လူကြိုက်များတဲ့ ဂျပန် Curry - Japanese Curry

ဂျပန် Curry ကတော့ ဂျပန်နိုင်ငံမှာ လူကြိုက်များပါတယ်။ နိုင်ငံခြားသားတွေ အကြိုက်တွေ့တဲ့ အစားစာအနေနဲ့လဲ အထိပ်ဆုံးကနေ ပါဝင်တတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့ ဂျပန် Curry ရဲံ့ အခြေခံအကြောင်းအရာတွေနဲ့ ဂျပန်မှာ နာမည်ကြီးတဲ့ Curry ဆိုင်တွေကိုဖော်ပြသွားပါမယ်။ 

မာတိကာ

  1. ဂျပန် Curry ရဲ့သမိုင်းကြောင်း။
  2. ဂျပန် Curry ကိုဘယ်လိုချက်ကြမလဲ။
  3. ဂျပန် Curry နဲ့ တွဲစားလေ့ရှိတဲ့ အစားစာများ။ 
  4. ဂျပန်မှာ နာမည်ကြီးတဲ့ Curry ဆိုင်များ။
  5. အကျဥ်းချုပ်။

ဂျပန် Curry ရဲ့သမိုင်းကြောင်း။

အားလုံးသိကြတဲ့ အတိုင်း Curry က အိန္ဒိယ ရဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Curry ကတော့ ဘယ်ကနေ ဆင်းသက်လာတာလဲ။ ဂျပန်နိုင်ငံရဲ့ Curry ကလဲ အိန္ဒိယ ကနေ ဆင်းသက်ဝင်ရောက်လာတာဖြစ်ပါတယ်။ အိန္ဒိယ ကနေ တိုက်ရိုက်မဟုတ်ဘဲ အိန္ဒိယ ကနေ အင်္ဂလန်၊ အင်္ဂလန် ကနေတဆင့် ဂျပန်ကိုရောက်လာတယ်လို့ဆိုကြပါတယ်။ မေဂျီခေတ်မှာ ဂျပန်လူမျိုးတွေအကြိုက် အရသာကိုပြင်ယူပြီး ယနေ့ခေတ် အရသာမျိုးဖြစ်လာပါတယ်။ မြန်မာနိုင်ငံက Curry နဲ့မတူတာကတော့ ပိုပြီး အရည်ပျစ်ပြီး အရသာကလဲ မစပ်ပါဘူး။ Topping အနေနဲ့ တွဲဖက်ပြီးစားသောက်တဲ့ အရာတွေလဲ အများကြီးရှိပါတယ်။ 

ဂျပန် Curry ကိုဘယ်လိုချက်ကြမလဲ။

ဂျပန် Curry ကတော့ ချက်ရတာ လွယ်ကူပါတယ်။ နောက်ပြီး ကိုယ်တိုင်ချက်လို့ရှိရင် ကုန်ကျစရိတ်လဲ သက်သာပြီးချွေတာရာလဲရောက်ပါတယ်။ ဒါဆို Curry ချက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ နဲ့ကစပြီး ကြည့်လိုက်ကြအောင်။ 

လိုအပ်တဲ့ ပစ္စည်းများ 

  • အသား
  • မုန်လာဥနီ 
  • ကြက်သွန်နီ 
  • အာလူး
  • Curry အခဲတုံး

တို့ပဲဖြစ်ပါတယ်။ အသားကတော့ အများအားဖြင့် အမဲသား နှင့် ဝက်သားကိုအသုံးပြုလေ့ရှိကြပေမယ့် ကြက်သားကိုအသုံးပြု လို့လဲ ရပါတယ်။ နောက်ပြီး カレールウ(kareeruu)Curry အခဲတုံး တွေကိုအသုံးပြုလေ့ရှိကြပြီး ဂျပန်နိုင်ငံရဲ့ ကုန်တိုက်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ Curry အခဲတုံးတွေ အပြင်レトルトカレー လို့ခေါ်တဲ့ Curry အရည်တွေကို အပူပေးနွေးလို့ရတဲ့ အိတ်ထဲ ထည့်ထာတဲ့ အထုပ်တွေကိုလဲ အသုံးပြုလေ့ရှိကြပါတယ်။

 Curry အရသာကိုလဲ 甘口 (amakuchi) အချို၊ 中辛 (chuukara) ပုံမှန်၊ 辛口 (chuukara) အစပ်ဆိုပြီး ‌ရွေးချယ် နိုင်ပါတယ်။ နောက်ပြီး တချို့ ကုန်တိုက်တွေမှာကတော့ Curry ချက်ဖို့အတွက် သီးသန့် カレー用野菜セット(kareeyouyasaisetto) လို့ခေါ်တဲ့ Curry အတွက်အာလူး၊ကြက်သွန်နီ၊ မုန်လာဥနီကို Set အလိုက်ရောင်းပေးလေ့ရှိပါတယ်။ တစ်ယောက်တည်းနေတဲ့ သူတွေအတွက် တော်တော်အဆင်ပြေ‌ပြီး စျေးလဲ သက်သာပါတယ်။ 

ချက်ပြုတ်ပုံ အဆင့်ဆင့် 

အချက်ပြုတ်ပုံအဆင့်ဆင့်ကတော့ 

  • အာလူး၊ ကြက်သွန်နီ နှင့် မုန့်လာဥ နီတို့ကို အနေတော် ခန့် လှီးပါ။

  • လှီးထားတဲ့ ပါဝင်ပစ္စည်းတွေ ကို ဆီအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။

  • နွမ်းလာပါက ရေကို ပါဝင်ပစ္စည်းတွေမြုပ်တဲ့ အထိ ထည့်ပေးပါ။

  • ရေဆူ လာပါက ကာရေ အခဲတုံးတွေကို ထည့်ပေးပါ။

  • Curry အခဲတုံးတွေ ပျော်သည့်အထိ ၁၀ မိနစ်ခန့် ချက်ပေးပါ။ 

အရမ်းလွယ်ကူပြီး ရှိးရှင်းတဲ့ အတွက်ကြောင့်မိုလို့ 

ဂျပန် Curry နဲ့ တွဲစားလေ့ရှိတဲ့ အစားစာများ။ 

Topping အနေနဲ့ တွဲစားလေ့ရှိတဲ့ အစားစာများ

အများအားဖြင့် Curry ကိုတော့ တခြားအစားစာတွေကို Topping အနေနဲ့ ထည့်ပြီးစားလေ့ရှိကြပါတယ်။ အများအားဖြင့်တွေ့ရတဲ့ Topping တွေကတော့ ဝက်သားကြော်၊ ကြက်သားကြော်၊ အာလူးကြော်၊ ကြက်အူချောင်းကြော်တွေနဲ့ တွဲပြီးစားလေ့ရှိကြပါတယ်။ ဆိုင်တွေမှာဆိုရင်လဲ ဒီလို မီနူးတွေကို တွဲဖက်အစားအသောက်အနေနဲ့ မှာယူနိုင်တာတွေ များပါတယ်။ 

အချဥ်တွေနဲ့ တွဲဖက်စားသောက်လေ့ရှိ 

ဂျပန် Curry ကိုတော့ အအီပြေအောင် အချဥ်တချို့နဲ့ တွဲဖက်ပြီး စ‌ားလေ့လဲ ရှိကြပါတယ်။ 

တွဲစားများတဲ့ အချဥ် နှစ်မျိုးကတော့ 福神漬(fukujinduke) နှင့် らっきょう(rakkyou) တို့ဖြစ်ပါတယ်။

 福神漬(fukujinduke)

 福神漬(fukujinduke)ဆိုတာကတော့ ဂျပန်ရိုးရာ အချဥ်တစ်မျိုးဖြစ်ပြီး မုန့်လာဥအဖြူ၊ ခရမ်းသီး၊ ပဲဒလက်၊ ကြာစွယ်၊ သခွားသီး၊ မှိုစတဲ့ အရာတွေကိုချဥ်ဖောက်ထားတဲ့ ဟင်းရွက်အချဥ်ဖြစ်ပါတယ်။ 

 らっきょう(rakkyou)

らっきょう(rakkyou)ဆိုတာကတော့ ကြက်သွန်မြိတ်အချဥ်ဖြစ်ပါတယ်။ လုပ်နည်းလဲ လွယ်ကူပါတယ်။

ဂျပန်မှာ နာမည်ကြီးတဲ့ Curry ဆိုင်များ။

ဂျပန်မှာတော့ Curry ဆိုင်တွေ အများကြီးရှိပါတယ်။ ဒီအထဲမှာမှ နာမည်ကြီးပြီး နေရာတိုင်းမှာ စားလို့ရတဲ့ Curry ဆိုင်တွေ ကိုဖော်ပြလိုက်ပါတယ်။ 

CoCo壱番屋(ココイチ)- kokoichi

ပထမဆုံးဖော်ပြမယ့်ဆိုင်ကတော့ CoCo壱番屋(ココイチ)လို့‌ခေါ်တဲ့ ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လဲ နေရာတိုင်းမှာတွေ့ရပြီး အရသာရှိတဲ့ ဆိုင်ဖြစ်ပါတယ်။ အစပ်ကလဲ ကိုယ်ကြိုက်သလို ရွေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ အစပ်ကြိုက်တဲ့သူတွေ အတွက်အဆင်ပြေပါတယ်။ ဒါပေမယ့် အစပ်များလေ စျေးပိုပေးရလေဖြစ်ပါတယ်။ Level 12 အထိရှိပြီး ကျွန်တော်ကတော့ အများအားဖြင့် Level 4 ကိုစားလေ့ရှိပါတယ်။ 

ゴーゴーカレー - gogo curry 

gogo curry ကလဲ နာမည်ကြီးတဲ့ Curry ဆိုင်ဖြစ်ပါတယ်။ Topping တွေလဲ အများကြီးရှိပြီး ဆိုင်ခွဲတွေလဲ အများကြီးရှိပါတယ်။ 

日乃屋カレー - hinoya curry 

hinoya curry ကလဲ နေရာတိုင်းမှာတွေ့နိုင်တဲ့ ဆိုင်ဖြစ်ပြီး Topping တွေအရသာတွေလဲ စုံလင်လှပါတယ်။ ဂျပန်‌ရောက်ရင် စားကြည့်သင့်တဲ့ ဆိုင်မျိုးဖြစ်ပါတယ်။

အကျဥ်းချုပ်။

Curry က နိုင်ငံခြားသားတွေကြားထဲမှာ နာမည်ကြီးတဲ့ အပြင် စရိတ်ချွေတာဖို့အတွက် အကောင်းဆုံးအစားစာတစ်မျိုးဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ Curry လုပ်ပုံးလုပ်နည်းစလို့ ဂျပန်မှာ နာမည်ကြီးတဲ့ ဆိုင်တွေအထိဖော်ပြခဲ့ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ