နွေရာသီမှာလည်ပတ်နိုင်မယ့် နေကြာပန်းခင်းများ

Himawari (向日葵)လို့ခေါ်တဲ့နေကြာပန်းလေးတွေကတော့ နွေရာသီရဲ့သင်္ကေတအဖြစ် ဂျပန်နိုင်ငံမှာနာမည်ကြီးပါတယ်။ နွေရာသီရောက်လာတာနဲ့နေရာအနှံ့မှာ နေကြာပန်းခင်းကြီးတွေကိုတွေ့နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်မှာသွားရောက်လည်ပတ်နိုင်တဲ့နေကြာပန်းခင်းတွေကိုဖော်ပြသွားပါ့မယ်။

မာတိကာ

  1. Himawari (向日葵)ဆိုတာ။
  2. နေကြာပန်းဘယ်အချိန်မှာပွင့်လဲ။
  3. ဂျပန်မှာလည်ပတ်ဖို့ကောင်းမွန်တဲ့နေကြာပန်းခင်းများ။
  4. အကျဥ်းချုပ်။

Himawari (向日葵)ဆိုတာ။

Himawari (向日葵)ဆိုတာကတော့ ဂျပန်လိုဖြစ်ပြီး နေကြာပန်းလို့အဓိပ္ပာယ်ရပါတယ်။ “ひまわり” ရေးလေ့ရှိပြီး နေကြာပန်းပွင့်အကြီးအမျိုးအစားတွေဖြစ်ပါတယ်။ နေကြာပန်းတွေကတော့တောင်နှင့် မြေုက်အမေရိက ကမူလဖြစ်ပြီး ဂျပန်မှာလဲ နေရာအနှံမှာ တွေ့ရှိနိုင်ပါသေးတယ်။

ဂျပန်ယဉ်ကျေးမှုအရဆိုရင်လဲ နေကြာပန်းတွေကတော့ အကောင်းမြင်တတ်မှု၊ ပျော်ရွှင်မှု အစရှိတဲ့ အနက်အဓိပ္ပာယ်တို့ကိုဖော်ဆောင်လေ့ရှိပါတယ်။ ဂျပန်လို “日廻り (Hi Mawari)”နေကြာပန်းဆိုတဲ့စကားလုံးကတော့ 日 (Hi) နေ 廻り (Mawari) လှည့်ပတ်ခြင်း တနည်းအားဖြင့် နေရှိတဲ့ဘက်ကိုလှည့်ပတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့ဆင်းသက်လာပါတယ်။ 向日葵 (Himawari) ဆိုတဲ့စကားလုံးနဲ့ရေးလေ့ရှိပြီး ဒီစကားလုံးကိုကြည့်လိုက်မယ်ဆိုရင်လဲ

  • 向 မျက်နှာမူခြင်း
  • 日 နေ
  • 葵 ပန်း အားလုံးပေါင်းစပ်လိုက်ရင်နေဘက်ကိုမျက်နှာမူတဲ့ပန်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

※အသံထွက်ကတော့ ဟိမာဝါရီ ဖြစ်ပါတယ် ။

နေကြာပန်းဘယ်အချိန်မှာပွင့်လဲ။

နေကြာပန်းကနွေရာသီမှာပွင့်တယ်လို့အပေါ်မှာလဲဖော်ပြခဲ့ပါတယ်။ အတိအကျပြောရရင် ဇူလိုင်လအကုန်မှာပွင့်ပြီး အလှဆုံးအချိန်ကတော့ ဩဂုတ်လကနေ စက်တင်ဘာအထိဖြစ်ပါဘူး။ နေရာဒေသနှင့် ရာသီဥတုအပေါ်မှာလဲ မူတည်ပါတယ်။ ဒီအချိန်ရောက်ရက် အဝါရောင်နေကြာပန်းနှင့်အပြာရောငါကောင်းကင်ကြီးက လှပနေပြီး လာရောက်လည်ပတ်တဲ့သူတွေလဲ အများကြီးရှိပါတယ်။ နောက်ပြီးတော့ နေကြာနဲ့ပတ်သက်တဲ့ပွဲတွေကိုလဲ ကျင်းပလေ့ရှိကြပါတယ်။

ဂျပန်မှာလည်ပတ်ဖို့ကောင်းမွန်တဲ့နေကြာပန်းခင်းများ။

ဒါဆို လည်ပတ်လို့ကောင်းတဲ့နေကြာပန်းခင်းလေးတွေကိုကြည့်လိုက်ကြရအောင်။

[Hokkaido] Hokuryu နေကြာပန်းတောင်ကုန်း

လည်ပတ်ဖို့အကောင်းဆုံးအချိန် ဇူလိုင်လအလယ်မှ ဩဂုတ်လ တတိယအပတ်

Hokuryu Sunflower Village (北竜町ひまわりの里) ကတော့ Uryu ခရိုင်, Hokkaido စီရင်စုမှာရှိပြီးတော့ ဂျပန်မှာအကြီးမားဆုံးသော နေကြာပန်းခင်းထဲကတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်တဲ့သူတွေပြည့်နှက်နေပြီးတော့ နေကြာပန်းခင်းကြီးမှာတော့ နေကြာပန်းတွေနဲ့ မြင်ကွင်းတစ်ဆုံးမြင်တွေ့နိုင်ပါတယ်။

[Yamanashi] Akeno နေကြာပန်းခင်း

လည်ပတ်ရန်အကောင်းဆုံးအချိန် - ဇူလိုင်လကုန်မှ ဩဂုတ်လအကုန်

Akeno Sunflower Field (明野の向日葵畑)ကတော့ Hokuto မြို့၊ Yamanashi စီရင်စုမှာရှိပါတယ်။ နေကြာပန်းပင်ပေါင်း 400,000 ကျော်ရှိပြီးတော့ Yatsugatake တောင်တန်းကြီးကိုလဲ အနောက်ခံထားပါသေးတယ်။ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလေ့ရှိတဲ့ Akeno နေကြာပန်းပွဲတော် (北杜市明野サンフラワーフェス)ကိုတော့ ဇူလှိုင်လ အလယ်ကနေ ဩဂုတ်လ နောက်ဆုံးအပတ်မှာ ကျင်းပပြီးတော့ ဒေသအတွက်း နွေရာသီအတွက်ကြီးမားတဲ့အမှတ်အသားတစ်ခုအဖြစ်နာမည်ကြီးပါတယ်။ နေကြာစေ့ ရေခဲမုန့်ကတော့နာမည်အကြိးဆုံးဖြစ်ပါတယ်။

[Kanagawa] Zama နေကြာပန်းခင်း

လည်ပတ်ရန်အကောင်းဆုံးအချိန် - ဩဂုတ်လအလယ် 

Zama Sunflower Field (座間ひまわり畑) ကတော့ Zama မြို့ Kanagawa ခရိုင်မှာရှိပြီးတော့ Kanagawaမှာ ကြည့်လို့ကောင်းတဲ့ ပန်းခင်း ၁၀၀ ထဲကတစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ တိုကျိုဘက်မှာရှိတဲ့ နေကြာပန်းခင်းတွေထဲမှာလဲ အကြီးဆုံးပန်းခင်းကြီးတစ်ခုဖြစ်ပါတယ်။ နေကြာပန်းပင်ပေါင်း 550,000 ကျော်ရှိပြီးတော့ နှစ်စဥ် သြဂုတ်လမှာ ပွဲတော်ကိုကျင်းပလေ့ရှိကြပါတယ်။ 

[Osaka] Nagai ရုက္ခဥယျာဥ်

လည်ပတ်ရန်အကောင်းဆုံးအချိန် - ဇူလိုင်လ အလယ်မှ စက်တင်ဘာလအစောပိုင်းအထိ။

Nagai ပန်းခြံ ကြီးမှာတော့ နေကြာပန်းပင်ပေါင်း 100,000 ကျော်နေရာယူထားတဲ့ ပန်းခြံကြီးရှိပါတယ်။ ပင်လယ်ဘက်မှာရှိတဲ့ ပန်းခြံဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပင်လယ်နှင့် နေကြာပန်းကိုအနောက်ခံပြီးတော့ ဓာတ်ဖမ်းလို့ရနိုင်ပါသေးတယ်။ နောက်ပြီးတော့ ခြားကြီးလဲရှိတဲ့အတွက်ကြောင့်ပိုပြီးလှပတဲ့ ရှုခင်းလေးကို ကြည့်ရှုခံစားနိုင်ပါသေးတယ်။ 

 [Hyogo] နေကြာတောင်ကုန်းပန်းခြံ

လည်ပတ်ရန်အကောင်းဆုံးအချိန် - ဇူလှိုင်လ အလယ်မှ ဩဂုတ်လအလယ်အထိ

နေကြာတောင်ကုန်းပန်းခြံ (ひまわりの丘公園) ကတော့ Onoမြို့,Hyogoစီရင်စုမှာရှိတဲ့ပန်းခြံဖြစ်ပြီးတော့ နေကြာပန်းပင်ပေါင်း400,000ခန့်ရှိပါတယ်။ပန်းခြံအတွင်းမှာတော့ကလေးကစားဖို့နေရာတွေနဲ့ပစ္စည်းတွေလဲရှိပါတယ်။

[Hiroshima] Serakogen ခြံ 

လည်ပတ်ရန်အကောင်းဆုံးအချိန် - သြဂုတ်လ။

Serakogenခြံ (世羅高原農場) ကတော့ Sera , Hiroshima စီရင်စုမှာတည်ရှိပါတယ်။ ပန်းခြံအတွင်းမှာတော့ နေကြာပန်းပင်ပေါင်းသန်းနဲ့ချီပြီးရှိပါတယ်။ ပန်းတွေကိုအလှကြည့်လို့ရတဲ့နေရာတွေအပြင် ပန်းခူးလို့ရတဲ့နေရာတွေလဲရှိပါသေးတယ်။ ပန်းခြံတစ်ခုလုံးကိုပတ်ဖို့ကတော့ ၂ နာရီကြာပြီးတော့ သြဂုတ်လကုန်လောက်မှာဆိုရင်တော့ နေကြာပန်းပွဲတော်ကိုလဲ ကျင်းပပါသေးတယ်။

တခြားနာမည်ကြီး နေကြာပန်းခင်းများ။

အထက်ပါဖော်ပြခဲ့တဲ့နေကြာပန်းခင်းတွေအပြင် တခြားနာမည်ကြီးတဲ့နေကြာပန်းခင်တွေဆိုရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Sakura Furusato Square - Sakura မြို့၊ Chiba ခရိုင်ကတော့ တိုကျိုကနေ တစ်ရက်တာခရီးထွက်ဖို့အဆင်ပြေပါတယ်။
  • Nayoro Chiebun နေကြာပန်းခြံ - Nayoro၊Hokkaido - နေကြာပန်းခင်း ၅ သန်းကျော်ရှိ။
  • Nagasakibana နေကြာပန်းခြံ -  Kunisaki မြို့၊ Oita ခရိုင် - နေကြာပန်း ၁.၄ သန်းခန့်နှင့် ပင်လယ်ရှုခင်းကိုကြည့်ရှုနိုင်။ 
  • Chikusei နေကြာပန်းခင်း - Chikusei မြို့၊ Ibaraki ခရိုင် - - နေကြာပန်း ၁ သန်းကျော်နှင့် Yaehimawari အမျိုးအစားရှိ။

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ဂျပန်နိုင်ငံတဝှမ်းမှာရှိတဲ့ နေကြာပန်းခင်းတွေနဲ့ သူတို့ရဲ့ ထူးခြားချက်တွေကိုဖော်ပြလိုက်ပါတယ်။ နေကြာပန်းကနွေရာသီရဲ့ထူးခြားချက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နွေရာသီ‌ရောက်တာနဲ့ နေကြာပန်းတွေကိုကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ နွေရာသီမှာလည်ပတ်နိုင်မယ့် နေကြာပန်းခင်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ