22/05/2020

ဂျပန်မှာအမှိုက်ပစ်ပုံပစ်နည်း(How to take out the trash in Japan)

ဂျပန်တွင်မူ အမှိုက်ပစ်မှုအဆင်ပြေရန်၊ ပြန်လည်အသုံးပြုရန်၊သယံဇာတအဖြစ်ပြန်လည်ပြုလုပ်ရန်၊ များစွာသောမြို့ရွာရပ်ကွက်များတွင်သတ်မှတ်ထားသောစည်းကမ်းနည်းလမ်းများရှိပြီး၊နေထိုင်သူများကလည်းပူးပေါင်းဆောင်ရွက်ပါသည်။မြို့ရွာရပ်ကွက်အလိုက်စည်းကမ်းနည်းလမ်းများအနည်းငယ်ကွာခြားသော်လည်းဂျပန်ရောက်ခါစသူများအတွက်အမှိုက်ပစ်ပုံများဂရုစိုက်သင့်ပါတယ်။ဂျပန်မှာရက်အလိုက်သက်ဆိုင်ရာအမှိုက်များကိုပစ်ရမှာကိုသတ်မှတ်ထားပါတယ်။စည်းကမ်းမရှိပစ်မိရင်လည်းတစ်ပါးသူရဲ့အပြစ်တတင်ခြင်းများခံရနိုင်တဲ့အတွက်အမှိုက်များကိုဂရုတစိုက်ပစ်သင့်ပါတယ်။

အမှိုက်ပစ်ပုံပစ်နည်းနဲ့ပတ်သက်ပြီး

အမှိုက်ပစ် ပုံပစ်နည်း၊ခွဲခြားရမည့်အမျိုးအစား၊ပစ်ရမည့်နေရာ၊ပစ်ရမည့်နေ့ကိုကောင်းစွာသင်ယူပြီး သေချာစွာလိုက်နာရပါမည်။နေ့ရက်များအလိုက်အမှိုက်များခွဲခြားပြီးပစ်ရမှာဖြစ်ပါတယ်။အမှိုက်များကို သတ်မှတ်ထားသောအမှိုက်သိမ်းသည့်နေ့မနက်၈နာရီမှသတ်မှတ်ထားသောနေရာတွင်ပစ်ရမည်။အမှိုက်များကိုလည်းအမျိုးအစားအလိုက်ခွဲခြားထားပါတယ်။

( 1 ) မီးလောင်နိုင်သော အမှိုက်

( 2) မီးမလောင်နိုင်သော အမှိုက်

( 3 ) စက္ကူ၊ပုလင်း၊ဗူး အမှိုက်

( 4 ) ကြီးမားသော အမှိုက်

ပစ္စည်းအကြီးများကိုတော့သီးသန့်အမှိုက်ပစ်ရန်တံဆိပ်ခေါင်းပုံစံလိုမျိုးကိုဝယ်ယူပြီးကိုယ်ပစ်ရမယ့်ပစ္စည်းမှာကပ်ပြီးရက်အလိုက်စနစ်တကျပစ်ရမှာဖြစ်ပါတယ်။ဂျပန်မှာအနီရက်များနဲ့အစိုးရရုံးပိတ်ရက်များကတော့အမှိုက်သိမ်းလေ့မရှိတဲ့အတွက်ဂရုစိုက်သတိထားစေချင်ပါတယ်။

 အမှိုက်အမျိုးအစားခွဲခြားမှု

မီးလောင်နိုင်သောအမှိုက်အမျိုးအစားများမှာမီးဖိုချောင်မှထွက်သောအမှိုက်ဟင်းအကြွင်းအကျန်၊ထမင်းအကျန်၊အသီးအခွံ၊လက်ဖက်ခြောက်၊ကြက်ဥအခွံ၊အရွက်အမှိုက်များ၊ဆေးလိပ်ခွံများဖြစ်ပါတယ်။အမှိုက်ပစ်သောအခါဆိုင်တွင်ရောင်းသောပလစ်စတစ်အမှိုက်ပစ်အိတ်သို့မဟုတ်အိတ်တွင်ထည့်ပြီးအဝကိုပိတ်ပြီးမှစွန့်ပစ်ပါ။ဂျပန်ရောက်ခါစသူများအတွက်သတိပြုစေချင်ပါတယ်။မီးမလောင်နိုင်သောအမှိုက်အမျိုးအစားများပလပ်စတစ်ပစ္စည်း၊ရေမြုပ်ဖော့ပစ္စည်း၊သားရေပစ္စည်းများ၊သားရေနှင့်စပ်လုပ်ထားသောပစ္စည်းများဖြစ်ပါတယ်။စက္ကူအမှိုက်များကိုတော့နေ့ရက်အလိုက်စနစ်တကျပစ်ရမှာဖြစ်ပါတယ်။ပုလင်းများနဲ့ဗူးများကိုတော့အတွင်းထဲထိဆေးပြီးသေချာပစ်ရပါတယ်။ကွဲနေသည့်ပုလင်းများကိုလည်းစက္ကူနဲ့စနစ်တကျထုတ်ပြီးပစ်ရပါတယ်။အမှိုက်အကြီးစားလို့ခေါ်တဲ့သစ်ဖြင့်ပြုလုပ်ထားသောစားပွဲ၊သစ်ကုလားထိုင်၊သစ်ဗီယို၊မှန်တင်ခုံ၊ခုတင်အစရှိတာတွေကိုတံဆိပ်ဝယ်ကပ်ပြီးပစ်ရမှာဖြစ်ပါတယ်။

သတိထားသင့်သည့်အချက်များ

မိမိနေထိုင်တဲ့အဆောက်အဦးရဲ့အောက်မှာအမှိုက်ပစ်တဲ့နေရာသတ်မှတ်ထားရှိပေးပါတယ်။အဲဒီနေရာမှာနေ့ရက်အလိုက်ပစ်ရမယ့်အမှိုက်နာမည်များရေးထားပြီးကပ်ထားလေ့ရှိပါတယ်။မြို့နယ်များအလိုက်အမှိုက်ပစ်ရက်သတ်မှတ်ထားပြီးကွဲပြားနိုင်ပါတယ်။ဂျပန်ကအမှိုက်ကိုသေချာဂရုစိုက်တဲ့နိုင်ငံဖြစ်တာကြောင့်စနစ်ကျအောင်ပြုမှုတတ်ဖို့လိုအပ်ပါတယ်။အမှိုက်ပစ်တဲ့နေရာမှာလည်းသေချာစနစ်တကျလှတဲ့စည်းကမ်းများရှိနေပါတယ်။ကွဲနေသည့်ပုလင်းများကိုလည်းသေချာထုတ်ပိုးပြီး၊ပစ္စည်းအကြီးများကိုလည်းသေချာစနစ်တကျပစ်သင့်ပါတယ်။

ဂျပန်ရဲ့နေရာတကာမှာရှိတဲ့အလိုအလျောက်ရောင်းချပေးတဲ့စက်(自動販売機)(Japan service)

ဂျပန်ရဲ့ ၂၄ နာရီ စတိုးဆိုင်များအကြောင်း(Japan convenience store)

တစ်ယောက်တည်းတွေးဝေမနေပါနဲ့။ ဂျပန်နှင့်ပတ်သက်သောအမေးအဖြေ community

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး

Hon Mirin ဆိုတာ ဘာလဲ၊ Hon Mirin ၏ ဗဟုသုတ (What is Hon Mirin? Hon Mirin's basic knowledge.)

ဂျပန်အစားအစာတေွကိုချက်တဲ့အခါမှာသုံးလေ့ရှိတဲ့ဟင်းခပ်အရည်တစ်မျိုးရှိပါတယ်။ အဲဒါကတော့Hon Mirinလို့ခေါ်တဲ့ ဟင်းခတ်အရက်တစ်မျိုးပါ။ Hon mirin ဟာအရက် တစ်မျိုးဖြစ်သော်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာ အသ...

အခြား စားစရာ၊သောက်စရာ

ဂျပန်တွင်နေထိုင်ရန်နိုင်ငံခြားသားများအတွက်နေထိုင်မှုအခြေအနေအမျိုးအစားများ Types of status of residence for foreigners to stay in Japan

ရည်ရွယ်ချက်ပေါ် မူတည်၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရန် နိုင်ငံခြားသားများအတွက် လိုအပ်သော နေထိုင်မှု အခြေအနေ အမျိုးမျိုးရှိသည်။ ဂျပန်နိုင်ငံသို့ဝင်ရောက်သည့်နိုင်ငံခြားသားအားလုံး အတွက်ဖြစ်သောကြောင့် နေထိုင...

အခြား

ဂျပန်၏မိုးရာသီတွင်ပွင့်သောပန်း ၅ မျိုး(5 kinds of flowers blooming in the rainy season)

မိုးရာသီတွင်အစွမ်းကုန်ပွင့်လန်းနေသည့် Ajisai ပန်းများ၏အသွင်အပြင်သည်မိုးရာသီ၌ထူးခြားသောပတ်ဝန်းကျင်ကိုဖြစ်စေသည်။ သည်းထန်စွာရွာသွန်းနေသည့်မိုးရေကြားတွင် ၎င်း၏အရောင်သည်တောက်ပနေသကဲ့သို့ထင်ရသည်။ အဂျိဆ...

အခြား

ဂျပန်ထီ Japanese lottery

ထီသည်လူတိုင်းကြိုက်နှစ်သက်သည့်ဖျော်ဖြေမှုတစ်ခုဖြစ်ပြီးလူတိုင်းသည်စက္ကူသေးသေးလေးဖြင့်ဘဝကိုပြောင်းလဲစေသည့်အိပ်မက်ကိုမက်လိမ့်မည်။ ဂျပန်တွင်မည်သည့်ထီအမျိုးအစားကိုသင်ဝယ်လေ့ရှိသနည်း။ ထီအကြောင်းပိုမိုသိရှိလိ...

အခြား

ဆူရှီနှင့်အတူဂျပန်အစားအစာ၏အနှစ်သာရကိုရှာဖွေပါDiscover the taste of Japanese cuisine with sushi

ရိုးရာဂျပန်ဆူရှီ၏အနှစ်သာရ ငါးများအားလတ်ဆတ်သောအရသာကိုထိန်းသိမ်းရန်ဤထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းကိုဂျပန်တွင်ပေးအပ်ခဲ့သည်။  လှပလတ်ဆတ်သောအရသာရှိပြီးအာဟာရပြည့်ဝသောအစားအစာဖြစ်သောကြောင့်၎င်းသ...

အခြား

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။ Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ