ဂျပန်နိုင်ငံရဲ့ နိုဝင်ဘာလမှာ ကျင်းပတဲ့ အထိမ်းအမှတ် ပွဲတော်များ

ဂျပန်နိုင်ငံ ရဲ့ နိုဝင်ဘာလဆိုရင်တော့ ပွဲလမ်းတွေ များတဲ့ လတစ်လဖြစ်ပါတယ်။ ဒါ့အပြင် နွေကုန်ပြီးတော့ ဆောင်းကူလာတဲ့ ရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အေးအေးချမ်းချမ်းနှင့် နေထိုင်လို့ အဆင်ပြေတဲ့ ရာသီလဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ နိုဝင်ဘာလအတွင်းမှာ ကျရောက်တဲ့ ပွဲလမ်းတွ၊ အထိမ်းအမှတ်နေ့တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

မာတိကာ

  1. ယဥ်ကျေးမှုနေ့ 
  2. Shichigosan - ကလေးတွေကျန်းမာစေဖို့အတွက် ဆုတောင်းခြင်းအထိမ်းအမှတ်နေ့ 
  3. ပေါ်ကီ ချောကလက်ချောင်းနေ့ 
  4. အလုပ်သမားနေ့
  5. အရွက်တွေ စပြီးတော့ အရောင်းပြောင်းတဲ့ လ 

ယဥ်ကျေးမှုနေ့ - နိုဝင်ဘာလ ၃ ရက်နေ့

ပထမဆုံးတစ်နေ့ကတော့ ယဥ်ကျေးမှုနေ့ဖြစ်ပါတယ်။ ယဥ်ကျေးမှုနေ့ကတော့ နိုဝင်ဘာလ အစဖြစ်တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျရောက်ပါတယ်။ အရင်ကတော့ မေဂျီဘုရင်ရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။ ယခုဆိုရင်တော့ ယဥ်ကျေးမှုနေ့ အနေနဲ့ သတ်မှ်တပြီးတော့ အစိုးရရုံးပိတ်ရက်အနေနဲ့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ နောက်ပြီး အစိုးရရုံးပိတ်ရက်အနေနဲ့ ကျောင်းတွေနှင့် လုပ်ငန်းတွေ တော်တော်များများပိတ်လေ့ရှိကြပါတယ်။

ယဥ်ကျေးမှုနေ့အနေနဲ့ သတ်မှတ်လိုက်တဲ့ အချိန်ကတောြ ၁၉၄၈ ခုနှစ်ကဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးကို မြတ်နိုးပြီးတော့ ယဥ်ကျေးမှုကို တန်ဖိုးထားတဲ့ နေ့ဆိုပြီးတော့ ပြောကြပါတယ်။ တချို့နေရာတွေမှာတော့ ယဥ်‌ကျေးမှုနေ့မှာ အားကစားပွဲတွေကို ကျင်းပလေ့ရှိကြပါတယ်။ 

၂၀၂၄ ခုနှစ်မှာဆိုရင်တော့ နိုဝင်ဘာလ ၃ ရက်နေ့က တနင်္ဂနွေနေ့ကျရောက်တဲ့ အတွက်ကြောင့်မို့လို့ နောက်နေ့ နိုဝင်ဘာလ ၄ ရက်နေ့က အစားထိုးပိတ်ရက် အနေနဲ့ရရှိမှာဖြစ်ပါတယ်။ 

Shichigosan - နိုဝင်ဘာလ ၁၅ ရက်နေ့။

နောက် အထိမ်းအမှတ်နေ့ကတော့ ဂျပန်ရိုးရားကလေးတွေ ကျန်းမာဖို့အတွက် ဆုတောင်းတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

Shichi-Go-San (七五三) ဆိုတာကတော့ ၇၊ ၅၊ ၃ လို့အဓိပ္ပာယ်ရပြီးတော့ ဂျပန်နိုင်ငံရဲ့ကလေးတွေ အန္တာရယ် ကင်းကင်းနဲ့ ကြီးထွားလာတာကိုဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ အများအားဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပပြီးတော့ အသက် ၃၊ ၅ နှင့် ၇နှစ်မှာရှိတဲ့ ‌ကလေးတွေကို အဓိကအားဖြင့် ရည်ရွယ်ပြီးတော့ ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသက်အရွယ်တွေကတော့ ဂျပန်မှာ အရေးပါတဲ့ အသက်အရွယ် မှတ်တိုင်တစ်ခုလို့ သတ်မှတ်ထားကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ 

Shichi-Go-San နေ့မှာဆိုရင်တော့ ကလေးတွေကကီမိုနိုကိုဝတ်ဆင်ပြီးတော့မိဘတွေနှင့်အဘိုးအဘွားတွေနဲ့အတူတူ နတ်ကွန်းကိုသွားရောက်ပြီးတော့လည်ပတ်လေ့ရှိပါတယ်။ 

အသေးစိတ်ကိုတော့ “Shichi-Go-San” ဆိုတာဘယ်လိုပွဲတော်မျိုးလဲ။ ဆိုတဲ့ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ 

ပေါ်ကီ ချောကလက်ချောင်းနေ့- နိုဝင်ဘာလ ၁၁ ရက်နေ့ 

နောက်တစ်နေ့ အထိမ်းမှတ်နေ့ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁ လပိုင်း ၁၁ ရက်နေ့မှာကျရောက်တဲ့ ပေါ်ကီချောင်းနေ့ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ဒီလိုနေ့မှာဆိုရင်တော့ သီးသန့် ပစ္စည်းတွေ ရောင်းချတာမျိုးတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ 

အလုပ်သမားနေ့ - နိုဝင်ဘာလ ၂၃ ရက်နေ့။

နောက်ဆုံးတစ်နေ့ကတော့ အလုပ်သမားနေ့ဖြစ်ပါတယ်၊ အလုပ်သမားတွေကိုကျေးဇူးတင်တဲ့ အနေနဲ့ သတ်မှတ်ထားတဲ့အထိမ်းအမှတ်နေ့ဖြဟ်ပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျရောက်ပါတယ်။ အစိုးရ ရုံးပိတ်ရက် အနေနဲ့လဲ သတ်မှတ်ထားပါတယ်။ 

အရွက်တွေ စပြီးတော့ အရောင်းပြောင်းတဲ့ လ။

နိုဝင်ဘာလကတော့ ဂျပန်နိုင်ငံမှာဆောင်းဦးရာသိစပြီးတော့ ဝင်လာတဲ့ လလဲဖြစ်ပါတယ်။ ဒီလို နိုဝင်ဘာလမှာတော့ အရွက်တွေ စတင်ပြီးတော့ ရောင်းပြောင်းလာတဲ့ အချိန်လဲဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကြိုတင်ပြီးတော့ အရောင်ပြောင်းမယ့် အချိန်တွေကိုကြည့်ပြီးတော့ ခရိးသွားမယ်ဆိုရင်တော့ အရမ်းကိုကောင်းမွန်တဲ့ ရာသီလဲဖြစ်ပါတယ်။ ကိုယ်သွားမယ့်နေရာမှာ အရွက်တွေ အရောင်ပြောင်းမပြောင်းကိုတော့ ကြိုတင်ပြိးတော့လေ့လာပြီးသွားတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အရွက်တွေ ရောင်ပြောင်းတဲ့ ဆောင်းပါးကိုတော့ ဒီလင့် ကနေ ဝင်ဖတ်နိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်နိုင်ငံရဲ့ နိုဝင်ဘာလမှာ ကျင်းပတဲ့ အထိမ်းအမှတ် ပွဲတော်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ