောက်လုပ်ထားပြီး လက်ရာတွေလဲ သေသေသပ်သပ် တွေ့နိုင်ပါတယ်။

နောက်ပြီး ဘုရားကျောင်းရဲ့ နာမည်ဖြစ်တည်ရာ ‌ရေတံခွန်ပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းဆောင်လုပ်တဲ့ အချိန်တုန်းက ရေတွေ ဆူထွက်လာလို့ဘုရားကျောင်းနာမည်ကို Kiyomizu Dera လို့ပေးလိုက်တာပါ။ တိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ သန့်ရှင်းစင်ကြယ်တဲ့ ရေစင်ရှိရာဘုရားကျောင်း လို့အဓိပ္ပာယ်ရပါတယ်။ 

ဒီရေတံခွန်ကနေ ရေစင်လေးဆောက်လုပ်ထားပြီး ဒီရေစင်မှာဆိုရင် သုံးနေရာကနေ ရေစီဆင်းနေပြီး ဒီ၃ နေရာက ၁နေရာကို ခပ်သောက်ရင် ဆုတောင်းပြည့်တယ်လို့လဲ ဆိုကြပါတယ်။

Kiyomizudera မှာလည်ပတ်ဖို့အကောင်းဆုံးရာသီ 

Kiyomizuderaကတော့ သူ့တဝိုက်မှာလဲ လည်ပတ်စရာနာမည်ကြီးတဲ့နေရာတွေနဲ့ ပြည့် နှက်နေပါတယ်။ လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့ တနှစ်ပတ်လုံး လှပနေတဲ့နေရာဖြစ်တာမို့ ဘယ်အချိန်သွားသွားအဆင်ပြေပါတယ်။ နွေရာသီဆို စိမ်းလန်းစိုပြေနေတဲ့ မြင်ကွင်း၊ နွေဦးရာသီဆို ဆာကူရာတွေနဲ့ ပြည့်နှက်‌နေတဲ့ မြင်ကွင်း၊ ဆောင်းရာသီရောက်ရင် နှင်းတွေ နဲ့ပြည့်နှက်နေတဲ့ မြင်ကွင်း၊ ဆောင်းဦးရာသီရောက်ရင် မေပယ်ရွက်တွေအ‌ရောင်ပြောင်းပြီးနီနီရဲရဲ မြင်ကွင်းတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။ သတိပြုရမယ့်အချက်တချက်ကတော့ ဘုရား‌ကျောင်းတည်ရှိတဲ့ ကျိုတိုမြို့က တောင်တွေဝန်းရံနေပြီး ချိုင့်ဝှမ်းဒေသဖြစ်တာမို့ နွေရာသီမှာ အပူလွန်ကဲပြီး၊ ဆောင်းရာသီမှာ အအေးလွန်ကဲတာကြောင့် နွေရာသီနဲ့ ဆောင်းရာသီ ကိုရှောင်ပြီးသွားတာ အဆင်ပြေမယ်ထင်ပါတယ်။ နောက်တချက်ကတော့ ကျွန်တော့် ကိုယ်ပိုင် အမြင်အရ Kiyomizudera ကိုသွားဖို့ အကောင်းဆုံးအချိန်ကတော့ ဆောင်းဦး ရာသီဖြစ်ပြီး သစ်ရွက် အရောင်ပြောင်းတဲ့အချိန်ဆို အရမ်းလှပပြီး ဒီမြင်ကွင်းတွေ၊ Kiyomizuderaကနေ တွေ့မြင်ရတဲ့ တောင်ရဲ့ မြင်ကွင်း တွေကို ရှေးခေတ် စာပေတွေထဲမှာ မကြာခဏတွေ့မြင်နိုင်ပါတယ်။ နောက်ပြီး Kiyomizudera ကို ပုံမှန် ၆ နာရီ ပိတ်ပေမယ့် နွေဦးရာသီ ဆာကူရာပွင့်တဲအချိန် နဲ့ ‌ဆောင်းဦးရာသီ Momiji အရွက် တွေရောင်ပြောင်းတဲ့အချိန်မှာ ညဘက်အထိဖွင့်ပြီး မီးထွန်းပြသလေ့ရှိပါတယ်။ 

Byodoin (ကျိုတို)

Byodoin နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာအချက်များ

 Byodoin ဆိုတဲ့ဘုရားကျောင်းကတော့ ကျိုတိုရဲ့ရှေးဟောင်းမြို့တော်မှာရှိတဲ့ဘုရားကျောင်းဖြစ်ပြီး သမိုင်းကြောင်းများစွာရှိတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ နောက်ပြီး ဂျပန်ပိုက်ဆံ ယန်းကြွေစေ့ ၁၀ တန်မှာတွေ့ရတဲ့ ဘုရားကျောင်း ဟာ Byodoin ဖြစ်ပါတယ်။ ကြွေစေ့မှာတော့ ၁၉၅၁ ခုနှစ်ကတေ စတင်ရိုက်ထုတ်ပြီး Byodoin ရဲ့ တန်ဖိုးကြီးလှပြီး နာမည်ကျော်တဲ့ ဒီငှက်ပုံကလဲ ၂၀၀၄ ခုနှစ်မှာ ယန်း ၁ သောင်းတန်ရဲ့ နောက်ကြောမှာ ပုံနိုပ်ခံထားရပါတယ်။ ဒီ Byodoin ကလဲ Kiyomizuderaနဲ့ တပြိုင်တည်း ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှူအမွေအနှစ် အနေအဖြစ် ၁၉၉၄ ခုနှစ်မှာ စာရင်းသွင်းခံခဲ့ရပါတယ်။ 

Byodoin မှာလည်ပတ်စရာ ကြည်ရှုစရာနေရာများ

 Byodoin မှာ လည်ပတ်စရာနေရာတွေက သိပ်မများပေမယ့် ပင်မဆောက်အုံကြီးက ရေကန်ရဲ့ အလယ်မှာရှိတာကြောင့် ဒီနေကန်မှာ ပင်မအဆောက်အအုံရဲ့ အရိပ်ထင်ဟပ်နေတဲ့ပုံရိပ်ဟာ ခရီးသွားတွေကြားထဲမှာ နာမည်ကြီးပါတယ်။ ပင်မ ဆောက်အုံထဲက ဘုရားရှင်ကိုလဲ နေရောင်နဲ့တောက်ပနေတဲ့ပနေတဲ့အချိန်မှာဆို သပ္ပာယ်စွာဖူးမြောနိုင်ပါတယ်။ 

ဘုရားကျောင်းဝန်းထဲ ဝင်ကကြေးတော့ လူကြီး ၆၀၀၊ အလယ်တန်း ၄၀၀၊ မူလတန်း ၃၀၀ ဖြစ်ပြီး အဖွဲ့လိုက် ဆိုရင်တော့ (၂၅ ယောက်နဲ့အထက်) ကတော့ ယန်း ၁၀၀ သက်သာ နဲ့ ဝင်နိုင်ပါတဘ်။ ပင်မ အဆောက်အုံကနေ ၉နာရီခွဲကနေ ညနေ ၄ နာရီ ၁၀ မိနစ် အထိဖြစ်ပြီး ပင်မ ဆောက်အု့ထဲဝင်ချင်ရင်တော့ ယန်း ၃၀၀ ဖြစ်ပါတယ်။ Byodoin တည်ရှိရာ Uji မြို့ဟောင်းကတော့ ဂျပနိုင်ငံရဲ့ Matcha နာမည်ကြီးတဲ့ဖြစ်ပြီး ‌ရှေးဟောင်းအငွေ့အသက်တွေနဲ့ပြည့်နှက်နေပြီး မြင်ကွင်းတွေကလဲ အရမ်းလှပ တာမို့ လမ်းလျှောက်ဖို့ကောင်းတဲ့ မြို့ တမြို့လဲ ဖြစ်ပါတယ်။ 

Byodoin မှာလည်ပတ်ဖို့အကောင်းဆုံးရာသီ 

Byodoinကလဲ တနှစ်ပတ်လုံး လှပနေတဲ့ နေရာဖြစ်ပါတယ်။ သစ်ရွက်တွေအ‌ရောင်ပြောင်းတဲ့အချိန်မှာဆိုလဲ အနီရောင် ရှုခင်းကို လှလှပပ တွေ့မြင်နိုင်မှာဖြစ်ပြီး နွေဦးရာသီရောက်ရင်လဲ ဖူဂျီပန်းခင်းကြီးကို တဝ ကြီးခံစားလို့ရမယ့် နေရာဖြစ်ပါတယ်။ ဘယ်အချိန်သွားသွား ရာသီအလိုက် အလှအပကိုခံစားလို့ရမယ့်နေရာလေးလို့ပြောရင်လဲမမှားပါဘူး။ 

သိထားသင့်တဲ့ အချက်တချက်က Byodoinဘုရားကျောင်း ပင်မအဆောက်အအုံထဲက ဘုရားကို သာမန်အချိန်သွားရင် တော်တော်နဲ့ ကြည်ကြည်လင်လင် မတွေ့ရတတ်ပါဘူး။ ဒါကြောင့် မနက်စောစော နေမကျခင် သွားဖို့အကြ့ပေးချင်ပါတယ်။ ဒီအချိန်မျိူးမှာဆိုရင်တော့ ပင်မ အဆောက်အအုံထဲကဘုရားကို နေရောင်နဲ့အတူ သပ္ပာယ် ထည်ဝါစွာတွေ့မြင်နိုင်ပါတယ်။ 

Touji (ကျိုတို)

Touji  နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာအချက်များ

Touji ကလဲကျိုတိုမြို့ရဲ့ တံခါးပေါက်လို့ပြောလို့ရတဲ့ တိုကျိုဘူတာ ရဲ့ အနီးနားမှာရှိတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ဟဲအန်းခေတ် နောက်ပိုင်း တိုကျိုမြို့ကြီးကို ပြန်လည်ပြုပြင်တဲ့ကာလ မှာ ဘုရား‌ကျောင်းအနေနဲ့ ဆောက်ခွင့်ရတာ Toji နဲ့ Saiji ဆိုတဲ့ ဘုရားကျောင်း ၂ ကျောင်းသာ ပြုပြင်ဆောက်လုပ်ခွင့်ခဲ့ပါတယ်။ သို့သော် Saiji ကလဲ အချိန်ကာလ ကြာတာနဲ့ အမျှ ပျောက်ကွယ်သွားပါတယ်၊ ဒါကြောင့် ဟဲအန်းခေတ်ရဲ့ တည်‌ဆောက်ပုံကို ထိန်းသိမ်းထားနိုင်တဲ့ တခုတည်းသော အဆောက်အအုံကတော့ Touji ဆိုတဲ့ဘုရားကျောင်းဖြစ်ပါတယ်။ Touji ဘုရားကျောင်းအတွင်းမှာရှိတဲ့ ငါးထပ်မျှော်စင်ကတော့ နာမည်ကြီးပြီး တခြားနေရာကတော့ ကျိုတိုကို အလည်လာတဲ့သူတွေအတွက် ကျည်ဆန်ရထားပေါ်ကနေ ကြည့်လိုက်ရင်ရှေးဟောင်းမြို့တော် ရဲ့ အငွေ့ အသက်ကို အပြည့် အဝပေးနိုင်တဲ့ ပြယုဒ် ကြီးလို့ဆိုရင်လဲ မမှားပါဘူး။ 

Touji မှာလည်ပတ်ဖို့အကောင်းဆုံးရာသီ 

Touji ကတော့ တနှစ်ပတ်လုံးမှာ လည်ပတ်ဖို့ အကောင်းဆုံး အချိန်ကတော့ ဆောင်းဦးရာသီ ဖြစ်ပါတယ်။ ဆောင်းဦးရာသီ မှာ ညဘက်ရောက်ရင် Momiji အရွက်တွေ အရောင်‌ပြောင်းတာကို ကြည့်နိုင်ပါတယ်။ နွေဦးရာသီ ရောက်ရင်လဲ ဆာကူရာပန်းတွေရဲ့ ညဘက်အလှကို ခံစားနိုင်ပါသေးတယ်။ ဒါကြောင့် နွေဦး၊ ဆောင်းဦးမှာ သွားဖို့အကြံပေးချင်ပါတယ်။

Kinkakuji (ကျိုတို)

Kinkakuji နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာအချက်များ

ကျိုတိုမြို့မှာရှိတဲ့ Kinkakuji ကတော့ ရိုးရိုးနဲ့ကမ္ဘာ့လှည့်ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာဆိုလဲမမှားပါဘူး။ ရေအိုင်ရဲ့ အလယ်မှာရှိတဲ့ ‌ရွှေရောင်တဝင်းဝင်းနဲ့ ခမ်းနားထည်ဝါတဲ့ ဘုရားကျောင်းကတော့ ၁၉၉၄ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှူ အမွေအနှစ် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ တမူထူးခြားတဲ့ ဥယျာဥ်တည်တောက်မှုပုံစံ နဲ့ ရွှေဝါရောင်ဘုရားကျောင်း နဲ့ တမူထူးခြားတဲ့ အလှကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ 

Kinkakuji ကိုလည်ပတ်လို့အကောင်းဆုံးအချိန် 

Kinkakuji ကတော့ ဆောင်းဦးရာသီ နဲ့ဆောင်းရာသီ လည်ပတ်ဖို့အကြံပေးချင်ပါတယ်။ ဆောင်းဦးရာသီမှာတော့ မေပယ်လ် ရွက်၊ ရေအိုင် ရွှေရောင် ဘုရားကျောင်းတို့ကို လှလှပပကြီးတွေ့နိုင်မှာပါ။ ဆောင်းရာသီရောက်ရင်လဲ နှင်းတွေနဲ့ဖုံးနေတဲ့ ဘုရားကျောင်းကို လှလှပပတွေ့မြင်နိုင်မှာပါ။ ဒါကြောင့် နှင်းတွေကျတဲ့ ဆောင်းရာသီနဲ့ အရွက်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးရာသီမှာ သွားရောက်လည်ပတ်ရင် တမူထူးခြားတဲ့ မြင်ကွင်းတွေကိုတွေ့မြင်နိုင်မှာပါ။ 

Toudaiji (နာရ)

Toudaiji နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာအချက်များ

Toudaiji ကတော့ နာရ မှာရှိတဲ့ ဘုရားကျောင်းဖြစ်ပြီး နာရမြို့ရဲ့ ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံးနေရာ လို့ပြောရင်လဲမမှားပါဘူး။ ဒီဘုရားကျောင်းဟာ နာရ ပန်းခြံထဲမှာရှိပြီး ဒီပန်းခြံထဲမှာဆိုရင် သမင်တွေကို ဘေးမှည့် လွတ်ထားတာကြောင့် သမင်လေးတွေကိုလဲ လွှတ်လွှတ်လပ်လပ် ကြည့်ရှုနိုင်မယ့်နေရာတနေရာပါ။ ဒီဘုရားကြီးကိုတည်ဆောက်တဲ့ နောက်ခံသမိုင်းကလဲ Shoumu ဘုရင်ခေတ်မှာ နေကြတ်၊ ငလျင် စတဲ့ ဘေးအန္တာရာယ်တွေ များပြားတာမို့လို့ ဘေးအန္တာရာယ်တွေ ကိုကာကွယ်နိုင်ဖို့အတွက် ဆောက်လုပ်ခဲ့ တာဖြစ်ပါတယ်။ 

Toudaiji ကိုလည်ပတ်လို့အကောင်းဆုံးအချိန် 

Toudaiji ကိုလည်ပတ်ဖို့အကောင်းဆုံးချိန်ကတော့ ဆောင်းဦးရာသီဖြစ်ပါတယ်။ ‌ဆောင်းဦးရာသီမှာဆိုရင် နာရ ပန်းခြံ တခွင်လုံးက မေပယ်အရွက်တွေ အရောင်ပြောင်းပြီး လှပ နေတဲ့ အလှအပ ကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုနိုင်မှာပါ။ ဒါကြောင့် ဆောင်းဦးရာသီ မှာ နာရမှာရှိတဲ့ Toudaiji ကိုသွားရောက်ဖူးမြော်ဖို့ အကြံပြုလိုက်ပါတယ်။ နောက်ပြီး နွေရာသီရောက်ရင်လဲ ဘုရားရင်ပြင် တခွင်လုံးမှာမီးပုံးနေထွန်းထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် နွေရာသီကလဲ Toudaiji ကိုလည်ပတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဘုရားကျောင်း ၅ ကျောင်းကိုဖော်ပြခဲ့ပါတယ်။ ဘုရားကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင် သိထားသင့်တဲ့ အချက် တွေ သွားရောက်လည်ပတ်တဲ့အချိန်မှာ အသုံးဝင်မယ့်အချက်တွေကို ဖော်ပြခဲ့ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ဂျပန်သွားရန်ပြင်ဆင်ခြင်း/ ဂျပန်နိုင်ငံမှ ယူနစ်စကိုရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဘုရားကျောင်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ