ဂျပန်မှာ နေ့စဥ်သုံးပစ္စည်းဝယ်ခြင်း

ဂျပန်မှာ နေ့စဥ်သုံးပစ္စည်း ဘယ်မှာဝယ်ရလဲ? ဘယ်လိုဆိုင်အမျိုးအစားတွေရှိလဲ? စတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။ 

မာတိကာ

၁။ ဂျပန်မှာ စျေးဝယ်ခြင်း

၂။ စားသောက်ကုန်ပစ္စည်းများနှင့် နေ့စဥ်သုံးပစ္စည်းများ

၄။ အွန်လိုင်းမှစျေးဝယ်ခြင်း

၅။ အနှစ်ချုပ်

ဂျပန်မှာ စျေးဝယ်ခြင်း

အဓိက အကြောင်းအရာကိုမဝေမျှခင် ဂျပန်က စတိုးဆိုင်တွေက ဘယ်လိုအနေအထားလဲဆိုတာကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ 

ပွိုင့်ကတ်  (ポイントカード) 

ဂျပန်နိုင်ငံမှာ ‌‌စျေးဝယ်တဲ့အခါမှာ အများဆုံးတွေ့ရလေ့ ရှိတဲ့ အလေ့အထတစ်ခုကတော့ ပွိုင့်စုဆောင်းခြင်းဖြစ်ပါတယ်။ ပွိုင့်ကိုစု‌ဆောင်းပြီး အဲ့ပွိုင့်တွေနဲ့ စျေးပြန်ဝယ်ခြင်း၊ လျှော့စျေးရယူခြင်း စတဲ့အကျိူးကျေးဇူးတွေရှိပါတယ်။ ငွေရှင်းကောင်တာ ‌ရောက်ရင် ပထမတဆုံး အမေးခံရမှာက ポイントカードお持ちでしょうか?(ပွိုင့်ကတ် ရှိပါသလား) ဆိုပြီး အရင်ဆုံး အမေးခံရပါလိမ့်မယ်။

ကိုယ်ပိုင်အိတ် (エコバッグ・マイバッグ)

ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်တဲ့အနေနဲ့ နေရာအများစု၊ကုန်တိုက်အများစု၊ဆိုင်အများစုမှာ ပလတ်စတစ်အိတ်တွေကို အခမဲ့ မပေးကြပါ။ စျေးဝယ်သူတွေကိုလဲ ကိုယ်ပိုင်အိတ်ယူလာစေရန် တိုက်တွန်းလေ့ရှိပြီး အကြိမ်အကြိမ်အသုံးပြူလို့ရတဲ့ အိတ်တွေကိုလဲ ရောင်းချပေးလေ့ရှိပါတယ်။ 

ရာသီအလိုက်ပစ္စည်းများ

Image Credit:  ©Meiji Co., Ltd - Winter Limited-Time Melty Kiss

ဂျပန်နိုင်ငံသည် ရာသီအပိုင်းအခြားလိုက် အစားအသောက်တွေပေါများပြီး ကုန်တိုက်တွေ ဆိုင်တွေမှာလဲ ရာသီပေါ် အစားအသောက်များကို မကြာခဏတင်ထားလေ့ရှိပါတယ်။ ရာသီအလိုက် ရာသီပေါ် ကုန်ပစ္စည်းများ အစားအသောက်များကို စားသုံးရတာလဲ ပျော်စရာတစ်ခုပါ။

စူပါမားကက်

မှာဆို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါး စတဲ့ စားသောက်ကုန်တွေက တနှစ်ပတ်လုံးအပြောင်းအလဲ ရှိပါတယ်။ ဥပမာ နွေရာသီမှာဆိုရင် ဖရဲသီး၊ မက်မွန်သီး၊ သခွါးမွှေးသီးတွေ တွေ့ရတတ်ပြီး အသားငါးတွေထဲမှာဆိုရင် ငါးရှဉ့်ကိုတွေ့ရနိုင်ပါတယ်။ ဆောင်းရာသီမှာဆိုရင် စတော်ဘယ်ရီသိးတွေ ကိုစျေးချိူချိူနဲ့ပေါပပေါများများဝယ်ယူနိုင်ပါတယ်။

ယန်း၁၀၀ ဆိုင်

ယန်း၁၀၀ဆိုင်မှာလဲ ရာသီပေါ်လိုက်၍လိုအပ်တဲ့ ပစ္စည်းတွေကို အပြောင်းအလဲ အနေနဲ့တွေ့ရတတ်ပါတယ်။ ဥပမာ နွေရာသီရောက်ရင် နွေရာသီးပစ္စည်းတွေဖြစ်တဲ့ အိမ်အလှဆင်ပစ္စည်းများ၊ ပူပြင်းလှတဲ့ နွေရာသီမှာ အသုံးဝင်မယ့်ပစ္စည်းများကိုတွေ့ရတတ်ပါသည်။ ဆောင်းရာသိရောက်ရင် လက်အိတ်များ ခြေအိတ်များ မာဖလာများရောင်းချလေ့ရှိပြီး နွေဦးရာသီမှာတော့ဆာကူရာပန်းပွင့်ဒီဇိုင်းနှင့် ပျော်ပွဲစာဖျာများကိုတွေ့ရတတ်ပါသည်။ 

‌ဆေးဆိုင်များ

ဆေးဆိူင်တွေမှာလဲ ရာသီအလိုက် ပစ္စည်းများကိုဝယ်နိုင်ပါတယ်။ အသိသာဆုံးအချက်ကတော့ အလှကုန်ပစ္စည်းတွေဖြစ်ပြီး ပစ္စည်း အခင်းအကျင်းပုံစံတွေဖြစ်ပါတယ်။ နွေရာသီ‌‌ရောက်တာနဲ့ ဆေးဆိုင်တွေမှာ အ‌အေးဓာတ်ပေးတဲ့တီရှပ်၊ Sunscreen၊  wet wipes၊ deodorantစတဲ့ပစ္စည်းတွ့ရတတ်ပြီး တချို့ဆိုင်တွေမှာဆိုရင် နောက်ဆုံးထွက် ဆေးများ၊ အလှကုန်ပစ္စည်းများ ကိုတွေ့ရတတ်ပါသည်။

 စားသောက်ကုန်ပစ္စည်းများနှင့် နေ့စဥ်သုံးပစ္စည်းများ

ဂျပန်နိုင်ငံမှာရှိတဲ့ စတိုးဆိုင်အမျိုးအစားကို ဖော်ပြ သွားပါ့မယ်။

စူပါမားကက်

စူပါမားကက်ကို ဂျပန်လိုအတိုကောက်  suupaa (スーパー)လို့ခေါ်ကြပြီး အဓိကအားဖြင့် စူပါမှာဆိုရင် အစားသောက်ကုန်ပစ္စည်းတွေ၊ အသား၊ ငါး၊ ရေခဲရိုက်ပစ္စည်းတွေ များပြားပါတယ်။

ပြိးတော့ နေ့စဥ်သုံးပစ္စည်းတွေ ဖြစ်တဲ့ အိမ်သာသုံးစက္ကူ၊ သွားတိုက်ဆေး စသည့်ကုန်ပစ္စည်းတွေကတော့ တချို့ ကုန်တိုက်တွေမှာ အကန့်အသတ်နဲ့ရနိုင်ပေမယ့် တချို့ ကုန်တိုက်တွေမှာတော့ လုံးဝ မရနိုင်ပါဘူး။ ဒိလိုပစ္စည်းတွေကတော့ ဆေးဆိုင် ယန်း၁၀၀ တန်ဆိုင်တို့မှာပဲ အလွယ်တကူရနိုင်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ နာမည်ကြိး ကုန်တိုက်တချို့ကတော့ 

  • Maruetsu

  • Seiyu

  • AEON

  • Tobu Store

  • Life

  • Ito-Yokado

  • Gyoumu တို့ပဲဖြစ်ပါတယ်။

ဆေးဆိုင်

Photo Credit: DLKR on Unsplash

တချက်ထပ်လောင်းပြောချင်တာက ဆေးဆိုင်ဆိုပေမယ့် ဆေးတစ်မျိုးတည်းမဟုတ်ပဲ အလှကုန်၊ နေစဥ်သုံးပစ္စည်း အစသဖြင့် အမျိူးမျိုးဝယ်ယူလို့ရနိုင်ပါတယ်။ တချို့ဆေးဆိုင်တွေမှာဆိုရင် အသားငါးတွေပါ ဝယ်ယူလို့ရပါတယ်။ 

နာမည်ကြီးတဲ့ ဆေးဆိုင်တွေကတော့

  • Matsumoto Kiyoshi

  • Welcia

  • Tomod’s

  • Cocokara

  • Sugi တို့ပဲဖြစ်ပါတယ်။

Convenience စတိုးဆိုင်

ဂျပန်မှာတော့ Convenienceစတိုးဆိုင်တွေကို kombini (コンビニ)လို့ခေါ် ကြပြီး နေစဥ်ဘဝအတွက်လိုအပ်တဲ့ ပစ္စည်း အစုံအလင်ရရှိနိုင်တဲ့ နေရာပါ။ ကုန်တိုက်တွေ တခြားပစ္စည်းတွေဝယ်ရမယ့်နေရာ တော်‌တော်ဝေးပါက အနီးအနားက Convenienceစတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူ နိုင်ပါတယ်။ ဒါပေမယ့် Convenienceစတိုးဆိုင်တွေက တခြားကုန်တိုက်တွေထက်စျေးကြီးတယ်ဆိုတဲ့အချက်ကိုတော့ သတိပြုသင့်ပါတယ်။လူသိများတဲ့ Convenienceစတိုးဆိုင်တွေကတော့ 

  • 7-Eleven

  • FamilyMart

  • Lawson

  • Daily Yamazaki

  • Ministop

  • SeicoMart

  • Tomony တို့ပဲဖြစ်ပါတယ်။

ယန်း၁၀၀ ဆိုင်

ယန်း၁၀၀ ဆိုင်ဆိုတဲ့ နာမည်အတိုင်းပဲ ပစ္စည်းတော်‌တော်များများကို ယန်း၁၀၀နဲ့‌‌ရောင်းနေတဲ့ဆိုင်ဖြစ်ပြီး တချို့ ပစ္စည်းတွေက ယန်း၁၀၀ ကျော်ပါတယ်။ ဘယ်လိုခွဲရမလဲဆိုတော့ ယန်း၁၀၀ဆိုစျေးမကပ်ထားဘဲ ယန်း၁၀၀ ကျော်တဲ့ ပစ္စည်းဆို ‌‌စျေးကပ်ထားပါတယ်။ ယန်း၁၀၀ ကျော်ဆိုပေမယ့် တော်တော် ‌စျေးတန်တဲ့ပစ္စည်းတွေများပါတယ်။ 

ယန်း၁၀၀ ဆိုင်မှာတော့ မီးဖိုချောင်သုံးပစ္စည်းတွေ သန့်ရှင်းရေးပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ အစားသောက် အစသဖြင့် ယန်း၁၀၀ မှစပြီး စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ပါတယ်။ 

နာမည်ကြီးယန်း ၁၀၀ ဆိုင်တွေကတော့ Daiso

  • Seria

  • CanDo

  • Watts

  • Lawson Store 100

တို့ပဲဖြစ်ပါတယ်။

အထွေထွေ ပစ္စည်းများနှင့် လူသုံးကုန်များ

အထွေထွေ ပစ္စည်းများနှင့် လူသုံးကုန်ရောင်းဆိုင်မှာတော့ နေ့စဥ် လိုအပ်တဲ့ပစ္စည်းတွေ၊ အိမ်ထောင်ပရိဘောဂတွေ အတွေ့ရများပါတယ်။ ဒိလိုဆိုင်မျိုးတွေက ဆိုင်အပေါ်မူတည်ပြိး အမျိုးမျိုးကွဲပြားသောကြောင့် ဥပမာပေးရခက်ပါတယ်။ အများအားဖြင့်တော့ မီးဖိူချောင်ပစ္စည်းတွေ၊ တကိုယ်ရည်သုံးပစ္စည်းများ၊ ရာသီအလိုက်ပစ္စည်းများ စာရေးကိရိယာများ ရောင်းလေ့ရှိပါတယ်။ 

အထွေထွေ ပစ္စည်းများနှင့် လူသုံးကုန်ရောင်းဆိုင်တွေထဲမှာ လူသိများတဲ့ဆိုင်တွေကတော့

  • Don Quijote

  • Tokyu Hands

  • Loft

  • HAPiNS / PASSPORT

  • Francfranc

  • MUJI

  • 3COINSတို့ပဲဖြစ်ပါတယ်။

 စျေးဝယ်ပစ္စည်းတွေအကုန်အစုံအလင်ရတဲ့နေရာများ

တနေရာချင်းသွားပြီး ‌‌စျေးဝယ်တာထက် လိုချင်တာတွေ ကိုတနေရာတည်းစုဝယ်လို့ရမယ်နေရာတွေလဲရှိပါတယ်။

Shopping Plaza ショッピングプラザ

Photo Credit: わたらせみずほ - 投稿者自身による著作物, CC 表示-継承 3.0

Shopping Plaza ‌တွေထဲမှာတော့ Aeon က လူသိအများဆုံးနှင့် အကြီးဆုံးဖြစ်ပါတယ်။ Aeonကုန်တိုက်ထဲမှာဆိုရင်တော့ စူပါမားကက်၊ ဆေးဆိုင်၊ ပန်းဆိုင်၊ အထွေထွေ ပစ္စည်းရောင်းဆိုင် အစသဖြင့် အစုံအလင်ရနိုင်ပါတယ်။ 

 Aeonမှာဆိုရင် ကားပါကင်ကလဲကျယ်ပြီး မိသားစုအလိုက်စျေးဝယ်ရတာ တော်တော် အဆင်ပြေပါတယ်။ ကားနဲ့ဆိုတော့ ပစ္စည်းအများကြီးကို တကြိမ်တည်းနဲ့ဝယ်နိုင်ပါတယ်။

AEON Mall Homepage

နာမည်ကြီးတဲ့ ဂျပန်င်ငံရဲ့ Shopping Plazaကတော့ 

  • AEON 

  • LIVIN by Seiyu

Shopping Street 商店街

Shoutengaiတွေကတော့ မြို့တစ်မြို့ရဲ့ စီးပွာရေးအချက်အခြားကျတဲ့ နေရာတွေဖြစ်ပါတယ်။ Shoutengaiတွေမှာ ဆိုင်မျိုးစုံတွေ့ရပြီး ဝန်ဆောင်မှု အမျိုးမျိုးရနိုင်ပါတယ်။ 

ပုံသေသတ်သတ်မှတ်ထားမရှိပဲ သင်လိုချင်တာတွေကို Shoutengaiတွေမှာ လိုက်ရှာကြည့်တာ တော်တော် အဆင်ပြေတဲ့အချက်တချက်ပါ။ Shoutengaiတွေမှာဆိုရင် ဆေးဆိုင်၊ ဆေးခန်း၊ ဆံပင်ညှပ်ဆိုင်၊ အသားဆိုင်၊ သစ်သီးဆိုင်တွေ၊ ငါးဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ ပေါင်မုန့်ဆိုင်၊ ဖိနပ်ဆိုင်၊ အဝတ်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဖိနပ်ပြဆိုင်၊ အစသဖြင့်တော်တော် စုံလင်ပါတယ်။ စားသောက်ဆိုင်တွေတော်‌တော်များများကိုလဲ တွေ့နိုင်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အထင်ကရ Shoutengaiတွေကတော့ 

  • Ueno Ameyoko

  • Togoshi Ginza 

  • Omotesando

  • Osu 

  • Kawasaki Daishi Nakamise

တို့ပဲဖြစ်ပါတယ်။

 အွန်လိုင်းမှစျေးဝယ်ခြင်း

အလေးကြီးတွေဝယ်ပြီး အိမ်မပြန်ချင်ဘူးလား။ အလုပ်ရှုပ်ပြီး စျေးဝယ်ဖို့ အချိန်မရှိဖြစ်နေလား။ ဒါမှမဟုတ် ‌သင့်တော်တဲ့စျေးနဲ့ဝယ်လို့ရမယ့် နေရာတွေကိုရှာဖွေနေလား။ ဖက်ရှင်တစ်ခုတည်းမဟုတ်ပဲ နေစဥ်သုံးပစ္စည်းကအစ ဟင်းသီးဟင်းရွက်တွေကိုပါ တနေရာတည်း ဝယ်ချင်တယ်ဆိုရင်တော့ အွန်လိုင်းမှာ စျေးဝယ်လိုက်ပါ။ 

ပိုက်ဆံချွေတာဖို့နဲ့ ထွက်ငွေကို နည်းသထက် နည်းအောင် ကြံဆ နေရင်‌တော့ အွန်လိုင်းပေါ်က ပစ္စည်းစျေးနှူန်းနဲ့ အပြင်ဆိုင်တွေရဲ့စျေးနှုန်းကို နှိုင်းယှဥ်ပြီး ဝယ်တာကိုကြံပြုချင်ပါတယ်။သတ်မှနတ်ထားတဲ့ပမာဏ စျေးဝယ်မယ်ဆိုရင် ပို့ဆောင်ခလဲ အခမဲ့ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အထင်ကရ အွန်လိုင်းစတိုးတွေကတော့

  • Amazon

  • LOHACO by Askul

  • AEON

  • Rakuten

  • PayPay Mall

  • Cocokara

  • Matsumoto Kiyoshi

တို့ဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ စျေးဆိုင်တွေ၊ စျေးဝယ်ရမယ့် နေရာတွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ စျေးဝယ်မယ့် နေရာ၊ ဝယ်မယ့် ပစ္စည်းတွေကိုလိုက်ပြီး သေချာချင့်ချိန်ပြိးဝယ်မယ်ဆိုပါက မိမိလိုချင်သော ပစ္စည်းတွေကို စျေးနှူန်းသက်သက်သာသာနဲ့ အရည်အသွေးကောင်းကောင်း နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်မှာ နေ့စဥ်သုံးပစ္စည်းဝယ်ခြင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ