ဂျပန် ဇာတ်လမ်းတွဲများအကြောင်း

 ဇာတ်လမ်းတွဲ တွေက နိုင်ငံတနိုင်ငံရဲ့ ယဥ်ကျေးမှူနဲ့ နိုင်ငံတနိုင်ငံအကြောင်းကို လေ့လာလို့ရမယ့် အရာတစ်ခုဖြစ်တယ်။ ဂျပန်နိုင်ငံမှာဆိုလဲ ရုပ်ရှင်၊ တီဗီဒရမ်မာ အမျိုးအစားစုံလင်စွာရှိပြီး ဂျပန်ဇာတ်လမ်းတွဲတွေက ဂျပန်နိုင်ငံအကြောင်းကိုပိုမို နားလည်နိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ 

မာတိကာ 

၁။ ဂျပန်ဇာတ်လမ်းတွဲ ပုံစံများနှင့် အစိတ်အပိုင်းများ

၂။ ဂျပန်ဇာတ်လမ်းတွဲများ၏ အဓိက ပုံစံများနှင့် ကြည့်သင့်သော ဇာတ်လမ်းတွဲများ

၃။ ဂျပန်ဇာတ်လမ်းတွဲ သရုပ်ဆောင်များ

၄။ ဂျပန်ဇာတ်လမ်းတွဲများကို ကြည့်ရှုရမယ့် နေရာ

၅။ သိထားသင့်သော ဂျပန်ဇာတ်လမ်း ၁၀ ခု

ဂျပန်ဇာတ်လမ်းတွေက လူသိပ်မသိများပေမယ့် သူတို့ ကိုယ်ပိုင်ဆွဲဆောင်မှုတွေရှိပါတယ်။ ဂျပန်ဇာတ်လမ်းတွေက ဖျော်ဖြေရေးသက်သက်မဟူတ်ဘဲ ဂျပန်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအကြောင်း၊ လူ့သဘောသဘာဝ၊ လောကဓံအကြောင်းကို တင်ဆက်လေ့ရှိသောကြောင့် ပညာလဲရသလို ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီးလဲ ဗဟုသုတ တိုးပွားစေပါတယ်။၊ 

 တချို့ဇာတ်လမ်းတွေဆို လက်ရှိအဖြစ်အပျက်အများ၊ ဖြစ်ရပ်မှန်များကို တင်ဆက်ပြသလေ့ရှိပါတယ်။ 

ဂျပန်ဇာတ်လမ်းတွဲ ပုံစံများနှင့် အစိတ်အပိုင်းများ

ဂျပန်ဇာတ်လမ်းတွဲများနှင့်ပတ်သက်ပြီးသိသင့်တဲ့ အချက်အလက်တွေ တော်တော်များပြားပါတယ်။

၁။ ဂျပန်ဇာတ်လမ်းတွဲတွေက ၃လခန့်ကြာမြင့်ပြီး ရာသီအလိုက်လွင့်လေ့ရှိပါတယ်။

  • နွေဦးရာသီ ဇာတ်လမ်းတွဲ  - ဧပြီလ မှ ဇွန်လ အထိ

  • ‌‌နွေရာသီ ဇာတ်လမ်းတွဲ - ဇူလိုင်လ မှ စက်တင်ဘာ လ အထိ

  • ဆောင်းဦးရာသီ ဇာတ်လမ်းတွဲ - အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ

  • ဆောင်းရာသီ ဇာတ်လမ်းတွဲ  - ဇန်နဝါရီလ မှ မတ်လ အထိ

၂။ အသံလွှင့် ဌာန အမျိုးမျိုး ရှိပါတယ်။ 

  • ရုပ်မြင်သံကြားဌာန အကြီးတွေကတော့ ဂျပန်ရုပ်မြင်သံကြားဌာန ( Nippon Housou Kyoukai (NHK))၊ ဖူဂျီရုပ်မြင်သံကြားဌာန (Fuji Television)၊ TV Asahi၊ Nippon Terebi (NTV)၊ တိုကျိုအသံလွင့်ဌာန (Tokyo Broadcasting System (TBS)) နှင့် ခန်းစိုင်းရုပ်မြင်သံကြားဌာန (Kansai Terebi Housou (Kantere))။
  • WOWOW ကတော့ အရည်အသွေးမြင့်တဲ့ ဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်တဲ့ ဌာနပဲ့ဖြစ်ပါတယ်။ အွန်လိုင်းကနေ တဆင့် subscription လုပ်ပြီးလဲ ကြည့်ရှူနိုင်ပါတယ်။
  • 「月9 (Getsuku)」ကတော့ ဖူဂျီ ရုပ်မြင်သံကြား မှ ထုတ်လွှင့်လေ့ရှိပြီး တနင်္လာနေ့ ည ၉ နာရီမှာ ကြည့်ရှူ နိုင်ပါတယ်။ 
  • 「日曜劇場 (Nichiyou Gekijou)」က အပတ်စဥ် တနင်္ဂနွေနေ့ ညနေ ၉နာရီမှာ TBS ကနေထုတ်လွှင့် တဲ့ အစီအစဥ်ဖြစ်ပါတယ်။ 
  • 「深夜ドラマ (Shinya Dorama)」ကတော့ ညနက်ပိုင်းမှာ ထုတ်လွင့်တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၃၀ ခန့် ကြာမြင့်ပါတယ်။ 

၃။ ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းစီက ၄၀မိနစ်ကနေ ၅၀ မိနစ် အထိကြာပါတယ်။ ကြေညာ ကတော့ ၁၅မိနစ်လောက် ဝင်တတ်ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုကို အပိုင်း ၈ပိုင်းကနေ ၁၁ပိုင်းအထိရှိတတ်ပါတယ်။ အများအားဖြင့် ၁၀ပိုင်းပါတဲ့ ဇာတ်လမ်းတွဲတွေ များတတ်ပါတယ်။ (ဇာတ်လမ်းတွဲ ကိုလူကြိုက်နည်းပါက မြန်မြန်ပြီးအောင် ဇာတ်ဝင်ခန်းတွေကို ဖြတ်လေ့ရှိပါတယ်။) တချို့ ဇာတ်လမ်းတွဲတွေဆို မိနစ် ၂၀ကနေ ၃၀ အတွင်းရှိပါတယ်။ WOWOWက လွင့်တဲ့ ဇာတ်လမ်းတွဲအတိုလေးတွေက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

၄။ ‌နောက် season ဆက်ဖို့ အကြောင်းအရင်းမရှိတဲ့ ဇာတ်လမ်းတွဲတွေ နဲ့ သိပ်နာမည်မကြီးတဲ့ ဇာတ်လမ်းတွဲ တော်‌တော်များများက season 2 ဆိုပြီးဆက်လွှင့်လေ့မရှိပါဘူး။ ဆေးဖက်နဲ့ပတ်သက်တဲ့စာမေးပွဲများ၊ ရဲဇာတ်လမ်းများ စတဲ့ ပေါ်လစီနဲ့ဆိုင်တဲ့ ဇာတ်လမ်းတွဲတွေဆို အပိုင်းဆက်ရှိတတ်ပါတယ်။ 

၅။ ဇာတ်လမ်းတွဲတော်‌တော်များများက ရှိနှင့်ပြီးသား ဝတ္ထုများ၊ ရုပ်ပြစာအုပ်များ၊ Anime များကိုအခြေခံထားလေ့ရှိပါတယ်။ 

၆။ ဇာတ်လမ်းတွဲတွေကို ပရိုမိုးရှင်းလုပ်ဖို့အတွက် သရုပ်ဆောင်တွေက talk shows, quiz shows, game showsတွေမှာ ပါဝင်လေ့ရှိပါတယ်။ ပြီးတော့ တီဗီအစီအစဥ်တွေ ဆိုရှယ်မီဒီယာ တွေမှာ ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ ပစ္စည်းများ (ကာတွန်းအရုပ်များ၊ စတေကာများ၊ သော့ချိတ်များ) ကိုရောင်းလေ့ရှိပါတယ်။ 

ဂျပန်ဇာတ်လမ်းတွဲများ၏ အဓိက ပုံစံများနှင့် ကြည့်သင့်သော ဇာတ်လမ်းတွဲများ

ဇာတ်လမ်းတွဲ အမျိုးအစားက များပြားစုံလင်လှပြီး အကြမ်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ 

အချစ်ဇာတ်လမ်းများ Romance 恋愛 Ren-ai

 

©TBS (Photo from FamiGeki)

အချစ်ဇာတ်လမ်းတွေက တော်တော်နာမည်ကြီးတဲ့ အမျိုးအစားဖြစ်ပြီး များသောအားဖြင့် ကျောင်းသားဇာတ်လမ်းတွေ များပါတယ်။ ဇာတ်ကောင်တွေကို တယောက်နဲ့တယောက် တဖြည်းဖြည်းဆွဲဆောင်လေ့ရှိပြီး တခါတလေ တယောက်နဲ့တယောက် အပြန်အလှန်ချစ်ကြိုက်ဖို့ အချိန်တော်တော် ကြာလေ့ရှိပါတယ်။ ဂျပန်ဇာတ်လမ်းတွေက ဖွင့်ပြောတဲ့အခန်းတွေက တော်‌တော် ကျော်ကြား ပါတယ်။ အောက်ဖော်ပြထားတဲ့ ဇာတ်လမ်းတွေကတော့ လူသိများကျော်ကြားတဲ့ ဇာတ်လမ်းတွဲများပဲဖြစ်ပါတယ်။

  1. 「ロングバケーション」| Long Vacation

  2. 「花より男子 Hana Yori Dango」| Boys Over Flowers

  3. 「リッチマン、プアウーマン」| Rich Man, Poor Woman

  4. 「恋はつづくよどこまでも」|  Koi wa Tsuzukuyo Dokomademo (An Incurable Case of Love; known as “KoiTsuzu”)

  5. 「大恋愛〜僕を忘れる君と」| Dairen-ai: Boku wo Wasureru Kimi to (Don't Forget Me)

အချစ်ဟာသ ဇာတ်လမ်းများ Romantic Comedy 「ラブコメ Rabu Kome」

ဟာသနှော အချစ်ဇာတ်လမ်း တွေကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်ကောင်တွေရဲ့ အချစ်ရေးထဲမှာ ဟာသဇာတ်ဝင်ခန်းလေးတွေနှောထားတတ်ပါတယ်။

  1. 「逃げるは恥だが役に立つ」|Nigeru wa Haji daga Yaku ni Tatsu (The Full-Time Wife Escapist; known as “Nigehaji”)

  2. 「のだめカンタービレ」|Nodame Cantabile

  3. 「ラブシャッフル」|Love Shuffle

  4. 「5時から9時まで〜私に恋したお坊さん〜」|5-ji Kara 9-ji Made: Watashi ni Koi Shita Obousan (From Five to Nine)

  5. 「電車男」|Densha Otoko (Train Man)

Comedy 「コメディー」

 

©Fuji TV

ဟာသဇာတ်လမ်းကတော့ အမျိူးအစားကြီးတစ်ခုဖြစ်ပြီး အောက်မှာ ဖော်ပြမယ့် ဇာတ်လမ်းတွေကတော့ ဟာသဇာတ်လမ်းအမျိုးအစားကွဲတစ်ခုဖြစ်ပါတယ်။

  1. 「リーガルハイ」|Legal High - comedy x law procedural

  2. 「勇者ヨシヒコ」| Yuusha Yoshihiko (series) ー comedy x adventure x parody

  3. 「マイ☆ボス マイ☆ヒーロー」|My Boss My Hero ー comedy x school life

  4. 「民王」|Tamiou (Wise and Foolish) ー comedy x body swapping x politics

  5. 「カルテット」|Quartet ー dark humor x drama x mystery

Medical

©TBS

ဆေးဖက်ဆိုင်ရာ ဇာတ်လမ်းတွဲတွေကလဲ ဂျပန်မှာတော်တော် လူသိများကျော်ကြားပါတယ်။ ဇာတ်လမ်းအကကြောင်းးအရင်းတွေကတော့ စည်းကမ်းတင်းကြပ်တဲ့ ဆေးရုံကိုပြန်ခုခံတော် လှန်တဲ့အကြောင်း၊ ရောဂါ အဆန်းတွေကိုကုသတဲ့အကြောင်း၊ ခွဲစိတ်ကုသမှုများအကြောင်း၊ အဖွဲ့အလိုက် အလုပ်လုပ်ပုံအကြောင်းတွေဖြစ်ပါတယ်။ 

  1. 「医龍 - Team Medical Dragon」|Iryuu Team - Team Medical Dragon

  2. 「ドクターX」| Doctor X

  3. 「コード・ブルー」| Code Blue

  4. 「Tokyo MER」

  5. 「アンナチュラル 」| Unnaturalတို့ကတော့ ကျော်ကြားတဲ့ ဆေးဖက်ဆိုင်ရာဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။

Drama (Human)

ဂျပန်မှာတော့ “human drama”လို့ခေါ်ကြတဲ့ ဇာတ်လမ်းအမျိုးအစားတစ်ခုရှိပါတယ်။ ဒီဇာတ်လမ်းအမျိူးအစားကတော့ဇာတ်ကောင်းတွေရဲ့ မိသားစုအခြေအနေ၊ အလုပ်၊ ကျန်းမာရေး၊ အချစ်ရေး စတာတွေကို ကွေကွေကွင်းကွင်းရိုက်ပြလေ့ရှိပါတယ်။ 

  1. 「一リットルの涙」| Ichi Rittoru no Namida (One Liter of Tears)

  2. 「家政婦のミタ」| Kaseifu no Mita (I'm Mita, Your Housekeeper)

  3. 「それでも生きてゆく」| Soredemo Ikite Yuku (Still, Life Goes On)

  4. 「深夜食堂」| Shinya Shokudou (Midnight Diner)

  5. 「コントが始まる」| Konto ga Hajimaru (Life's Punchline)

School Life 「学園ドラマ Gakuen Drama」

©NTV

ကျောင်းသားဇာတ်လမ်းတွဲတွေလဲ ဂျပန်မှာတော်တော် နာမည်ကြီးပါတယ်။ ကျောင်းသားဇာတ်လမ်းတွဲတွေကိုတော့အဓိက ၂မျိုးခွဲခြားနိုင်ပြီး ပထမတမျိုးကတော့ ကျောင်းသားတွေကို အဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီး ဒုတိယတမျိုးကတော့ ဆရာ၊ဆရာမတွေကို အဓိကထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကျောင်းသားတွေကို အဓိက ထားတဲ့ဇာတ်လမ်းတွေမှာတော့ ကျောင်းတွင်းအချစ်ရေး၊ သူငယ်ချင်းအပေါင်းအသင်းများအကြောင်း၊ ကျောင်းတွင်လှုပ်ရှားမှုများအကြောင်း၊ အနိုင်ကျင့်မှုများအကြောင်း၊ ရင့်ကျက်မှုများအကြောင်းကို ရိုက်ပြလေ့ရှိပါတယ်။ ဆရာ၊ ဆရာမတွေကိုအဓိကထားတဲ့ဇာတ်လမ်းမှာတော့ ကျောင်းသားတွေရဲ့ဘဝကိုပြောင်းလဲပေးတဲ့ဆရာ၊ဆရာမ တွေအကြောင်းကိုတင်ဆက်လေ့ရှိပါတယ်။ 

ကျောင်းသားတွေကိုအဓိကထားတဲ့ဇတ်လမ်းတွေထဲမှာတော့

  1. 「野ブタをプロデュース」| Nobuta wo Produce (Producing Nobuta)

  2. 「花ざかりの君たちへ」| Hanazakari no Kimitachie (For You in Full Blossom; known as “HanaKimi”)

  3. 「山田太郎物語」| Yamada Taro Monogatari (The Story of Yamada Taro)

  4. 「オレンジデイズ」| Orange Days

  5. 「今日から俺は!!!」|Kyou Kara Ore wa!!! (From Today, It's My Turn!!)

ဆရာ၊ဆရာမ တွေကိုအဓိကထားတဲ့ဇာတ်လမ်းတွေကတော့

  1. 「3年B組金八先生」|3-nen B-gumi Kinpachi Sensei (Mr. Kinpachi)

  2. 「GTO」|Great Teacher Onizuka

  3. 「ごくせん」| Gokusen

  4. 「女王の教室」| Jouou no Kyoushitsu (The Queen’s Classroom)

  5. 「ドラゴン桜」| Dragon Zakura

Police・Detective・Mystery

စုံထောက်ဇာတ်လမ်းတွေကလဲ ဂျပန်မှာလူကြိုက်များပါတယ်။

  1. 「相棒」| Aibou (Partners / Tokyo Detective Duo)

  2. 「TRICK」

  3. 「金田一少年の事件簿」| Kindaichi Shounen no Jikenbo (The Files of Young Kindaichi)

  4. 「MIU404」

  5. 「CRISIS」

Career Focused / Work Life

©TBS

အသက်မွေးဝမ်းကြောင်းဇာတ်လမ်းတွေကလဲ ဂျပန်နိုင်ငံရဲ့ အလုပ်အကြောင်း၊ ယဥ်ကျေးမှူအကြောင်း နားလည်နိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ အခက်အခဲတွေကြားထဲ ကြိုးစားနေတဲ့ အဓိကဇာတ်ဆောင်တွေကို အားပေးချင်စိတ်ဖြစ်လာအောင်လဲ လှုံ့ဆော်လေ့ရှိပါတယ်။ 

  1. 「半沢直樹」| Hanzawa Naoki ー banker

  2. 「GOOD LUCK!!」| pilot

  3. 「HERO」| prosecutor

  4. 「99.9 刑事専門弁護士」| 99.9 Keiji Senmon Bengoshi (99.9 Criminal Lawyer) ー lawyer

  5. 「アテンションプリーズ」| Attention Please ー cabin attendant

Historical

ခောတ်တွေကိုပုံဖော်ရိုက်ပြလေ့ရှိတဲ့ရာဇဝင်ဇာတ်လမ်းတဲတွေကတော့ Asadora နဲ့ Taigaဆိုပြီး ၂မျိူး ခွဲခြားနိုင်ပါတယ်။

 Asadora「朝ドラ」

 Asadora ဆိုတာကတော့ မနက်ခင်းဇာတ်လမ်းတွဲကိုဆိုလိုတာဖြစ်ပြီး အပိုင်တပိုင်းစီက ၁၅မိနသ်လောက်ခန့်ကြာပြီး အပတ်စဥ် မနက်တိုင်းလွင့်လေ့ရှိပြီး ၆လခန့်လောက်ကြာမြင့်တတ်ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုစီကို အပိုင်း ၁၅၀ ခန့်ပါတတ်ပြီး ၁၉၆၁ ခုနှစ်ကစပြီး ယနေ့အထိ ဇာတ်လမ်းတွဲ ၁၅၀‌ကျော်ကိုထုတ်လွင့်ပြီးဖြစ်ပါတယ်။ဇာတ်လမ်းတွေကတော့ အရင်ခောတ်က ကျော်ကြားသူတွေရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ အခက်အခဲတွေအကြောင်းကိုရိုက်ပြလေ့ရှိပါတယ်။

Taiga「大河ドラマ」

Taiga ဇာတ်လမ်းတွဲတွေကတော့ နှစ်နဲ့ချီပြီး NHK ကထုတ်လွင့်တဲ့ ရာဇဝင်ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။ ၁၉၆၃ခုနှစ်က စတင်ထုတ်လွင့်ပြီး ဇာတ်လမ်းတွဲပေါင်း ၆၀ကျော် ထုတ်လွင့်ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေမှာတော့ ဇာတ်ကောင်ရဲ့ ငယ်ဘဝ ကနေ သေဆုံးသည်အထိကို ရိုက်ပြလေ့ရှိပြီး ဒီဇာတ်လမ်းမှာအဓိက ဇာတ်ဆောင်အနေနဲ့အရွေးခံရတဲ့ သရုပ်ဆောင်တွေက ဂုဏ်ယူလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းမှာ ဇာတ်ပို့အနေနဲ့ သရုပ်တဆောင်ပြီး ရုပ်ရှင်လောက ထဲ ဝင်တဲ့ သရုပ်ဆောင်တွေလဲရှိပါတယ်။

Boys Love (BL)

BLဇာတ်လမ်းတွေကလဲ ယခုနောက်ပိုင်း လူသိများကျော်ကြားလာခဲ့ပါတယ်။ လူသိများတဲ့ BLတွေကတော့

  1. 「おっさんずラブ」| Ossan’s Love (comedy)

  2. 「きのう何食べた?」| Kinou Nani Tabeta (slice of life comedy)

  3. 「30歳まで童貞だと魔法使いになれるらしい」| Cherry Magic (romantic comedy)

  4. 「消えた初恋」| Kieta Hatsukoi; My Love Mix-up (school life)

  5. 「Life 線上の僕ら」| Life: Love on the Line (“human drama”)

 

ဂျပန်ဇာတ်လမ်းတွဲ သရုပ်ဆောင်များ

ဂျပန်မှ နာမည်ကြီးတဲ့ သရုပ်ဆောင်အားလုံးကိုမဖော်ပြနိုင်ပေမယ့် တချို့ တူညီတဲ့အချက်တွေကိုသတိထားမိမှာပါ။

ဂျပန်သရုပ်ဆောင်အများစုက Johnny’s ဆိုတဲ့အေဂျင်စီကနေ ထွက်ပါတယ်။ ဒီ အေဂျင်စီက boybands တွေလဲထွက်ပါတယ်။ဒါကြောင့် ဇာတ်ဝင်တေးတော်တောများများက အဓိကသရုပ်တောင်တွေကိုပိုင်ဆိုင်တတ်ကြပါတယ်။ ဥပမာ Hana Yori Dango အတွက် သီချင်းကို Arashiက ဆိုလေ့ရှိပါတယ်။ Johnny’sအေဂျင်စီရဲ့ အကျော်ကြားဆုံးသရုပ်ဆောင်ကတော့ Kimura Takuyaဖြစ်ပြီး သူ့ရဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကြည့်ရှုသူနှုန်းကတော့ စံချိန်ချိုူးထားပါတယ်။

Kamen Rider ကိုစတင်သရုပ်ဆောင်ပြီး နာမည်ကြီးတဲ့ သရုပ်‌ဆောင်တွေလဲရှိပါတယ်။ သုတို့တွေကတော့ Sato Takeru, Suda Masaki, Takeuchi Ryoma, Yoshizawa Ryo, Fukushi Sota, Akaso Eiji တို့ဖြစ်ပါတယ်။

မင်းသမီးအများစုကတော့ Asadoraမှာ အဓိကဇာတ်ဆောင်အနေနဲ့ ကရုပ်ဆောင်ရင်းနာမည်ကြီးကြပါတယ်။ ရာဇဝင်ဇာတ်လမးတွဲတွေမှာ အဓိက ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသမီးတွေကတော့ shihara Satomi, Aoi Miyazaki, Inoue Mao, Yoshitaka Yuriko, Tsuchiya Tao, Toda Erika တို့ပဲဖြစ်ပါတယ်။

ဂျပန်ဇာတ်လမ်းတွဲများကို ကြည့်ရှုရမယ့် နေရာ

ဂျပန်ဇာတ်လမ်းတွဲပရိတ်သတ်တွေအမြဲတမ်း တွေကြုံရမယ့်အခက်အခဲတွေကတော့ ဂျပန်ပြည်ပမှာနေရင် တရားဝင်လွယ်လွယ်ကူကူ မကြည့်နိုင်တာတွေ၊ မိမိ မိခင်ဘာသာစကားနဲ့ စာတမ်းထိုးသိပ်မရှိတာတွဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြည်သူတော်တော် များများက တရားမဝင် ဝက်ဘ်ဆိုက်တွေကနေ ကြည့်ရှုလာတတ်ကြပါတယ်။ နောက်ပြီး ဂျပန်က မူပိုင်ခွင့်နဲ့ ပတ်သက်ရင် တော်တော် တင်းကျပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တရားမဝင်တင်တဲ့ မီဒီယာပေါ် မှာ ရုပ်ရှင်တွေတွေကို ဖြူတ်ချလေ့ရှိပါတယ်။ 

ဒါပေ့မယ့် နောက်ပိုင်းတော့ တဖြည်းဖြည်းပြောင်းလဲလာပါပြီ။ ဂျပန်ဇာတ်လမ်းတွဲတွေက ပြည်တွင်းပြည်ပ streaming sites နဲ့ subscription site တွေမှာ ကြည့်ရှူလာနိုင်ပါပြီ။

နာမည်ကြီးတဲ့ ဝက်ဘ်ဆိုက် တစ်ခုကတော့ TVer ဖြစ်ပြီး သင့်ရဲ့ IPက ဂျပန်ပြည်တွင်းမှရှိနေဖို့လို့အပ်ပါတယ်။ ဒီဝက်ဘ်ဆိူဒ် ဂျပန်လူမျိုးတွေရဲ့ အမြင်ကိုတော်တော် ပြောင်းလဲစေခဲ့ပါတယ်။ မကြည့်လိုက်ရတဲ့အစီအစဥ်တွေ၊ ဇာတ်လမ်းတွဲတွေကို တပတ်အတွင်းမှာ ပြန်လည်ကြည့်ရှူနိုင်ပါတယ်။ ဇာတ်လမ်းတွဲအဟောင်းတွေကိုလဲ တဖန်ပြန်လွင့်တတ်ပါတယ်။ 

တခြား ကြည့်ရှူစရာနေရာတွေကတော့

တို့ပဲဖြစ်ပါတယ်။

သိထားသင့်သော ဂျပန်ဇာတ်လမ်း ၁၀ ခု

 နောက်ဆုံးအနေနဲ့ ဂျပန်မှာလူတိုင်းနီးပါးသိတဲ့ ဇာတ်လမ်းတွဲ ၁၀ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ 

  1. 「HERO」

  2. 「花より男子」| Hana Yori Dango

  3. 「きのう何食べた?」| Kinou Nani Tabeta

  4. 「半沢直樹」| Hanzawa Naoki

  5. 「野ブタをプロデュース」| Nobuta wo Produce

  6. 「リーガルハイ」| Legal High

  7. 「リッチマン、プアウーマン」| Rich Man, Poor Woman

  8. 「カルテット」| Quartet

  9. 「逃げるは恥だが役に立つ」 | Nigeru wa Haji daga Yaku ni Tatsu

  10. 「アンナチュラル 」| Unnatural

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဂျပန်ရုပ်ရှင်/ဒရာမာ/ ဂျပန် ဇာတ်လမ်းတွဲများအကြောင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ