နိုင်ငံခြားရပ်မှာ ပညာသင်သည်ဖြစ်စေ၊ အလုပ်လုပ်သည်ဖြစ်စေ ဒီနိုင်ငံရဲ့ ဥပဒေကို အခြေခံအားဖြင့် နားလည်ထားဖို့က တော်တော်အရေးကြီးပါတယ်။ ဂျပန်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ်လိုက်၍ ဗီဇာ အမျိုးအစားတွေကိုခွင့်ပြုပေးလျက်ရှိတဲ့ နိုင်ငံတနိုင်ငံလဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာ လူမျိုး တော်တော် များများ ကလဲ Tokuteikatsudou ဗီဇာ 特定活動ビザကိုကလျှောက်ထားပြီး ဒီဗီဇာနဲ့ နေထိုင်လျက်ရှိကြပါတယ်။ ဒါကြောင့် Tokuteikatsudou ဗီဇာ 特定活動ビザ ဆိုတာ ဘယ်လိုဗီဇာမျိုးလဲဆိုတာကို အကြမ်းအဖျင်း နားလည်ထားဖို့လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ Tokuteikatsudou ဗီဇာ 特定活動ビザနဲ့ပတ်သက်ပြီးသိသင့်သိထိုက်သည်များကို လွယ်လွယ်ကူကူနဲ့ရှင်းပြထားပါတယ်။
- Tokuteikatsudou ဗီဇာ Tokutei Ginouဗီဇာရဲ့အမျိူးအစားထဲကတစ်ခုလား?
- မြန်မာလူမျိူးတွေနဲ့ဆက်မှုစပ်မှုရှိသောTokuteiGinouဗီဇာအမျိုးအစားများ။
- အရေးပေါ်ဆောင်ရွက်ချက် ဗီဇာကို ဘယ်လိုလူတွေလျှောက်ထားနိုင်လဲ။
- လိုအပ်သောစာရွက်စာတမ်းများ။
- ဗီဇာပြောင်းလဲပြင်ဆင်ချက်များ။
- သက်တမ်းကုန်သွားပါ့က သက်တမ်းဘယ်လိုတိုးမလဲ။
- Tokutei Katsudo ဗီဇာရဲ့ သတိထားရမယ့် အချက်များ
- အကျဥ်းချုပ်
Tokuteikatsudou ဗီဇာ Tokutei Ginouဗီဇာရဲ့အမျိူးအစားထဲကတစ်ခုလား?
ဒီမေးခွန်းကို အဖြေပေးရရင် Tokutei katsudou ဗီဇာ Tokutei Ginou ဗီဇာ ရဲ့ အမျိူးအစားထဲကတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ ဒီဗီဇာ ၂မျိုးက အမျိုးအစားတစ်ခုတည်းလို့ ရောထွေလွယ်ကြပါတယ်။
အဲဒီအကြောင်းအရင်းကတော့
(၁) ဗီဇာ နှစ်ခုစလုံးရဲ့ နာမည်တွေမှာ Tokutei ဆိုတဲ့စကားလုံးပါနေခြင်း။
(၂) လက်ရှိ မြန်မာပြည်တွင်ဖြစ်ပွားနေသော အရေးပေါ် အခြေအနေများကြောင့် တစ်ချို့သော သတ်မှတ်ချက်များကို သတ်မှတ်လိုက်ခြင်းတို့ပဲဖြစ်ပါတယ်။
※(၂) နဲ့ပတ်သက်သော အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းတွင် ဖော်ပြပါမည်။
ဒီဗီဇာနှစ်ခုကို သေသေချာချာ ကွဲပြားအောင်သိဖို့က Tokutei Ginou ဗီဇာဆိုတာ ဘယ်လိုဗီဇာအမျိုးအစားလဲ သေချာသိဖို့လိုအပ်သောကြောင့် Tokutei Ginou ဗီဇာ ဆောင်းပါကိုအောက်တွင်ဖတ်ပါ။
စာရေးသူရွေးချယ်သောဆောင်းပါး
မြန်မာလူမျိူးတွေနဲ့ဆက်မှုစပ်မှုရှိသောTokuteikatsudoဗီဇာအမျိုးအစားများ။
Tokutei Ginou ဗီဇာ အမျိုးအစားက တော်တော် များပြားလှပြီး တစ်ဦးချင်းစီအလိုက်၊ နိုင်ငံအလိုက် စသည့်အကြောင်းအရားများပေါ် မူတည်ပြီး Tokutei katsudou ဗီဇာအမျိူးအစားကိုသတ်မှတ်ထားလေ့ရှိပါတယ်။ အမျိုးအစား အများကြီးထဲမှ မြန်မာနိုင်ငံသားတွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ တနည်းနည်းနဲံဖြစ်စေ ဆက်စပ်မှုရှိနိုင်ချေများသော အမျိုးအစား ၃ မျိုးကို ဖော်ပြပါမယ်။ တခြားအမျိုးအစားတွေလဲ ဆက်စပ်နိုင်ချေရှိသော ကြောင့် မိမိရဲ့ အခြေအနေအပေါ်မူတည်ပြီး လဝက နှင့်သေချာဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်။
တက္ကသိုလ်၊ မိမိလက်ရှိပညာသင်ကြားနေသော ကျောင်းကို အောင်မြင်ပြီးဆုံးပြီး အလုပ်ဝင်ဖို့စောင့်နေသူများ
သင်သည်ကျောင်းသားဗီဇာ (留学ビザ) ကိုင်ဆောင်ထားသူဖြစ်ပြီး အလုပ်ရပြီးဖြစ်သော်လည်း အလုပ်ဝင်ရမည့် အချိန်နဲ့ ကျောင်းပြီးမည့်အချိန်ကြား အနည်းငယ်ကွာခြားမှုရှိနေပါက Tokuteikatsudou ဗီဇာကိုလျှောက်ထားနိုင်ပါတယ်။
တက္ကသိုလ်၊ မိမိလက်ရှိပညာသင်ကြားနေသော ကျောင်းကို အောင်မြင်ပြီးဆုံးပြီး အလုပ်ရှာရန်ပြင်ဆင်နေသူများ
သင်သည် ကျောင်းသားဗီဇာ ကိုင်ဆောင်ထားပြီး ကျောင်းလဲပြီးဆုံးသွားပြီ။ သို့သော် တိုင်းပြည်ကိုမပြန်ပဲ ဂျပန်မှာဆက်ပြီးနေပြီး အလုပ်ရှာလိုပါက Tokuteikatsudou ဗီဇာကိုလျှောက်ထားနိုင်ပါတယ်။
အပေါ်မှာ ရှင်းပြခဲ့တဲ့ ဗီဇာ အမျိုးအစားတွေနဲ့ပတ်သက်ပြီူ လိုအပ်သည့် စာရွက်စာတမ်းများကို ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ဝက်ဘ်ဆိုက်မှာအသေးစိတ်ရောက်ကြည့်ရှူနိုင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကြောင့် အရေးပေါ် ကယ်ဆယ်ရေးဗီဇာ
ဒီဗီဇာကတော့ ဂျပန်အစိုးရက တိုင်းပြည်ပြန်ရန်ရန်အခက်အခဲရှိနေသော ဂျပန်ရောက် မြန်မာလူမျိုးများအတွက်ရည်ရွယ်ပြီး သတ်မှတ်ပေးတဲ့ဗီဇာဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံသား တော်တော်များများ ကလဲ ဒီဗီဇာ ကိုလျှောက်ထားလျက်ရှိပါတယ်။ ဒီဗီဇာ ကိုလျောက်ထားဖို့ ဘယ်လိုစာရွက်စာတမ်းတွေလိုအပ်လဲ ဘယ်လိုလျှောက်ထားရမလဲဆိုတာကို အောက်မှာဆက်လက်ရှင်းပြသွားပါမည်။
အရေးပေါ်ဆောင်ရွက်ချက် ဗီဇာကို ဘယ်လိုလူတွေလျှောက်ထားနိုင်လဲ?
အားလုံးခြုံငုံပြီး ပြောရရင်တော့ လက်ရှိဂျပန်ရောက် မြန်မာလူမျိုးဖြစ်ပြီး တိုင်းပြည်ပြန် ဖို့အခက်အခဲကြုံနေသူဖြစ်ရပါမည်။ သို့သော် အောက်ပါ ၂ချက် အပေါ် မူတည်ပြီး လိုအပ်တဲ့စာရွက်စာတမ်းအနည်းငယ်ကွဲပြားနိုင်ပါတယ်။
(၁) လက်ရှိဂျပန်ရောက် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာပြည်တွင်းအခြေအနေ မတည်ငြိမ်မှုများကြောင့် ဂျပန်ပြည်တွင်းနေထိုင်လိုသူ။
(၂) လက်ရှိဂျပန်ရောက် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာပြည်တွင်းအခြေအနေ မတည်ငြိမ်မှုများကြောင့် မြန်မာပြည်မပြန်ဘဲ တိုကုတေးဂိနိုးနယ်ပယ် ၁၄ခု သို့ အလုပ်ပြောင်းချင်သူ။
လိုအပ်သောစာရွက်စာတမ်းများ။
(၁) အတွက် လိုအပ်သောစာရွက်စာတမ်းကတော့
- နေထိုင်ခွင့်ဗီဇာလျှောက်လွှာပုံစံ
- နိုင်ငံကူးလက်မှတ် (ပတ်စပို့)
- မြန်မာနိုင်ငံပြန်ဖို့အခက်အခဲရှိသည့် အကြောင်းအရင်းတင်ပြချက် (နမူနာ)
(၂) အတွက်လိုအပ်သောစာရွက် စာတမ်းများကတော့
- နေထိုင်ခွင့်ဗီဇာလျှောက်လွှာပုံစံ
- အလုပ်လျှောက်ရခြင်း အကြောင်းအရင်း
- အလုပ်ခန့် စာချုပ်
- လုပ်ငန်းဘက်မှ ရေးသားထားသော လစာနှင့်ပတ်သက်သော စာရွက်စာတမ်း။
- မြန်မာနိုင်ငံပြန်ဖို့အခက်အခဲရှိသည့် အကြောင်းအရင်းတင်ပြချက် (နမူနာ)
- နည်းပညာအလုပ်သင်အလုပ်သားဗီဇာ (Ginoujishuဗီဇာ) ၃နှစ်ပြီးမြောက်ထားသူဖြစ်ပါက အရင် အဖွဲ့အစည်းက ထောက်ခံစာ ( နမူနာ )
※ ကိုးကား 出入国在留管理庁 ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
ပြောင်းလဲပြင်ဆင်ချက်များ
အပေါ်မှာဖော်ပြခဲ့သည့်အတိုင်း လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကြောင့် အရေးပေါ်ကယ်ဆယ်ရေးဗီဇာအဖြစ်ဂျပန်အစိုးရမှ၂၀၂၁ခုနှစ်မေလ၂၈ရက်နောက်ပိုင်းမှာသတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်ကာလ အစမှာတော့ မူလ နေထိုင်ခွင့်ဗီဇာ၏ သတ်မှတ်ချက်ကို ပြီးမြောက်သူဖြစ်ပါက အလုပ်လုပ်ကိုင်ခွင့်ရှိသော နှင့် မူလ နေထိုင်ခွင့်ဗီဇာ၏ သတ်မှတ်ချက်ကို မပြီးမြောက်ပါက Tokutei katsudou ဗီဇာ ၆လ နှင့် တစ်ပတ် ၂၈နာရီ အလုပ်လုပ်ခွင့် တို့ကိုသတ်မှတ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဧပြီ ၁၅ရက်နေ့ နောက်ပိုင်းလည်း မြန်မာပြည်တွင်းအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းမရှိသောကြောင့် အလုပ်လုပ်ကိုင်ခွင့်ရှိသော Tokutei katsudou ဗီဇာ ၁နှစ် နှင့် မူလ နေထိုင်ခွင့်ဗီဇာ၏ သတ်မှတ်ချက်ကို မပြီးမြောက်ပါက Tokutei katsudou ဗီဇာ ၆လ နှင့် တစ်ပတ် ၂၈နာရီ အလုပ်လုပ်ခွင့် တို့ရရှိနိုင်ပါမယ်။ သို့သော် မူလ နေထိုင်ခွင့်ဗီဇာ၏ သတ်မှတ်ချက်ကိုမပြီးမြောက်သော်လည်းလျှောက်ထားသူအပေါ်မူတည်ပြီး ဗီဇာလျှောက်ထားချိန်မှလွန်ခဲ့တဲ့၁နှစ်အတွင်းပြစ်မှုကျူးလွန်မှုများမရှိပါကဗီဇာသက်တမ်းတနှစ်ရရှိနိုင်သောကြောင့် လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးဌာန မှာ အသေးစိတ်စုံစမ်းပြီးဆွေးနွေးကြည့်ပါ။
သက်တမ်းကုန်သွားပါ့က သက်တမ်းဘယ်လိုတိုးမလဲ။
အပေါ်မှာပြောခဲ့ တဲ့ အတိုင်း တစ်ဦးချင်စီရဲ့ Case အပေါ်မူတည်ပြီးတော့ ဗီဇာကို ၆ လကနေ ၁နှစ်အတွင်းရရှိနိုင်ပါတယ်။ ဒါဆို ဗီဇာ သက်တမ်းကုန်သွားပြီး သက်တမ်းတိုးချင်ရင် ဘယ်လိုလုပ်ရမလဲ။ Tokutei Katsuto ဗီဇာကနေ တခြားဗီဇာ အမျိုးစားတွေကိုလဲ ပြောင်းနိုင်သလို Tokutei Katsuto ဗီဇာကိုပဲ ထပ်ပြီး သက်တမ်းတိုးမယ်ဆိုရင်လဲ တိုးနိုင်ပါတယ်။ သက်တမ်းတိုးဖို့ အတွက် အခြေခံ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-
နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးလျှောက်လွှာပုံစံ
-
နိုင်ငံကူးလက်မှတ်
-
မြန်မာနိုင်ငံပြန်ဖို့အခက်အခဲရှိသည့် အကြောင်းအရင်းတင်ပြချက် (နမူနာ)
အစရှိတဲ့ ၃ မျိုးဖြစ်ပါတယ်။ ဒီသုံးမျိုးကို ကြိုတင်ပြီးဖြစ်စေ၊ လျှောက်မယ့်နေရာ မှာဖြစ်စေ ဖြည့်ပြီး လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။ အခြေအနေအပေါ်မူတည်ပြီး စာရွက်စာတမ်းတွေ ထပ်ပြီးအတောင်းခံရနိုင်ပါတယ်။
Tokutei Katsudo ဗီဇာရဲ့ သတိထားရမယ့် အချက်များ။
အလုပ်သင်လုပ်သားကာလ မပြီးသေးလဲ Tokutei Katsudo ဗီဇာကိုပြောင်းလဲတဲ့ သူတွေ များပြာလာပါတယ်။ Tokutei Katsudo ဗီဇာရဲ့ မူလရည်ရွယ်ချက်၊ လမ်းကြောင်းနှင့်မတူညီတဲ့ အချက်များနှင့် ဗီဇာကိုအသုံးပြုမှုများရှိလာပြီးတော့ ဒီလိုအချက်အလက်များကြောင့် လုပ်ငန်းများနှင့် အလုပ်သမားပို့ဆောင်ရေးဌာနတွေမှာ ထိခိုက်နစ်နာမှုတွေရှိလာပါတယ်။ ဒီအခြေအနေကို ဂျပန်အစိုးအရအနေနဲ့လဲ ပြသနာတစ်ခုအနေနဲ့ယူဆပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနေပြီးတော့ အပြောင်းအလဲများလုပ်လာနိုင်ချေရှိပါတယ်။သို့သော် အလုပ်သင်အလုပ်သာကာလ ပြီးဆုံးပြီးသူများ၊ အထူးကျွမ်းကျင်အလုပ်သမားဗီဇာကာလကို ပြီးဆုံးပြီးသူများ၊ အမှန်တကယ် ဒုက္ခရောက်နေသူများအနေနဲ့ စိုးရိမ်စရာမရှိသေးပါ။ Tokutei Katsudo ဗီဇာအကြောင်း အသေးစိတ်ကို ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ ကနေပြီးတော့ အသေးစိတ်ဝင်ကြည့်နိုင်ပါတယ်။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာ မြန်မာနိုင်ငံသားများ လျှောက်ထားမှုများပြားသော Tokutei katsudou ဗီဇာ နှင့်ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။ Tokutei katsudou ဗီဇာ အကြောင်းနဲ့ပတ်သက်ပြီးလူသိပ်မသိသေးသော အချက်အလက်များကိုမျှဝေခဲ့ပါသည်။ ထို့အပြင် တစ်ဦးချင်းစီအပေါ်လိုက်၍ အခွင့်အလမ်း၊ ရလဒ် ကွဲပြားနိုင်သောကြောင့် နားလည်တတ်ကျွမ်းသူများနှင့်ဖြစ်စေ၊ မိမိကိုယ်တိုင် လူဝင်မှူကြီးကြပ်ရေးဌာနတွင်ဖြစ်စေ သွားရောက်စုံစမ်းပြီး အသေးစိတ်ကိုဆွေးနွေးတိုင်ပင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။