ဗီဇာနှင့် ထမင်းဆို ဘာအရသာရမလဲ။ ဂျပန်နိုင်ငံမှာစားနိုင်မယ့် ဒိုမီနိုပီဇာအရသာ ကိုစားခဲ့တဲ့ အတွေ့အကြုံကို ဝေမျှသွားပါ့မယ်။

ကျွန်တော်တို့ စားခဲ့တဲ့ ဒီုမီနို ပီဇာကတော့ ပီဇာမုန့်အပြားပေါ်မှာ ပါဝင်ပစ္စည်းတွေကိုတင်ထာမဟုတ်ဘဲ ထမင်းပေါ်မှာတင်ထားတဲ့ ပီဇာအမျိုးအစားဖြစ်ပါတယ်။ ဂျပန်တွေတော့ ထမင်းပေါ်မှာ မလိုက်မဖက်တွေ စားနေပြီလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် တကယ်ကိုအရသာရှိလှပါတယ်။ 

ဒိုမီနိ ကတော့ နှစ်တွေအများကြီး အချိန်ယူပြီးတီထွင်ခဲ့တဲ့ မီနိုးတစ်ခုရှိပါတယ်။ ဒီမီနူးကတော့ ဂျပန်အရသာပီဇာ ထမင်းဗူးဖြစ်ပါတယ်။ ထောပတ် ထမင်းပေါ်မှာချီစ်တွေအများကြီး ထည့်ပြီး မုန့်ဖုန့်စက်ထဲမှာ ထည့်ပြီး လုပ်ထားတဲ့ ပီဇာလို့ တရားဝင် ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ ဂျပန်တွေတော့မဟုတ်တာတွေ လုပ်နေကျပဲ ဆိုပြီး သင်ထင်ကောင်းထင်ပြီး ရယ်နေလိမ့်မယ်။ အမှန်တော့ ဒီမီနုးက ဂျပန်တွေ အနေနဲ့တောင် ရူးကြောင်ကြောင်နိုင်တဲ့ မီနူးတမျိုးဖြစ်ပါတယ်။ 

WeXpats ရဲ့ ဂျပန်လူမျိုး ဝန်ထန်းတယောက်ဆိုရင် ပီဇာ ကိုထမင်းနဲ့စားရလိမ့်မယ်လို့ လုံးဝကိုမထင်ထားမိဘူး ဆိုပြီးပြောနေခဲ့ပါတယ်။ ဒါပေမယ့် ထမင်း ဟမ်ဘာကာ ကိုတော့အရမ်းကြိုက်တယ်လို့ပြောနေခဲ့ပါတယ်။ ဒီလို ထမင်းဟမ်ဘာကာ ကိုတော့ ကြိုက်ပြီး ထမင်း ပီဇာ ကျတော့ ထူးဆန်းတယ်လို့ ဘာကြောင့်တွေးတာဘာလိမ့်။ ကျွန်တော်တို့အဖွဲ့ သားတွေကတော့ ဒီလို ဂျပန်လူမျိုးတွေတောင် ထူးဆန်းကြောင်တောင်နိုင်တယ်လို့ ထင်ကြတဲ့ အရသာ ကိုစားကြည့်ခဲ့ကြပါတယ်။ အရသာကတော့ ဂျပန်ဆန်ဆန် အရမ်းကောင်းတဲ့ အရသာမျိုးရပါတယ်။

ရုတ်တရက် ရယ်ချင်သွားနိုင်‌လောက်တဲ့ ပီဇာနှင့် ထမင်းအတွဲ 

2023 ခုနှစ် မေလ ယခုလက်ရှိ ဂျပန်မှာ ရောင်းချလျက်ရှိတဲ့ ပီဇာထမင်းပေါင်း ၇ မျိုးရှိပါတယ်၊။ ဒီတခေါက်မှာတော့ ကမ္ဘာ တဝှမ်းလုံးနဲ့ ရင်းနှီးပြီးသားဖြစ်သော ဒိုမီနို de luxe နှင့်ဂျပန်အရသာ စတဲ့ ၂မျိုးကို ရွေးချယ်ပြီး စားခဲ့ကြပါတယ်။ 

အရင်ဦးဆုံး ဒိုမီနို de luxe ကနေ စပြီးစားပါ့မယ်။ စစချင်း ဇွန်းထည့်လိုက်ရုံနဲ့ ထမင်းပူပူပေါ်မှာ ချီစ်တွေ အများကြီး ဖုံးနေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် AI နဲ့လုပ်ထားတဲ့ပုံစံ လိုမျိုး ဖြစ်နေပေမယ့် အရသာက ဘယ်လိုပုံစံ ပါလိမ့်။ 

အားလုံးရယ်နေကြတာတွေ့ရမှာပါ။ အရမ်းရူးကြောင်ကြောင်နိုင်တဲ့ အရသာမို့လို့လား။ ပါးစပ်ထဲ စစထည့်လိုက်ချင်း ရင်းနှီးနေတဲ့ အရသာတမျိုး ပါးစပ်ထဲ ပျော်ဝင်သွားပါတယ်။ အဲဒီ ချီစ် အရသာနဲ့ ထောပတ် ထမင်းက တော်တော်အလိုက်ဖက်ညီလွန်ပြီး ပြောပြမတတ်အောင် အရသာရှိလွန်းလှပြီး ခေါင်းတွေ တောင်ရှပ်‌ထွေးပါတယ်။ 

တကယ်လို့ ထောပတ်ထမင်းမဟုတ်ဘဲ ပုံမှန် ထမင်းဆိုပါက ပီဇာ ဆော့စ်ရဲ့အရသာ က အရမ်းပြင်းလွန်းပြီး သိပ် လိုက်ဖက်မညီလောက်ဘူးထင်ပါတယ်။ ဒီတချက်ကို တော်တော် လေးသဘောကျပါတယ်။ ဒီတချက်ကို သေချာ စဥ်းစားထားတဲ့ဒိုမီနို ကိုလဲ ချီးကျိူးမိပါတယ်။ ဘာလို့ရယ်နေလဲဆိုတဲ့ အဖြေကတော့ ဒီမှာပါ။ ဒီအတိုင်းကြည့်လိုက်ရင် AI နဲ့လုပ်ထားတဲ့ တော်တော် အရုပ်ပေါက်နေတဲ့ အစားစာဆိုပေမယ့် စားလိုက်ရင် ထက်တန်းဆန်လွန်းနေလို့ ရယ်လိုက်မိတာပါ။ 

နောက် တစ်ခုဖြစ်တဲ့ ဂျပန်အရသာပီဇာကတော့ အားလုံး တစ်ညီတညာတည်း စားလို့ကောင်းလိုက်တာဆိုပြီးပြောကြပါတယ်။ သေသေချာချာ ဂျပန်အရသထွက်ပြီး ဂျပန် ငံပြာရည်အရသာနဲ့ ထမင်းအရသာကလဲ တော်တော်ကိုအရသာရှိလှပါတယ်။ ဗိုက်ပြည့်သွားပြီလို့ပြောရင်းဆက်စားနေကြတဲ့ ဝန်ထမ်းတွေ လဲရှိပါတယ်။ ဒီ ပီဇာ ထမင်းရဲ့ ကောင်းတဲ့ အချက်တချက်ကတော့ကြက်သား ကို လုံးဝ နူးညံ့နေအောင် ကင်ထားတဲ့ အချက်ဖြစ်ပါတယ်။ ဒီအရသာ နှစ်မျိုးကို စားရင်း အံ့သြ မှင်သက်နေကြပေမယ့် နောက်ပိုင်းမှာပိုပြီးတော့အံ့သြစရာကောင်းတဲ့ အရသာ တွေက စောင့်နေပါတယ်။ 

ဒိုမီနိုအပေါ်ထားတဲ့ အမြင်တွေ ပြောင်းသွားစေမယ့် ဂျပန်နိုင်ငံမှာသာရနိုင်မယ့် အမဲသားကင် ပီဇာ 

အမှန်တော့ ပီဇာ ထမင်းမဟုတ်ဘဲ ဂျပန်နိုင်ငံမှာပဲ သီးသန့်ရောင်းတဲ ပီဇာ ကိုမှာယူခဲ့တာပါ။ ဒီပီဇာနာမည်ကတော့ QUATTRO NIPPON ဖြစ်ပါတယ်။ ဂျပန်မှာသာရနိုင်မယ့် ကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြူထားတာဖြစ်ပါတယ်။ ငါးဥ နဲ့ ကောက်ညှင်း ၊ ငါးဥနဲ့ မရောနီစ် စတဲ့ စတဲ့ အရသာ ၄ မျိုးပေါင်းစပ်တဲ့ ပီဇာကတော့ အရမ်းကို အထူးစပယ်ရှယ်ဆန်လွန်း ပါတယ်။ အဲ့ အထဲမှာမှ အမဲသားပီဇာ ကတော့ လုံးဝ ပုံမှန်နဲ့ သွေဖယ်နေတဲ့ အရသာမျိုးဖြစ်ပါတယ်။ 

ပီဇာ မှာ တင်လေ့ရှိတဲ့ အသားလို့ပြောရင် ဝက်သားခြောက် ဆို့လိုမျိုး အသားတွေကိုပဲ တွေးမိ လိမ့်ကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာတော့ အဲလိုပုံမှန်မြင်နေကျအသားတွေ မဟူတ်ဘဲ အမဲသားတွေကိုတင်ထားတာတွေ့မြင်ရမှာပါ။ အမဲသား အစစ် ကိုအသုံးပြုထားပြီး အရသာကလဲ နူးညံ့လှပါတယ်။ အကင်ရဲ့ ကောင်းမွန်လှတဲ့ အနံ့ကလဲ စားချင်စိတ်ကိုဆွဲဆောင်ပါတယ်။ အသားကင်နဲ့လဲ မတူဘဲ ဂျပန်စတိုင် အဆင်မြင့် အသားကင် အနံ့မျိုးရပါတယ်။ အဲဒါကို ပီဇာထမင်းနဲ့စားရင် တော်တော်လိုက်ဖက်မှာပါ။ 

လုံးဝ မသီးခံနိုင်တော့ပဲ အမဲသားကင်ထမင်းကို ထက်မှာလိုက်ပါတယ်။ ထင်ထားတဲ့ အတိုင်းပဲ လုံးဝရှယ်ကောင်းနေပါတယ်။ သေသေချာချာကင်ထားတဲ့ အမဲသားနဲ့ ထမင်းကတော့ လုံးဝကိုလိုက်ဖက်ကောင်းမွန်နေပါတယ်။ တနေတာ ဟင်းပွဲ တစ်ခုအနေနဲ့ တော်တော်ကိုကောင်းမွန်ပါတယ်။ လုံးဝ ပီဇာ အရသာမဟုတ်ပါဘူး။

ဒါကြောင့် WeXpats ကနေ Recommend ပေးတဲ့ မီနူးကတော့ အမဲသားပီဇာ ထမင်းပဲ ဖြစ်ပါတယ်။ ဒီုမီနို ဂျပန်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ အင်္ဂလိပ်လိုလဲ အသုံးပြူနိုင်တာမို့လို့အသုံးပြုရတာလဲ လွယ်ကူပါတယ်။ဂျပန်မှာနေတဲ့ သူတွေ‌ရော၊ ဂျပန်မှာ ခရီးသွားနေကြတဲ့ သူတွေပါ ကျိန်းသေပေါက် ဂျပန်နိုင်ငံရဲ့ ထူးဆန်းလှတဲ့ အရသာကို စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဗီဇာနှင့် ထမင်းဆို ဘာအရသာရမလဲ။ ဂျပန်နိုင်ငံမှာစားနိုင်မယ့် ဒိုမီနိုပီဇာအရသာ ကိုစားခဲ့တဲ့ အတွေ့အကြုံကို ဝေမျှသွားပါ့မယ်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ