Netflix ကတော့ ဇာတ်လမ်းတွဲတွေ အများကြီးကြည့်လို့ရတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သလို ကမ္ဘာတဝှမ်းက ဘာသာစကားလေ့လာနေတဲ့ သူတွေ ကြားထဲမှာလဲ ဘာသာစကားလေ့လာတဲ အချိန်မှာ အသုံးဝင်တဲ့ အက်ပလီကေးရှင်းတစ်ခုအနေနဲ့ နာမည်ကြီးကျော်ကြားပါတယ်။ ဂျပန်စာလေ့လာတဲ့ အချိန်မှာဆိုရင်လဲ Anime ဇာတ်လမ်းတွဲတွေတွေက ထိရောက်မှုရှိလို့ လူကြိုက်များကျော်ကြားပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို လူကြိုက်များကျော်ကြားတဲ့ အက်ပလီကေးရှင်း နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဂျပန်စာအရည်အချင်းကို မြင့်တင်ပေးနိုင်မယ့် Anime တွေကို ဖော်ပြပေးသွားပါ့မယ်။
မာတိကာ
- Netflix ကနေ ဘာလို့ ဘာသာစကားလေ့လာလို့ရတာလဲ။
- Netflix မှာကြည့်နိုင်မယ့် ဂျပန်စာလေ့လာလို့အဆင်ပြေတဲ့ Anime ၁၀ ကား။
- အကျဥ်းချုပ်
Netflix ကနေ ဘာလို့ ဘာသာစကားလေ့လာလို့ရတာလဲ။
အားလုံးသိတဲ့ အတိုင်း Netflix မှာဆိုရင်တော့ ကမ္ဘာတဝှမ်းက ရုပ်ရှင်၊ စီးရီးတွေကို ကြည့်နိုင်ပါတယ်။ ဒီလို စီးရီးတွေကို အင်္ဂလိပ်ဘာသာစကားအပြင် မူလဘာသာစကားနဲ့ပါ စာတန်းထိုးပြီး ကြည့်ရှုနိုင်ပါတယ်။ ဒီလိုကြည့်ရှုလိုက်ခြင်းဖြင့် ဘာသာစကားစွမ်းရည် သိသိသာသာတိုးလာနိုင်ပါတယ်။ နောက်ပြီး နေရာမရွေး၊ အချိန်မရွေးကြည့်ရှုနိုင်တဲ့ အချက်ကလဲကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဂျပန်စာလေ့လာနေတဲ့ သူတွေအတွက်လဲ Netflix မှာ ကောင်းမွန်ပြီးတော့ စိတ်ဝင်စားစရာ ဂျပန်စာလေ့လာတဲ့ အချိန်မှာ အသုံးဝင်မယ့် ဇာတ်ကားတွေ အများကြီးရှိပါတယ်။ Anime ဇာတ်လမ်းတွဲတွေ အားလုံးက စိတ်ဝင်စားစရာကောင်းပေမယ့် ဂျပန်စာလေ့လာတဲ့ အချိန် Anime တွေကိုအသုံးပြုမယ်ဆိုရင်တော့ တချို့ တချက်လေးတွေကို သေချာဂရုစိုက်ပြီးမှ လေ့လာရင် ပိုပြီးတော့ ဂျပန်စာတိုးတက်လာမှာဖြစ်ပါတယ်။ ဂျပန်စာလေ့ာတဲ့အချိန်မှာ သတိထားရမယ့် အချက်တွေကိုတော့ Anime တွေကြည့်ရင်း ဂျပန်စာကိုဘယ်လိုလေ့လာမလဲဆိုတဲ့ ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်စာလေ့လာတဲ့ အချိန်မှာ အသုံးဝင်မယ့် Netflix ကနေကြည့်ရှုနိုင်မယ့် Anime တွေကိုဖော်ပြပေးသွားပါ့မယ်။ ကိုယ်တိုင်လဲကြည့်ခဲ့တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
Netflix မှာကြည့်နိုင်မယ့် ဂျပန်စာလေ့လာလို့အဆင်ပြေတဲ့ Anime များ။
Laid Back Camp : ゆるキャン△
お待たせしました!ショートアニメ「へやキャン△」は2020年1月に放送開始です!
— アニメ『ゆるキャン△』シリーズ公式 (@yurucamp_anime) April 24, 2019
さらに!「へやキャン△」、TVアニメ2期、映画へと続いていく「ゆるキャン△」をイメージした、「シリーズビジュアル」も公開!
夜明けと共になでしこ達の新しい物語が始まります☀https://t.co/Gofg2SaJnq#ゆるキャン pic.twitter.com/uY9TSW2mFd
ပထမဆုံး ညွှန်းပေးချင်တဲ့ Anime ကတော့ ゆるキャン (Yuru Camp) လို့ခေါ်တဲ့ Anime ဖြစ်ပါတယ်။ အင်္ဂလိပ်လိုနာမည်ကတော့ Laid Back Camp ဖြစ်ပါတယ်။ နာမည်အတိုင်း Camp နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ကျောင်းသူလေးတွေ ပျော်ပျော်ပါးပါး Camp ထွက်တာကို ပျော်ရွှင်စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးဖြစ်ပါတယ်။ Camp နဲ့ ပတ်သက်ပြီးဗဟုတုတ ရနိုင်တဲ့ အပြင် ဇာတ်အိမ်ကိုလဲ ဖူဂျီတောင် တည်ရှိရာ Yamanashi ခရိုင်ကိုတည်ထားတဲ့ အတွက်ကြောင့် ဖူဂျီတောင်ရဲ့ အလှပတွေကိုလဲ တဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။ Anime မှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ စိတ်ပန်းဖြေစရာ အကြောင်းအရာတွေဖြစ်ပြီး ကြည့်နေရင်းနဲ့ အမောပြေစေမယ့် Anime ဖြစ်ပါတယ်။
အကြောင်းအရာကလဲ ရိုးရှင်းတဲ့ အတွက်ကြောင့်မို့လို့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဒိုင်ယာလော့တွေကလဲ ရိုးရိုးရှင်းရှင်းနဲ့ နားလည်ရလွယ်ကူပါတယ်။ နေ့စဥ်ဘဝ မှာအသုံးပြုတဲ့ စကားလုံးတွေကို ပေါ့ပေါ့ပါးပါး လေ့လာနိုင်တဲ့ Anime ဖြစ်ပါတယ်။ N3 Level လောက်ကနေ စပြီးတော့ နားလည်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဂျပန်စာလေ့လာနေတဲ့ သူဆိုရင် ကျိန်းသေပေါက် ကြည့်ဖို့ အကြံပေးချင်ပါတယ်။
Teasing Master Takagi-San: からかい上手の高木さん
【最終話 ご視聴ありがとうございました!】
— アニメ『からかい上手の高木さん』公式 (@takagi3_anime) March 25, 2022
ずっと変わらない関係のようで、二人は少しずつ前へ🌸
第3期も高木さんと西片を応援してくださりありがとうございました!
次は6月に劇場でお会いしましょう!#高木さんめ pic.twitter.com/AGYsAJXO7o
အစအနှောက်သန်တဲ့ Takagi နှင့် Nishikata ဆိုတဲ့ အလယ်အတန်းကလေး နှစ်ယောက် အကြောင်းကိုရိုက်ထားတဲ့ ဒီစီးရီးလေးကလဲ ကြည့်နေရင်းတဲ့ စိတ်ဝင်စားစရာကောင်းပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပြောထားတဲ့ အတိုင်း အလယ်တန်းကလေး နှစ်ယောက်ကို ဦးတည်ပြီးတော့ တင်ဆက်ပြသထားတဲ့ အတွက်ကြောင့်မိုလို့ စကားပြောတွေလဲ အရမ်းကြီးမခက်တဲ့ အတွက်ကြောင့်မို့လို့ နားလည်ရလွယ်ပြီးတော့ သင်ယူရလဲ လွယ်ကူပါတယ်။ နောက်ပြီးတော့ ကျောင်းကို အခြေခံထားတဲ့ စီးရီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူငယ်ချင်း အချင်းချင်းပြောဆိုပုံ၊ ဆရာ၊ ဆရာမတွေနဲ့ ပြောဆိုပုံ အစသဖြင့်ပြောဆိုဆက်ဆံပုံတွေကိုလဲ လေ့လာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အပေါ်က Laid Back Camp လဲ ကျောင်းသားတွေကိုအခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် Teasing Master Takagi-San မှာတော့ ကျောင်းတွင်းမှာဖြစ်ပျက်နေတဲ့ ဇာတ်ဝင်ခန်းတွေ ပိုပြီးတော့ များတဲ့ အတွက်ကြောင့်မို့လို့ ကျောင်းနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ ပိုပြီးတော့ လေ့လာနိုင်ပါတယ်။
Haikyu!!:ハイキュー
日向、誕生日おめでとうー!!
— ハイキュー!!.com (@haikyu_com) June 20, 2022
というわけで、激アツなPVが公開されましたので、こちらから是非!https://t.co/AVpZkoz4jA
そしてハイキュー!!10thクロニクルのカバーも公開!10周年キービジュアルが一挙集合するカバーになってます!
9月2日発売です!ぜひ! pic.twitter.com/2oM7S3DP0G
Haikyuu ကတော့ ညွှန်းပေးစရာမလိုအောင်ကို နာမည်ကြီးပြီးသားဇာတ်လမ်းတွဲဖြစ်ပြီးတော့ ဘတ်စ်ကတ်ဘောဆော့တဲ့ ကျောင်းသားတွေ အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ Anime စီးရီးဖြစ်ပါတယ်။ ကျောင်းတွင်းဇာတ်လမ်းတွေနဲ့ ဟာသနှောဇာတ်လမ်းတွဲလဲဖြစ်တဲ့ အပြင် ဇာတ်ဆောင်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ အတူ ပေါ့ပေါ့ပါးပါးနဲ့ လုပ်ချင်စိတ်တွေ တိုးလာနိုင်တဲ့ Anime စီးရီး တစ်ခုလဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာလဲ ရုပ်ရှင် အသစ်ထွက်ထားပြီးတော့ လူတွေ အများကြီး ကြည့်ရှူအားပေးခြင်းကိုခံခဲ့ရတဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။
နောက်ပြီးတော့ ဘတ်စ်ကတ်ဘောနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေကိုလဲ လေ့လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ အားကစားဝါသနာပါတဲ့ သူတွေအနေနဲ့ အရမ်းကို အဆင်ပြေတဲ့ စီးရီးဖြစ်ပါတယ်။
Skip and Loafer : スキップとローファー
နောက် ဂျပန်စာလေ့လာဖို့အတွက် အသုံးဝင်ပြီး စိတ်ဝင်စားစရာပျော်ရွှင်စရာ Anime စီးရီးလေးတစ်ခုကတော့ Skip and Loafer ဆိုတဲ့ စီးရီးဖြစ်ပါတယ်။ ဒီစီးရီးမှာဆိုရင် နယ်ကနေ တိုကျိုကိုပြောင်းလာတဲ့ အထက်တန်းကျောင်းသူလေးအကြောင်းကို ပျော်ပျော်ရွှင်ရွှင် အလွဲလေးတွေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စကားပြောတွေလဲ အများကြီးမခက်တဲ့ အပြင် ကြောင်းအရာတွေကလဲ လွယ်လွယ်ကူကူနဲ့ အေးအေးဆေးဆေးကြည့်နိုင်ပါတယ်။ နောက်ပြီး ဒီစီးရီးလေးကလဲ ၂၀၂၃ ခုနှစ်ကမှစပြီးတော့ ထွက်တဲ့ဇာတ်ကားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ စီးရီးအသစ်လေးလဲ ဖြစ်ပါတယ်။
Chihayafuyu : ちはやふる
ဂျပန်စာ စလေ့လာတဲ့အချိန်မှာ Hiragara / Katakana Karuta တွေကိုဆော့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ဒီကားမှာတော့ ဂျပန်ရိုးရာအားကစားဖြစ်တဲ့ Karuta နဲ့ ပတ်သက်ပြီးတော့ သေသေချာချာသိနိုင်မယ့် စီးရီးဖြစ်ပြီးတော့ ကျောင်းတွင်း Karuta အဖွဲ့ တစ်ခုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Live action လဲထွက်ထားပြီးသားဖြစ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီးတော့ ဖော်ကြူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ Karuta နဲ့ပတ်သက်ပြီးတော့ ပြောတဲ့ အကြောင်းအရာတစ်ချို့ကတော့ ခက်ခဲပေမယ့် စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။
My New Boss Is Goofy : 新しい上司はど天然
今日もメチャクチャ暑かったですね!
— 「新しい上司はど天然」公式 (@do_tennen) August 1, 2019
皆様、体調大丈夫でしょうか?
さて本日より8月に入りまして、コミックス発売まであと19日となりました!!連載版はもちろん、描き下ろしのエピソードが本当に素晴らしいので、早く読んでいただきたいです!各書店様でも予約受付中です!よろしくお願いします。 pic.twitter.com/parMRP7GBf
နောက်ထပ် စီးရီးတစ်ခုကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှ စပြီးတော့ ထုတ်လွင့်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ပေါ့ပေါ့ ပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။ အကြောင်းအရာတွေကလဲ အရမ်းမခက်ခဲဘဲ လုပ်ငန်း၊ ကုမ္ပဏီအတွင်းမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားပြီးတော့ ရုံးတွင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရုံးတွင်းမှာ သုံးတဲ့ ဂျပန်စကားတွေကိုလဲ လေ့လာနိုင်မှာဖြစ်ပါတယ်။ ရုံးတွင်းမှာ အဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေအပြင် သုံးတဲ့ အသုံးအနှုန်းတွေကိုပါလေ့လာခြင်းဖြင် BJT တို့လို လုပ်ငန်းသုံးဂျပန်စာစာမေးပွဲအတွက် ပြင်ဆင်ရာလဲ ရောက်ပါတယ်။
Your lie in April : 四月は君のウソ
Your lie in April ကတော့ ဂျပန် Anime ကြိုက်တဲ့ သူတွေထဲမှာ ရေပန်းစားတဲ့ စီးရီးဖြစ်ပြီးတော့ ဧပြီလမှာတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့ တဲ့ သူနှစ်ဦးအကြောင်းကို ပုံဖော်ထားတဲ့ စီးရီးလေးဖြစ်ပြီးတော့ ကြည့်ပြီးရင် တဆွေ့တဆွေ့နဲ့ ကျန်နေမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ Live action လဲရှိပါတယ်။ ဒါပေမယ့် Netflix မှာတော့ Anime Series ကိုကြည့်နိုင်ပါတယ်။ ရသပေါင်းစုံပေးပြီးတော့ ဂျပန်စာကိုလဲ လေ့လာလို့ရတဲ့ စီးရီးလေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာတော့ Netflix မှာကြည့်ရှုနိုင်ပြီးတော့ ဂျပန်စာလေ့လာလို့အဆင်ပြေမယ့် Anime တွေကိုဖော်ပြခဲ့ပါတယ်။ Anime တွေကိုကြည့်ရင်း ဂျပန်စာကိုပျော်ပျော်ရွှင်ရွင်လေ့လာနိုင်မယ် ဖြစ်ပါတယ်။