တိုကိုမြို့အတွင်းမှာ ချယ်ရီပန်းကြည့်နိုင်မယ့် နေရာ ၁၂ နေရာ။

နွေဦးရာသီရောက်တိုင်း ဂျပန်တစ်နိုင်ငံလုံး အပန်းရောင်တွေချယ်ပြီ ဆာကူရာ ပန်းတွေပွင့်လာတော့မှာဖြစ်ပါတယ်။ တိုကျိုမှာ ပန်းပွင့်တဲ့ အချိန်ကတော့ မတ်လနောက်ပိုင်းကနေ ဧပြီလအစ တို့ဖြစ်ပါတယ်။ အတိအကျ အချိန်ကတော့ ရာသီဥတုကိုလိုက်ပြီးတော့ ပြောင်းလဲပါတယ်။နောက်ပြီးတော့ ဆာကူရာ အမျိုးအစား တွေအပေါ်ကိုလဲ မူတည်ပြီးတော့ ပွင့်တဲ့ အချိန်တွေ ကွာခြားပါတယ်။ ဒီဆောင်းပါးမှာတော့ တိုကျိုမှာကြည့်ရှုနိုင်တဲ့ ချယ်ရီပန်းပွင့်တဲ့ နေရာတွေနဲ့ အချိန်ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နေရာတွေကို ၃ မျိုးခွဲခြားပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အေးဆေးထိုင်ကြည့်လို့ရတဲ့နေရာများ၊ လမ်းလျှောက်ရင်း သို့မဟုတ် စက်ဘီးစီးရင်းကြည့်နိုင်မယ့်နေရာများ၊ လူသိပ်မရှိတဲ့နေရာများ ဆိူပြီး အမျိုးအစား ၃ မျိုးခွဲပြီးတော့ ဖော်ပြသွားပါ့မယ်။ 

မာတိကာ 

  1. ဂျပန်နိုင်ငံမှာ ဘယ်အချိန်မှာ ချယ်ရီစပွင့်လဲ။
  2. တိုကျိုမြို့တွင်းရှိ အေးဆေးထိုင်ကြည့်လို့ရမယ့် နေရာများ။
  3. တိုကျိုမြို့တွင်းရှိ လမ်းလျှောက်ရင်းချယ်ရီပန်းကြည့်နိုင်မယ့် နေရာများ။
  4. တိုကျိုမြို့တွင်းရှိ လူသိပ်မသိသေးတဲ့ ချယ်ရီပန်းကြည့်တဲ့နေရာများ။
  5. အကျဥ်းချုပ် 

ဂျပန်နိုင်ငံမှာ ဘယ်အချိန်မှာ ချယ်ရီစပွင့်လဲ။

တိုကျိုမှာတော့ မတ်လ ကနေပြီးတော့ ဧပြီလအထိ ချယ်ရီပန်းတွေ စပွင့်ပါတယ်။ နှစ်စဉ် ချယ်ရီပန်းအပြည့်ပွင့်တဲ့နေ့ကတော့ မတ်လ ၂၄ရက်နေ့ပတ်လည်ဖြစ်ပါတယ်။ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီးတော့ အနည်းငယ်ကွာခြားမှုလဲရှိနိုင်ပါတယ်။

၅ကြိမ်မြောက် ဂျပန်နိုင်ငံရဲ့မိုးလေဝသဌာနရဲ့ ၅ကြိမ်မြောက် ခန့်မှန်းချက်အရ တိုကျိုမှာတော့၂၀၂၄ခုနှစ် မတ်လ ၂၁ ရက်နေ့ကနေ စပွင့်ပြီးတော့ မတ်လ ၂၈ ရက်နေ့မှာ ပင်လုံးကျွတ်ပွင့်မယ်လို့ခန့်မှန်းထားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေရဲ့ချယ်ရီပန်းပွင့်တဲ့ အခြေအနေတွေကို သိချင်ရင်တော့ မိုးလေဝသဌာနရဲ့ဝက်ဘ်ဆိုက်ကနေပြီးတော့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

တိုကျိုမြို့တွင်းရှိ အေးဆေးထိုင်ကြည့်လို့ရမယ့် နေရာများ။

ဂျပန်နိုင်ငံမှာတော့ 花見 (Hanami)ကိုအမြဲတမ်း ပျော်ပွဲစားသောက်ရင်း ကြည့်လေ့ရှိကြပါတယ်။ ပျော်ပွဲစားဖျာကိုခင်းပြီးတော့ စားစရာသောက်စရာတွေကို ဝယ်ကြပြီးတော့ အေးဆေးစားရင်း ပန်းကြည့်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ပန်းကြည့်ဖို့သင့်တော်တဲ့ နေရာတွေကို ကြည့်လိုက်ကြရအောင်။

Ueno ပန်းခြံ【上野公園】

  • ပန်းခြံ ဝင်ကြေးအခမဲ့
  • မနက်၅ နာရီမှ ည ၁၁ နာရီအထိ

Ueno ပန်းခြံ ကတော့ တိုကျိုမှာ ချယ်ရီပန်းကြည့်ဖို့အတွက် နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။နေရာလဲ ကျယ်ပြီးတော့ ပန်းခြံအတွင်းမှာလဲ လည်ပတ်စရာတွေ အများကြီးရှိပါတယ်။ ပန်းခြံထဲမှာတော့ ရေကန်ကြီးအပြင် ချယ်ရီပင်အပေါင်း စုစုပေါင်း အပင် ၈၀၀ ကျော်ခန့်ရှိပါတယ်။ နေ့လည်ဘက်ဆိုရင်လဲ စက္ကူမီးပုံးလေးတွေထွန်းပြီးတော့ ပွဲတော်အရသာကို အပြည့်အဝခံစားလို့ရပါတယ်။ ဒါ့အပြင် ပန်းခြံမှာ ပန်းကြည့်လို့ပြီးပြီဆိုရင်တော့ လှေစီး၊ တိရစ္ဆာဥယျာဉ် ကိုလည်ပတ်၊ ပြတိုက်တွေကိုဝင် အစသဖြင့် လုပ်နိုင်ပါတယ်။

Shinjuku Gyoen【新宿御苑】

  • လူကြီး ယန်း ၅၀၀၊ ၆၅နှစ်နှင့်အထက်နှင့်ကျောင်းသားများ ယန်း ၂၅၀၊ အသက်၁၅ နှစ်အောက် အခမဲ့။
  • ပုံမှန် တနင်္လာနေ့တိုင်းပိတ်ပေမယ့် မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိ နေ့တိုင်းဖွင့်။
  • ပန်းပွင့်ချိန်မှာ ကြိုတင်ပြီး booking လုပ်ဖို့လိုအပ်။
  • အရက်မသောက်ရ။

Shinjuku Gyoen ကတော့ တိုကျိုမှာ ဆာကူရာကြည့်ဖို့အတွက် နာမည်အကြီးဆုံး ပန်းခြံကြီးတစ်ခုဖြစ်ပါတယ်။ ချယ်ရီပင်ပေါင်း ၁၀၀၀ ကျော်နဲ့ အမျိုးစိတ်ပေါင်း ၆၀ ကျော်ရှိပါတယ်။တချို့ အမျိုးစိတ်တွေကတော့ စောစောပွင့်လို့ ဖေဖော်ဝါရီလ ကနေ စတင်ပြီးတော့ ကြည့်နိုင်ပါတယ်။ နောက်ပြီး ပန်းခြံထဲမှာ ချယ်ရီပန်း Theme နဲ့ အစားစာတွေကိုလဲ အထူးရောင်းချလေ့ရှိပါတယ်။ ဝက်ဘ်ဆိုက် မှာလဲ ပန်းခြံရဲ့ အသေးစိတ်အချက်အလက်တွေအပြင် ကြိုတင်လက်မှတ်ဝယ်ယူခြင်းနှင့် နောက်ဆုံး အချက်အလက်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Yoyogi ပန်းခြံ 【代々木公園】

  • ဝင်ကြေးအခမဲ့။
  • ၂၄နာရီ ပန်းခြံဖွင့်။

Yoyogi ပန်းခြံ ကတော့ တိုကျိုရဲ့အချက်အခြားကျတဲ့ Shibuya မှာရှိပြီးတော့ ဒီပန်းခြံကတော့ ပွဲလမ်းတွေ၊ လူစုလူဝေးပြုလုပ်တဲ့ အချိန်မှာ အမြဲတမ်း လူကြိုက်များတဲ့ နေရာ တစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပန်းခြံထဲမှာဆိုရင်အစားအသောက်ပွဲတွေ၊ ဖျော်ဖြေပွဲတွေနဲ့ ပြပွဲတွေ ကိုလဲ ကြည့်ရှုနိုင်မယ့် ပန်းခြံဖြစ်ပါတယ်။ 

ပန်းခြံထဲမှာတော့ ချယ်ရီပန်း အပင်ပေါင်း ၆၀၀ ကျော်ရှိပြီးတော့ ဗဟိုပန်းခြံနှင့် ပန်းခင်းဧရိယာကတော့ ချယ်ရီပန်းကြည့်လို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် စောစောပွင့်လေ့ရှိတဲ့ ချယ်ရီပန်းအမျိုးအစားကိုလဲ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ပန်းကြည့်ပြီးတာနဲ့ Meiji-Jingu, Harajuku နဲ့ Shibuya တို့ကိုလဲသွားရောက်လည်ပတ်နိုင်ပါသေးတယ်။ 

Inokashira ပန်းခြံ 【井の頭公園】

  • ဝင်ကြေး အခမဲ့။
  • ၂၄ နာရီဖွင့်။

Inokashira ပန်းခြံကတော့ Kichijoji ဖြစ်ပြီးတိုကျိုမြို့ရဲ့ ဆာကူရာကြည့်ဖိူ့အတွက် အလှဆုံးနေရာတစ်နေရာလဲဖြစ်ပါတယ်။ နောက်ပြီးတော့ Inokashira ရေကန်ကြီးမှာ ငန်းလှေကြီးကိုစီးပြီးတော့ ရေကန်ကြီးကိုပတ်နိုင်တဲ့ အချက်ကလဲ ဆွဲဆောင်တဲ့ အချက်တစ်ချက်လဲဖြစ်ပါတယ်။ ရေကန်ကြီးမှာတော့ ချယ်ရီပန်း ပင်ပေါင်း ၄၀၀ ကျော်ရှိပြီးတော့ ချယ်ရီပန်းတွေက ရေကန်မှာ ပေါ်နေတာကိုလဲ လှပစွာကြည့်နိုင်မယ့်နေရာလဲဖြစ်ပါတယ်။ 

 Nishi-en (西園) မှာတော့ ပိုပြီးတော့ ချယ်ရီပန်း အမျိုးအစားစုံစုံလင်လင်တွေ့နိုင်ပါတယ်။ ပန်းကိုတော့မတ်လ အစကနေပြီးတော့ ဧပြီလလောက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Inokashira ပန်းခြံကတော့ တိုကျိုရဲ့ ဆွဲဆောင်တဲ့ နေရာတွေဖြစ်တဲ့ Inokashira ပန်းခြံတိရစ္ဆာန်ဥယျာဥ်တို့၊ Ghibli Museum တို့နဲ့ နီးတဲ့ နေရာလဲဖြစ်ပါတယ်၊ ဒါအပြင့် ပန်းခြံအနီးမှာတာ့ စားသောက်ဆိုင်၊ ဘားနဲ့ ကဖေးတွေ အများကြီးရှိတဲ့ နေရာလဲဖြစ်ပါတယ်။ 

5. Sumida ပန်းခြံ 【隅田公園】

  • ဝင်ကြေး အခမဲ့။
  • ၂၄ နာရီဖွင့်။

 Sumida မြစ်ရဲ့ ဘေးနှစ်ဘက်ကမ်းမှာရှိနေတာကတော့ Sumida ပန်းခြံ ဖြစ်ပါတယ်။ တဖက်မှာတော့ Taito-ku ဘက်ဖြစ်ပြီး နောက်တစ်ဘက်ကတော့ Sumida-ku ဘက်ဖြစ်ပါတယ်။ ချယ်ရီပန်းရာသီ‌ရောက်တဲ့ အချိန်ဆိုရင် ပန်းခြံတစ်ခုလုံး အပန်းရောင်ဖြစ်သွားပါတယ်။ နောက်ပြီးတော့ တိုကျို စကိုင်းထရီးနဲ့ အတူချယ်ရီပန်းမြင်ကွင်း ကိုကြည့်လို့ရတာကလဲ ဒီပန်းခြံရဲ့ ကောင်းကွက်တစ်ခုဖြစ်ပါတယ်။ 

နောက်ပြီး Sumida ပန်းခြံ ကတော့ (夜桜, Yozakura) ညဘက်ချယ်ရီပန်းကြည့်ဖို့အတွက်အရမ်းကောင်းတဲ့နေရာလဲဖြစ်ပါတယ်။ နေဝင်အချိန်ကနေပြီးတော့ ညဘက် ၉ နာရိအထိ ချယ်ရီပန်းတွေကို မီးထွန်းပြီးပြလေ့ရှိတဲ့ အပြင် 屋形船 (Yakatabune)လို့ခေါ်တဲ့ ဂျပန်ရိုးရာလှေကိုစီးပြီး‌တော့ ချယ်ရီပန်းတွေကိုလဲကြည့်လို့ရပါသေးတယ်။ ဒါ့အပြင် Sumida မြစ်ကတော့ မီးပန်းပွဲ နဲ့ ပတ်သက်ပြီးနာမည်ကြီးတဲ့ နေရာလဲဖြစ်ပါတယ်။ နှစ်စဥ် မီးပန်းပွဲကိုကျင်းပလေ့ရှိပြီးတိုကျိုမှာ အကြီးဆုံးမီးပန်းပွဲလို့လဲ လူသိများကြပါတယ်။ 

ပန်းကြည့်တဲ့ အချိန်လိုက်နာရမယ့်စည်းမျဥ်းစည်းကမ်းများ

ပျော်ပွဲစားပုံစံ ပန်းကြည့်တဲ့ အချိန်မျာ သတိထားရမယ့်စည်းမျဥ်းစည်းကမ်းတွေအများကြီးရှိပါတယ်။ တချို့ပန်းခြံတွေကတော့ မီးမသုံးရတာနဲ့ အရက်သောက်တာကိုကန့်သတ်ထာတာရှိပါတယ်။ အကောင်းဆုံးကတော့ ကိုယ်သွားမယ့် ပန်းခြံရဲ့ စည်းမျဥ်းကို သေချာကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။ 

အများအားဖြင့် စည်းမျဥ်းစည်းကမ်းတွေထဲမှာတော့ အောက်ပါ ၂ မျိုးကိုလိုက်နာဖို့လိုအပ်ပါတယ်။

  • အမှိုက်မပစ်ရ၊ ကိုယ့်အမှိုက်တွေကိုသေချာယူသွားဖို့။
  • ပန်းတွေမခူးရ၊ အပင်တွေပေါ်မတက်ရ။ 

တိုကျိုမြို့တွင်းရှိ လမ်းလျှောက်ရင်းချယ်ရီပန်းကြည့်နိုင်မယ့် နေရာများ။

စားရင်းသောက်ရင်းချယ်ရီပန်းကိုကြည့်လေ့ရှိသလို လမ်းလျှေက်ရင်း ချယ်ရီပန်းတွေကိုကြည့်လေ့လဲရှိကြပါတယ်။ ကောင်းတဲ့ အချက်ကတော့ ကြိုပြီးတော့ ဘိုကင်တင်စရာမလိုသလိုအစားအသောက်တွေပြင်ဆင်ပြီးလဲ သွားစရာမလိုပါဘူး။ နောက်ပြီးတော့ စျေးဝယ်ထွက်ရင်းလမ်းလျှောက်ရင်းနဲ့ ပေါ့ပေါ့ပါးပါးသွားနိုင်တဲ့ အချက်ကလဲ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ 

 6. Meguro မြစ် 【目黒川】

  • ဝင်ကြေးမရှိ 
  • အချိန်အကန့်အကန့်မရှိ (ညဘက် ၈နာရီအထိမီးထွန်း )

 Meguro မြစ် ကတော့တိုကျိုမြို့ရဲ့ Meguro-ku, Shibuya-ku, Setagaya-ku တို့ကိုဖြတ်ပြီး စီးတဲ့ မြစ်ဖြစ်ပါတယ်။ Meguro မြစ် ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Meguro-ku အတွင်းမှာတော့ somei-yoshino ချယ်ရီအမျိုးအစားတွေ မြစ်တစ်လျှောက်အများကြီးပွင့်တဲ့ နာမည်ကြီး ချယ်ရီးပန်းပွင့်တဲ့နေရာလဲဖြစ်ပါတယ်။ အထူးသဖြင့် Ikejiri Ohashi ဘူတာကနေပြီးတော့ Meguro ဘူတာ တစ်လျှောက်တို့ဖြစ်ပါတယ်။ 

 မြစ်တစ်လျှောက်မှာဆိုင်တွေတန်းစီနေပြီးတော့ ချယ်ရီပန်းပွင့်တဲ့ အချိန်ရောက်ရင် အမြဲတမ်း ချယ်ရီပန်းနဲ့ ပတ်သက်တဲ့ မီနူးတွေကိုလဲရနိုင်ပါတယ်။ လမ်းတွေကျဥ်းတဲ့ အတွက်ကြောင့်မို့လို့ လမ်းမှာပိတ်ရပ်တာတို့ ဓာတ်ပုံကိုအကြာကြီးရိုက်နေတာမျိုးတွေကိုရှောင်သင့်ပါတယ်။ ညဘက်ရောက်ရင်လဲ ၈ နာရီအထိ မီးထွန်းပြီးပြသပေးပါသေးတယ်။ 

7. Chidorigafuchi တူးမြောင်း【千鳥ヶ淵)】

  • ဝင်ကြေးမရှိ။
  • အချိန်ကန့်သတ်မှုမရှိ (ညဘက် ၈ နာရီအထိမီထွန်း)

Chidorigafuchi ကတော့ တိုကျို နန်းတော်ရဲ့ အပြင်ဘက် တူးမြောင်းတစ်ခုဖြစ်ပါတယ်။ ချယ်ရီပန်းပင်ပေါင်း ၂၆၀ ကျော်ရှိပြီးတော့ လမ်းကြောင်းတစ်လျှောက် မီတာ ၇၀၀ လောက်မှာရှိပါတယ်။ ‌နောက်ပြီးတော့ လှေငှားပြီးတော့ ချယ်ရီးပန်းတွေကိုကြည့်နိုင်ပါတယ်။ ညဘက်ရောက်ရင်လဲ မီးတွေ ထွန်းပြီးတော့ ချယ်ရီပန်းတွေကိုကြည့်နိုင်ပါတယ်။ နောက်ပြီး ဒီနေရာက တိုကျိုမြို့မှာ အလှပဆုံး ညဘက် ချယ်ရီပန်းကြည့်တဲ့ နေရာတစ်နေရာလဲဖြစ်ပါတယ်။ 

8. Rikugien【六義園】

  • လူကြီးတွေအတွက် ယန်း ၃၀၀/ ၆၅နှစ်နှင့် အထက် အတွက် ၁၅၀ ယန်း/ မူလတန်းကလေးနှင့် အလယ်တန်းကလေး တွေအတွက် အခမဲ့ 
  • ညဘက်မီးထွန်းပွဲအတွက် သီးသန်ထပ်ပေးရမည်။
  • ၉ နာရီကနေ ညနေ ၅ နာရီအထိ (ညနေ ၉နာရီကနေ မီးထွန်းပွဲကျင်းပ)
  • အရက်သောက်ခွင့်မရှိ 

Rikugien ကတော့ ဂျပန်စတိုင်ဥယျာဥ် ဖြစ်ပြီးတော့ တိုကျိုမြို့ရဲ့ နာမည်ကြီးနေရာတစ်နေရာလဲဖြစ်ပါတယ်။ ချယ်ရီပန်းတွေ အများကြီးမရှိပေမယ့် ၁၅ မီတာလောက်ရှည်တဲ့ Shidarezakura (枝垂桜) အပင်ကို တွေ့နိုင်မှာဖြစ်ပါတယ်။ နေ့လည်ဘက်ကနေစပြီးတော့လဲ မီးထွန်းပြီးချယ်ရီပန်းတွေကိုကြည့်နိုင်ပါသေးတယ်။ 

 bento တို့လိုမျိုး ထမင်းဘူးအစရှိတဲ့ ပေါ့ပေါ့ပါးပါးအစားသောက်တွေကိုယူသွားလို့ရပေမယ့် ပျော်ပွဲစားတာတို့၊ သတ်မှတ်ထားတဲ့ နေရာတွေကို ဝင်ရောက်တာကိုဝင်တာတို့ကိုတော့ ကန့်သတ်ထားလေ့ရှိပါတယ်။ ဉယျာဥ်ထဲမှာတော့ Fukiage Chaya (吹上茶屋)လို့ခေါ်တဲ့ ဂျပန်ရိုးရာ လက်ဖက်ရည်ဆိုင်မှာလဲ လက်ဖက်ရည်သောက်တာတို့လုပ်နိုင်ပါတယ်။ ဂျပန်ရိုးရာ ဥယျာဥ်၊ matcha၊ ဂျပန်ရိုးရာမုန့် တို့ကို‌‌ငေးရင်း နေရတဲ့ အချက်ကတော့ လုံးဝဘာနဲ့မှ မနှိုင်းရလောက်အောင်ကောင်းမွန်လှပါတယ်။ 

တိုကျိုမြို့တွင်းရှိ လူသိပ်မသိသေးတဲ့ ချယ်ရီပန်းကြည့်တဲ့နေရာများ။

တိုကျိုမြို့မှာရှိတဲ့ ပန်းကြည့်တဲ့နေရာတွေက အရမ်းကိုလှပပေမယ့် လူတွေနဲ့ ပြည့်ကြပ်လို့နေပါတယ်။ဒါကြောင့် လူနည်းပြီး ကြည့်လို့ကောင်းမယ့် နေရာလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

9. Hikarigaoka ပန်းခြံ【光が丘公園】

  • ဝင်ကြေး - အခမဲ့။
  • ၂၄ နာရီ ဝင်နိုင်။

Hikarigaoka ပန်းခြံကတော့ တိုကျိုမြို့ရဲ့ကြီးမားတဲ့ ပန်းခြံကြီးဖြစ်ပါတယ်။ အနီးနားမှာတော့ လဲ ကုန်တိုက်ကြီးတွေလဲ အများကြီးရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဟယ်ရီပေါ်တာစတူဒိယို ကိုအနီးနားမှာဖွင့်ထားတဲ့ အတွက်ကြောင့် ပန်းခြံကို ပိုပြီးတော့ လာရောက်တဲ့ သူတွေ များလာနိုင်ပါတယ်။ 

ပန်းခြံထဲမှာတော့ချယ်ရီပင်ပေါင်း ၁၀၀၀ ကျော်ရှိပြီးတော့ မိသားစုအလိုက် ပျော်ပွဲစားထွက်ရင်းချယ်ရီပန်း ကြည့်ဖို့သင့်တော်တဲ့နေရာဖြစ်ပါတယ်။ Hikarigaoka ပန်းခြံက ဆောင်းဦးမှာ သစ်ရွက်တွေကြည့်ဖို့အတွက်လဲ သင့်တော်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။

10. Komazawa Olympic Park【駒沢オリンピック公園】

  • ဝင်ကြေး - အခမဲ့။
  • ၂၄ နာရီ ဝင်နိုင်။

Komazawa Olympic ပန်းခြံကတော့ ပန်းခြံ အကျယ်ကြီးဖြစ်ပြီးတော့ ပန်းခြံရဲ့ ၉၀ ရာခိုင်နှုန်းကတော့ Setagaya-ku မှာရှိပါတယ်။ ဒီပန်းခြံနဲ့ ပန်းခြံအတွင်းမှရှိတဲ့အဆောက်အအုံတွေကိုတော့ 1964 အိုလံပစ်အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ အတွင်းပိုင်းမှာတော့ အားကစားအဆောက်အအုံတွေလဲ ပါဝင်လေ့ရှိပါတယ်။

ပန်းခြံအတွင်းမှာတော့ ပျော်ပွဲစားဖို့အတွက် နေရာတွေအများကြီးရှိပါတယ်။ ချယ်ရီပန်းတွေကြည့်ဖို့အတွက် အကောင်းဆုံးနေရာတွေကတော့ (自由広場, Jiyuu Hiroba) ဖြစ်ပြီးတော့ အနီးအနားမှာတော့ အားကစားလုပ်လို့ကောင်းတဲ့နေရာတွေလဲ အများကြီးရှိပါတယ်။

11. Asukayama ပန်းခြံ【駒沢オリンピック公園】

  • ဝင်ကြေး - အခမဲ့။
  • ၂၄ နာရီ ဝင်နိုင်။

Asukayama ပန်းခြံကတော့ Kita-ku ထဲမှာရှိပြီးတော့ တိုကျိုမြို့အတွင်းမှာရှိတဲ့ 

လူအရောက်အပေါက်နည်းတဲ့ နေရာလေးဖြစ်ပါတယ်။ ပန်းခြံအတွင်းမှာတော့ အဖြူရောင်နှင့် အပန်းရောင်ချယ်ရီပန်းတွေရှိပြီး အပင်ပေါင်း ၆၀၀ ကျော်ရှိပါတယ်။ ဓျပန်မှာ ပထမဆုံးချယ်ရီပန်းပင်တွေ စပြီးစိုက်ပျိုးခဲ့တဲ့ ပန်းခြံဖြစ်ပြီးတော့ ပန်းပွင့်တဲ့ အချိန်မှာလဲ အနီးအနား မှာ ရာသီစာအစားအသောက်တွေကိုရောင်းချလေ့ရှိပါတယ်။ 

12. Chidorigafuchi ပန်းခြံ 【千鳥ヶ淵公園】

  • ဝင်ကြေး - အခမဲ့။
  • ၂၄ နာရီ ဝင်နိုင်။

 Chidorigafuchi ပန်းခြံ ကတော့ Chidorigafuchiတူမြောင်းရဲ့တောင်ဘက်မှာရှိတဲ့ ပန်းခြံဖြစ်ပြီးတော့ ပန်းခြံ အတွင်းမှာတော့ ချယ်ရီပန်းပင်အမျိုးအစားအများစုရှိပြီးတော့ လမ်းလျှောက်ရင်းနဲ့ ချယ်ရီးပန်းကိုကြည့်ရှုခံစားနိုင်ပါတယ်။ အမြဲတမ်း Chidorigafuchiတူမြောင်း ကသာလူသိများပြီးတော့ သိပ်ပြီးတော့ Chidorigafuchi ပန်းခြံ ဘက်ကိုလာပြီးတော့ ချယ်ရီပန်းကြည့်တဲ့ သူတွေနည်းပါးပါတယ်။ ဒါပေမယ့် ပန်းခြံအတွင်းမှာတော့ အေးဆေးလမ်းလျှောက်ရင်း အရမ်းကိုလှတဲ့ချယ်ရီပန်းတွေကို ကြည့်နိုင်ပါတယ်။ 

အကျဥ်းချုပ် 

တိုကျိုမှာတော့ ချယ်ရီပန်းတွေ ပွင့်ပြီး အရမ်းလှတဲ့နေရာတွေအများကြီးရှိပါတယ်။ ချယ်ရီပန်းကိုတော့ အစားအသောက်တွေစားရင်းအေးဆေးကြည့်တာ၊ လမ်းလျှောက်ရင်းအေးဆေးကြည့်တာ အစသဖြင့် လုပ်နိုင်တဲ့နေရာတွေကို ခွဲပြီးတော့ဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် လူသိပ်မရှိတဲ့ ချယ်ရီပန်းပွင့်တဲ့နေရာတွေကိုပါ ပေါင်းပြီးမိတ်ဆက်ပေးခဲ့ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကိုမြို့အတွင်းမှာ ချယ်ရီပန်းကြည့်နိုင်မယ့် နေရာ ၁၂ နေရာ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ