တိုကျိုမှာသဘာဝကိုခံစားနိုင်မယ့်နေရာများ(A place where you can feel nature in Tokyo)

ဂျပန်မှာရှိတဲ့နေရာတော်တော်များများမှာအဆောက်အဦးများစွာရှိသကဲ့သို့သဘာဝပတ်ဝန်းကျင်ကိုလည်းဂရုတစိုက်ထိန်းသိမ်းကြပါတယ်။နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်မှာလည်းအပင်တွေစိုက်ထားသကဲ့သို့၊ပန်းခြံများ၊သဘာဝတောအုပ်များကိုတိုကျိုလိုနေရာများမှာအများအပြားတွေ့နိုင်ပါတယ်။ဂျပန်ဟာအဓိကကပင်လယ်များ၊တောင်များအရမ်းများပြားတဲ့နိုင်ငံဖြစ်တာနဲ့အညီသဘာဝကိုလည်းထိန်းသိမ်းတဲ့နိုင်ငံဖြစ်ပါတယ်။အမှိုက်စနစ်တကျပစ်တတ်တဲ့စည်းကမ်းရှိတာနဲ့အညီနေရာတော်တော်များများမှာလှပနေပါတယ်။အပင်များကိုစည်းကမ်းမရှိချိုးခြင်း၊ပန်းများခူးခြင်း၊အသီးများခူးခြင်းအစရှိသဖြင့်ပြုလုပ်လို့မရပါဘူး။အရေးယူတဲ့အထိပြုလုပ်လို့ရပါတယ်။အဲလောက်ထိသဘာဝကိုတန်ဖိုးထားကြပါတယ်။ဘုရားကျောင်းများမှာလည်းအပင်များကိုသေချာစွာစိုက်ပျိုးထားပြီး၊ကြည့်ရတာနဲ့တင်စိတ်ကြည်နူးအေးချမ်းရပါတယ်။ပန်းမျိုးစုံကိုရာသီအလိုက်စိုက်ပျိုးတဲ့နေရာများ၊မြစ်ချောင်းများ၊တောင်တန်းမှရတဲ့အွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းများကိုတကူးတကသွားရပြီးခရီးသွားလာမှုပြုလုပ်ကြပါတယ်။

တိုကျိုပတ်ဝန်းကျင်နားသဘာဝကိုခံစားနိုင်မယ့်နေရာများ

တိုကျိုနားမှာသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့နေရာများထဲမှ(等々力渓谷)(とどろきけいこく)တိုဒိုးရို့ခိခဲပအိခိုခုနေရာဖြစ်ပါတယ်။ဆယ်တာဂရရပ်ကွက်မှာတည်ရှိပြီး၊တိုဒိုးရို့ခိဘူတာကနေငါးမိနစ်လောက်လမ်းလျှောက်ရင်ရောက်နိုင်ပါတယ်။လမ်းလျှောက်ချင်သူများနဲ့ကျန်းမာရေးလိုက်စားသူများအတွက်အဆင်ပြေပါတယ်။သဘာဝအလှနဲ့ဒိတ်လုပ်လို့အကောင်းဆုံးဆိုပြီးနာမည်ကြီးပါတယ်။စားသောက်ဆိုင်များနဲ့အလကားယဥ်ရပ်နားတဲ့နေရာရှိပါတယ်။ဘုရားကျောင်းများကြောင့်လည်းစိတ်ကြည်နူးစရာကောင်းပါတယ်။သွားတဲ့လမ်းတလျှောက်မှာစမ်းချောင်းလေးများနဲ့တံထားလေးများရှိပါတယ်။လမ်းလျှောက်တဲ့အခါလည်းအမောပြေစေပါတယ်။အခုလိုအချိန်မျိုးမှာမိုးမင်းဂျီကအရမ်းလှတဲ့အချိန်ဖြစ်တာကြောင့်သွားရောက်လည်ပတ်သင့်ပါတယ်။နောက်တစ်နေရာက(新宿御苑)(しんじゅくぎょえん)တိုကျိုရဲ့အစည်းကားဆုံးနေရာရှင်းဂျူခုမှာတည်ရှိပါတယ်။အခုလိုမိုးမင်းဂျီပွင့်တဲ့ချိန်မျိုးမှာအနီရောင်ရဲပြီးလှပပြီး၊အပင်တွေများပြားပြီး၊တိုကျိုမြို့ရဲ့အလှကိုပန်းခြံကနေလည်းခံစားနိုင်မှာဖြစ်ပါတယ်။ရေအိုင်လေးတွေ၊တံထားလေးတွေနဲ့စိတ်ကိုအပန်းပြေစေပါတယ်။လူငယ်အဖွဲ့များ၊မိသားစုများကစားသောက်ပွဲများကျင်းပကြပါတယ်။

သဘာဝအလှအပများနဲ့ပတ်သက်ပြီး

နောက်တခုအနေနဲ့တိုကျိုထဲမှလှပတဲ့နေရာကတော့သိပ်မဝေးဘဲနီးနီးနားနားမှာရှိတဲ့(高尾山)(たかおさん)တာခါအိုတောင်ဖြစ်ပါတယ်။တာခါအိုရာမခုချိဘူတာမှာရှိပါတယ်။ရထားနဲ့သွားမယ်ဆိုရင်မိနစ်လေးဆယ်လောက်ကြာမှာဖြစ်ပါတယ်။အခုလိုအချိန်ကအရမ်းလှတဲ့အချိန်ဖြစ်ပါတယ်။မိုးမင်းဂျီကအနီရောင်ပြောင်းပြီး၊တောင်ပေါ်ကကြည့်ရတဲ့ရှုခင်းကအရမ်းလှပြီးစိတ်ကိုလန်းဆန်းစေပါတယ်။အမြင့်ပေ(၅၉၉)မီတာမြင့်မားပြီး၊သွားရလာရလွယ်ကူသောကြောင့်တောက်တက်တဲ့သူများပြားလှပါတယ်။အခုလိုဆောင်းဦးအချိန်ကလည်းတောက်တက်ရတာအဆင်ပြေပါတယ်။တောက်ရဲ့တစ်ဝက်လောက်မှာစားသောက်ဆိုင်များရှိတာကြောင့်တောင်တက်ရင်းအပန်းဖြေနိုင်ပါတယ်။နောက်တစ်နေရာကတော့(奥多摩)(おくたま)အိုခုတမလို့ခေါ်တဲ့ခါ်ပြီး၊အိုခုတမဘူတာမှာတည်ရှိပါတယ်။ရထားနဲ့သွားမယ်ဆိုရင်တစ်နာရီနီးပါးသွားရမှာဖြစ်ပါတယ်။တောင်တန်းတွေကြား၊ရေအိုင်များ၊ချောင်းများရှိပြီးသဘာဝကိုကိုကောင်းစွာခံစားလို့ရမယ့်နေရာဖြစ်ပါတယ်။တောင်တက်ခြင်း၊လှေလှော်ခြင်းများပြုလုပ်နိုင်ပြီးပန်းများပွင့်တဲ့ရာသီမှာလည်းစိမ်းလန်းပြီးလှပလွန်းပါတယ်။တောင်တစ်ခုနဲ့တစ်ခုဆက်ထားတဲ့တံထားကနေရှုခင်းတွေကလှပပြီး၊ညအိပ်ပြီးတည်းမယ်ဆိုလည်းအွန်စမ်းလို့ခေါ်တဲ့ရေပူစမ်းလည်းရှိပါတယ်။

သဘာဝများနဲ့ပျော်ရွင်စရာနေရာများ

ဂျပန်ဟာသဘာဝကိုထိန်းသမ်းပြီး၊လှပတဲ့ပန်းခြံများစွာရှိတဲ့နေရာများထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့(国営昭和記念公園)(こくえいしょうわきねんこうえん)ခိုခုအဲအိရှောဝကိနာမ်ပန်းခြံဖြစ်ပါတယ်။ပန်းခြံရှိတဲ့နေရာကနိချိတချိဘူတာကနေနှစ်မိနစ်လောက်ဘဲလမ်းလျှောက်ရတာဖြစ်ပါတယ်။ရထားနဲ့ဆိုရင်မိနစ်လေးဆယ်လောက်သွားရမှာဖြစ်ပါတယ်။ပန်းခြံအတွင်းမှာမိသားစုများလာရောက်လည်ပတ်လို့ရသလို၊ပျော်စားထွက်ခြင်းလည်းပြုလုပ်လို့ရပါတယ်။နောက်တစ်ခုကပန်းခြံအတွင်းမှာလှပတဲ့ပန်းများကိုအများအပြားစိုက်ပျိုးထားတာကြောင့်လာရောကလည်ပတ်သူများပြားပါတယ်။အခုလိုမိုးမင်းဂျီများကိုကြည့်တဲ့အချိန်ပန်းခြံထဲလာရောက်သူများပြားပါတယ်။နောက်တစ်နေရာကတော့(小石川後楽園)(こいしかわこうらくえん)ခိုအိရှိခဝခိုရခုအန်ဖြစ်ပါတယ်။ခိုရခုအန်ဘူတာမှာရှိပါတယ်။တိုကျိုထဲမှာရှိတဲ့ပန်းခြံဖြစ်ပြီး၊အဝေးကြီးသွားစရာမလိုဘဲသဘာဝကိုခံစားလို့ရနိုင်မှာဖြစ်ပါတယ်။အဲဒီနားပတ်ဝန်းကျင်မှာကစားစရာကစားကွင်းများနဲ့မြင့်မားတဲ့အဆောက်အဦးများကိုလည်းကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ရေအိုင်များနဲ့အပင်များကစိမ်းစိုနေပြီး၊အလုပ်သွား၊အလုပ်ပြန်ဝင်ရောက်အနားယူနိုင်တဲ့နေရာဖြစ်ပါတယ်။ရထားနဲ့မိနစ်နှစ်ဆယ်လောက်ဘဲသွားရမှာဖြစ်ပြီး၊ပန်းများပွင့်တဲ့အချိန်အရမ်းလှပပါတယ်။အခုလိုမိုးမင်းဂျီလှပတဲ့အချိန်မှာသွားရောက်လည်ပတ်သင့်ပါတယ်။

ဖူဂျီတောင်နဲ့ပတ်သက်ပြီးဗဟုသုတသိကောင်းစရာ(Fuji Mountain in Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျိုမှာသဘာဝကိုခံစားနိုင်မယ့်နေရာများ(A place where you can feel nature in Tokyo)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ