ဂျပန်နိုင်ငံအလယ်ပိုင်းဒေသရဲ့ နာမည်ကြီး နေရာများနှင့် အစားစာများ၊

ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းဒေသကကတော့ ဂျပန်နိုင်ငံရဲ့နာမည်ကြီး ‌ဒေသတွေအများကြီးတည်ရှိတဲ့နေရာပါ။ တောင်းတန်း၃ခု သွယ်တန်းနေရာကနေ၊ဂျပန်နိုင်ငံရဲ့ ခေါင်မိုးလို့လဲ ခေါ်ကြပါသေးတယ်။ နောက်ပြီး ပစိဖိတ်သမုဒ္ဒရာ နဲ့ ဂျပန်ပင်လယ် ဘက်ဒေသ တွေနဲ့ ရာသီဥတု လဲကွာခြားပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းဒေသမှာရှိတဲ့ နာမည်ကြီးတဲ့ဒေသတွေနဲ့ နာမည်ကြီးတဲ့ အစားစာတွေအကြောင်းကို ရှင်းပြပြီး အလယ်ပိုင်းဒေသကိုခရီးသွားတဲ့အချိန်မှာ အသုံးဝင်မယ့်အချက်တွေကိုမျှဝေပေးသွားပါ့မယ်။ 

မာတိကာ

ဂျပန်နိုင်ငံအလယ်ပိုင်းဒေသ က ခရိုင်၉ခုနဲ့ဖွဲ့ စည်းထားပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းဒေသ ကတော့ ဂျပန်ကျွန်းဆွယ်ရဲ့ ဗဟိုတည့်တည့်မှာရှိပြီး ခရိုင်၉ခုနဲ့ဖွဲ့စည်းထားပါတယ်။ အသေးစိတ်အနေနဲ့တော့ အအိချိခရိုင်၊ ရှိဇုအိုက ခရိုင်၊ ဂိဖုခရိုင်၊ ရာမနရှိခရိုင်၊ နဂနောခရိုင်၊တိုရာမ ခရိုင်၊ အိရှိကဝ ခရိုင်၊ ဖုကုအိခရိုင် နိဂတ ခရိုင် စတဲ့ ခရိုင် ၉ခုဖြစ်ပါတယ်။ ဒီခရိုင် ၉ ခုကလဲဂျပန်ဧဝရက် လို့ခေါ်ကြတဲ့ တောင်၃ တောင်ကြားမှာရှိပြီး ဒေသအလိုက် ရာသီဥတု ကွာခြားမှုရှိလို့ ဒေသအသီးသီးရဲ့ရာသီဥတုအခြေအနေတွေကို ကြည့်ကြည့်လိုက်ကြရအောင်။ 

အအိချိခရိုင် (Aichi-ken)

အအိချိခရိုင်ကတော့ ပစိဖိတ်သမုဒ္ဒရာ ဘက်မှာရှိတာမို့ နွေရာသီမှာဆို အပုချိန်မြှင့်တက်ပြီး မိုး‌‌ရေချိန်လဲ များပါတယ်။ ဆောင်းရာသီမှာတော့ အများအားဖြင့် နေသာလေ့ရှိပေမယ့် မြောက်ဘက်လေတိုက်တာလဲ ပြင်ထန်လွန်းလှပါတယ်။ ခရိုင်ရဲ့ မြို့တော်ဖြစ်တဲ့ နဂိုယာမြို့ကတော့ အအိချိခရိုင်ရဲ့ အလယ်ဗဟိူမှာရှိပါတယ်။ နာဂိုရာ မြို့ထဲမှာတော့ နာဂိုရာရဲတိုက်၊ ကစားကွင်း၊ အစသဖြင့် လည်ပတ်စရာတွေများပြားလှပါတယ်။ 

နောက်ပြီး အအိချိခရိုင် ကတော့ ကားထုတ်လုပ်ရေး၊ ဗီဒိယိုကင်မရာထုတ်လုပ်ရေး၊ စက်ထုတ်လုပ်ရေး စတဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ထွန်းကားလှတဲ့ နေရာလဲဖြစ်ပါတယ်။ ရိုးရာလက်မှုပညာတွေလဲ ထွန်းကားပြီး ကြွေထည်လုပ်ငန်းကလဲ တနိုင်ငံလုံးမတိုင်းအတာအနေနဲ့ နာမည်ကြီးပါတယ်။ လက်မှုပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေကတော့ ဒီလိုနေရာကိုသွားရောက်လေ့လာသင့်ပါတယ်။ 

 ရှိဇုအိုက ခရိုင် (Shizuoka-ken)

ရှိဇုအိုက ခရိုင်လဲပစိဖိတ်သမုဒ္ဒရာ ဘက်မှာရှိပြီး အရှေ့ဘက်ကနေ နောက်ဘက်ကိုရှည်လျားတဲ့ ခရိုင်တစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီမှာ နှင်းကျများပြီး နွေရာသီမှာတော့ အေးမြတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ပစိဖိတ်သမုဒ္ဒရာ ဘက်ခြမ်းက နွေးဓာတ်ရှိပြီး ဆောင်းရာသီမှာလဲ နှင်းသိပ်ပြီးကျလေ့မရှိပါဘူး။ နောက်တစ်ခု နာမည်ကြီးတာကတော့ ရှိဇုအိုကာ ခရိုင်နဲ့ ရာမနရှိခရိုင်ကြားမှာတော့ နာမည်ကြီးတဲ့ ဖူဂျီတောင်ကြီးတည်ရှိပါသေးတယ်။

 ဂိဖုခရိုင် (Gifu-ken)

ဂိဖုခရိုင်ကတော့ အအိချိခရိုင်ရဲ့ အပေါ်ဘက်မှာ ရှိပြီး ပင်လယ်ဘက်ကိုဦးတည်နေတဲ့ ဒေသဖြစ်ပါတယ်။ တောင်ဘက်ကနေ မြောက်ဘက်ကိုသွယ်တန်းရှည်လျားတဲ့ ခရိုင်တစ်ခုလဲဖြစ်ပါတယ်။ မြေပြန့်‌ဒေသဖြစ်လို့ အေးတဲ့ရာသီမှာလဲ အအေးလွန်ကဲပြီး ပူတဲ့အချိန်မှာလဲ အပူချိန်တော်တော်မြှင့်မားပါတယ်။ 

နောက်ပြီး ဂိဖုခရိုင်မှာတော့ အယဒိခေတ်လက်ကျန် ရှေးဟောင်း မြို့မြင်ကွင်းတွေ ရှိပြီး လူဆွဲကားနဲ့ လှည့်ပတ်နိုင်ပါသေးတယ်။ ရေပူစမ်းတွေလဲရှိပြီး ဂိဖုခရိုင်မှာရှိတဲ့ Gero ရေပူစမ်းကတော့ ဂျပန်မှာနာမည်အကြီးဆုံး ရေပူစမ်း ၃ခုထဲမှာပါဝင်ပါတယ်။ 

ရာမနရှိခရိုင် (Yamanashi-ken)

ပရာမနခရိုင်ကတော့ ရှိဇုအိုက ခရိုင်ရဲ့ အပေါ်မှာ တည်ရှိပြီး ဖူဂျီတောင်အပြင် နောက်ထပ် မြင့်မားတဲ့ တောင်တွေအများပြားရှိတဲ့ နေရာလဲဖြစ်ပါတယ်။ဒါကြောင့် တောင်တက်တာနဲ့ ရေကူးပြီး အပန်းဖြေနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ ရာမနရှိခရိုင်ရဲ့ ထူးခြားချက်ကတော့ တနှစ်ပတ်လုံးရာသီဥတာအပြောင်းအလဲပြင်းထန်မှုရှိပြီး မက်မွန်သီးနဲ့ စပျစ်သီး ထွက်နှုန်းက တနိုင်ငံလုံးမှာ ပထမဖြစ်ပါတယ်။ စပျစ်ဝိုင်အမျိုးမျိုးလဲ သောက်နိုင်ပါသေးတယ်။ 

 နဂနောခရိုင်(Nagano-ken)

 နဂနောခရိုင်ကတော့ ဂျပန်နိုင်ငံရဲ့ ဧဝရက်တောင်တွေ ပတ်လည်ဝိုင်းရံနေတဲ့ ခရိုင်ဖြစ်ပြီး အပူချိန်ကွာခြားမှုကလဲတော်တော်ပြင်းထန်ပါတယ်။ ကုန်းမြင့်ပိုင်းမှာတော့ နွေရာသီမှာလဲ အေးမြတာကြောင့် အပူ‌ရှောင်‌ဒေသအဖြစ်နာမည်ကြီးပါတယ်။ အထူးသဖြင့် Karuizawa ဆိုတဲ့မြို့ကနာမည်ကြီးပြီး သမိုင်းဝင် ခရီးသွားရာနေရာတွေ အ‌ဆောက်အအုံတွေနဲ့ နာမည်ကြီးပါတယ်။ 

 နဂနောခရိုင်အကြောင်း အသေးစိတ်ကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

တိုရာမ ခရိုင် (Toyama-ken)

တိုရာမ ခရိုင်ကတော့ ဂျပန်ပင်လယ်ဘက်ကို မျက်နှာမူနေတဲ့ ခရိုင်ဖြစ်ပြီး ဆောင်းရာသီမှာနှင်းကျလေ့ရှိပေမယ့် သိပ်ပြီးမချမ်းပါဘူး။ တိုရာမ ပင်လယ်အော်ကတော့ ငါးဖမ်းမိတာများပြီး လတ်ဆတ်တဲ့ ငါးတွေနဲ့ချက်တဲ့ဟင်းလျာတွေလူကြိုက်များပါတယ်။ 

နောက်ပြီး ဂျပန်တနိုင်ငံလုံးမှာ အမြင့်ဆုံးဆည်ကြီးတည်ရှိပါသေးတယ်။ 

အိရှိကဝ ခရိုင် (Ishikawa-ken)

အိရှိကဝ ခရိုင်ကလည်း တောင်ဘက်ကနေ မြောက်ဘက်ကိုသွယ်တန်းလျက်ရှိတဲ့ ခရိုင်ဖြစ်ပြီးဂျပန်ပင်လယ်ဘက်ကိုဦးတည်လျက်ရှိတဲ့ ခရိုင်ဖြစ်ပါတယ်။ ခရိုင်ရဲ့ မြိူ့တော်ကတော့ Kanazawa မြို့ဖြစ်ပြီး ကြီးမားတဲ့ သဘာဝဘေးအန္တာရာယ် မကြုံဖူးသေးလို့ ရှေးခေတ် အဆောက်အအုံတွေယနေ့ခေတ်အထိကျန်နေဆဲဖြစ်ပါတယ်။ နောက်ပြီး ရိုးရာ လက်မှုပည

ာတွေလဲထွန်းကားပြီး ကြွေထည်ပစ္စည်းတွေလဲ နာမည်ကြီးပါတယ်။ 

ဖုကုအိခရိုင် (Fukui-ken)

ဖုကုအိခရိုင်လည်း ဂျပန်ပင်လယ်ဘက်ကိုဦးတည်လျက်ရှိတဲ့ ခရိုင်ဖြစ်ပါတယ်။ မိုးရွာသွန်းမှုနှုန်း များပြားတဲ့ဒေသလဲဖြစ်ပါတယ်။ ဖုကုအိဒေသ ရဲ့ ဒေသကိုသွားဖြစ်ရင် ဘဘ်နေရာသွားမလဲဆိုတာရယ်၊ ရာသီဥတုကဘယ်လိုနေလဲဆိုတာရယ်ကို သေချာစုံစမ်းပြီး ထီးယူသွားဖို့ပြင်ဆင်ပါ။ဖုကုအိခရိုင်ကတော့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေအများကြီးရှာဖွေတွေ့ရှိတဲ့ နေရာအနေနဲ့လဲနာမည်ကြီးပါတယ်။ ဒိုင်နိုဆော ပြတိုက်လဲရှိတာမို့ ဒိုင်နိုဆောနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ သွား‌ရောက်လည်ပတ်သင့်ပါတယ်။ 

 နိဂတ ခရိုင် (Niigata-ken)

နိဂတ ခရိုင်ကတော့ ဂျပန်ိနုင်ငံ အလယ်ပိုင်းဒေသရဲ့ မြောက်ဘက်မှာတည်ရှိပါတယ်။ ဒီခရိုင်လဲ ဂျပန်ပင်လယ်ဘက်ကို မျက်နှာမူနေတဲ့ ခရိုင်တွေနဲ့အတူတူပဲ ဆောင်းရာသီမှာ နှင်းပြင်းထန်စွာကျဆင်းတတ်ပါတယ်။ နောက်ပြီး ဆန်စပါးထွက်နှုန်းကောင်းတဲ့ခရိုင်လဲဖြစ်ပါတယ်။ ဆန်ကနေ အရက်ဖောက်တဲ့ နေရာတွေလဲများပြားပြီး စက်ရုံတွေကို သွားရောက်လည်ပတ်နိုင်သလို သွားရောက် မြည်းနိုင်ပါတယ်။ဂျပန်အရက်ကြိုက်တတ်တဲ့သူတွေကကျိန်းသေပေါက် နိးတ ခရိုင်ကိုသွားရောက် လည်ပတ်သင့်ပါတယ်။ 

ဂျပန်နိုင်ငံအလယ်ပိုင်းဒေသရဲ့ နာမည်ကြီးခရီးသွားနေရာများ။

ဂျပန်နိုင်ငံအလည်ပိုင်းဒေသမှာတော့ ခရီးသွားတွေကိုဆွဲဆောင်တဲ့ နာမည်ကြီးခရီးသွား‌ဒေသတွေအများကြီးရှိပါတယ်။ အများကြီးရှိတဲ့ ထဲကနေ မှ Kawaguchi ရေအိုင်၊ Shiragawa ရွာ အစရှိတဲ့ နာမည်ကြီးခရီးသွားဒေသတွေနဲ့မိတ်ဆက်ပေးသွားပါ့မယ်။ 

Kawaguchi ရေအိုင် (ရာမနရှိခရိုင်)

Kawaguchi ရေအိုင် ကတော့ ရာမနာရှိခရိုင်မှာရှိပြီး ဖူဂျီတောင်ခြေမှာရှိတဲ့ ရေအိုင်ဖြစ်ပါတယ်။ ဖူဂျီတောင်ရဲ့ ထည်ဝါခမ်းနားလှတဲ့မြင်ကွင်းနဲ့ ရာသီအလိုက် မြင်ကွင်းတွေကိုလဲ လှလှပပမြင်တွေ့နိုင်ပါတယ်။ Kawaguchi ရေအိုင် ရဲ့ မြောက်ဘက်မှာဆိုရင် ဖူဂျီတောင်ကို ရေကန်ထဲမှာ အရိပ်ပြန်နေတာတွေမြင်နိုင်ပြီး ဒီမြင်ကွင်းဟာလဲ တော်တော် နာမည်ကြီးပါတယ်။ နောက်ပြီး အပျော်စီးသင်္ဘောနဲ့လဲ ဖူဂျီတောင်ကို လှည့်ပတ်ကြည့်နိုင်ပါသေးတယ်။ 

တခြား ဖူဂျီတောင်ကိုတွေ့မြင်နိုင်တဲ့နေရာတွေအကြောင်းကိုတော့ ဒီဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။ 

Shiragawago (ဂိဖုခရိုင်)

Shiragawago ကတော့ ဂိဖုခရိုင်မှာတည်ရှိတဲ့ နေရာဖြစ်ပြီး ခရီးသွားတွေကြားမှာလဲနာမည်ကြီးပါတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှု အမွေအနှစ်တွေအနေနဲ့လဲမှတ်တမ်းဝင်လျက်ရှိပါတယ်။ ဒီ‌ဒေသမှာရှိတဲ့ အိမ်လေးတွေရဲ့ ထူးခြားချက်ကို လာရောက်လေ့လာတဲ့သူတွေများပြားပါတယ်။ အများသောအားဖြင့် အိမ်‌တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ - ၂၀၀ အတွင်းမှာ တည်ဆောက်ထားခဲ့ကြပါတယ်။ သက်တမ်းအကြာဆုံးအိမ်ဆိုရင် နှစ်ပေါင်း ၄၀၀ ကျော်လောက်က ဆောက်ခဲ့တဲ့အိမ်တွေလဲရှိပါတယ်။ ဆောင်းရာသီဆိုရင်တော့ နှင်းတွေထူထပ်ပြီး မြင်ကွင်းကရင်သက်ရှုမောဖွယ်ရာလှပပါတယ်။ သို့သော် နွေရာသီရောက်ရင် မျှော်စင်ပေါ်ကိုတက်ပြီး တရွာလုံးကိုလှမ်းကြည့်လို့ရပါသေးတယ်။

Kenroku ဥယျာဥ် (အိရှိခဝ ခရိုင်)

Kenroku ဥယျာဥ် ကတော့ အိရှိခဝခရိုင် Kanazawaမြို့မှာရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အယ်ဒိုခေတ်က တည်ဆောက်ခဲ့တဲ့ ဥယျာဥ်လဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဥယျာဥ် ၃ ခု အနေနဲ့လဲ နာမည်ကြီးပါတယ်။ နွေဦးရာသီမှာ ဆာကူရာ၊ နွေရာသီမှာသစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းဆိုပြေနေပြီး၊ ဆောင်းရာသီဆိုရင်လဲ သစ်ပင်တွေပေါ်မှာ နှင်းတွေတင်ပြီးလှပလျက်ရှိပါတယ်။

Matsumoto ရဲတိုက် (နာဂနောခရိုင်)

နာဂနောမှာရှိတဲ့ Matsumoto ရဲတိုက်ကလဲ ဂျပန်နိုင်ငံရဲ့ ရတနာ တစ်ခုအေနနဲ့ မှတ်တမ်းတင်ခံထားရပါတယ်။ အပေါ်တက်လေသေးသွားလေဖြစ်သွားတာကေတာ့ သူရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ Matsumoto ရဲတိုက်ရဲ့ တည်ေဆာက်ပုံကတော့ Keep Tower အမျိုးအစားဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ဒီလိုပုံစံ မျိုးရဲတိုက် ၁၂ ခုသာရှိပါတယ်။ ဒီရဲတိုက် ၁၂ ခုထဲမှာမှ Matsumoto ရဲတိုက်က အရှေးကျဆုံးရဲတိုက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းဒေသရဲ့ နာမည်ကြီးအစားစရာများနဲ့ ထွက်ကုန်ပစ္စည်းများ။

Misonikomi Udon 

Misonikomi Udon ကတော့ အအိချိခရိုင်ရဲ့ နာမည်ကြီး စားစရာ တစ်ခုဖြစ်ပါတယ်။ Misonikomi Udon ရဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်မြိတ်၊ ကြက်သား၊ Fish Cake၊ အကြော်စတဲ့ ပစ္စည်းတွေပါဝင်ပြီး မိဆို အရည်နဲ့ ပြုတ်ထားတဲ့ ဟင်းပဲဖြစ်ပါတယ်။ အရမ်းထူတဲ့ မြေအိုးနဲ့ချက်ပြုတ်ပြီး ပူပူနွေးနွေးနဲ့အရသာရှိရှိစားသုံးနိုင်ပါတယ်။ ဒီဟင်းမှာအဓိက အသုံးပြုတဲ့ Hacchou Miso ကလဲ အအိချိခရိုင်ရဲ့ နာမည်ကြီး ကုန်ပစ္စည်းတမျိုးဖြစ်ပါတယ်။ 

Unaju 

Unaju ကတော့ ငါးရှည့်ကို ငဲပြာရည်၊ဆား တွေနဲ့ ပြုလုပ်ထားပြီးနည်းနည်း အစပ်အရသာရှိတဲ့ ဆော့ တမျိုးနဲ့ စမ်းပြီး ကင်ပါတယ်။ ကင်ထားတဲ့ ငါးရှည့်ကို ထမင်းပေါ် တင်ပြီးစားတဲ့ စားစရာတမျိုးဖြစ်ပါတယ်။ 

ရှိဇုအိုကာခရိုင်ရဲ့ နာမည်ကြီးအစားစာဖြစ်ပါတယ်။ ရှိဇုအိုကာ ခရိုင်ကတော့ဂျပန်နိုင်ငံမှာ ငါးရှည့် မွေးမြူရေးလုပ်ငန်းနဲ့နာမည်ကြီးတဲ့ ရေကန်တွေလဲတည်ရှိပါတယ်။ 

Hooba Miso

Hooba Miso ကတော့ ဂိဖုခရိုင်ရဲ့နာမည်ကြီး အစားစာတစ်ခုဖြစ်ပါတယ်။ မူလကတော့ Hooba ဆိုတဲ့ သစ်ရွက်ကို ‌ဆေးရည်နဲ့ ရောပြီး မိဆို နဲ့ စားတဲ့ဟင်းချာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အမဲသား၊ ငါး စတဲ့ အရာတွေနဲ့အတူတူကသင်ပြီး Hooba ဆိုတဲ့ သစ်ရွက်ကိုပါ စားလေ့ရှိပါတယ်။ Hoobaသစ်ရွက်ကလဲ အရမ်းကိုအနံသင်းပြီး မိဆိုရဲ့ အရသာကလဲ တော်‌တော်လေးကို ထိရောက်မှုရှိပါတယ်။ သစ်ရွက်ပေါ်မှာ တင်ပြီး စားလို့ရတဲ့ ထူးခြားတဲ့ ဟင်လျားမျိုးဖြစ်ပါတယ်။ 

Hotou 

Hotou ဆိုတဲ့ ဟင်းလျာကလဲ ရာမရှိနမှာ နာမည်ကြီးတဲ့ဟင်းမျိုးဖြစ်ပြီး ဂျုံနဲ့ လုပ်ထားတဲ့ ပြားချပ်နေတဲ့ မုန့်ဖတ် ပေါ်မှာ မိဆို ဟင်းရည်နဲ့ စားတဲ့ ဟင်းမျိုးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနေနဲ့ကတော့ မုန်လာဥဖြူ၊ မုန့်လာဥအနီ၊ စတဲ့ ဟင်းရွက်တွေနဲ့ ပြုလုပ်ထားပါတယ်။ Hotou ကတော့ ဆောင်းရာသီမှာ နွေးထွေးအောင်စားလေ့ရှိတဲ့ ဟင်းလျာတမျိုးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေ လဲ များပြားပြီး အာဟာရ ပြည့်ဝတဲ့ ဟင်းလျာ တမျိုးလဲ ဖြစ်ပါတယ်။ 

Oyaki 

Oyaki ကတော့ နာဂနော ခရိုင်ရဲ့ နာမည်ကြီးအစားစာတမျိုးဖြစ်ပါတယ်။ ဂျုံမှုန့်ကိုရေနဲ့ဖျှော်ပြီး အစာသွတ်ပြီး ကင်တဲ့မုန့်တမျိုးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကတော့ ဟင်းသီးဟင်းရွက်၊ မိဆို၊ ရွှေဖရုံသီးတို့ဖြစ်ပါတယ်။ ရှေးယခင်ကတော့ ဂျုံထွက်နှုန်းများပြားတဲ့ ဒေသေေတွမှာ အဓိက အစားစာအဖြစ် အစားသုံးလေ့ရှိကြပါတယ်။

Masu-zushi

Masu-zushi ကတော့ တိုရာမခရိုင်မှာ နာမည်ကြီးတဲ့အစားစာတစ်ခုဖြစ်ပါတယ်၊။ မြစ်ထဲကငါးကို ဝါးရွက်ပေါ်မှာ တင်ပြီးစားတဲ့ ဆူရှိဖြစ်ပါတယ်။ တာရှည်ခံအောင်ဆူရှိကို ရှာလကာရည်နဲ့ နယ်ထားပါတယ်၊ နောက်ပြီးစားတဲ့အချိန်မှာလဲ radical ပုံဖြတ်ပြီးစားလေ့ရှိကြပါတယ်။ 

Kabura-zushi

Kabura-zushi ကတော့ အိရှိကာဝ ခရိုင်မှာနာမည်ကြီးတဲ့အစားစာတမျိုးဖြစ်ပါတယ်။ ဆားရေစိမ်ထားတဲ့ ခါဘုမုန့်လာဥနဲ့ မုန်လာဥ နီတို့ကို ဆန်၊ ဆားတို့နဲ့ ပြုလုပ်ထားတဲ့အစားစာဖြစ်ပါတယ်။ ပုံမှန် ရှာလကာရှည်ကိုအသုံးပြုထားတဲ့ ဆူရှိတဲ့မတူဘဲ ဆန်နဲ့ ငါးကိုအချဥ်ဖောက်ထားတာကတော့ သူရဲ့ထူးခြားမှုပါ။နောက်ပြီး ပုံမှန်ဆို လုံးထားတဲ့ ဆူရှီပေါ်မှာ ငါးကိုတင်ပြီးစားလေ့ရှိကြပေမယ့် Kabura-zushiuကတော့ မုန်လာဥ ထဲမှာ ငါးကိုညှပ်ပြီးစားလေ့ရှိကြပါတယ်။ 

Echizen Soba

Echizen Soba ကတော့ ဖုခုအိခရိုင်မှာနာမည်ကြီးတဲ့ ခေါက်ဆွဲပဲဖြစ်ပါတယ်။Echizen Oroshi Sob လို့လဲခေါ်လေ့ ရှိကြပါတယ်။ Echizen Soba သုံးတဲ့ ခေါက်ဆွဲအမျိုးအစားကတော့ပုံမှန်ခေါက်ဆွဲထက်ပိုမွေးပြီး ပိုအရောင်နက်ပါတယ်။

Noppei ဟင်းချို 

Noppei ဟင်းချို ကတော့ ကြကိသားနဲ့ အာလူး၊ မုန့်လာဥနီ၊ မှိုတို့ကို ပြုတ်ထားတဲ့ဟင်းချိုဖြစ်ပါတယ်။ တခြားခရိုင်တွေမှာလဲစားလေ့ရှိကြပေမဘ့် နိဂတ ခရိုင်မှာတော့ ဒေသအစားစာအဖြစ်ပိုပြီးနာမည်ကြီးပါတယ်။ နောက်ပြီး တခြားဒေသမှာတော့ Noppei ဟင်းချိုကို အရည်ကိုအဓိက ထားလေ့ရှိကြပေမယ့် နိဂတ ခရိုင်မှာတော့ ပါဝင်ပစ္စည်းပိုအဓိက ထားလေ့ရှိပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ အလယ်ပိုင်းဒေသရဲ့ ထူးခြားချက်တွေအပြင် နာမည်ကြီးတဲ့ ဒေသတွေ၊ နောက်ပြီး အစားစာတွေအကြောင်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံ အလယ်ပိုင်းဒေသကို ခရီးဆန့်ချင်ရင်ကို ဒီဆောင်းပါးပ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ဂျပန်သွားရန်ပြင်ဆင်ခြင်း/ ဂျပန်နိုင်ငံအလယ်ပိုင်းဒေသရဲ့ နာမည်ကြီး နေရာများနှင့် အစားစာများ၊

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ