Ghibli ဇာတ်ကားတွေထဲမှာ အစားအသောက်တွေက ဘာကြောင့် အသက်ဝင်လွန်းတာလဲ?

Ghibli ဇာတ်ကားတွေထဲက ဇာတ်ဆောင်တွေနဲ့အပြိုင် အစားအသောက်တွေကိုလဲ စိတ်ဝင်စားဖွယ် ကြည့်ရှုးတွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ Howl's Moving Castle ထဲက ကြက်ဥကြော်၊ နောက်ပြီး Spirited Away ထဲက နတ်အစားစာတွေ ကတော့ ပရိတ်သတ်တွေကြားထဲ အဖမ်းစားနိုင်ဆုံး ပဲဖြစ်ပါတယ်။ ဒီတခေါက် ဆောင်းပါးမှာတော့ Ghibli ဇာတ်ကားတွေမှာ အမြဲတမ်းပါဝင်လေ့ရှိတဲ့ ကြက်ဥကြော်နဲ့ပတ်သက်နဲ့ အချက်တွေ၊ နောက်ပြီး ဇာတ်ကားတွေထဲက ပါဝင်တဲ့ အစားစာတွေကို အလွယ်တကူ လိုက်လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေသွားပါမယ်။ Ghibli ရဲ့ အကြောင်း ကိုလဲ ဒီဆောင်းပါးမှာ 

Ghibli အစားအသောက်တွေက ဘာလို့ အဲ့လောက်အသက်ဝင်ရတာလဲ 

Ghibli ဇာတ်ကားထဲက အစားအသောက်တွေ တော်တော်လေး အသက်ဝင်တာကို အပေါ်မှာလဲ ပြောခဲ့ပြီးပါပြီ။ ဂျပန်မှာဆိုလဲ သတင်းစာတွေ၊ ဆောင်းပါးတွေ လူထု ပရိသတ်တွေကြားထဲမှာ Ghibli နဲ့ပတ်သက်ပြီး ချီးမွန်း ပြောဆိုမှုတွေ တော်တော်များပြားပါတယ်။ ဘာကြောင့် ဒီလောက်တောင် အသက်ဝင်မှုရှိရတာလဲ? ဒီအကြောင်းကိုတော့ National Institute of Information (NII) ဂျပန်နိုင်ငံရဲ့နည်းပညာနဲ့ သတင်းအချက်အလက် သုတေသနဌာန ကဆောင်းပါး တစ်ဆောင်ကနေ စိတ်ဝင်စားဖွယ် အချက်တွေကို ကောက်နုတ်တင်ပြသွားပါမယ်။ 

သု‌တေသန ပြုချက်တွေအရ ဆိုရင် Ghibli က ဇာတ်ဝင်ခန်းတွေမှာ ဇာတ်ကောင်တွေနဲ့ စားစရာတွေ ကို တထပ်တည်းကျတဲ့ ရိုက်ချက်မျိုးကိုအသုံးပြုထားပါတယ်။ ဥပမာ အစားအသောက်အခန်းကို ရိုက်ပြတော့မယ်ဆိုရင် ဇာတ်ကောင်တွေက အစားအသောက်တွေကို အရမ်းဆာလောင်နေတဲ့ ပုံစံ၊ ဇာတ်ကောင်တွေကဟင်းတွေကို စိတ်ဝင်တစား ချက်နေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ပြလေ့ရှိတာမို အစားအသောက်တွေရဲ့ ဇာတ်ရုပ်ကလဲ ပိုပြီးကြွလာရတာဖြစ်တယ်လို့ သုတေသနတွေရဲ့တွေရှိချက်တွေက ပြောပါတယ်။

နောက်တချက်က အစားအသောက်တွေကို reality ဆန်ဆန်သရုပ်ဖော်နိုင်စွမ်းကြောင့်ဖြစ်ပါတယ်။ ဥပမာ ကြက်ဥကြော်တဲ့ အခန်းမှာဆိုရင် ကြက်ဥ စကြော်ပြီး မာလာပြီး ကျက်လာတဲ့ အချက်တွေကို တဆင့်ချင်း တဆင့်ချင်းပုံဖော် တာကိုလဲ အသေးစိတ်ပုံဖော် ထားတာကိုတွေမြင်ရနိုင်ပါတယ်၊ ဒီလိုအချက်တေါကလဲ ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ အချက်တချက် ဆိုလဲ မမှားနိုင်ပါဘူး။ 

ဒီအချက်နဲ့ဆန့်ကျင်ဘက် နောက်တချက်ကတော့ ပန်းချီဆန်ဆန် တချို့အရာတွေကိုချုံ့ ပြီး ပိုပြီး ထင်ရှားတဲ့ နေရာတွေကို သိသာမြင်သာအောင် ဆွဲပြထားတာတွေမြင်နိုင်ပါတယ်။ 

ဥပမာ ပွန်ညို ဇာတ်ကားထဲက ရာမင်စားနေတဲ့ အခန်းမှာဆိုရင် ရာမင်ကိုပုံဖော်တဲ့နေရာမှာ အသေးစိတ်မဟုတ်ဘဲ တချို့ နေရာ တွေကို ချုံ့ ပြီး ကျန်တဲ့နေရာတွေကို ထင်ရှားသိသာအောင် ဖော်ပြ ထားတာတွေ့နိုင်ပါတယ်။ ဒိအချက်ကတော့ တခြား Anime တွေမှာလဲ တွေ့နိုင်မယ့် အချက်တချက်လို့ ကျွန်တော် ထင်ပါတယ်။ Anime တွေထဲက အစားအသောက်တေါကိုပုံဖောထဲ ဇာတ်ဝင်ခန်း တော်တော် များများက ဒီအချက်ကို အသုံးပြူပြီး ဖမ်းစားလေ့ရှိတာလဲ သတိထားမိပါတယ်။

ဒီအချက်တွေအပြင် Ghibli ရဲ့ အစားအသောက်ဇာတ်ဝင်ခန်းတွေကိုပိုပြီး ရုပ်ကြွ အသက်ဝင်စေတာကတော့ 

  • အစားအသောက်တွေကိုပြုလူပ်တဲ့ အဆင့်တွေကို တဆင့်ချင်းစီဖော်ပြခြင်း
  •  Ghibli ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ အစားအသောက်တွေက လူတိုင်း စားဖူးလေ့ရှိတဲ့ပရိတ်သတ်တွေနဲ့ ရင်နှီးပြီးသားအစားအသောက်တေါ ဖြစ်နေခြင်း တို့ဖြစ်တယ်လို သုတေသန ပြုချက်တွေက ဆိုပါတယ်။ 

ဒီအချက်တွေကတော့ Ghibli ရဲ့အစားအသောက်တွေကို ပိုပြီးတော့ အသက်ဝင်လာစေတဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်ထွက်လာမယ့် ဇာတ်ကားတွေမှာ ဘယ်လို ဆွဲဆောင်မှုတွေနဲ့ အစားအသောက်တွေကိုပုံဖော်အုံးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 

ကျွန်တော့် အတွက်ကတော့ Ghibli ဇာတ်ကားတွေကိုကြည့်ပြီး အစားအသောက်တွေကို ပိုပြီးတန်ဖိုးထားတဲ့လာတဲ့အကျင့်ကိုရလာတာလဲ အမြတ်တစ်ခုပါ။ ဒါဆို Ghibli ဇာတ်ကားထဲက လိုက်လုပ်ရလွယ်ကူတဲ့ အစားအသောက်တချို့ကိုဖော်ပြပေးသွားပါ့မယ်။ 

Ghibli အစားအသောက် တွေထဲက လိုက်လုပ်ရလွယ်ကူတဲ့ အစား အသောက်များ

 Laputa ပေါင်မုန့် 

ပထမဆုံးဖော်ပြမှာကတော့ Castle in the Sky Laputa ထဲမှာတွေ့နိုင်မယ့် ပေါင်မုန့် နဲ့ကြက်ဥအကြောင်းကိုဖော်ပြပါ့မယ်။ ဒီပေါင်မုန့် နဲ့ ကြက်ဥက တော်တော်လေးကို လွယ်လွယ်ကူကူ လိုက်လုပ်စားလို့ရနိုင်ပြီး မနက်စာ၊ နေ့လည်စားအဖြစ်လဲ ပေါ့ပေါ့ပါးပါးစားနိုင်ပါတယ်။ အကောင်းဆုံးကတော့ မနက်စာအနေနဲ့ စားတာ အသင့်တော်ဆုံးလလို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မနက်ပိုင်းမှာဆို အလုပ်ရှုပ်ပြီး အချိန်ကုန်သက်သာတဲ့ မနက်စာ ကိုစားတာအကောင်းဆုံးမို့ အချိန်ကုန်ငွေသက်သာ တဲ့ ဒီ ပေါင်မုန့်နဲ့ကြက်ဥလေးကို မနက် အလုပ်သွားချိန်၊ ကျောင်းသွားချိန်မှာ စားဖို့အကြံပေးချင်ပါတယ်။ 

လုပ်ပုံလုပ်နည်းလေးကလဲလွယ်လို့ တချက်လောက်ကြည့်လိုက်ကြရအောင်။ ဒီလုပ်နည်းလေးကိုတော့ ကျွန်တော်ကိုယ်တိုင်လဲ လိုက်လုပ်ဖူးတဲ့ Cookpad ရဲ့ လုပ်ပုံလုပ်နည်းလေးကို ဘာသာပြန်ပေးလိုက်ပါတယ်။ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ 

  • ပေါင်မုန့်တချပ် 

  • ကြက်ဥ တလုံး

  • ငရုတ်ကောင်း၊ ဆား အနည်းငယ်

  • မရောနိစ် 

ပေါင်မုန့် ပတ်ပတ်လည်ကို မရောနီစ် တွေ ဆမ်းပြီး အလယ်မှာကြက်ဥကိုတင်ပြီး ကြက်ဥအပေါ်မှာ ဆား၊ ငရုတ်ကောင်းကို အနည်းငယ် ဖြူးပြီး Oven ထဲ ၃-၄ မိနစ်လောက်ထည့်ပြီး ကင်လိုက်ပြီး ထပ်ပြီး microwave ထဲမှာ ၁မိနစ်လောက် ပြန်နွေးလိုက်ရင် စားလို့ရပါပြီ။ 

 Oven တို့ microwaveတို့မရှိရင်တော့ ဒီအတိုင်းပေါင်မုန့်ကို ဒယ်အိုးနဲ့ ကင်ပြီး ကြက်ဥကိုလဲ ဒီအတိုင်းကြော်ပြီး ပေါင်မုန့်ပေါ် တင်စားရင်ဖြစ်ပါတယ်၊။ 

Howl's Moving Castleထဲက bacon egg

Howl's Moving Castle ထဲက Howl မနက်စားအဖြစ်အစားတဲ့ ဝက်သားပြားနဲ့ ကြက်ဥ ကြော်ကလဲ လူတိုင်း မှတ်မိကြမယ်ထင်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာဆိုရင် ဟင်းချက်ပုံချက်နည်းတွေကို အသေးစိတ်ပုံဖော်ထားတာမလို့ ကြည့်တဲ့သူတွေရင်ထဲ စွဲကျန်စေတဲ့ ဇာတ်ဝင်ခန်းတခန်းလဲ ဖြစ်ပါတယ်။ ဒီအခန်းမှာတွေ့ရတာကတော့ ဆိူဖီယာက ကြက်ဥကြော်နေတုန်း  Howl ပြန်‌ရောက်လာပြီး bacon တွေထည့်ပြီး မနက်စာစားလိုက်ပါတယ်။ ပြုလုပ်နည်းကလဲ လွယ်ကုပြီးရိုးရှင်းလှပါတယ်။ 

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ 

  • bacon ၂ ချပ် 

  • ကြက်ဥ ၂ လုံး

  • ဆီ

ပြူလုပ်နည်းကတော့  bacon ကိုအရင် ဆီနဲ့ကြော်ပြီး  bacon တဖက်ကျက်ရင် လှန်ပြီး အဲ့အချိန်မှာ ကြက်ဥကိုကြော်ပြီး ကြက်ဥ အကာ ကျက်သွားတဲ့အချိန်မှာ စားလို့ရပါပြီ။ 

မရောနိစ်၊ ဆား၊ ခရုတ်ကောင်းတို့ကိုတော့ အဆင်ပြေသလို ဆမ်းစားလို့ရပါတယ်။ 

Haku ရဲ့ ထမင်းဆုတ်

Spirited Away ထဲမှာတွေ့ရတဲ့ Haku က Chihiro ကို ကျွေးတဲ့ ထမင်းဆုတ်လေးကိုလဲ လူတိုင်းသတိထားမိမယ်ထင်ပါတယ်။ ဒီထမင်းဆုတ်လေးက လဲ လိုက်လုပ်ရလွယ်ကူပါတယ်။ ဇာတ်ကားထဲမှာတော့ လုံးဝ ထမင်းချည်းပဲဆိုပေမယ့် ပိုပြီးတော့ အရသာရှိအောင် နှမ်းဖြူတွေ ထည့်နှယ်ပြီးစားရင် ပိုပြီးတော အရသာရှိပါတယ်။ ဂျပန် ထမင်းဆုတ်တွေကိုလဲ ရန်ကုန်က City Mart တွေမှာ အလွယ်တကူဝယ်စားလို့ရနိုင်ပါတယ်။ 

Cheese ပေါင်မုန့် 

The Secret World of Arrietty ထဲမှာတွေ့ရတဲ့ သူတို့အိမ်ပြောင်းလာခါစ မိသားစူတွေနဲ့ အတူတူ စားကြတဲ့ ချိစ် ပေါင်မုန့်လဲ လွယ်ကုရိုးရှင်းပြီး လိုက်လုပ်ရလွယ်ကူပါတယ်။ ဒါကြောင့် မနက်စာ အနေနဲ့ရော ဗိုက်ဆာတဲ့အချိန်မှာ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး စားလို့ရနိုင်တဲ့ အစားအသောက်မျိုးဖြစ်ပါတယ်။ ရေ‌နွေးကြမ်း ‌လေး နဲ့ စားရင်တော့ တော်တော် လေးကို အရသာရှိပါတယ်။ 

Ghibli ရဲ အစားအသောက်တွေကို တရားဝင်ထုတ်ထားတဲ့ ဟင်းချက် စာအုပ်လဲရှိပါတယ်။ 

ယခုချိန်အထိတော့ တရားဝင် ၂ အုပ်ပဲ ရှိပါတယ်။ 

My Neighbor Totoro

Earwig and the Witch

၂ အုပ်ထွက်ထားပါတယ်။ စိတ်ဝင်စားရင် ဝယ်ဖတ်ကြည့်ကြပါ။

ကြက်ဥ ကြော် က အနောက်တိုင်း အစားစာလား? ဂျပန်အစားစာလား?

ကြက်ဥကြော်က ဂျပန်အစားစာလား၊ အနောက်အတိုင်းအစားစာလား။ ဒီကိစ္စနဲပတ်သက်ပြီးTwitter မှာ ကြက်ဥကြော်ကို ငံပြာရည်နဲ့ စားမလား၊ ဆော့စ်နဲ့စားမလား ဆိုတဲ့ ငြင်းပွားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ တချို့တွေကတော့ ကြက်ဥကြော်က ဂျပန်ရိုးရာ အစားစာမို့လို့ ဂျပန်ငံပြာရည် Shouyu ထည့်စားတယ် လို့ပြောတဲ့သူတွေက တဖက်၊ ကြက်ဥကြော်ကအနောက်တိုင်း အစားစာမို့လို့ ဆော့စ်နဲ့ စားရမယ် ဆိုတဲ့သူတွေက တဖက် ဖြစ်ပါတယ်။ ဒီနေရာမှာ ကြက်ဥကြော် လို့အလွယ်ဘာသာပြန်လိုက်ပေမယ့် 

玉子焼き(たまごやき)ကိုဆိုလိုတာ မဟုတ်ဘဲ 目玉焼き(めだまやき) မြ မြန်မာမှာဆိုရင် တော့ Half-Fried Egg ကိုဆိုလိုတာပါ။ ဒီ၂ ခုက မတူသလို 玉子焼き(たまごやき)ဆိုတဲ့ ကြက်ဥကြော်ကတော့ ဂျပန်စတိုင် လုံးဝထူးခြားနဲ့ ကြော်ပုံကြော်နည်းပါ။ အောင်မှာ ဒီနှစ်ခုကိုနှိုင်းယှက် ပြသပေးထားပါတယ်။ 

ဒါဆို 目玉焼き(めだまやき) မြန်မာမှာဆိုရင် တော့ Half-Fried Egg က ဂျပန်အစားစားလား အနောက်တိုင်းစားစရာလားဆိုတာကို Ghibli ရဲ့ပဲ့ ကိုင်ရှင် ဒါရိုက်တာကြီးက Miyazaki Hyao က 目玉焼き(めだまやき)က အနောက်တိုင်းအစားစာမို့လို့ ဆော့စ် နဲ့စားတယ်လို့ပြောလိုက်တဲ့အကြောင်းကလဲ Twitter မှာ လူပြောများတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ စာဖတ်သူတွေကတော့ ဘယ်လို ထင်ကြပါသလဲ။

ဒီဆောင်းပါးမှာတော့ Ghibli နဲ့ပတ်သက်ပြီး အစားအသောက်တွေကို ဖော်ပြပြီး အစားအသောက်တွေကဘာလို့ အဲလောက် အသက်ဝင်ရလဲ ဆိုတာ တွေကို သုတေသန စာတမ်းတွေကို ကိုးကားပြီးဖော်ပြခဲ့တဲ့အပြင် ဇာတ်ကားတွေထဲမှာ တွေ့နိုင်တဲ့ လိုက်လုပ်ရလွယ်ကူတဲ့ Recipe တွေကို ဖော်ပြခဲ့ပါတယ်။ Ghibli ပရိတ်သတ်တွေအတွက် အသုံးဝင်ပြီးကောင်းမွန်တဲ့ ဆောင်းပါးဖြစ်လိမ့်မယ်မျှော်လင့်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ Ghibli ဇာတ်ကားတွေထဲမှာ အစားအသောက်တွေက ဘာကြောင့် အသက်ဝင်လွန်းတာလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ