တိုကျိုကနေ နေ့ချင်းပြန်သွားနိုင်မယ့် နေရာများ

တိုကျိုလို မြို့ပြ ကြီးကနေပြီးတော့ ရုန်းထွက်ချင်ပါသလား။ ရုံးပိတ်ရက်တွေမှာ ပုံမှန်နဲ့ မတူညီတဲ့ ရက်တွေကိုဖြတ်သန်းကြည့်ချင်ပါသလား။ ဒီနေ့မှာတော့ တိုကျိုကနေ နေ့ချင်ပြန်သွားနိုင်မယ့် နေရာ ၅ ခုကိုဖော်ပြပေးသွားပါ့မယ်။ 

မာတိကာ 

  1. တိုကျိုအတွင်းမှာဘဘာဝ ကိုခံစားနိုင်တဲ့နေရာများ။

  2. တိုကျိုကနေ Chiba အထိ နေ့ချင်းပြန်ခရီး။

  3. တိုကျိုကနေ Saitama အထိနေ့ချင်းပြန်ခရီး။

  4. တိုကျိုကနေ Kanagawa အထိနေ့ချင်းပြန်ခရီး။

  5. တိုကျိုကနေ Shizuoka အထိနေ့ချင်းပြန်ခရီး။

  6. တိုကျိုကနေ NIkko အထိနေ့ချင်းပြန်ခရီး။

တိုကျိုအတွင်းမှာဘဘာဝ ကိုခံစားနိုင်တဲ့နေရာများ။

တိုကျို ရဲ့ ၂၃ ရပ်ကွက်ထဲမှာပဲ သဘာဝကိုခံစားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ အရင် တိုကျိုအတွင်းမှာရှိတဲ့ နေ့ချင်ပြန်သွားနိုင်ပြီး သဘာဝကိုခံစားနိုင်တဲ့နေရာတွေကို အရင်ဖော်ပြသွားပါ့မယ်။ 

  • Omeမြို့ - 青梅市
    • တောင်တက်နိုင်။
    • စက်ဘီးစီးပြီးလည်ပတ်နိုင်။ 
    • Mitake ဘုရားကျောင်း။
    • Ome မီးရထားပြတိုက်။ 
  • Okutama - 奥多摩町
    • Hiking လုပ်နိုင်။
    • ငါးဖမ်း၊ ရေကူးနိုင်။
    • Okutama ရေကန်။
  •  Takao တောင် - 高尾山
    • Hiking လုပ်နိုင်။
    • Yakuoin ဘုရားကျောင်း။
    • မျောက်ပန်းခြံ။

ဒီ‌၃ နေရာကတော့ တိုကျိုထဲမှာ သဘာဝကိုခံစားနိုင်မယ့်နေရာတွေဖြစ်ပြီး ရေပူစမ်းတွေလဲ နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ 

တိုကျိုကနေ Chiba အထိ နေ့ချင်းပြန်ခရီး။

Chiba ကတော့ တိုကျိုရဲ့ အနီးနားမှာရှိတဲ့ ခရိုင်တစ်ခုဖြစ်ပါတယ်။ တိုကျိုကနေ Chiba ကိုသွားနိုင်တဲ့ ရထားလိုင်းတွေကတော့ Chuo, Sobu, Tozai စတဲ့ရထားလိုင်းတွေဖြစ်ပါတယ်။ တိုကျိုကနေ Chiba ကိုသွားရင် တိုကျိုပင်လယ်အော်ကြီးကိုဖြတ်ရမှာဖြစ်ပါတယ်။ Chiba ကိုသွားမှာဆိုရင်တော့ ကားနဲ့သွားဖို့အကြံပေးချင်ပါတယ်။ ပိုပြီးလွတ်လပ်ပြီး ပိုပျော်ဖို့ကောင်းလို့ပါ။ အချိန်ယူနိုင်ရင် ရထားတို့၊ ဘတ်စ်စကားတို့နဲ့ သွားတာလဲ အဆင်ပြေပါတယ်။ 

ဒါဆို Chiba မှာ နာမည်ကြီးတဲ့ နေရာတချို့ကိုဖော်ပြသွားပါ့မယ်။ 

Tokyo Disney Resort

Tokyo Disney Resort က တိုကျိုမှာရှိတာမဟုတ်ဘဲ Chiba မှာရှိတာဖြစ်ပါတယ်။ တိုကျိုဘူတာကနေ မိနစ် ၂၀ ခန့်ထပ်သွားရမှာဖြစ်ပါတယ်။ Tokyo Disneyland နဲ့ Tokyo DisneySea ရော နှစ်ခုလုံးကိုပေါင်းပြီးတော့ Tokyo Disney Resort လို့ခေါ်ပါတယ်။ Tokyo Disneyland ကတော့မိသားစုအလိုက်၊ သူငယ်ချင်းအုပ်စုလိုက်ဖြစ်စေ သွားတဲ့ အချိန်မှာသင့်တော်ပါတယ်။ နောက်ပြီး Tokyo DisneySea ကတော့ တစ်ယောက်တည်းလဲ ပျော်ပါးနိုင်တဲ့ နေရာမျိုးဖြစ်ပါတယ်။ Tokyo Disneyland နဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ Tokyo Disneylandကိုဘယ်လို လည်ပတ်မလဲ

မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Chiba မှာလည်ပတ်နိုင်တဲ့ ပန်းခြံနဲ့ လည်ပတ်စရာ အပန်းဖြေစခန်းများ

Chiba မှာတော့ Tokyo Disney Resort အပြင် တခြားနာမည်ကြီးတဲ့ အပန်းဖြေစခန်းတွေအများကြီးရှိပါသေးတယ်။ 

ပင်လယ်ရေအောက်ကို အလည်ခေါ်သွားမယ့် Kamogawa Sea World။

လည်ပတ်ကြည့်ရှုစရာနှင့် စားစရာတွေ ပေါများတဲ့ 「東京ドイツ村 Tokyo Doitsumura」 - တိုကျိုဂျာမနီ ရွာငယ်လေး။

လယ်ယာတိရစ္ဆာန်လေးတွေနဲ့ ရာသီအလိုက်‌‌ပျော်ပါးနိုင်မယ့် 「マザー牧場 Mazaa Bokujou」- Mother Farm

Spa နဲ့ ရေကူးပြီး အပန်းဖြေနိုင်မယ့် Ryugujo Spa Hotel Mikazuki။

စျေးကြီးBrand တွေကို စျေးသက်သက်သာသာနဲ့ ဝယ်နိုင်မယ့် Mitsui Outlet Park Kisarazu ။

စွန့်စားခန်းထွက်နိုင်မယ့် Forest Adventure Tarzania။

ဒီနေရာကတော့ အပန်းဖြေပြီး လည်ပတ်နိုင်မယ့် နေရာတွေဖြစ်ပြီး ဒီနေရာတွေတင်မက Chiba ပျော်စရာ Activities တွေလုပ်နိုင်တဲ့နေရာတွေလဲ အများကြီးရှိပါသေးတယ်။ 

 Chiba မှာတွေ့နိုင်တဲ့ ပျော်စရာ Activities များ

လှိုင်းလုံးစီးနိုင်မယ့် Tsurigasaki Kaigan အပြင်တခြားကမ်းခြေများ။ 

Inage, Onjuku, Kujukuri, Moriya, Okinoshima တို့လို အပန်းဖြေနိုင်မယ့်ကမ်းခြေများ

တောင်တက်နိုင်တဲ့ Nokogiri တောင်

တနှစ်ပတ်လုံး အသီးတွေခူးနိုင်ခြင်း။ အထူးသဖြင့် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ စပျစ်သီးများ။

Kominato and Isumi ရထားလိုင်းတို့လို ဒေသတွင်းမှာပြေးဆွဲနေတဲ့ ရထားတွေကို လိုက်စီးတာကလဲ ပျော်ဖို့ကောင်းပါတယ်?

တိုကျိုကနေ Saitama အထိနေ့ချင်းပြန်ခရီး။

 တိုကျိုရဲ့ မြောက်ဘက်မှာရှိတာကတော့ Saitama ဖြစ်ပါတယ်။ သဘာဝတရားကြီးကိုခံစားချင်တယ်ဆိုရင်တော့ Seibu Ikebukuro လိုင်းကနေပြီးတော့ Chichibu ကိုသွားနိုင်ပါတယ်။

  • လုပ်နိုင်တဲ့ အရာတွေကတော့ 
  • ရေပူစမ်းမှာ ရေစိမ်ရင်းအပန်းဖြေနိုင်။
  •  Nagatoro မှာရေကူးနိုင်ပြီး 
  • Hitsujiyama ပန်းခြံမှာရှိတဲ့ ပန်းတွေရဲ့ အလှကိုခံစားနိုင်ခြင်းတို့ဖြစ်ပါတယ်။ 

ယဥ်ကျေးမှုနဲ့ သမိုင်းကိုစိတ်ဝင်စားရင်တော့ Kawagoe ကိုသွားနိုင်ပါတယ်။

 Kawagoe ကတော့ အဲဒီုအသေးစားလေးဆိုပြီးနာမည်ကြီးပါတယ်။ Kawagoe မှာတော့ 

  • သမိုင်းဝင်နေရာတွေကိုလှည့်ပတ်ကြည့်ရှုနိုင်ခြင်း။
  •  Hikawa နတ်ကွန်းကိုသွားနိုင်ခြင်း။
  • အောက်တိုဘာမှ ကျင်းပတဲ့ Kawagoe ပွဲတော်မှာ ပါဝင်ဆင်နွဲခြင်း။
  • ဒေသထွက်အစားစာများစားနိုင်ခြင်း။

ပျော်ရွင်အပန်းဖြေချင်ရင်တော့ 

  • ရှောဝခေတ် အပြင်ဆင်နဲ့ Seibu Yuenchi သို့သွားနိုင်ခြင်း၊
  • ချစ်စရာ ဇာတ်ကောင်လေးတွေနဲ့ အလှဆင်ထားတဲ့ Moomin Valley Park & Metsa Village 
  • ဘေ့စဘော ကြည့်ရှုနိုင်တဲ့ Belluna Dome 
  • စကိတ်လျှော စီးနိုင်တဲ့ Sayama Ski Resort

တိုကျိုကနေ Kanagawa အထိနေ့ချင်းပြန်ခရီး။

Yokohama

Kanagawa ခရိုင်ရဲ့ မြို့တော်ဖြစ်တဲ့ Yokohama ဆိပ်ကမ်းမြို့ကတော့ လည်စရာ၊ စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ဖြစ်ပါတယ်။ တိုကျိုနဲ့လဲ နီးတဲ့ အတွက်ကြောင့်မို့လို့ တိုကျိုမှာနေတဲ့ သူတွေအနေနဲ့ မွန်းကြပ်လာရင်တော့ Yokohama ကိုသွားပြီး အပန်းဖြေတဲ့သူတွေလဲ များပါတယ်။ Yokohama မှာ လုပ်နိုင်တဲ့အရာတွေကတော့ 

Minato Mirai မှာတော့ ခြားကြီးတွေ၊ ကေဘယ်ကားတွေအများကြီးကိုစီးနိုင်ပါတယ်။

Yokohama တရုတ်တန်းတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံးတရုတ်တန်း ၃ ခုထဲက တစ်ခု လို့သတ်မှတ်ထားပါတယ်။ 

Red Brick Warehouse ကတော့ အုတ်နီးခဲနဲ့ ဆောက်ထားတဲ့ သမိုင်းဝင် အဆောက်အုံကြီးကြီးကို ပျော်ရွှင်စရာ အဆောက်အအုံကြီးတစ်ခု အဖြစ်ပြောင်းထားတဲ့နေရာဖြစ်ပါတယ်။ အထဲမှာဆိုရင် ပျော်ပွဲ ရွှင်ပွဲများ၊ စကိတ်စီးခြင်းနဲ့ ပြပွဲတွေကိုလဲ ပြသ ချက်ရှိပါတယ်။ 

Kamakura နဲ့ Enoshima နေ့ချင်းပြန်ခရီး

Kamakura နဲ့ Enoshima ကတော့ Kanagawa ခရိုင်ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ဒေသတွေဖြစ်ပါတယ်။ ဒီခရီးကတော့ တိုကျိုမှာနေတဲ့ သူတွေကြားမှာတော်တော်နာမည်ကြီးတဲ့ခရီးတစ်ခုလဲဖြစ်ပါတယ်။ နောက်ပြီးရထားတွေ အများကြီး ပြောင်းစီးစရာမလိုဘဲ သွားနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ ကာမာကူရာတော့ သမိုင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ပြီး နာမည်ကြီးတဲ့ လည်ပတ်စရာနေရာတွေလဲ အများကြီးရှိပါတယ်။ ကာမာကူရာလို့ပြောလိုက်တာနဲ့ မြန်မာလူမျိုးတွေကြားထဲမှာ နာမည်ကြီးတဲ့ ကာမာကူရာရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ ကာမာကူရာဗုဒ္ဓရုပ်ပွားတော် အပြင် တခြားလည်ပတ်နိုင်တဲ့နေရာတွေကတော့ 

  • Tsurugaoka Hachimangu
  • Komachi Dori
  • Hase ဘုရားကျောင်း တို့ပဲဖြစ်ပါတယ်။ 

Kamakura နဲ့ Enoshima ကိုတော့ Enoden လို့အတိုခေါ် တဲ့ Fujisawa ဘူတာကနေပြီးတော့ Kamakura ဘူတာကိုပြေးဆွဲတဲ့ ရထားလေးနဲ့ သွားနိုင်ပါတယ်။ ရထားကလဲ ချစ်စရာကောင်းပြီး ရထားကိုနောက်ခံအနေနဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေထဲမှာလဲ ခဏခဏ မြင်တွေ့ရပါတယ်။ Enoden ကိုစီးပြီးYuigahama, Shichirigahama, or Enoshimaတို့လို ကမ်းခြေတွေကိုလဲ သွားနိုင်ပါသေးတယ်။တချို့ နေရာတွေကတော့ ရေကူးခွင့်မပြုထားပါဘူး။

Enoshima ကတော့ ပင်မကျွန်းကြီးကို ရထားနဲ့ ဆက်ထားတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ Enoshima မှာလဲ တနေကုန်လုပ်စရာတွေအများကြီးရှိပါတယ်။ ရေကူးနိုင်တာအပြင် Enoshima Tower ကနေပြီးတော့ ရှုခင်းကောင်းကောင်းကိုကြည့်ခြင်းနောက်ပြီး အရသာရှိတဲ့ အစားအသောက်တွေ ကိုလဲ အများကြီးစားနိုင်ပါတယ်။ 

တခြားလည်ပတ်စရာနေရာများ

  • Hakkeijima Sea Paradise ကတော့ ကျွန်းသေးသေးလေးမှာရှိတဲ့ ငါးပြတိုက်ဖြစ်ပါတယ်။
  • Yokosuka ကတော့ ဆိပ်ကမ်းမြို့ ဖြစ်ပြီးတော့ အရသာရှိတဲ့ ဟင်းတွေကိုစားသောက်နိုင်ပါတယ်။ 
  • Miura Peninsula ကတော့ ကမ်းခြေလှပတဲ့ မြို့ဖြစ်ပြီး တူနာငါးအရသာရှိတဲ့မြို့ဖြစ်ပါတယ်။

တိုကျိုကနေ Shizuoka အထိနေ့ချင်းပြန်ခရီး။

Shizuoka ကတော့Kanagawa ခရိုင်ရဲ့ အနီးနားမှာရှိတဲ့ ‌ဒေသတစ်ခုဖြစ်ပါတယ်။ တိုကျိုနဲ့လဲ နည်းနည်းဝေးတဲ့ အတွက်ကြောင့်မို့လို့ တိုကျိုကနေ သွားမယ်ဆိုရင် ၂ ရက်လောက် အချိန်ယူသင့်ပါတယ်။ ၁ ရက်လောက် နဲ့ လဲ သွားနိုင်ပါတယ်။ 

Gotemba Premium Outlets

Gotemba Premium Outlets ကတော့ တိုကျိုကနေသွားတိုင်တဲ့ နာမည်ကြီး Outlets စျေးဝယ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ တိုကျိုမှာရှိတဲ့ ဘူတာကြီးတွေကနေပြီးတော့ ဘတ်စကားနဲ့ အလွယ်တကူသွားနိုင်ပြီး အသွားဆို ယန်း ၁၈၀၀၊ အသွားအပြန် ၃၃၀၀ ယန်း ကျသင့်ပါတယ်။ 

စျေးဝယ်ထွက် ရင်း ဖူဂျီတောင်ကြီးကိုလဲ ကြည့်ရှုခံစားနိုင်ပါတယ်။ နောက်ပြီး ဒီ Outlets မှာဆိုရင် အဝတ်အစားတွေချည်းမဟုတ်ဘဲ Shizuoka လက်ဖက်ရည်၊ တခြား ဒေသထွက် လက်ဆောင်တွေကိုလဲ အများကြီးတွေ့နိုင်ပါတယ်။ 

ဖူဂျီတောင်နဲ့ အနီးနားပတ်ဝန်းကျင် 

ဖူဂျီတောင်ကို နေ့ချင်းပြန်တက်ပြီး ပြန်လာဖို့ မလွယ်ပေမယ့် ဖူဂျီတောင်အနီးနားမှာ လည်ပတ်စရာတွေအများကြီးရှိပါတယ်။ ဒီထဲကတစ်ခုကတော့ လူတိုင်းတွေ့ဖူးလောက်မယ့် Arakurayama Sengen ပန်းခြံဖြစ်ပါတယ်။ ဘုရားကျောင်းနောက်မှာ ဖူဂျီ‌တောင်ကိုပါ တခါတည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး တိုကျိုဘူတာတော်တော်များများကနေ တိုက်ရိုကသွားနိုင်တဲ့ ဂျပန်မှာရော ကမ္ဘာမှာပါ အမြင့်ဆုံး roller coasters ရှိတဲ့ Fuji-Q Highlandကိုလဲ သွားနိုင်ပါတယ်။ 

တိုကျိုကနေ NIkko အထိနေ့ချင်းပြန်ခရီး။

Nikko ကတော့ လူကြီး၊ လူငယ်မရွေး လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တိုကျိုမှာရှိတဲ့ သူတွေကတော့ များအားဖြင့် လေ့လာရေးခရီးအနေနဲ့ သွားလေ့ရှိကြပါတယ်။ အသက်လတ်ပိုင်းတွေကတော့ သဘာဝတရားကြီးကိုခံစားဖို့အတွက်ရော သမိုင်း၊ ယဥ်ကျေးမှု တွေကိုလေ့လာဖို့ပါ သွားရောက်လေ့ရှိကြပါတယ်။ 

Nikko သွားတော့မယ်ဆိုရင် အောက်ပါနေရာတွေကို ရောက်အောင်သွားသင့်ပါတယ်။ 

Nikko Toshogu ကတော့ နာမည်ကြီးနတ်ကွန်းတစ်ခုဖြစ်ပါတယ်။

Kinugawa Onsen ကတော့ Kinugawa မြစ်ပေါ်မှာရှိတဲ့ နာမည်ကြီးတဲ့ ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ 

Tobu World Square ကတော့ ကမ္ဘာမှာနာမည်ကြီးတဲ့နေရာပေါင်း ၁၀၀ ကို အသေးစားဒီဇိုင်းနဲ့ ဖော်ပြထားတဲ့ theme park တစ်ခုဖြစ်ပါတယ်။ 

Edo Wonderland ကတော့ ဂျပန်နိုင်ငံရဲ့ ခေတ်တစ်ခေတ် ဖြစ်တဲ့ အဲဒိုခေတ်ကို အခြေခံပြီး ဖွင့်လှစ်ထားတဲ့ theme park တစ်ခုဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ တိုကျိုက‌နေပြီးတော့ တိုက်ရိုက်သွားနိုင်တဲ့ ဒေသတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ တိုကျိုလို့ မြို့ပြကနေ ရုန်းထွက်ပြီး စိတ်ပြေလက်ပျောက်ခရီးထွက်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျိုကနေ နေ့ချင်းပြန်သွားနိုင်မယ့် နေရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ