ဂျပန်ရဲ့လေဆိပ်များအကြောင်းမိတ်ဆက်ခြင်း(airports in Japan)

ဂျပန်နိုင်ငံရဲ့နည်းပညာမြင့်မားမှုနဲ့အတူလေယဥ်ပျံသန်းမှုနဲ့လေဆိပ်အတွင်းမှနည်းပညာများပါဆန်းသစ်စွာမြင့်မားလာပါတယ်။လေဆိပ်များထဲမှတိုကျိုထဲမှာပါဝင်တဲ့ဟနဲထလေဆိပ်နဲ့နာရီတာလေဆိပ်ကတော့နိုင်ငံတကာအထိပျံသန်းလို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးများဖြစ်ပါတယ်။ဒီပြင်လေဆိပ်တွေအနေနဲ့မြို့ကြီးတွေနာဂိုယာလေဆိပ်၊ဖုခုအိုကာလေဆိပ်၊ဟိုကိုင်းဒိုး၊အိုကီနာဝါအစရှိသဖြင့်ပြည်တွင်းအသုံးပြုလေဆိပ်များလည်းများစွာရှိပါတယ်။လေဆိပ်အတွင်းမြင့်မားလှတဲ့နည်းပညာနဲ့လေယဥ်များစွာကဧည်သည်များအတွက်အဆင်ပြေချေမွေ့အောင်ဝန်ဆောင်မှုပေးပါတယ်။တာမဲနယ်တစ်ခုကနေတစ်ခုကလည်းကျယ်ဝန်းလှပြီး၊ပြည်တွင်းပြည်ပအစရှိသဖြင့်ခွဲခြားထားပါတယ်။လေဆိပ်အတွင်းစားသောက်ဆိုင်များ၊အလှကုန်ပစ္စည်းများရောင်းချပေးတဲ့နေရာတွေကဆွဲဆောင်မှုရှိလှပါတယ်။လေဆိပ်အထိသယ်ယူပို့ဆောင်ပေးတဲ့ဂျပန်ရဲ့ရှင်းခန်ဆန်လို့ခေါ်တဲ့အမြန်ရထားရဲ့မောင်းနှင်တဲ့အမြန်နှုန်းကလည်းမြန်ဆန်ပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ဟနဲဒါလေဆိပ်နဲ့ပတ်သက်ပြီး

ဟနဲဒါလေဆိပ်ကနေပြည်တွင်းရှိနေရာဒေသများကိုအသုံးပြုပြီးသွားလို့ရသလို၊အပြည်ပြည်ဆိုင်ရာနိုင်ငံတကာအထိပါသွားလာလို့ရပါတယ်။(羽田空港第1ターミナル)နဲ့(羽田空港第2ターミナル)ဆိုပြီးခွဲထားပြီး၊နှစ်ထပ်ကိုလောဘီအဖြစ်ထားရှိပြီး၊သုံးထပ်မှာစားသောက်ဆိုင်နဲ့ဖက်ရှင်ဆိုင်များရှိပါတယ်။တစ်ထပ်ကိုဆိုက်ရောက်လောဘီထားရှိပြီး၊မြေအောက်ထပ်ကိုရထားဆိုက်ရောက်ရာနေရာအဖြစ်ထားရှိပါတယ်။ငါးလွှာကိုအစည်းအဝေးခန်းပုံစံနဲ့စားသောက်ဆိုင်များထားရှိပါတယ်။တစ်ကတော့ပြည်တွင်းပျံသန်းမှုအနေနဲ့ပဲအသုံးပြုပါတယ်။နှစ်မှာလည်းပုံစံတူစားသောက်ဆိုင်၊ဖက်ရှင်ဆိုင်၊အလှကုန်ပစ္စည်းများပါရောင်းချတဲ့နေရာများရှိပြီး၊အလားတူပြည်တွင်းခရီးများသာအဓိကပြေးဆွဲပေးပါတယ်။လေဆိပ်အတွင်းကားရပ်နားစရာနေရာကကျယ်ဝန်းလှပါတယ်။အခုနောက်ပိုင်းမှာတာမဲနယ်နှစ်ကိုနိုင်ငံတကာပျံသန်းလို့ရအောင်ပြုလုပ်ထားပါတယ်။နှစ်ရဲ့သုံးလွှာကိုအဓိကထားအသုံးပြုပါတယ်။လေဆိပ်ကိုရထားနဲ့သွားမယ်ဆိုရင်「品川駅」ကနေ(京急本線快特)ရထားလိုင်းကိုအသုံးပြုပြီး(羽田空港国内線ターミナル行နာမည်ပါရထားကိုအသုံးပြုရမှာဖြစ်ပါတယ်။

နာရီတာလေဆိပ်နဲ့ပတ်သက်ပြီး

လေဆိပ်တည်ရှိရာကတော့တိုကျိုရဲ့ချိဘမြို့မှာတည်ရှိပြီး၊၁၉၇၈ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။နိုင်ငံတကာလေဆိပ်ဖြစ်ပါတယ်။(成田空港 ターミナル1/2/3)ဆိုပြီးရှိပါတယ်။စားသောက်ဆိုင်၊ကပ်ရပ်နားစခန်း၊ပြည်တွင်းပစ္စည်းပို့တဲ့နေရာအစရှိသဖြင့်စုံလင်လှပါတယ်။နှစ်မှာလည်းပုံစံတူပြည်ပထွက်ခွာအနေနဲ့သုံးထပ်မြောက်နေရာကိုသွားရောက်ရမှာဖြစ်ပြီးပထမအနေနဲ့လေယဥ်လက်မှတ်နေရာရှိပြီး၊ထွက်ခါာမယ့်ရက်နဲ့ဒေတာစစ်လို့ရမယ့်စက်များထားရှိထားပါတယ်။နောက်တစ်ခုအနေနဲ့လုံခြုံရေးအရစစ်တဲ့နေရာရှိပြီး၊အခွန်နဲ့ပတ်သက်တဲ့နေရာရှိပါတယ်။လေးခုမြောက်နေရာမှာပြည်ပထွက်ခွာတဲ့နေရာမှာလိုအပ်တဲ့ပတ်စပို့၊လေယဥ်လက်မှတ်ရဲ့ဒေတာစစ်တဲ့နေရာရှိပါတယ်။ဆက်လက်ပြီးမိမိတို့ထွက်ခွာမယ့်နိုင်ငံရဲ့လေယဥ်ဂိတ်ပေါက်နေရာများသတ်မှတ်တဲ့နေရာကိုထွက်ခွာရမှာဖြစ်ပါတယ်။နံပါတ်အစဥ်အလိုက်ရှိတဲ့အတွက်ရှာရတာလွယ်ကူပါတယ်။နောက်ဆုံးမှာတော့ထွက်ခွာမယ့်နေရာရဲ့ကောင်တာမှာထိုင်စောင့်ရမှာဖြစ်ပါတယ်။သုံးနေရာကတော့တစ်နဲ့နှစ်ထက်နည်းနည်းဝေးပါတယ်။လေဆိပ်ဘတ်စ်နဲ့ခြောက်မိနစ်လောက်သွားရမှာဖြစ်ပါတယ်။မိမိနေရာကနေ(日暮里駅)အထိစီးပြီး(京成成田空港線サカイライナー)စီးရမှာဖြစ်ပါတယ်။

ခန်းဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ပတ်သက်ပြီး

ခန်းဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့(関西国際空港)အိုဆာကာမှာရှိတဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပါတယ်။(ターミナル1/2)ဆိုပြီးရှိပါတယ်။နိုင်ငံတကာပျံသန်းပေးတဲ့လေဆိပ်ကြီးဖြစ်ပါတယ်။တာမီနဲတစ်ရဲ့နှစ်ထပ်ကတော့ပြည်တွင်းခရီးစဥ်များအတွက်ထွက်ခွာ၊ဆိုက်ရောက်သတ်မှတ်ထားပါတယ်။တစ်ထပ်ကတော့နိုင်ငံတကာလေယဥ်ဆိုက်ရောက်အဖြစ်သတ်မှတ်ထားပါတယ်။T1မှာတော့ထွက်ခွာအဖြစ်သတ်မှတ်ပြီးပထမနေရာမှာလေယဥ်လက်မှတ်စစ်ဆေးရာနေရာ၊လုံခြုံရေးနေရာနဲ့အခွန်နဲ့ပတ်သက်တာနဲ့ထွက်ခွာမှုအဆင့်ဆင့်ပြုလုပ်တဲ့နေရာနဲ့ထွက်ခွာမယ့်ကောင်တာနံပါတ်ရှာပြီးမိမိထွက်ခွာမယ့်ကောင်တာကိုရှာရမှာဖြစ်ပါတယ်။(ターミナル2)ကတော့T2ကိုပြည်တွင်းထွက်ခွာအဖြစ်ထားရှိပြီး၊2Fကတော့ထွက်ခွာ၊ဆိုက်ရောက်လက်ခံပေးပါတယ်။T2နောက်ထပ်အနေနဲ့ပြည်ပထွက်ခွာအဖြစ်လည်းအသုံးပြုပါတယ်။လေယဥ်တွေအနေနဲ့နိုင်ငံတကာပျံသန်းတဲ့(ANA)နဲ့(JAL)အစရှိတဲ့လေယဥ်အစရှိတဲ့လေယဥ်များပျံသန်းပေးပါတယ်။

ဂျပန်ရထားနဲ့ပတ်သက်လို့ဗဟုသုတရစရာအကြောင်းအရာများ(Japanese train and Shinkansen)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်ရဲ့လေဆိပ်များအကြောင်းမိတ်ဆက်ခြင်း(airports in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ