ဂျပန်မှာ ဆင်းကတ်ဘယ်လိုရွေးချယ်ပြီးဝယ်မလဲ။

ဂျပန်မှာ ဆင်းကတ်ဘယ်လိုရွေးချယ်ပြီးဝယ်မလဲ။ 

ဂျပန်ကိုရောက်လာရင် မဖြစ်မနေ လုပ်ရတဲ့ အချက်တချက်ကတော့ ဆင်းကတ်၊ ဝိုင်ဖိုင်ဝယ်တာပဲ ဖြစ်ပါတယ်။ ဖုန်းမရှိရင် တော်တော်လေးကို အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနေ့မှာတော့ ဂျပန်မှာ ဆင်းကတ်တွေကို ဝယ်တဲ့ အချိန်မှာဘယ်လိုအချက်တွေကို ထည့်သွင်းစဥ်းစားသင့်လဲဆိုတာနဲ့ ဂျပန်နိုင်ငံမှာ ဘယ်လိုနေရာတွေမှာ ဝိုင်ဖိုင် ကိုအခမဲ့ အသုံးပြုနိုင်လဲ ဆိုတဲ့ အကြောင်းတွေကို ဖော်ပြသွားပါ့မယ်။ 

မာတိကာ 

ဆင်းမ်ကတ် (Sim Card) နဲ့ ဝိုင်ဖိုင်ကိုဘယ်လိုနေရာတွေမှာ ဝယ်နိုင်မလဲ။ 

ဆင်းမ်ကတ် (Sim Card) နဲ့ ဝိုင်ဖိုင် တွေကိုတော့ငှားလို့လဲ ရသလို ဝယ်လို့လဲရတဲ့ နေရာတွေရှိပါတယ်။ ဂျပန်ကိုအလည်လာတဲ့ ခရီးသွားတွေအတွက်သီးသန့် ဆင်းမ်ကတ် (Sim Card) နဲ့ ဝိုင်ဖိုင်တွေ ရောင်းတဲ့ နေရာတွေလဲရှိတဲ့အတွက်ကကြောင့်မို့လို့ ကိုယ့်နေမယ့်အချိန်နဲ့ ဂျပန်မှာအသုံးပြုမယ့်ရည်ရွယ်ချက်တွေကိုမူတည်ပြီးတော့ ဘယ်လိုဆင်းကတ်ကိုအသုံးပြုမလဲဆိုတာကို သေချာစဥ်းစားပါ။ ဒါကြောင့် မဝယ်ခင် ပိုက်ဆံ ဘယ်လောက်သုံးမလဲ၊ Plan နဲ့ Data ပမာဏ တို့ကို တခါတည်းစဥ်းစားရင် မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချ ပြီးပြီ ဆိုရင် ဘယ်လိုနေရာတွေမှာ ဝယ်ယူနိုင်မလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်။ 

လေဆိပ် 

ဂျပန်နိုင်ငံရဲ့ အဓိကလေဆိပ်တွေမှာတော့ မိုဘိုင်းဝိုင်ဖိုင် တွေ အလွယ်တကူငှားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဏှားနိုင်တဲ့အ‌ရေအတွက် ကန့်သတ်မှုရှိတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ ဘိုကင်လုပ်ထားလို့ရပါတယ်။ဘိုကင်လုပ်လို့ရတာကတော့ ကိုယ်သွားရောက်မယ့် လေဆိပ်ရဲ့ ဝက်ဘ်ဆိုက်ကနေပြီးတော့ ဝင်ပြီးတော့ ဘိုကင်လုပ်လို့ရပါတယ်။ ငှားပြီးရင် ပြန်ပေးရမယ့် နည်းလမ်းတွေကတော့ ကုမ္ပဏီအပေါ်မူတည်ပြီးကွာခြားနိုင်မှာဖြစ်ပါတယ်။ ပြန်ပေးတဲ့ နည်းလမ်းတွေကတော့ စာတိုက်ကနေပြီးတော့ လှမ်းပို့တာ၊ ဒီအတိုင်း ဝိုင်ဖိုင်စက်ကို ဘောက်စ်ထဲထည့်ပြီးပေးနိုင်တဲ့ နည်းလမ်းတွေလဲရှိပါတယ်။ ဒါကြောင့်မို့လို့ ငှားတဲ့အချိန်မှာ ပြန်ပေးမယ့်နည်းလမ်းကိုလဲ သေချာချင့်ချိန်ပြီးစဥ်းစားသင့်ပါတယ်။ 

နောက်ပြီး ဆင်းကတ်တွေကို အလိုအလျှောက်ရောင်းစက်မှာဝယ်နိုင်တဲ့ နေရာတွေလဲ အများကြီးရှိပါတယ်။ လေဆိပ်ဝက်ဘ်ဆိုက်မှာတော့ ဝိုင်ဖိုင်၊ ဆင်းကတ် နဲ့ရောင်းခြင်း၊ငှားခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုစည်းပြီးဖော်ပြထားတဲ့ အတွက်ကြောင့်မို့လို့ သေချာ လိုက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အောက်ပါလင့်တွေကနေ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Convenience Store

Convenience Store မှာလဲ Prepaid Sim-Card တွေဝယ်နိုင်ပါတယ်။ အမျိုးအစားတော့အရမ်းများပေမယ့် လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့အတွက်ကြောင့်မိုလို့ အဆင်ပြေတဲ့အချက်တချက်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီး Credit Card မလိုတဲ့အချက်ကလဲ အရမ်းအဆင်ပြေတဲ့ အချက်တချက်ပါ။ ဒါကြောင့်မိုလို့ ဂျပန်ပြည်တွင်းခရီးသွားတဲ့သူဆိုရင် Convenience Store မှာ ပေါ့ပေါ့ပါးပါး ဝယ်နိုင်ပါတယ်။ 

လျှပ်စစ်ပစ္စည်းအရောင်းဆိုင် 

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာလဲ ဆင်းကတ်နဲ့ ဝိုင်ဖိုင်တို့ကိုဝယ်ယူနိုင်ပါတယ်။ အထူးသဖြင့် ‌‌စျေးတန်းနဲ့ မြို့အလယ်မှာရှိတဲ့ ဆိုင်တွေမှာ ပစ္စည်းပိုစုံလင်တဲံအတွက်ကြောင့် မို့လို့ကိုယ်ကြိုက်တဲ့အမျိုးအစားကိုရွေးချယ်နိုင်ပါတယ်။နောက်ပြီး ကုမ္ပဏီကြီးတွေကရောင်းချတဲ့ ဆင်းကတ်တွေအပြင် စျေးသက်သာတဲ့ ဆင်းကတ် အမျိုးအစားတွေကိုလဲ ဝယ်ယူနိုင်ပါတယ်။ 

ဒါကြောင့်မို့လို့ ဂျပန်မှာ အကြာကြီးနေမယ့်သူတွေအတွက်ဆိုရင် တော့ ဒီလိုလျှပ်စစ်ပစ္စည်းရောင်းတဲ့နေရာတွေမှာ ဝယ်ဖို့အကြံပေးချင်ပါတယ်။ ဒါကြောင့်မို့လိုသေးစိတ် အချက်အလက်တွေကိုတော့ ဆိုင်ဝန်ထမ်းကိုသေချာမေးမြန်းပြီး စုံစမ်းနိုင်ပါတယ်။ 

ဂျပန်နိုင်ငံအတွင်း ဝိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်တဲ့နေရာများ။

ဂျပန်ပြည်တွင်းမှာ ဝိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်တဲ့နေရာတွေလဲတော်တော် များပါတယ်။ ဂျပန်ပြည်တွင်းမှာ အသုံးပြုနိုင်တဲ့ ဝိုင်ဖိုင်အခမဲ့ အသုံးပြုလို့ရတဲ့နေရာတွေကို ဖော်ပြသွားပါ့မယ်။ 

Convenience Store

Convenience Store တွေမှာလဲ ဝိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်ပါတယ်။ စတိုးတိုင်းအသုံးပြုနိုင်တာတော့မဟုတ်ပေမယ့် တော်တော်များများမှာတော့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အချိန်မှာတော့ အီးမေးလ် လိပ်စာနဲ့ အချက်အလက်တွေဖြည့်သွင်းဖို့တော့ လိုအပ်ပါတယ်။ 

ကဖေး 

ကဖေးတွေ တော်တော် များများမှာတော့ ဝိုင်ဖိုင်ကိုအခမဲ့ အသုံးပြုနိုင်တဲ့နေရာတွေ များပါတယ်။ နောက်ပြီး လူကြပ်တဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အသုံးပြုတဲ့ အချိန်ကို ကန့်သတ်ထားတဲ့ ကဖေးတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ အသုံးမပြုခင် သေချာ စိစစ်ပါ။ အသုံးပြုနည်းနဲ့ Wifi Password တွေကိုတော့ ဆိုင်ထဲမှာရှိတဲ့တနေရာရာမှာ ကပ်ထားလေ့ရှိပါတယ်။ 

စားသောက်ဆိုင်များ

ဝိုင်ဖိုင် အခမဲ့ အသုံးပြုလို့ရတဲ့ နောက်တနေရာကတော့ စားသောက်ဆိုင်တွေပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာလဲ ကဖေးလိုပဲ လူကြပ်တဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အသုံးပြုတဲ့ အချိန်ကို ကန့်သတ်ထားတဲ့ ဆိုင်တွေများပါတယ်။ 

ရှောပင်မောများ

ရှောပင်မော အကြီးစားတွေမှာလဲ ဝိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်ပါတယ်။ဒါကြောင့် အသုံးပြုလို့ရမရကိုတော့ အထပ်တိုင်းမှာ ကပ်ထားတဲ့ စာရွက်တွေမှာ သေချာကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

အများပြည်သူသုံးနေရာများ

အများပြည်သူသုံးနေရာတွေမှာလဲ ဝိုင်ဖိုင်ပိုအခမဲ့ အသုံးပြုလို့ရတဲ့ နေရာတွေအများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် Wifi Password မလို၊ အသုံးပြုတဲ့အချိန် အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူသုံးတဲ့နေရာတွေကနေ နည်းနည်းဝေးတာနဲ့ လိုင်းမကောင်းတာတို့ ဖြစ်နိုင်ပါတယ်။ အသုံးပြုတဲ့သူတွေလဲ များတာကြောင့် နည်းနည်းနှေးနိုင်ပါတယ်။

လေဆိပ်

လေဆိပ်တွေမှာလဲ ဝိုင်ဖိုင်ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ လေဆိပ်နာမည်နဲ့ ဝိုင်ဖိုင်ကိုရှာပြီး အချက်အလက်တွေကို သေချာဖတ်ပြီး လက်ခံပြီးတာနဲ့ အသုံးပြုနိုင်ပါတယ်။ 

‌‌စျေးတန်းနဲ့ ခရီးသွားဒေသများ

‌‌စျေးတန်းနဲ့ ခရီးသွားဒေသတွေမှာလဲ ဝိုင်ဖိုင်တွေ အခမဲ့ အသုံးပြုလို့ရတဲ့နေရာတွေများပြားလာပါတယ်။ ‌ဒေသစည်ပင်ဖွံ့ ဖြိုးရေးကိုရည်ရွယ်ချက်တစ်ခုအနေနဲ့ ပြုလုပ်တဲ့နေရာတွေများပြားပါတယ်။နောက်ပြီး အသုံးပြုတဲ့ အချိန်နဲ့ အကြိမ်အရေအတွက်ကိုလဲ အကန့်သတ်မရှိအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး ကိုယ်သွားမယ် နေရာမှာ အခမဲ့ဝိုင်ဖိုင် ဝန်ဆောင်မှုရှိမရှိကိုအရင် စုံစမ်းထားသင့်ပါတယ်။ ကိုယ်သွားမယ့်နေရာကိုရောက်တော့မှ ဝက်ဘ်ဆိုက်ကနေတဆင့် ဝင်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်. 

ဆင်းမ်ကတ် (Sim Card) ရွေးပုံရွေးနည်း။

ဆင်းမ်ကတ် (Sim Card) အသုံးပြုတော့မယ်ဆိုရင် ငှားမလား၊ ဝယ်မလားဆိုတဲ့ နည်းလမ်း ၂ မျိုးရှိပါတယ်။ ဆင်းမ်ကတ် (Sim Card) မှာလဲ Data သီးသန့်။ဖုန်းပြောသီးသန့် ၊ စာပို့ဝန်ဆောင်မှု (SMS) စတဲ့ အမျိုးအစားတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ လိုအပ်ချက်တဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုကိုရွေးချယ်နိုင်ဖို့ အရင်ဆုံး ကိုယ်အသုံးပြုချင်တဲ့ ဝန်ဆောင်မှုကိုအရင် စဥ်းစားထားသင့်ပါတယ်။ 

အငှားဆင်းကတ် 

စမတ်ဖုန်းနဲ့ Tablet တွေမှာ အသုံးပြုနိုင်တဲ့ ဆင်းကတ်တွေကိုတော့ ဆိုင်တွေအပေါ် မူတည်ပြီး တရက်ကနေစပြီး ငှားနိုင်တဲ့ ဆိုင်တွေလဲရှိပါတယ်။ ကုမ္ပကီအကြီးတွေက ဆင်းကတ်ကိုအသုံးပြုထားတဲ့ဝန်ဆောင်မှုတွေလဲရှိတဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ ငှားခကတော့ ငှားပြီးတဲ့ အချိန်၊ဒါမှမဟုတ် ၊ တလချင်းပေးတဲ့ စနစ်တွေလဲရှိပါတယ်။ နောက်ပြီးစမတ်ဖုန်းနဲ့ အတူတူ ငှားလို့ရတဲ့ ဝန်ဆောင်မှုတွေလဲရှိတဲ့ အတွက်ကြောင့် စိတ်ဝင်စားတဲ့ သူတွေကတော့ အသေးစိတ်ကို သက်ဆိုင်ရာ ဆိုင်တွေမှာ စုံစမ်းနိုင်ပါတယ်။ တချို့ ငှားတဲ့ ဝန်ဆောင်မှုတွေကတော့ ကွန်ပျုတာမှာသုံးလို့မရတာတွေ၊ နောက်ပြီး ပြန်ပေးရတဲ့ နည်းလမ်းက ခက်ခက်ခဲခဲနဲ့ စိတ်ရှုပ်စရာကောင်းတဲ့ အချက်တွေလဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချက်တွေ ကိုယ်နဲ့ မကိုက်ဘူးဆိုရင်တော့ ဝယ်ဖို့ အကြံပေးချင်ပါတယ်။ 

Prepaid Sim Card

Sim Free ဖုန်းတွေကိုအသုံးပြုနေတဲ့ သူတွေအတွက်တော့ Prepaid Sim Card ကိုဝယ်ဖို့အကြံပေးချင်ပါတယ်။ Credit Card ရှိမယ်ဆိုရင်တော့ အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီး လေဆိပ်ကောင်တာမှာ လက်ခံယူလို့လဲ ရပါတယ်၊ နောက်ပြီး ဖုန်းထဲကိုထည့်လိုက်တာနဲ့ ချက်ချင်းအသုံးပြုလို့ရတဲ့ အတွက်ကြောင့်မို့လို့ တော်တော်လဲ အဆင်ပြေပါတယ်။ နောက်ပြီး ကိုယ်စာချုပ်ချုပ်ထားတဲ့ အချိန်နဲ့ သုံးနိုင်တဲ့ ဒေတာပမာဿ တွေ ကျော်သွားရင်လဲ သူ့အလိုလို ဖြတ်သွားတဲ့အတွက်က‌ကြောင့်မို့လို့ လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာလဲ သတိထားရမယ့် အချက်တွေရှိပါတယ်။ နိုင်ငံခြားကနေ ရောက်လားတဲ့ ဆင်းကတ်တွေကိုတော့ အလွယ်တကူ အသုံးပြုလို့မရနိုင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဖုန်းက International Sim Lock ဖြည်ပြီးသားဟုတ်မဟုတ် ကို အရင်စစ်ဆေးရမှာ ဖြစ်ပါတယ်။ 

မိုဘိုင်း ဝိုင်ဖိုင်ကိုဘယ်လိုရွေးမလဲ။ 

Sim Free Mobile Wifi

Sim Free Mobile Wifi ကတော့ အကုန်အကျလဲ အဲလောက်မများဘဲနဲ့ Plan တွေလဲ အမျိုးအစားစုံလင်လှပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်မှာနေထိုင်မယ့် ကြာချိန်နဲ့ ကိုယ်အသုံးပြုမယ့် အကြိမ်အရေအတွက်တွေကို မူတည်ပြီးတော့ ကိုယ်အသုံးပြုမယ့် Plan ကိုရွေးချယ်လို့ရပါတယ်။ Sim Free Mobile Wifi က တခြားအကြီးစား Sim ကဒ်ကုမ္ပဏီတွေနဲ့စာရင် ပိုပြီးတော့ နှေးနိုင်ပြီး တစ်ခုခု Error တက်ရင်လဲ ကိုယ့်ဘာသာကိုယ် ဖြေရှင်းရပါတယ်။ဒါကြောင့်မို့လို့ ဒီလိုအချက်တွေကို မကြိုက်တဲ့သူတွေအနေနဲ့ကတော့ Sim Free Mobile Wifi ကိုမသုံးဖို့အကြံပေးချင်ပါတယ်။

Cloud Sim Mobile Wifi

Cloud Sim Mobile Wifi ကတော့ အပေါ်Sim Free Mobile Wifi ရဲ့မကောင်းတဲ့ အချက်တွေကို ဖယ်ရှားပေးမှာကတော့ Cloud Sim Mobile Wifi ဖြစ်ပါတယ်။ Cloud Sim Mobile Wifi ကတော့ ကတ်ထိုးစရာလဲမလိုသလို ဒေါင်းလုတ်ဆွဲပြီး Cloud ပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့ ဒေတာတွေကို လိုသလို အသုံးပြုနိုင်ပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်မှာ အခမဲ့ ဝိုင်ဖိုင်သုံးလို့ရတဲ့နေရာတွေနည်းတဲ့ အတွက်ကြောင့် မို့လို့ ဂျပန်ကိုခရီးထွက်လာမယ်ဆိုရင် ကျိန်းသေပေါက် ဝိုင်ဖိုင်ငှားတဲ့ ဝန်ဆောင်မှုကို အသုံးပြုဖို အကြံပေးချင်ပါတယ်။ ဝယ်တာပဲ ဖြစ်ဖြစ် ငှားတာပဲ ဖြစ်ဖြစ် လုပ်တဲ့ အချိန်မှာ ကိုယ့် လိုအပ်ချက်တဲ့ ကိုက်ညီတဲ့ ပလန်ကို သေချာ အသုံးပြုပြီးဝယ်နိုင်ဖို့အရေးကြီးပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ဂျပန်သွားရန်ပြင်ဆင်ခြင်း/ ဂျပန်မှာ ဆင်းကတ်ဘယ်လိုရွေးချယ်ပြီးဝယ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ