ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီရဲ့ ဆွဲဆောင်မှုများ Autumn in Japan: Weather, Events, Festivals and Places to Visit

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီကတော့ အရမ်းကိုနေထိုင်ရတာ အဆင်ပြေပြီး ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီလိုဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီမှာ ဘယ်လိုမျိုးရာသီဥတုတွေရှိလဲ၊ ဘယ်လိုအစားအသောက်တွေအရသာရှိလဲ၊နဘယ်လိုပွဲတော်တွေရှိလဲ ဆိုတာကို ဖော်ပြသွားပါ့မယ်။ 

မာတိကာ

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီ နှင့် သတိထားရမယ့် အချက်များ

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီကတော့ မပူဘဲအရမ်းလဲ မချမ်းတဲ့ အတွက်ကြောင့်မို့လို့ တော်တော်လေးကိုနေလို့အဆင်ပြေတဲ့ ရာသီဥတုဖြစ်ပါတယ်။ဒါပေမယ့် နေ့အလိုက်အပူချိန်ကွာခြားချက်တွေရှိပြီး တခါတလေ မုန်တိုင်းတွေလဲ ဝင်တတ်ပါတယ်။ ဒါကြောင့် ဆောင်းဦးရာသီနဲ့ ပတ်သက်ပြီူ သတိထားရမယ့် အချက်တွေကို ကြိုတင်ပြီးသိထားသင့်ပါတယ်။ 

ဆောင်းဦးရာသိကတော့ အရမ်းလဲမပူတဲ့ အတွက်ကြောင့် ဖြတ်သန်းရတာလွယ်ကူတယ်လို့ပြောကြပါတယ်။ သို့သော် စက်တင်ဘာလ အတွင်းမှာတော့ အပူချိန် ၃၀ ဒီဂရီ ကျော်လောက်ရှိတဲ့နေ့တွေလဲရှိပါတယ်။ ဒါကြောင့်မို့လို့ စက်တင်ဘာလအတွင်းမှာတော့ အပူချိန်ကို သတိထားသင့်ပါတယ်။ အောက်တိုဘာလကိုရောက်တာနဲ့ အပူချိန်ကျဆင်းလာပြီ အေးမြပြီး နေထိုင်ရတာ အဆင်ပြေတဲ့ ရာသီဥတုဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ အောက်တိုဘာလ အတွင်းမှာတော့ လက်ရှည်တွေနဲ့ နွေးနွေးထွေးထွေး နေထိုင်ဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့တောင်ဘက်တွေကို လည်ပတ်သွားတဲ့ အချိန်မှာတော့ အင်္ကျီထူထူ ဝတ်သွားဖို့ အကြံပြုချင်ပါတယ်။ ဆောင်းဦးရာသီကတော့ ဂျပန်မှာ အနေသားကျတဲ့ သူတွေအတွက်တော့ နေထိုင်ရတာ သက်သာတယ်ဆိုပေမယ့် ဂျပန်ကိုစစရောက်မယ့် သူတွေအတွက်တော့ တော်တော်လေးကို အေးနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို အပူပိုင်းဒေသကနေ ရောက်လာတဲ့ သူတွေအတွက်တော့ တော်တော်အေးနိုင်ပါတယ်။ ဒါကြောင့် အောက်တိုဘာလအတွင်းမှာ ဂျပန်ကိုလာမယ်ဆိုရင်တော့ အပူချိန်ကိုသေချာကြည့်ပြီး ကိုက်ညီလိုက်ဖက်မယ့် အဝတ်တွေကိုပြင်ဆင်လာဖို့အကြံပေးချင်ပါတယ်။ 

ဆောင်းဦးရာသီကိုကိုယ်စားပြုတဲ့ အစားစာများ

ဆောင်းဦးရာသီဝင်လာတာနဲ့ ဂျပန်နိုင်ငံမှာတော့ သစ်သီးတွေ တော်တော်အရသာရှိပြီး စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ အထူးသဖြင့် ပန်းသစ်တော်သီး၊ စပျစ်သီးနဲ့ တည်သီးတို့ဖြစ်ပါတယ်။ နောက်ပြီး အသားငါးတွေလဲ တော်တော် အရသာရှိပါတယ်။ ဂျပန်နိုင်ငံမှာတော့ 

「食欲の秋」ဆိုတဲ့ စားချင်စိတ် များစေတဲ့ ဆောင်းဦးရာသီဆိုတဲ့ စကားရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆောင်းဦးရာသီရောက်လာရင် ရာသီပေါ်အသီးနှံ့တွေ များလာပြီး စားချင်စိတ်တွေ များလာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဆောင်းဦးရာသီရဲ့ အစားအသောက်များ အကြောင်းအသေးစိတ်ကိုတော့ ဒီဆောင်းပါးကနေ ဝင်ဖတ်နိုင်ပါတယ်။

ဆောင်းဦးရာသီမှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်များ

ဆောင်းဦးရာသီကတော့ အစားအသောက်တွေချည်းမဟုတ်ဘဲ ပွဲတော်တွေလဲ အများကြီးရှိပါတယ်။ အဲဒါဆိုဘယ်လိုပွဲတွေရှိလဲ အသေးစိတ်ကြည့်လိုက်ကြရအောင်။

လကြည့်ခြင်း

ဆောင်းဦးရာသီမှာတော့ ကောင်းကင်က အများအားဖြင့်ကြည်လင်ပြတ်သားနေလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံမှာတော့ ဆောင်းဦးရာသီရောက်ရင်တော့ ဂျပန်လူမျိုးတွေက လကြည့်ပွဲတော် ကိုကျင်းပလေ့ရှိပါတယ်။ လကြည့်ရင်းနဲ့ မုန့်လုံးတွေကိုစားလေ့ရှိပါတယ်။ ဂျပန်လိုဆိုရင်တော့ お月見(otsukimi) လို့ခေါ်ကြပါတယ်။ အများအားဖြင့် စက်တင်ဘာလ အလယ် နဲ့ အောက်တိုဘာလအဆုံးပိုင်းလောက်မှာကျင်းပလေ့ရှိပါတယ်။

မေပယ်ရွက်များကိုကြည့်ရှုခံစားခြင်း

ဆောင်းဦးရာသီရောက်တာနဲ့ momiji လို့ခေါ်တဲ့မေပယ်အရွက်တွေအရောင်ပြောင်းတဲ့ အချိန်ဖြစ်ပါတယ်။ အများအားဖြင့် အောက်တိုဘာလ နှောင်းပိုင်းကနေပြီး ဒီဇင်ဘာလအစပိုင်းလောက်ထိဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဒီလို မေပယ်ရွက်များကိုကြည့်ရှုခံစားခြင်းကို အဲဒိုခေတ်ကတည်းကနေပြီးတော့ ပြုလုပ်ထာတာဖြစ်ပါတယ်။ ဒီလိုအချိန်ရောက်ရင် တနိုင်ငံလုံး မှာရှိတဲ့ ပန်းခြံတွေမှာရှိတဲ့ အရွက်တွေအရောင်းပြောင်းတာကိုကြည့်ရှုနိုင်ပါတယ်။

ကလေးများကိုဂုဏ်ပြုခြင်း

နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ ကလေးတွေကို ဂုဏ်ပြုတဲ့ နေ့ဖြစ်ပါတယ်။ အထူးသဖြင့် ၇ နှစ်၊ ၅ နှစ်၊ ၃ နှစ်အရွယ် ကလေးတွေကို ဘုရားကျောင်းသွားပြီးဂုဏ်ပြုပေးလေ့ရှိပါတယ်။ ဂျပန်လိုဆိုရင်တော့ 七五三 (shichigosan) ပွဲတော်လို့ခေါ်ပါတယ်။ 

ဒီလိုပွဲတွေအပြင် တခြားပွဲတော်တွေလဲ အများကြီး ဆောင်းဦးရာသီမှာ ကျင်းပလေ့ရှိပါတယ်။ အထူးသဖြင့် ကျောင်းတွေမှာဆိုရင် အားကစားပွဲတွေ၊ လေ့လာရေးခရီးစဥ်တွေ ကိုစီစဥ်ပေးလေ့ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားဖို့ကောင်းတဲ့ ရာသီ ဖြစ်လို့ スポーツの秋 လို့လဲပြောလေ့ရှိကြပါတယ်။

ဆောင်းဦးရာသီမှာ သွားသင့်တဲ့ ခရီးသွားဒေသများ

ဆောင်းဦးရာသီကိုရောက်လာတာနဲ့ တနိုင်ငံလုံးရှုခင်းတွေလဲ လှပနေတဲ့ အတွက်ကြောင့်ရယ်၊ အပူချိန်အားဖြင့်လဲ အရမ်းမပူတဲ့ အတွက်ကြောင့်မို့လို့ ခရီးသွားရတာ သင့်တော်တဲ့ အတွက်ကြောင့်မို့လို့ ဆောင်းဦးရာသီမှာ နာမည်ကြီးတဲ့ ခရီးသွားဒေသတွေကို မိတ်ဆက်ပေးသွားပါ့မယ်။ 

ကျိုတို 

ကျိုတိုမြိူ့ကတော့ ရှေးဟောင်းသမိုင်းဝင်ဘုရားကျောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အပြင် သဘာဝတရားကြီးကလဲ အရမ်းကိုလှပလွန်းပါတယ်။ ဒါကြောင့်မို့လို့ ဆောင်းဦးရာသီရောက်တာနဲ့ ကျိုတိုမှာရှိတဲ့ သစ်ရွက်တွေကလဲ အရောင်ပြောင်းပြီး တမြို့လုံးကိုရောင်စုံချယ်ထားပါတော့တယ်။ နောက်ပြီး ပုံမှန် ဘုရား‌ကျောင်းတွေကို ညနေဘက်မှ ပိတ်လေ့ရှိပေမယ့် ဆောင်းဦးရာသီမှာတော့ သစ်ရွက်တွေ အရောင်ပြောင်းတာကိုသီးသန့် မီးထွန်းပြီးပြသလေ့ရှိတဲ့အတွက်ကြောင့်မို့လို့ ညဘက်အထိဖွင့်ထားလေ့ရှိကြပါတယ်။ဒါကြောင့်မို့လို့ ညဘက် ကိုလဲ ကျိုတိုမြို့က ဘုရားကျောင်းတွေကို ကျိန်းသေပေါက် သွားကြည့်သင့်ပါတယ်။ 

တိုကျို

ဆောင်းရာသီရောက်ရင် တိုကျိုမြို့ကြီးကလဲ ရောင်စုံသစ်ရွက်တွေကြားထဲကနေ အေးဆေးတည်ငြိမ်နေလေ့ရှိပါတယ်။ တိုကျိုမြို့ထဲမှာရှိတဲ့ ပန်းခြံတွေမှာလဲ သစ်ရွက်တွေကိုလာကြည့်ရှုတဲ့သူတွေ အများကြီးရှိနေပြီး ညဘက်မှ မီးထွန်းပြသတဲ့ နေရာတွေလဲ အများကြီးရှိပါတယ်။

ဟိုကိုင်းဒိုး

ဟိုကိုင်းဒိုးကလဲ ဂျပန်နိုင်ငံရဲ့ မြောက်ဘက်မှာရှိပြီး ဆောင်းဦးရာသီကိုရောက်တာနဲ့ သဘာဝတရားတွေ ရုပ်လုံးကြွလာတဲ့ အချိန်လဲဖြစ်ပါတယ်။ တောင်တွေ၊ ရေကန်တွေနဲ့ ဆောင်းဦးရာသီအတွင်းဟိုကိုင်းဒိုးရဲ့ အလှက တမူထူးခြားလို့နေပါတယ်။ နောက်ပြီး အစားအသောက်တွေကလဲ အရသာရှိလှပါတယ်။ 

ဒီလိုနေရာတွေ အပြင် ဆောင်းဦးရာသီမှာတော့ လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဆောင်းဦးရာသီရောက်ရင် ခရီးသွားတဲ့ သူတွေလဲများတဲ့ အတွက်ကြောင့် ကြိုတင်ပြီးစီစဥ်ဖို့ တော့ အကြံပေးပါတယ်။ 

အကျဥ်းချုပ် 

ဆောင်းရာသီကတော့ ခရီးသွားရာသီ၊ နေထိုင်ရတာ ကောင်းတဲ့ရာသီ၊ အစားသောက်တွေအရသာရှိတဲ့ ရာသိ အစသဖြင့် ကောင်းကွက်တွေနဲ့ ပြည့်စုံလှတဲ့ရာသီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကုန်ဆုံးတာ တော်တော် မြန်လွန်းပါတယ်။ ဒါကြောင့် ‌ဆောင်းဦးရာသီကို သေသေချာ‌ချာ ပျော်ရွှင်အောင် ဖြတ်သန်းပြီး အစားအသောက်တွေကိုသေချာစားဖို့တိုက်တွန်းလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီရဲ့ ဆွဲဆောင်မှုများ Autumn in Japan: Weather, Events, Festivals and Places to Visit

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ