ကျိုတိုမြို့မှာ Momiji ကြည့်ရင်း ဆောင်းဦးရာသီ ၃ရက်တာခရီးစဥ်

ကျိုတိုမြို့လို့ပြောလိုက်ရင် ဘုရားကျောင်းတွေနဲ့ လှပလွန်းတဲ့ သဘာဝ တွေကိုပုံဖော်မိမှာပါ။ ဂျပန်နိုင်ငံမှာတော့ ဆောင်းဦးရာသီရောက်လာရင် အရွက်တွေအရောင်ပြောင်းပြီး မြင်ကွင်းတွေက တမျိုးတဖုံး ထူးဆန်းပြီးပြောင်းလဲနေမှာဖြစ်ပါတယ်။ 

မာတိကာ 

ကျိုတိုမြို့အကြောင်း

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီလို အရွက်တွေအ‌ရောင်ပြောင်းပေမယ့် ကျိုတိုမြို့မှာတော့ ဘုရား‌ကျောင်း၊ ဂျပန်ယဥ်ကျေးမှု၊ ဆောင်းဦးရာသီရဲ့ အလှ တွေကိုတပြိုင်တည်းခံစားနိုင်မယ့် တခြားမြို့တွေထက်ထူးခြားမယ့် ခံစားချက်တွေကိုပေးစွမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြားသားတွေအတွက်သာမက၊ ပြည်တွင်းခရီးသွားတွေကြားထဲမှာပါ ဆောင်းဦးရာသီမှာ ကျိုတိုမြို့ကိုလည်ပတ်သွားလေ့ရှိကြပါတယ်။ လည့်ပတ်စရာ နေရာတွေကလဲ များပြားလွန်းတဲ့အတွက်ကြောင့်မိုလို့ တနေတည်းနဲ့ မကုန်နိုင်ပါဘူး။ ဒါကြောင့်မိုလို့ ဒီနေ့မှာတော့ ကျိုတိုမြို့ကို‌ဆောင်းဦးရာသီ အလှကိုခံစားရင် ၃ရက် အကျိုးရှိရှိဘယ်လို လည်ပတ်ရမလဲဆိုတာကိုရေးသားဖော်ပြသွားပါ့မယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ တိုကျိုမှာ ၁နှစ် ပညာတော်သင်ကျောင်းသား အနေနဲ့ နေထိုင်ဖူးတဲ့အတွက်ကြောင့် နာမည်ကြီးတဲ့ နေရာတွေသာမက လူသိနည်းပြီးလှပတဲ့ နေရာတွေအပြင် ကျိုတိုမြို့ကိုလည်ပတ်ဖို့အတွက် စျေးသက်သာတဲ့ ဝန်ဆောင်မှုတွေ၊ နောက်ပြီး ဆောင်းဦးရာသီရောက်တဲ့ အချိန်မှာ အထူးအနေနဲ့ကျင်းပလေ့ရှိတဲ့ ပွဲတွေအကြောင်းကိုပါ ဖော်ပြသွားပါ့မယ်။ 

ကျိုတိုမြို့ရဲ့ အရွက်အရောင်ပြောင်းချိန် နှင့် လည်ပတ်ရန်အကောင်းဆုံးအချိန် 

ပထမဆုံး ခရီးမသွားခင် အရွက်တွေ အရောင်ပြောင်းတဲ့ ခန့်မှန်းချက်တွေကို ကြိုပြီးကြည့်ထားကြရအောင်။ တနိုင်ငံလုံးအတိုင်းတာ အနေနဲ့ အောက်တိုဘာ လပိုင်းအလယ်ကနေ ဒီဇင်ဘာလ အစပိုင်းအထိ အရွက်တွေ အရောင်ပြောင်းပါတယ်။ ခန့်မှန်းချက်တွေအရဆိုရင်တော့ ကျိုတိုမြို့မှာတော့ နိုဝင်ဘာ လပိုင်းအစကနေ ဒီဇင်ဘာလ အစအထိ အရွက်တွေအရောင်ပြောင်းတာကို ကြည့်နိုင်ပါတယ်။ မြို့တွင်းမှာပဲ နေရာအပေါ်လိုက်ပြီး မူတည်ပေမယ့် အများအားဖြင့်တော့ နိုဝင်ဘာလအလယ်လောက်ရောက်ရင် တမြို့လုံးနီးပါးအ‌ရောင်ပြောင်းတာကို ကြည့်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ နိုဝင်ဘာ လအလယ်လောက်မှာ ခရီးသွားဖို့ အသင့်တော်ဆုံးလို့ ပြောနိုင်ပါတယ်။ နောက်တချက် Momiji အရွက်တွေကို ညဘက်မီးထွန်းပြသတဲ့ အစီစဥ်တွေကလဲ နိုဝင်ဘာအလယ်မှာ စတင်တဲ့ နေရာတွေများပြားတဲ့အတွက်ကြောင့်ပါ။ 

လည်ပတ်ဖို့အတွက် အစီအစဥ်နဲ့ အသုံးပြုသင့်သောယာဥ်များ

လည်ပတ်ဖို့ရက် သေချာပြီးဆိုရင် ဟိုတယ် ကိုလဲ မြန်မြန် ဘိုကင် လုပ်ဖို့ အကြံပေးချင်ပါတယ်။ ခရီးသွားရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟိုတယ်ဘိုကင် တင်ရတာ တော်တော်ခက်နိုင်ပါတယ်။စျေးတွေလဲ ပုံမှန်ထက်ကြီးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ပြီး ဟိုတယ်ရှာထားပါက ပိုပြီးလဲ အကုန်အကျသက်သာနိုင်သလို နေရာကောင်းကိုရနိုင်ချေလဲပိုများပါတယ်။ 

ပထမဆုံး အဆင်ပြေပြီး လွယ်ကူသက်သာတဲ့ လက်မှတ်တွေကို ဝယ်ဖို့အကြံပေးချင်ပါတယ်။ လက်မှတ်တွေကိုတော့ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ် ဝယ်လို့ရအောင် လက်မှတ်တချို့ကို ဖော်ပြလိုက်ပါတယ်။

မြေအောက်ရထား၊ မြို့ပတ်ကား တစ်နေ့တာလက်မှတ် 

  • လူကြီး - ၁၁၀၀ ယန်း။
  • က‌လေး  - ၅၅၀ ယန်း။

ဒီလက်မှတ်ကတော့ ကျိုတိုမြို့ကပြေးဆွဲလျက်ရှိတဲ့ ဘတ်စ်ကားနဲ့ မြေအောက်ရထား၊ Keihan ဘတ်စ်ကား၊ JR ဘတ်စ်ကားတွေကို စိတ်ကြိုက်စီးနိုင်ပါတယ်။ ကျိုတိုမြို့ရဲ့ ဘတ်စ်ကားနဲ့ မြေအောက်ရထား လမ်းညွှန်စင်တာ နဲ့ မြေအောက်ရထားဘူတာ တွေမှာဝယ်ယူနိုင်ပါတယ်။ တရက်သာ အသုံးပြုခွင့်ရှိပါတယ်။ ဘတ်စ်ကားနဲ့ မြေအောက်ရထားကို ‌သေချာ ပြောင်းစီးပြီး ပိုပြီးတော့ အချိန်သက်သာသာနဲ့ ခရီးသွားနိုင်တာကတော့ ဒီလက်မှတ်ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ အသေးစိတ်ကို ဒီလင့်ကနေဝင်ကြည့်နိုင်ပါတယ်။

ကျိုတို မြေအောက်ရထားနှင့် Raden ရထားတနေ့တာ လက်မှတ် 

  • စျေးနှုန်း - ၁၃၀၀ ယန်း

ဒီလက်မှတ်ကတော့ ကျိုတိုမြို့ရဲ့ မြေအောက်ရထားနဲ့ Raden ရထားကို တစ်နေ့တာအဝစီးနိုင်မယ့် လက်မှတ်ဖြစ်ပါတယ်။ Raden ရထား Arashiyama ကို အဓိက ပြေးဆွဲတဲ့ ရထားလိုင်းဖြစ်ပါတယ်။ Arashiyama ကတော့ ဆောင်းဦးရာသီမှာ လည်ပတ်သင့်တဲ့နေရာကနေ အထိပ်ဆုံးမှာပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလက်မှတ်ကိုလည်း စဥ်းစားသင့်ပါတယ်။ နောက်ပိုင်းမှာ အသေးစိတ်ပြန်ဖော်ပြပါမယ်။ 

ကျိုတိုဘတ်စ်နှင့် Eidenရထားလိုင်း တနေ့တာ လက်မှတ် 

  • စျေးနှုန်း - ၂၀၀၀ ယန်း

ဒီလက်မှတ်ကတော့ ကျိုတိုဘတ်စ်နှင့် Eiden တနေ့တာ စီးနိုင်တဲ့လက်မှတ်ဖြစ်ပါတယ်။ Eidenရထားလိုင်း ကလဲ တခြားဘယ်ရထားလိုင်းမှမရောက်နိုင်တဲ့ Momiji လှပတဲ့နေရာတွေကို‌သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီလက်မှတ်ကလဲ လုံးဝ အသုံးပြုသင့်တဲ့ လက်မှတ်ဖြစ်ပါတယ်။ နောက်ပြီး ကျိုတိုမြို့ရဲ့ နေရာတော်တော်များများကိုရောက်တဲ့ Keihan ရထားလိုင်းအပြင် Eiden ရထားလိုင်း တလျှောက် သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ လက်ဆောင်တွေကို လျှော့စျေးရယူနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ အသေးစိတ်ကို ဖော်ပြသွားပါ့မယ်။

いい古都チケット 

ဒီလက်မှတ်ကတော့ကျိုတိုနဲ့ နီးတဲ့ ကိုဘေး၊ အိုဆာကာ တို့ကတော့ ကျိုတိုကိုလာမယ့်သူတွေအတွက် အသုံးဝင်ပြီး စျေးသက်သာတဲ့ လက်မှတ်ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ရထားလိုင်းတွေအကန့်အသတ်ရှိတဲ့ အပြင် ရရှိနိုင်တဲ့ ခံစားချက်တွေလဲ အများကြီးရှိတဲ့အတွက်ကြောင့် အသေးစိတ်ကို ဒီလင့်ကနေ ဝင်ဖတ်ကြည့်ပါ။ ဒီလက်မှတ်တွေအပြင် တခြားလက်မှတ်တွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြီး ရှာကြည့်ဖို့အကြံပြူချင်ပါတယ်။ 

ပထမရက် - မြေအောက်ရထား၊ မြို့ပတ်ကား တစ်နေ့တာလက်မှတ် ဖြင့်လည်ပတ်ခြင်း

ပထမရက်ကိုတော့ အပေါ်မှာဖော်ပြခဲ့တဲ့ မြေအောက်ရထား၊ မြို့ပတ်ကား တစ်နေ့တာလက်မှတ် ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ကျိုတို ဘူတာကနေ သွားနည်းကိုပဲဖော်ပြထားလိုက်ပါတယ်။ ဘူတာတွေကတော့ ကိုယ်တည်းတဲ့ ဟိုတယ် အပေါ်မူတည်ပြီး ကွားခြားနိုင်ပါတယ်။ လည်ပတ်မယ့်နေရာတွေကတော့ ကျိုတိုဘူတာ→ Kinkakuji ဘုရားကျောင်း →Ginkakuji ဘုရားကျောင်း →Gion တဝိုက်→ Kiyomizudera တဝိုက်→ Sajyusangando ဘုရားကျောင်း တို့ဖြစ်ပါတယ်။ 

 Kinkakuji ဘုရားကျောင်း - 金閣寺

  • ဝင်ကြေး  - ပုံမှန် ယန်း ၅၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၉ နာရီမှ ညနေ၅ နာရီအထိ။ 

ပထမဆုံး ကျိုတိုဘူတာကနေပြီးတော့ Kinkakuji ဘုရားကျောင်း ကိုသွားဖို့အတွက် ဝယ်ထားတဲ့လက်မှတ်ကို အသုံးပြုပြီးတော့ Karasuma မြေ‌အောက်ရထားလိုင်းကိုအသုံးပြုပြီးတာ့ Kitaoji ဘူတာမှာဆင်းပြီး ဘတ်စကားနံပါတ် ၁၀၁ ၁၀၂ ၂၀၄ ၂၀၅ တို့ကိုအသုံးပြုပြီး Kinkakuji ဘုရားကျောင်း 

ကိုသွားနိုင်ပါတယ်။ Kinkakuji ဘုရားကျောင်း ကတော့ ခရီးသွားတွေကြားထဲမှာနာမည်ကြီးတဲ့ ဘုရားကျောင်းဖြစ်ပြီး ရာသီမရွေးလှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းဦးရာသီမှာဆိုရင် ‌ရွှေရောင်ဘုရားကျောင်းနဲ့ တိတ်ဆိတ်လှတဲ့ ပတ်ဝန်းကျင်၊ အနီရောင်မေပယ်ရွက်တွေကိုလဲ ရင်သပ်ရှုမောဖွယ်တွေ့မြင်နိုင်မှာပါ။ 

Ginkakuji ဘုရားကျောင်း - 銀閣寺 

  • ဝင်ကြေး  - ပုံမှန် ယန်း ၅၀၀။ 

  • ဝင်နိုင်တဲ့အချိန် - မနက် ၈း၃၀ နာရီမှ ညနေ၅ နာရီအထိ။ (မတ်လ မှ နိုဝင်ဘာလအထိ) မနက် ၉း၀၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ။ (ဒီဇင်ဘာ လ မှဖေဖော်ဝါရီလအထိ)

နောက်တစ်နေရာကတော့ Ginkakuji ဘုရားကျောင်းဖြစ်ပါတယ်။ Kinkakuji ဘုရားကျောင်းကနေ ၁၀၂၊ ၂၀၄ တို့ကိုစီးသွားနိုင်ပြီး ၃၅ မိနစ်ခန့်ကြာမြင့်နိုင်ပါတယ်။ Ginkakuji ဘုရားကျောင်းကတော့ သူရဲ့ ထူးခြားတဲ့ဆောင်လုပ်ပုံစံနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကြောင့် နာမည်ကြီးပါတယ်။ ဆောင်းဦးရာသီမှာလဲ အရွက်တွေအရောင်ပြောင်းပြီး ပိုပြီးတော့ လှပနေပါတယ်။ 

Gion - 祇園

Gion ကတော့ ကျိုတိုမြို့ရဲ့ နာမည်ကြီးပြီး အချက်အခြာကျတဲ့နေရာဖြစ်ပါတယ်။ Ginkakuji ဘုရားကျောင်းကနေပြီးတော့ Gion အထိကိုတော့ ဘတ်စ်ကား နံပါတ် ၁၀၀ နဲ့ စီးသွားနိုင်ပါတယ်။ Gion မှာတော့ အထိက လမ်းလျှောက်လို့ကောင်းတဲ့နေရာတွေ အများကြီးရှိတဲ့ အပြင် နာမည်ကြီး Yasaka နတ်ကွန်းတဲ့ ဂေးရှားမယ်တွေကို တွေ့နိုင်တဲ့ အခွင့်အရေးလဲ ရှိသလို ဆိုင်တွေလဲ ပေါများတဲ့ အတွက်ကြောင့်မို့လို့ လမ်းလျှောက်ရင်း နေ့လည်စာကိုလဲ Gion မှာပဲစားနိုင်ပါသေးတယ်။ 

Kiyomizu ဘုရားကျောင်း - 清水寺

  • ဝင်ကြေး  - ပုံမှန် ယန်း ၄၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၆း၀၀ နာရီမှ ညနေ ၆ နာရီအထိ။ 

Gion ကနေပြီးတော့ Kiyomizu ဘုရားကျောင်း အထိကိုတော့ ဘတ်စ်ကား ၈၀/၂၀၇ တို့တဲ့သွားနိုင်ပါတယ်။ Kiyomizumichi မှာဆင်းပြီးတော့ ဘုရားကျောင်းအထိ ၅ မိနစ်လောက်လမ်းလျှောက်ရပါတယ်။ Kiyomizu ဘုရားကျောင်း ကတော့ ဆောင်ဦးရာသီမှာ လူအကြိုက်များဆုံးနေရာလို့တောင်ပြောလို့ရတဲ့ အတွက်ကြောင့်မိုလို့ ‌တော်တော်လူများနိုင်ပါတယ်။ နောက်ပြီး ညဘက် မီးထွန်းပြီး Maple ရွက်တွေကိုပြသတဲ့ အထူးအစီအစဥ်တွေလဲရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအစီအစဥ်ကိုသွားချင်တဲ့ သူတွေကတော့ တခြားနေရာတွေကိုအရင်သွားပြီးမှ Kiyomizu ဘုရားကျောင်း ကိုဝင်ဖို့ အကြံပြုချင်ပါတယ်။ 

Kiyomizumichi တစ်လျှောက်လမ်းလျှောက်ကြမယ် - 清水道

Kiyomizu ဘုရားကျောင်းကတော့ လမ်းသွယ်တွေမှာရှိတဲ့ ဆိုင်တွေနဲ့လဲနာမည်ကြီးပါတယ်။ ဒါကြောင့် ဆိုင်တွေကို သေချာကြည့်ဖို့ အကြံပေးချင်ပါတယ်။ နောက်ပြီး 産寧坂 (sanneizaka) ဆိုတဲ့ လှေကားကနေ ဆင်းပြီး 二年坂 (ninenzaka) အထိသွားပြီးလမ်းလျှောက်ပြီး နာမည်ကြီး Yasaka-to တွေကိုပါ လည်ပတ်နိုင်ပါတယ်။ ကျိုတိုကိုပထမဆုံး ရောက်ဖူးတဲ့ သူတွေအတွက်တော့ ဒီအစီအစဥ်က လုံးဝကို အမှတ်တရဖြစ်စေမယ့် အစီစဥ်ဖြစ်ပါတယ်။ 

 Sanjusangendo ဘုရား‌ကျောင်း - 三十三間堂

  • ဝင်ကြေး  - ပုံမှန် ယန်း ၆၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၈း၃၀ နာရီမှ ညနေ ၅ နာရီအထိ။ (ဧပြီလ မှ နိုဝင်ဘာလအလယ်အထိ)၊မနက် ၉း၀၀ နာရီမှ ညနေ ၆ နာရီအထိ။ ( နိုဝင်ဘာလအလယ် မှ မတ်လ အထိ)

 Sanjusangendo ကတော့ ဗုဒ္ဓဘာသာဝင်တွေအကြိုက်တွေနိုင်မယ့် နေရာတစ်နေရာဖြစ်ပါတယ်။ ဘုရားအဆူပေါင်းများစွာကိုလဲဖူးမျှော်နိုင်ပြီး ပရဝဏ်အတွင်းမှာလဲ ဆောင်းဦးရဲ့ အငွေ့အသက်ကိုခံစားနိုင်ပါတယ်။ Sanjusangendo ကနေပြီးတော့ ကျိုတိုဘူတာကိုလဲ ဘတ်စ်ကားတဆင့်တည်းနဲ့ရောက်နိုင်ပါတယ်။ 

ပုံမှန်ဆိုသွားလခ စုစုပေါင်း ၁၆၀၀ ယန်း နီးပါးကျနိုင်ပေမယ့် ဒီလက်မှတ်ကိုသုံးလိုက်ရင်တော့ ၁၁၀၀ သာကျသင့်မှာဖြစ်ပြီး ၅၀၀ ယန်းချွေတာနိုင်မှာဖြစ်ပါတယ်။ 

ဒုတိယရက် - ကျိုတို မြေအောက်ရထားနှင့် Raden ရထားတနေ့တာ လက်မှတ် 

ဒုတိယ နေ့မှာတော့ ကျိုတို မြေအောက်ရထားနှင့် Raden ရထားတနေ့တာ လက်မှတ် တို့ကိုအသုံးပြုမှာဖြစ်ပါတယ်။ လက်မှတ်ကတော့ ၁၃၀၀ ယန်းဖြစ်ပါတယ်။ ခရီးစဥ် အကြမ်းအားဖြင့် တော့ Kurumazaki နတ်ကွန်း・Geinou နတ်ကွန်း → Tenryujiဘုရားကျောင်း → Arashiyama ဝါးတော (optional) → Jojakkoji ဘုရားကျောင်း→ Togetsukyo တံတား → Tofukuji ဘုရားကျောင်း → Nanzenjiဘုရားကျောင်း တို့ဖြစ်ပါတယ်။ 

Kurumazaki နတ်ကွန်း - 車折神社 ・Geinou နတ်ကွန်း -芸能神社

Geinou နတ်ကွန်း ကိုတော့ ကျိုတိုဘူတာကနေ Karasuma မြေအောက်ရထားလိုင်၊ Tozai မြေအောက်ရထားလိုင်း၊ Randen ရထားလိုင်းကိုအသုံးပြုပြီးရောက်နိုင်ပါတယ်။ ဆင်းရမယ့် ဘူတာကတော့ Kurumazakijinja ဘူတာဖြစ်ပါတယ်။ Geinou နတ်ကွန်း ရဲ့ Geinou ကိုမြန်မာဘာသာပြန်လိုက်ရင်တော့ အနုပညာလို့မနာမည်ရပြီး အနုပညာနဲ့ ပတ်သက်ပြီး ဆုတောင်းပြည့်တဲ့ ဘုရားကျောင်းလို့ဆိုကြပါတယ်။ ဒါကြောင့် ဒီဘုရားကျောင်းရဲ့ ဆုတောင်းစာတွေမှာဆိုရင် အနုပညာနာမည်တွေကို တန်းစီပြီး မြင်တွေ့နိုင်ပါတယ်။ 

Tenryuji ဘုရားကျောင်း - 天龍寺

Tenryuji ဘုရားကျောင်း ကိုတော့ Arashiyama ဘူတာကနေ လမ်းလျှောက်သွားနိုင်ပါတယ်။ Arashiyama ဘူတာကိုတော့ Geinou နတ်ကွန်းကနေ ၅ မိနစ်လောက်နဲ့သွားနိုင်ပါတယ်။ Tenryuji ဘုရားကျောင်း ကတော့ ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ 

ဝါးတော - 竹林の小径

Arashiyama ဘူတာကနေ လမ်းလျှောက် ၈ မိနစ်လောက်နဲ့ သွားနိုင်တဲ့ ဝါးတော ကြီးကလဲ ခရီးသွားတွေကိဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာကိုလဲ အရောက်သွားသင့်ပါတယ်။ 

Jojakkoji ဘုရားကျောင်း - 常寂光寺

  • ဝင်ကြေး  - ပုံမှန် ယန်း ၅၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ။ (အချိန်ပြောင်းလဲနိုင်။)

Jojakkoji ဘုရားကျောင်းကတော့ Arashiyama ဘူတာကနေ လမ်းလျှောက် ၁၃ မိနစ်ရှိတဲ့ အကွာအဝေးမှာရှိပါတယ်။ ရှေးခေတ် ကဗျာတွေထဲမှာလဲ တော်တော်ပါပြီး မထူးသဖြင့် အရွက်တွေ အရောင်ပြောင်းတဲ့ အချိန်မှာ စိတ်ကူးယဥ်ဆန်ပြီးတော်တော်လှပပါတယ်။ 

Togetsukyo တံတား - 渡月橋

Togetsukyo တံတား Arashiyama ဘူတာကနေ လမ်းလျှောက် ၄ မိနစ်သာကြာပါတယ်။ မြစ်တစ်လျှောက်မှာ ထိုင်ရင်းသဘာဝ အလှကိုခံစားတာတို့၊ လှေစီးရင်သဘာဝ အလှကိုခံစားတာတို့လုပ်နိုင်ပါတယ်။ မြစ်၊ တောင်၊ မေပယ်ရွက်နီနီ လေးနဲ့ လုံးဝရင်သတ်ရှုမောဖွယ်မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ်။ 

Tofukuji ဘုရားကျောင်း - 東福寺

Arashiyama ဘူတာ တဝိုက်ကနေပြီးတော့ လည်လို့ ကုန်ရင် တော့Tofukuji ဘုရားကျောင်း ကို ပြန်လာနိုင်ပါတယ်။အချိန်အားဖြင့်တော့ ၁ နာရီလောက်ကြာနိုင်ပါတယ်။ Tofukuji ဘုရားကျောင်းကလဲ ဆောင်းဦးရာသီမှာ နာမည်ကြီးတဲ့ ဘုရားကျောင်းဖြစ်ပြီး ညဘက်ကိုလဲ မီးထွန်းပြီးတော့ ပြတဲ့ အတွက်ကြောင့်မို့လို့ မှီရင် ဝင်ကြည့်နိုင်ပါတယ်။ ညဘက် မီးထွန်းပွဲကို ဝင်ဖို့အတွက်ကတော့ ကြိုတင်ပြီး ဘိုကင်တင်ထားဖို့ လိုအပ်ပြီး ကုန်ကျငွေကတော့ ယန်း ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်. 

Nanzenji ဘုရားကျောင်း - 南禅寺

တကယ်လို့ အချိန်ရသေးပြီး မမောသေးဘုးဆိုရင် Nanzenji ကိုသွားနိုင်ပါသေးတယ်။ Nanzenji ကလဲ မေပယ်ရွက်တွေနဲ့ လှပနေတဲ့ ဘုရားကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ Nanzenji ဘုရားကျောင်းကိုတော့ Keihan လိုင်းနဲ့ Tozai မြေအောက်ရထားလိုင်း တို့ကိုသုံးပြီး Keage ဘူတာမှာ ဆင်းပြီးလမ်းလျှောက်သွားနိုင်ပါတယ်။ Nanzenji ဘုရားကျောင်းအနီးနားပတ်ဝန်းကျင်တွေမှာလဲ သဘာဝ အလှတွေကို အခမဲ့ ခံစားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ အပြန်ကိုတော့ လာရာလမ်းကြောင်းအတိုင်း ပြန်ပြီး Tofukuji ဘုရားကျောင်း ကနေ ကျိုတို ဘူတာကိုလမ်းလျှောက်သွားနိုင်ပါတယ်။ 

ပုံမှန်ဆို ၂၃၀၀ ယန်းကျော်ကျော်ကျသင့်မှာဖြစ်ပြီး ဒီလက်မှတ်ကိုအသုံးပြုမယ်ဆိုရင် ၁၃၀၀ ယန်းသာကျသင့်ပြီး ၁၀၀၀ ယန်းချွေတာနိုင်မှာဖြစ်ပါတယ်။

တတိယရက် - ကျိုတိုဘတ်စ်နှင့် Eidenရထားလိုင်း တနေ့တာ လက်မှတ် 

တတိယမြောက်ရက်မှာတော့ ကျိုတိုဘတ်စ်နှင့် Eidenရထားလိုင်း တနေ့တာ လက်မှတ် ကိုအသုံးပြုပြီး လည်မှာဖြစ်ပါတယ်။ တတိယနေ့မှာတော့ Demachiyanagi, Rurikoin, Kifune နတ်ကွန်း, Kuramaderaဘူရားကျောင်း ၊Sanjo တဝိုက်ကိုလည်ပတ်မှာဖြစ်ပါတယ်။ 

Demachiyanagi - 出町柳

ပထမဆုံး ကျိုတိုဘူတာကနေပြီးတော့ Demachiyanagi ဘူတာအထိ ဘတ်စ်ကား ၁၇ ဖြင့်သွားနိုင်ပါတယ်။ Demachiyanagi ကတော့ ကျိုတို တက္ကသိုလ်နဲ့ နီးနဲ့ဘူတာဖြစ်ပြီး ကျိုတို တက္ကသိုလ်ကိုစိတ်ဝင်စားရင်လဲ လမ်းလျှောက်ပြီးသွားနိုင်ပါတယ်။ နောက်ပြီး Demachiyanagi ဘူတာအနီးနာမှာ Kamogawa လို့ခေါ် တဲ့ ကျိုတိုမြို့ရဲ့ နာမည်ကြီးမြစ်ရှိပါတယ်။ ဒါကြောင့် ဒီမြစ်ကြီးမှာလဲ အေးဆေး အပန်းဖြေအနားယူရင်း မေပယ်ရွက်တွေကိုကြည့်ရှုနိုင်ပါသေးတယ်။ 

Rurikoin ဘုရားကျောင်း - 瑠璃光院

  • ဝင်ကြေး  - ပုံမှန် ယန်း ၂၀၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ။ 

Rurikoin ဘုရားကျောင်း ကတော့ ရာသီတိုင်းမှာ နာမည်ကြီးတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းဦးရာသီမှာ နာမည်ကြီးပါတယ်။ Demachiyanagi ဘူတာကနေ yase-Hieizanguchi အထိသွားပြီး လမ်းလျှောက်ပြီး သွားနိုင်ပါတယ်။ Rurikoin ဘုရားကျောင်းကတော့ ဆောင်းဦးရာသီရောက်လာတဲ့ အချိန်မှာ လာရောက်လည်ပတ်တဲ့ သူတွေနဲ့ ပြည့်နှက်နေတတ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၁ရက်နေ့နှင့် ဒီဇင်ဘာလ ၃ ရက်နေ့ ကြိုတင်ပြီးတော့ ဝက်ဘ်ဆိုက်ကနေပြီးတော့ ဘိုကင်တင်ဖို့လိုအပ်ပါတယ်။ ဘိုကင်ကိုတော့ ဒီလင့်ကနေ တင်နိုင်ပါတယ်။ 

Kifune နတ်ကွန်း - 貴船神社

Kifune နတ်ကွန်း ကတော့ ဝင်ကြေးအခမဲ့ဖြစ်ပြီး Kifuneguchi ကနေ Kifune နတ်ကွန်းအထိကိုတော့ ဘတ်စ်ကားတဆင့် စီးသွားရပါတယ်။ လှေကားထစ်တွေနဲ့ နာမည်ကြီးပြီး မေပယ်ရွက်တွေကိုလဲ လှလှပပမြင်တွေ့နိုင်ပါတယ်။ နောက်ပြီး ဆောင်းဦးရာသီမှာတော့ ညဘက်မီးထွန်းပြီးပြသပါသေးတယ်။

Kurama ဘုရားကျောင်း - 鞍馬寺

  • ဝင်ကြေး  - ပုံမှန် ယန်း ၅၀၀။ 
  • ဝင်နိုင်တဲ့အချိန် - မနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီအထိ။ 

Kurama ဘုရားကျောင်းကလဲ နာမည်ကြီးဘုရားကျောင်းတွေထဲကတစ်ခုဖြစ်ပြီး သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ပါတယ်။ တောင်အမြင့်ကြီးရှိပြီး တောင်အထိကိုတော့ Cable နဲ့တက်နိုင်ပါတယ်။ 

Sanjo - 三条

နောက်ဆုံး တနေရာကတော့ Sanjo ကိုပြန်ပြီး ကျိုတိုမြို့ရဲ့ ညဘက် အလှကိုခံစားရင်း ညစာ စားဖို့ပါ။ Sanjo ကတော့ ကျိုတိုရဲ့ မြို့အလယ်လို့ပြောနိုင်ပြီး တော်တော်စည်ကားပါတယ်။ ဒါကြောင့် ဒီနေရာမှာပဲညစာ စားဖို့အကြံပေးချင်ပါတယ်။ ညစားစားရင် ကျိုတိုမြို့ရဲ့ ညဘက်အလှကိုခံစားကြည့်ပါ။ နောက်ပြီးSanjo ကတော့ ကျိုတိုဘူတာ အထိကို ဘတ်စ်ကားစီးပြီး ပြန်နိုင်ပါတယ်။ 

အကျဥ်းချုပ်

ကျိုတိုမြို့ကြီးကတော့ လည်ပတ်စရာနေရာတွေများပြလှပါတယ်။ အထူးသဖြင့် ဆောင်းဦးရာသီမှာတော့ ခရီးသွားတွေနဲ့ ပြည့်နှက်နေပြီး ကျိုတိုမြို့ရဲ့အလှကလဲ ပုံမှန်ထက်ပိုပြီး လှပနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျိုတိုမြို့ကို ၃ ရက်နဲ့ အကျိုးရှိအောင် လည်ပတ်နိုင်မယ့် အချိန်ဇယားနဲ့ အသုံးဝင်မယ့် လက်မှတ်တွေကိုပါမိတ်ဆက်ပေးထားတဲ့ အတွက်ကြောင့်မို့လို့ ဒီအချက်အလက်တွေကို အသုံးချပြီး ပိုပြီးသက်သာ ကောင်းမွန်တဲ့ ခရီးစဥ်ကိုဖန်တိးနိုင်ဖို့ မျှော်လင့်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ကျိုတိုမြို့မှာ Momiji ကြည့်ရင်း ဆောင်းဦးရာသီ ၃ရက်တာခရီးစဥ်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ